ထရမ့်နှင့် ကင်မ်အတွက် တောင်ကိုရီးယားက လမ်းပြမြေပုံရေးမည်

ဆိုးလ်၊ ဒီဇင်ဘာ ၁၉

တောင်ကိုရီးယားသည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် မြောက်ကိုရီးယား တို့အတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲရန် စီစဉ်နေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ် (Cho Tae-yul) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

တောင်ကိုရီးယားတွင် နိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေချိန်တွင် ထရမ့်က မြောက်ကိုရီးယားနှင့် နျူကလီးယား ဆွေးနွေးမှုများ ပြန်လည်ပြုလုပ် လာနိုင်ခြေရှိသည်။

ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ရန် လမ်းပြမြေပုံတစ်ခု ရေးဆွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ချိုက ပြော သည်။

ချိုသည် ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်မွတ် (Choi Sang-mok ) နှင့်ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် သမ္မတယွန်းဆော့ရွဲ (Yoon Suk Yeo) ၏ အောင်မြင်ခဲ့ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး နောက်ပိုင်း စျေးကွက်ကို တည်ငြိမ်စေရန်နှင့် မဟာမိတ်များနှင့်ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ကွန်ရက်တစ်ခု တည်ဆောက်ပြီး ဆက်သွယ်ရေး လမ်းကြောင်းများကို တည်ထောင်ခဲ့သော်လည်း ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုသည် ထိုဆက်သွယ်ရေး လမ်းကြောင်းများကို အနှောင့်အယှက် ဖြစ်စေခဲ့ကာ နှစ်နိုင်ငံအကြား နိုင်ငံရေးအရှိန်အဟုန်ကို လျော့ကျစေခဲ့သည် ဟု ချိုက ပြောသည်။

ထရမ့်သည် ၎င်း၏ ထောက်လှမ်းရေး အကြီးအကဲဟောင်းကို မြောက်ကိုရီးယား မူဝါဒ အပါအဝင် အထူးမစ်ရှင်များ အတွက် သံတမန်အဖြစ် ရွေးချယ်ခဲ့သဖြင့် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲများ ပြန်လည် စတင်မည့် အလားအလာရှိနေကြောင်း တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့သည်။

ထိုအခြေအနေအတွက် တောင်ကိုရီးယားဘက်က ကြိုတင်ပြင်ဆင်ရန် နိုင်ငံခြားရေးဝန်ကြီး ချို၏ အဖွဲ့သည် လမ်းပြမြေပုံတစ်ခု ရေးဆွဲနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

"ထရမ့်က မြောက်ကိုရီးယား နျူကလီးယား ပြဿနာကို လျစ်လျှူရှုမထားတဲ့ အထောက်အထားတွေ ရှိနေတာ ကြောင့် ကျနော်တို့က ဒီအစီအစဉ်ကို လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့အနေနဲ့ ဖြစ်လာမှ တုန့်ပြန်တာထက် ကြိုတင်ပြင်ထားဖို့ လိုတယ်လို့ ထင်ပါတယ်" ဟု ချိုက ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ ပြတ်တောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ နျူကလီးယားကိစ္စ အပါအဝင် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ အခွင့်အလမ်း အားလုံးကို ဖွင့်ထားပါတယ်" ဟု ၎င်းက ပြောသည်။

မြောက်ကိုရီးယားသည် ကြိုတင်သတ်မှတ်ချက်များ မပါဘဲ ဆွေးနွေးမှုများ ပြုလုပ်လိုသည့် လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ ကမ်းလှမ်းချက်ကို ၄ နှစ်လုံးလုံး လျစ်လျှူရှုခဲ့သည်။

သို့သော် ထရမ့်တို့ အဖွဲ့ကမူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။

Source: ရိုက်တာ

ပုံ - ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ပစ်ကပ်ကား (၃) စီးက စစ်ဆေးရေးဂိတ်ကို ဝင်တိုက်၍ မောင်းပြေးရာက ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာ

ဒီဇင်ဘာ ၁၉

တရားမဝင်မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် ပစ်ကပ်ကား (၃) စီးက စစ်ဆေးရေးဂိတ်ကိုဝင်တိုက်၍ မောင်းပြေးခဲ့ရာမှ ထိုင်းရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဒီဇင်ဘာလ ၁၇ ရက် ည ၁၀ နာရီခန့်က တရားမဝင်မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကား (၃) စီး ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ်မှ ကန်ဖယ်ဖစ်ခရိုင်၊ မူယန်င်မြို့နယ်ဘက်သို့ ဝင်ရောက်လာခဲ့ရာ ကန်ဖယ်ဖစ်ခရိုင်၊ မူယန်င်မြို့နယ်၊ နာဘော်ခမ်ကျေးရွာအနီးရှိ နောင်ဒဲင် -နာဘော်ခမ် ကားလမ်းပေါ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မရပ်ဘဲ ဝင်တိုက် မောင်းပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်ကိုတိုက်၍ မောင်းပြေးခဲ့သောကြောင့် ယင်းဂိတ်တွင်တာဝန်ကျနေသည့် အသက် (၂၈)နှစ်အ ရွယ် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာများရကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည့်အပြင် အသက်(၃၂)နှစ်အရွယ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးတွင်လည်း ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရဲကားတစ်စီးပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ကား (၃) စီးကစစ်ဆေးရေးဂိတ်ကို ဝင်တိုက်ပြီးမောင်းနှင်ထွက်ပြေးသွားခဲ့၍ ထိုင်းရဲတပ်ဖွဲ့ဝင်များက လိုက်လံ၍ ဖမ်းဆီးခဲ့ရပြီး ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမှုများပြုလုပ်ရာ ထိုင်းနိုင်ငံသား ကားမောင်းသူ (၃)ဦး ၊ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား(၁၉)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုအခါဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၁၉ ဦးနှင့် ထိုင်းကားသမား(၃)ဦးတို့အား ထိုင်းရဲတပ်ဖွဲ့ဝင်များက ကန်ဖယ်ဖစ်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြကြသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ရာထူးပြောင်းရွှေ့

ဒီဇင်ဘာ ၁၉

ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ရာထူး/တာဝန် အပြောင်းအလဲ လုပ်သည်ကို နစက-က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီး တာဝန်ကနေ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကို ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကာကွယ်ရေး ဦးစီးချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

လက်ရှိအချိန်မှာလည်း နစက အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှ လက်ရှိအချိန်ထိ နစကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် နစက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန်များကိုလည်း ပူးတွဲ တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ပုံ - ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ရုရှား ဓါတုတပ်ဖွဲ့ရဲ့ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီး

ဒီဇင်ဘာ ၁၉

ရုရှားလုံခြုံရေးအဖွဲ့ဟာ ရုရှားဗိုလ်ချုပ်ကြီး အိုင်ဂေါ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ်ရှိ ဥဇဘက်ကစ္စတန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုရှား ဓါတု နဲ့ ဇီ၀ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအိုင်ဂေါ ကီရီလောဗ့် နဲ့ တပည့်ဖြစ်သူတို့ ဟာ ဒီဇင်ဘာလ ၁၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရုရှားစုံစမ်းရေးကော်မတီက "၁၉၉၅ ခုနှစ်မှာ မွေးဖွားတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသားကို ရုရှားဗိုလ်ချုပ်ကြီးနဲ့ သူရဲ့ လက်ထောက်ဖြစ်သူတို့ သေဆုံးစေခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တယ်။ အဲဒီ ဥဇဘက်ကစ္စတန်နိုင်ငံသားဟာ ယူကရိန်းအထူးတပ်ဖွဲ့ရဲ့လူသစ်စုဆောင်းခြင်းခံခဲ့ရသူဖြစ်တယ်" လို့ပြောပါတယ်။

ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရခြင်းနောက်ကွယ်မှာ ယူကရိန်းနိုင်ငံ ပါဝင်ဆက်နွယ်နေပြီး ယူကရိန်းလုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ (SBU) အဖွဲ့က ပစ်မှတ်ထားလုပ်ကြံခဲ့ခြင်းဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

ယူကရိန်းဟာ ဥဇဘက်ကစ္စတန်နိုင်ငံသားကို လုပ်ကြံမှုအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းအပြင် ဥရောပရှိ အခြားနိုင်ငံမှာ နေထိုင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သိရပါတယ်။ရုရှား နဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် အပြန်အလှန်လုပ်ကြံမှုတွေဖြစ်လာခဲ့ပြီး လက်ရှိလုပ်ကြံခံရတဲ့ ဗိုလ်ချုပ်ကြီးဟာ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်က လုပ်ကြံခဲ့တဲ့ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

မိမိတို့တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ဆေးတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် တပ်မတော် သားဆေးသိပ္ပံပညာရှင်များသည် တပ်မတော်သားအရာရှိ၊ စစ်သည်မိသားစုဝင်များသာမက တိုင်းရင်းသား ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် ဆေးသိပ္ပံပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိ မိမိတို့နိုင်ငံတွင်လည်း အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေကြောင်း၊ ကျန်းမာရေးကဏ္ဍဆိုင်ရာတွင် နည်းပညာအသစ်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ချိတ်ဆက်မှု၊ ဆေးပညာဆိုင်ရာတက္ကသိုလ်အဆင့် ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများ ပေါင်းစည်းခြင်းနှင့် အဆင့်မြင့်ကုသနည်းဖော်ထုတ်ခြင်း အစရှိသည်တို့ကို နည်းပညာလွှဲပြောင်းမှုစင်တာများနှင့် အသိပညာ ဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ရန်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်ဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု (Public Health Care)သည် လွန်စွာအရေးကြီးကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့်အတိုင်း မိမိတို့တပ်မတော် အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝလုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုသက်ရှည် ကျန်းမာရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ ပြည်သူလူထုသက်ရှည်ကျန်းမာစေရေးအတွက် အရည်အချင်းပြည့်ဝသည့် ပါရဂူ၊ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံလုံလောက်စွာရှိရန် အလွန်အရေးကြီးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

#centralnewsnaypyitaw

imageimage
+5

လာအိုကို နောက်ကျအနိုင်ဂိုးသွင်းပြီး AFF Mitsubishi Electric Cup ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်ချက်ရှိလာတဲ့ မြန်မာ

ဒီဇင်ဘာ ၁၉

အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု (ခ) အတွက် မြန်မာအသင်းဟာ ဒီနေ့ည အိမ်ကွင်းမှာ လာအိုကို အနိုင်ကစားနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရေးရေးလေး ပြန်မြင်ခဲ့ရပါတယ်။

လာအိုကို ပထမပိုင်း ၃၂ မိနစ်ကတည်းက လွင်မိုးအောင် သွင်းဂိုးနဲ့ အသာစီးရထားပေမဲ့ မြန်မာအားကစားသမားတွေက ကြိုးစားအားထုတ်မှုနည်းပြီး ဘာလုပ်ရမယ်မသိပုံစံပေါက်နေတာတွေကြောင့် လာအိုက ကိုင်ဒါဗုန်းနဲ့ ချိုနီတို့က ၇၇ မိနစ်နဲ့ ၈၁ မိနစ်မှာ နှစ်ဂိုးဆက်သွင်းယူသွားလို့ ကမ္ဘောဒီးယားနဲ့ပွဲထက် အဖြစ်ဆိုးတော့မလား တွေးရပြီး အဲဒီပွဲသာရှုံးခဲ့ရင် မြန်မာအသင်းက သုံးပွဲကစား ၁ မှတ်နဲ့ သေချာပေါက် ထွက်ရတော့မယ့်အခြေအနေဖြစ်သလို ဂိုးတွေကို ကြက်ကောက်ကောက် လိုက်ဖမ်းပြီး လက်ထဲကပါ မိပြီးသားလွတ်ကျတဲ့ မြန်မာဂိုးသမား ဇင်ညီညီအောင်ရဲ့ လက်စွမ်းကလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဂိုးအသာနဲ့ ၄၅ မိနစ်ဦးဆောင်ထားပြီးမှ ၄ မိနစ်နဲ့ နှစ်ဂိုးပေးရပြီး အနိုင်ရလဒ်ပျက်စီးသွားမှ အိပ်မက်က လန့်နိုးလာပုံရတဲ့ မြန်မာကစားသမားတွေဟာ ၈၁ မိနစ်နောက်ပိုင်းကစပြီး တရစပ် တိုက်စစ်ဆင်ရင်း ဝင်းနိုင်ထွန်းက ၈၇ မိနစ်မှာ ခေါင်းတိုက်ဂိုး၊ ၉၃ မိနစ်မှာ ခေါင်းတိုက်သွင်းရင်း ဂိုးသမားကာကွယ်တာကြောင့် လျှံထွက်လာတာကို သူ့ဘာသာပြန်ပိတ်သွင်းရင်း မြန်မာအသင်းအတွက် ပထမဆုံးအနိုင်ရလဒ်ယူပေးခဲ့တာပါ။

မြန်မာအသင်းရဲ့ ဒီနိုင်ပွဲကြောင့် လာအိုဟာ လေးပွဲကစား ၂ မှတ်နဲ့ ပြီးဆုံးသွားပြီး မြန်မာကတော့ သုံးပွဲကစားထားချိန်မှာ အင်ဒိုနီးရှားနဲ့ ရမှတ်တူ ၄ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဗီယက်နမ်က ၂ ပွဲကစားပြီး ၆ မှတ်နဲ့ အဆင့် ၁ နေရာ ရပ်တည်နေတာပါ။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲကို ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခွဲမှာတော့ ဗီယက်နမ်ကို အဝေးကွင်းမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲကို အနိုင်ရမှ နောက်တစ်ဆင့်ဆီမီးဖိုင်နယ် တက်ဖို့ မျှော်လင့်နိုင်မှာပါ။

ဒါပေမဲ့ ရမှတ် ၂ မှတ် ရထားတဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က အခုည ၇ နာရီခွဲမှ ယှဥ်ပြိုင်ကစားမှာဖြစ်လို့ ဖိလစ်ပိုင်က ဗီယက်နမ်ကို အနိုင်ရသွားရင် မြန်မာအုပ်စုဟာ ဗီယက်နမ် ၆ မှတ်၊ ဖိလစ်ပိုင် ၅ မှတ်၊ လာအိုနဲ့မြန်မာ ၄ မှတ်စီနဲ့ ဘာတစ်ခုမှ အသေအချာတွက်မရတဲ့အခြေအနေကိုလည်း အုပ်စုနောက်ဆုံးပွဲမှာ မြင်ရမှာပါ။

မြန်မာအသင်းအနေနဲ့တော့ အုပ်စုတက်ချင်တယ်ဆို ရှေ့သုံးပွဲက ညံ့ဖျင်းအားနည်းချက်တွေ၊ ကြိုးစားအားထုတ်လိုမှုနည်းတာတွေ၊ ဂိုးသမားအားနည်းချက်တွေကို သေချာပေါက် ပြင်ဆင်ပြီးမှ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှာပါ။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

မန္တလေးမြို့က ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၁၉

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက် ရပ်ကွက်၊ ၇၇လမ်း ၃၆-၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၅နာရီခွဲခန့်က ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

" ဖြစ်တာက ညနေပိုင်း ၅ခွဲ လောက် ပေါ့၊ ပါသွားတဲ့ ရွှေထည်ပစ္စည်း တန်ဖိုး အတိအကျကိုတော့ တွက်ချက်နေဆဲပါ"လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အကယ်ဒမီရွှေဆိုင်နဲ့ နီးစပ်သူတဦးက " ညနေ ၅နာရီခွဲလောက်က ဆိုင်ကယ်၂စီးနဲ့ လာတိုက်သွားတာ ၄ပိဿာကျော်ပါသွားတယ်ပြောတယ် အခုတော့ရဲတွေစစ်ဆေးနေတယ်"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၁၀ရက် က လည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၁လမ်း ၁၀၁(လမ်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးဟာ မန္တလေးမြို့ထဲကို ရွှေဆိုင်ဖွင့်ဖို့ ပစ္စည်းတွေသယ်ဆောင်နေတဲ့အချိန် ဓားပြတိုက်လုယက်ခံရမှုဖြစ်ပွားခဲ့ပါ သေးတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ရက်က မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်းနဲ့၈၅လမ်းကြား ၃၉လမ်း နဲ့ လမ်း ၄၀ကြား မန်းမြို့ဈေးအတွင်းက 'ဆယ်သန်း'ရွှေဆိုင်မှာ ရွှေထည်ပစ္စည်း သိန်း(၅၀၀၀)ကျော် ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၁၉ ရက်ကလည်း ၃၉လမ်း ၈၄၈၅ကြားက ဆယ်သန်း ရွှေဆိုင်ကို အမျိုးသား (၃)ဦးရောက်လာပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးကို သေနတ်အတိုနဲ့ ချိန်ရွယ်ခဲ့ကာ ဆိုင်ကောင်တာအတွင်းက ရွှေထည်ပစ္စည်း သိန်း(၆၀၀၀)ခန့်နဲ့ ငွေသား သိန်း(၂၀၀)တို့ကို ဓားပြတိုက်ယူဆောင်သွားတယလည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက "အောင်"ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်းကြားက "ပေါ်ဦး "ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Video Crd - Original Uploader

#centralnewsnaypyitaw

Khine Su Zin shared a post  
1 y

1 y

D y s h i d r o t i c eczema 🖐️
ကိုယ့်လို ဘဝတူဖြစ်နေတဲ့သူတွေ၊ ဖြစ်ဖူးတဲ့သူတွေ သတိပြုဆင်ခြင်ဖို့ လေ့လာမိသလောက် ပြန်ပြီး sharing လုပ်ပေးတာပါ။
ကျနော်ကတာ့ ဒီဟာကို သူဌေးရောဂါ လို့ နာမည်ပေးထားတယ် 😁
ပထမဆုံး ပြောပြချင်တာကတော့ Dyshidrotic eczema က တစ်ယောက်နဲ့တစ်ယောက် မကူးစပ်ပါဘူး။
ဖြစ်တဲ့ပုံစံအနေအထားခြင်းလည်း တူချင်မှ တူပါမယ်။
ဘယ်ကဘယ်လို စဖြစ်သွားမှန်းကို မသိလိုက်တာပါ။
ကျနော့်စိတ်ထင်တော့ စိတ်ဖိစီးမှုများတာကနေ စလိုက်တယ် ထင်တာပဲ 🫠
စဖြစ်တော့ ခြင်ကိုက်လို့ ယားတယ်ပဲ မှတ်နေတာ။ သတိထားမိတဲ့အချိန်မှာ ဆေးခန်းပြပေမယ့် အနာနဲ့ဆေး လွဲသွားလို့လားမသိ ပိုဆိုးသွားတယ်ထင်တာပဲ။ 🥹
ဖြစ်နေတဲ့ အချိန်တုန်းကဆို တော်တော်ကို စိတ်ဓာတ်ကျတာပါ။ လက်ချောင်းတွေမှာဆို တော်တော်ဆိုးသွားလို့ ပြန်တောင်ကောင်းပါတော့မလားလို့ကို တွေးမိတဲ့အထိပါပဲ။ ညညဆို ကိုယ့်လက်ကိုယ်ပြန်ကြည့်ပြီး ငိုလိုက်ရတာ 🥹။
D y s h i d r o t i c eczema ဖြစ်ပြီဆို
❌ ရေကြည်ဖုလေးတွေကို မခွာပါနဲ့။ ပိုဆိုးတတ်ပါတယ်။
❌ အရက်ပျံ လုံးဝ မသုံးရ၊ ❌ Hand gel မသုံးရ။
❌ Alcohol ပါတာတွေ ရှောင်ပါ။
❌ ရေမကြာခဏ မထိရ၊ ❌ ဆပ်ပြာအပြင်းမသုံးရ။
❌ Scrub လုံးဝ မတိုက်ပါနဲ့ ပိုဆိုးတတ်ပါတယ်။
❌ ဖုန်ရှိတဲ့ပစ္စည်းတွေ၊ ညစ်ပေနေတဲ့ မသန့်ရှင်းတဲ့အရာဝတ္ထုတွေကို ကိုင်တာပဲဖြစ်ဖြစ် အဝတ်လျှော်၊ ပန်းကန်ဆေးတာပဲဖြစ်ဖြစ် လုပ်တော့မယ်ဆို ရာဘာလက်အိတ်/ powder free gloves စွပ်ပြီးမှ လုပ်ပါ။
❌ အငန်ဓာတ်ရှိတဲ့ရေ(အဝီစိတွင်းရေ၊ ဘုံဘိုင်ရေ)ကို အသုံးပြုပြီး ရေချိုး၊ အဝတ်လျှော်တာတွေ တတ်နိုင်သမျှ ရှောင်ပါ။
❌ အိမ်မွေးတိရစ္ဆာန်တွေ ကိုင်လို့မရပါ။
❌ ပိုက်ဆံကိုင်တာလည်း လျှော့ပါ။
❌ စိတ်ဓာတ်မကျပါနဲ့၊ စိတ်ဖိစီးရင် ပိုဆိုးလာတတ်ပါတယ်။
❌ သူများပြောသမျှ လိမ်းဆေးတွေ ဘာမှလျှောက်မလိမ်းပါနဲ့။ အနာနဲ့ဆေးလွဲနေရင် ပိုဆိုးတတ်ပါတယ်။
အနေအထိုင်၊ အစားအသောက် အတော်ကို ဆင်ခြင်ရပါတယ်။ (ကျနော်ကတော့ အခုထိ ပုဇွန်ခြောက် စားမရပါဘူး။ မသိလိုက်ပဲ စားလိုက်မိတာနဲ့ကို ပြန်ယားချင်သလို ဖြစ်တာပါ။)
✅ အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေကို လျော့ပါ။
✅ အိပ်ရေးဝအောင် အိပ်ပါ။
တခြားသူတွေ‌တော့ ဘယ်လိုလဲ မသိပေမယ့် ကျနော်ကတော့ အမွှေးနံ့အရမ်းပါတဲ့ ဆပ်ပြာတွေ သုံးမရပါဘူး။ The Mix By Su Yogurt Soap နဲ့မှပဲ အဆင်ပြေပါတယ်။
✅ အတတ်နိုင်ဆုံး မကုတ်မိ၊ မဖဲ့၊ မခွာမိအောင် သတိထားပါ။ ကုတ်မိ ခွာမိရင် ပျောက်ဖို့ အချိန်ပိုကြာပါတယ်။
✅ ကုတ်ချင်၊ ခွာချင်‌‌၊ ပွတ်ပစ်ချင်လောက်အောင် ယားလာပြီဆိုရင် လက်ကို ရေသေချာဆေးပြီး ဆေးလိမ်းလိုက်ပါ။ ပြီးရင် lotion or cream ထပ်လိမ်းပါ။ ယားတာ သက်သာပါလိမ့်မယ်။
✅ အစိုဓာတ်ပါတဲ့ lotion (ဥပမာ - Cetaphil lotion, Vaseline cocoa, advanced repair, Watsons lotion, etc...)ကို မနက်/ည သေချာလိမ်းပါ။ ဆရာဝန်က နှစ်ရှည်စွဲပြီး လိမ်းခိုင်းတာပါ။ ပျောက်သွားလည်း ဆက်လိမ်းခိုင်းထားတာပါ။
✅ ညဘက်ကို Bio oil gel နဲ့ ရောလိမ်းပေးပါ။ အဓိက Vitamin E ပါတဲ့ cream, lotion လိမ်းပါ။
✅✅ အရမ်းဆိုးနေတယ်ဆိုရင် အရေပြားအထူးကုဆရာဝန်နဲ့ပဲ ပြပါ။
✅ လိမ်းဆေးကတော့ steroid ပါတာပဲ လိမ်းမှ အဆင်ပြေမှာမို့ ဆရာဝန်ညွှန်ကြားပေးတဲ့ဆေးကို သေချာလိမ်းပေးဖို့ လိုပါတယ်။
လိမ်းဆေးက cream နဲ့ ointment နှစ်မျိုးရှိတာမှာ ကျနော်က ointment type နဲ့မှ သက်သာသွားတာပါ။
ဖြစ်ပြီဆိုတာနဲ့ သေချာဂရုမစိုက်မိရင် ပျောက်ဖို့ အချိန်ကြာတတ်ပါတယ်။
ကျနော်ဆို လက်နဲ့ ခြေထောက်မှာ ဖြစ်တာ ၁နှစ်ပြည့်ခါနီးပါပြီ။
အခုဆို အမာရွတ်ပျောက်ဖို့ပဲ ကျန်ပါတော့တယ်။
Eczema အပေါင်းမှ ကင်းဝေးပြီး လှပတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
11.12.2024
Photo crd: original uploader

image
1 y - Translate

Quality ကောင်းပြီးluxury feeling ရချင် MT products လေးတွေtry ကြည့်
“Body Spa တွေမှာ treatment ယူထားသလို အသားအရေနူးညံ့အိစက်ပြီး စိုကြည်နေတဲ့effect ကိုရစေတယ်”
✔️MT Beauty က coffee scrub နဲ့ MT မမြတ်သူကပဲထုတ်တဲ့ Barbie series ထဲကBarbie shower gel လေး
မဆ်ိုင်တဲ့လူနှစ်ယောက်တောင်ပေါင်းဖက်ကြသေးတာပဲ
မဆိုင်တာတွေတွဲသုံးပြီးဆိုင်အောင်လုပ်
ပေးလိုက်တော့လဲဆိုင်ကုန်ကြတာပဲလေနော့်😛🫶🏻
ထူးထူးဆန်းဆန်း သူ့scrub လေးက texture ကြမ်းထော်နေတာမျိူးမဟုတ်ပဲ အရမ်းချောမွေ့နေတာလဲမဟုတ်ပဲ scrub တိုက်နေရသလို feeling ကိုလဲရစေတယ် အသားအရေကကြမ်းတမ်းတာတွေမခံနိုင်ဘူးဆိုရင်ဒီ scrub ကရှယ်အသုံးတည့်မှာနော်
ပထမစစချင်း scrub texture လေးက နူးညံ့လွန်းတဲ့ body mask လို effect ကိုပြောင်းသွားလို့ body scrub လိုရောbody mask လိုပါ effect ရစေတာလေး
✔️သူ့က coffee အဓိကပါပြီး shea butter ,Vitamin C ,Vitamin B5 ပါဝင်သေးလို့
အသားအရေမညီတာနေလောင်တာ
မွဲခြောက်ကြမ်းတမ်းတာ
အမာရွတ်အမဲစက်ရှိတာလေးတွေလျော့ကျသက်သာစေပြီး ဖြူကြည်ဝင်းစေတယ်နော်
ဒါလေးကိုမှ luxury ဆန်လွန်းပြီးမွှေးကြိုင်လွန်းတဲ့အနံ့နဲ့ နူးညံ့လွန်းတဲ့ gel texture ကနေ အမြှုပ်လေးတွေထွက်ချလာတဲ့ Barbie shower gel လေးနဲ့ပေါင်းစပ်လိုက်တော့ နတ်ဖက်တဲ့စုံတွဲလေးပါပေါ့
Body spa မှ စျေးကြီးtreatment ယူထားသလိုfeeling ကိုရစေတာ
နူးညံ့အိစက် တောက်ပြောင်ချောမွေ့နေရောကွယ်
#beautypartneringbysaung
#myanmarbeautyblogger
#တို့localတို့supportမယ်
#mtscrub
#barbieshowergel
#crd

image
1 y - Translate

Quality ကောင်းပြီးluxury feeling ရချင် MT products လေးတွေtry ကြည့်
“Body Spa တွေမှာ treatment ယူထားသလို အသားအရေနူးညံ့အိစက်ပြီး စိုကြည်နေတဲ့effect ကိုရစေတယ်”
✔️MT Beauty က coffee scrub နဲ့ MT မမြတ်သူကပဲထုတ်တဲ့ Barbie series ထဲကBarbie shower gel လေး
မဆ်ိုင်တဲ့လူနှစ်ယောက်တောင်ပေါင်းဖက်ကြသေးတာပဲ
မဆိုင်တာတွေတွဲသုံးပြီးဆိုင်အောင်လုပ်
ပေးလိုက်တော့လဲဆိုင်ကုန်ကြတာပဲလေနော့်😛🫶🏻
ထူးထူးဆန်းဆန်း သူ့scrub လေးက texture ကြမ်းထော်နေတာမျိူးမဟုတ်ပဲ အရမ်းချောမွေ့နေတာလဲမဟုတ်ပဲ scrub တိုက်နေရသလို feeling ကိုလဲရစေတယ် အသားအရေကကြမ်းတမ်းတာတွေမခံနိုင်ဘူးဆိုရင်ဒီ scrub ကရှယ်အသုံးတည့်မှာနော်
ပထမစစချင်း scrub texture လေးက နူးညံ့လွန်းတဲ့ body mask လို effect ကိုပြောင်းသွားလို့ body scrub လိုရောbody mask လိုပါ effect ရစေတာလေး
✔️သူ့က coffee အဓိကပါပြီး shea butter ,Vitamin C ,Vitamin B5 ပါဝင်သေးလို့
အသားအရေမညီတာနေလောင်တာ
မွဲခြောက်ကြမ်းတမ်းတာ
အမာရွတ်အမဲစက်ရှိတာလေးတွေလျော့ကျသက်သာစေပြီး ဖြူကြည်ဝင်းစေတယ်နော်
ဒါလေးကိုမှ luxury ဆန်လွန်းပြီးမွှေးကြိုင်လွန်းတဲ့အနံ့နဲ့ နူးညံ့လွန်းတဲ့ gel texture ကနေ အမြှုပ်လေးတွေထွက်ချလာတဲ့ Barbie shower gel လေးနဲ့ပေါင်းစပ်လိုက်တော့ နတ်ဖက်တဲ့စုံတွဲလေးပါပေါ့
Body spa မှ စျေးကြီးtreatment ယူထားသလိုfeeling ကိုရစေတာ
နူးညံ့အိစက် တောက်ပြောင်ချောမွေ့နေရောကွယ်
#beautypartneringbysaung
#myanmarbeautyblogger
#တို့localတို့supportမယ်
#mtscrub
#barbieshowergel
#crd

image