1 y - Translate

ဆောင်းတွင်းအတွက် ရာသီစာလေး လာပါပြီ🌬️☃️
Body lotion ဘာသုံးရမလဲ မစဉ်းစားတတ်တော့ရင် အသစ်စက်စက်လေးသာ ရွေးသုံးတော့ဗျာ။ Hearty Heart ကနေ အမိုက်စားထုတ်ပေးလိုက်ပြီ။ Bella နဲ့ Hearty Heart က လူတွေရဲ့အကြိုက်ကိုသိတော့ မနှစ်ကလဲ ဆောင်းတွင်းအမှီ Bella lip balm လေးတွေ ထွက်လာသလို ခုလဲ Hearty Heart body lotion လေးတွေနဲ့ စွဲဆောင်ပြန်ပါပြီ။ လက်ထဲစရောက်ကတည်းက Hearty Heart ရဲ့ထုံးစံအတိုင်း cute & fun packaging ကြောင့် သုံးရမှာ ရင်ခုန်စိတ်လှုပ်ရှားရတယ်။ Hydra body lotion နဲ့ Gluta body lotion ဆိုပြီး 2မျိုးထွက်ထားပါတယ်။
Hydrating body lotion လေးက Glycerin based hydrating lotion ဖြစ်ပြီး hydration ကို သေချာ lock လုပ်ဖို့ occlusives & emollients တွေပါတယ်။ အသားအရေကို ဖြူဝင်းစေဖို့လဲ Niacinamide, Yogurt powder တို့ပါဝင်ပါတယ်။ Drying မဖြစ်အောင်လို့ bad alcohol တွေတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။ သူ့အနံ့က သင်းပျံ့မွှေးတဲ့ ပန်းပေါင်းစုံရနံ့မျိုး။ စစလိမ်းခြင်းမှာ အနံ့နည်းနည်းစူးသလိုရှိပေမယ့် ခဏအကြာမှာ သင်းသင်းလေးပဲကျန်ခဲ့တယ်။ Serum texture ဆိုတော့ လိမ်းလို့ကောင်းချက် စိမ့်ဝင်မြန်ချက်ပဲ။ သတိထားမိသလောက် တချို့ body lotion တွေနဲ့ မတူတာက လိမ်းပြီးတဲ့အခါ သူက ဘာမှမလိမ်းထားသလို bare skin finish မျိုး ကျန်တယ်။ ဒါပေမဲ့ skin ကတော့ ရေဓာတ်ရပြီး ပြောင်တင်းသွားတာနော်။ အဲ့ဒါကြောင့်မလို့ lotion လိမ်းပြီး နေရခက်တာမျိုးမရှိဘူး။ Serum texture ကလဲ အသားထဲကိုစိမ့်ဝင်တာ ရှလွတ်ခနဲပဲ။
Whitening body lotion လေးက ingredients list ပိုရှည်တယ်။ အသားဖြူဖို့အတွက် Gluta, Niacinamide, Vitamin C, Yogurt powder တို့အပြင် hydration အတွက် different molecular weight Hyaluronic acid 8မျိုး, Glycerin, Emollients တွေနဲ့ Occlusives တွေ ပါဝင်ပါတယ်။ Overall ကြည့်ရင် better ingredients ပေါ့နော်။ Serum texture လေးကတော့ 2ခုအတူတူပါပဲ။ Nyi သုံးဖူးသမျှထဲ စိမ့်ဝင်မှုအကောင်းဆုံး body lotion တွေလို့တောင် ပြောချင်တယ်။ ဒီ Gluta body lotion လေးရဲ့အနံ့က fruity smell လေး။ အရမ်း fresh ဖြစ်ပြီး မွှေးတယ်။ 2ခုလုံးရဲ့အားသာချက်က လိမ်းပြီးတော်တော်ကြာတဲ့ထိ အနံ့က သင်းသင်းလေးဖြစ်နေတာပေါ့နော်။ သူကနေ ရေဓာတ်ကိုလဲ သေချာရပါတယ်။ Brightening effect ပိုရချင်ရင် ဒီ Gluta body lotion လေးကို ရွေးနော်။ နှစ်ခုယှဉ်ရင် သူ့အနံ့ကို Nyi ပိုကြိုက်ပါတယ်။
ဒီ Hearty Heart body lotion လေး 2ခုအပေါ် Nyi မြင်မိသလောက်ဆိုရင် ပြစ်ချက်ရှာမရအောင် detail ကျလွန်းတယ်။ Packaging ကလဲ Hearty Heart ရဲ့ vibe လေးရသလို Serum texture ရဲ့စိမ့်ဝင်မြန်မှုက unbelievable! Lotion လိမ်းရင် စိမ့်ဝင်တာကြာလို့ အချိန်မပေးနိုင်ဘူး ဆိုတဲ့သူတွေ သုံးသင့်ပါတယ်။ နွေရာသီရောက်လဲ အံဝင်ဂွင်ကျဖြစ်နေဦးမယ့် lotion 2ခုပါ။ Bare skin finish မျိုးကျန်လို့လဲ lotion လိမ်းပြီး နေရခက်တာမျိုး မကြိုက်တဲ့သူတွေ ရွေးသင့်ပါတယ်။ နာမည်သာခွဲထားပေမယ့် 2ခုလုံးက Hydration ရော Brightening effect ရော သေချာရတယ်နော်။
🛒 Hearty Heart
Disclaimer : This’s a Collaboration between Review By Nyi & Hearty Heart.
#heartyheart #heartyheartbodylotion
#reviewbynyi #nyipick #nyipickbodycare
#crd

image
1 y - Translate

ဆောင်းတွင်းအတွက် ရာသီစာလေး လာပါပြီ🌬️☃️
Body lotion ဘာသုံးရမလဲ မစဉ်းစားတတ်တော့ရင် အသစ်စက်စက်လေးသာ ရွေးသုံးတော့ဗျာ။ Hearty Heart ကနေ အမိုက်စားထုတ်ပေးလိုက်ပြီ။ Bella နဲ့ Hearty Heart က လူတွေရဲ့အကြိုက်ကိုသိတော့ မနှစ်ကလဲ ဆောင်းတွင်းအမှီ Bella lip balm လေးတွေ ထွက်လာသလို ခုလဲ Hearty Heart body lotion လေးတွေနဲ့ စွဲဆောင်ပြန်ပါပြီ။ လက်ထဲစရောက်ကတည်းက Hearty Heart ရဲ့ထုံးစံအတိုင်း cute & fun packaging ကြောင့် သုံးရမှာ ရင်ခုန်စိတ်လှုပ်ရှားရတယ်။ Hydra body lotion နဲ့ Gluta body lotion ဆိုပြီး 2မျိုးထွက်ထားပါတယ်။
Hydrating body lotion လေးက Glycerin based hydrating lotion ဖြစ်ပြီး hydration ကို သေချာ lock လုပ်ဖို့ occlusives & emollients တွေပါတယ်။ အသားအရေကို ဖြူဝင်းစေဖို့လဲ Niacinamide, Yogurt powder တို့ပါဝင်ပါတယ်။ Drying မဖြစ်အောင်လို့ bad alcohol တွေတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။ သူ့အနံ့က သင်းပျံ့မွှေးတဲ့ ပန်းပေါင်းစုံရနံ့မျိုး။ စစလိမ်းခြင်းမှာ အနံ့နည်းနည်းစူးသလိုရှိပေမယ့် ခဏအကြာမှာ သင်းသင်းလေးပဲကျန်ခဲ့တယ်။ Serum texture ဆိုတော့ လိမ်းလို့ကောင်းချက် စိမ့်ဝင်မြန်ချက်ပဲ။ သတိထားမိသလောက် တချို့ body lotion တွေနဲ့ မတူတာက လိမ်းပြီးတဲ့အခါ သူက ဘာမှမလိမ်းထားသလို bare skin finish မျိုး ကျန်တယ်။ ဒါပေမဲ့ skin ကတော့ ရေဓာတ်ရပြီး ပြောင်တင်းသွားတာနော်။ အဲ့ဒါကြောင့်မလို့ lotion လိမ်းပြီး နေရခက်တာမျိုးမရှိဘူး။ Serum texture ကလဲ အသားထဲကိုစိမ့်ဝင်တာ ရှလွတ်ခနဲပဲ။
Whitening body lotion လေးက ingredients list ပိုရှည်တယ်။ အသားဖြူဖို့အတွက် Gluta, Niacinamide, Vitamin C, Yogurt powder တို့အပြင် hydration အတွက် different molecular weight Hyaluronic acid 8မျိုး, Glycerin, Emollients တွေနဲ့ Occlusives တွေ ပါဝင်ပါတယ်။ Overall ကြည့်ရင် better ingredients ပေါ့နော်။ Serum texture လေးကတော့ 2ခုအတူတူပါပဲ။ Nyi သုံးဖူးသမျှထဲ စိမ့်ဝင်မှုအကောင်းဆုံး body lotion တွေလို့တောင် ပြောချင်တယ်။ ဒီ Gluta body lotion လေးရဲ့အနံ့က fruity smell လေး။ အရမ်း fresh ဖြစ်ပြီး မွှေးတယ်။ 2ခုလုံးရဲ့အားသာချက်က လိမ်းပြီးတော်တော်ကြာတဲ့ထိ အနံ့က သင်းသင်းလေးဖြစ်နေတာပေါ့နော်။ သူကနေ ရေဓာတ်ကိုလဲ သေချာရပါတယ်။ Brightening effect ပိုရချင်ရင် ဒီ Gluta body lotion လေးကို ရွေးနော်။ နှစ်ခုယှဉ်ရင် သူ့အနံ့ကို Nyi ပိုကြိုက်ပါတယ်။
ဒီ Hearty Heart body lotion လေး 2ခုအပေါ် Nyi မြင်မိသလောက်ဆိုရင် ပြစ်ချက်ရှာမရအောင် detail ကျလွန်းတယ်။ Packaging ကလဲ Hearty Heart ရဲ့ vibe လေးရသလို Serum texture ရဲ့စိမ့်ဝင်မြန်မှုက unbelievable! Lotion လိမ်းရင် စိမ့်ဝင်တာကြာလို့ အချိန်မပေးနိုင်ဘူး ဆိုတဲ့သူတွေ သုံးသင့်ပါတယ်။ နွေရာသီရောက်လဲ အံဝင်ဂွင်ကျဖြစ်နေဦးမယ့် lotion 2ခုပါ။ Bare skin finish မျိုးကျန်လို့လဲ lotion လိမ်းပြီး နေရခက်တာမျိုး မကြိုက်တဲ့သူတွေ ရွေးသင့်ပါတယ်။ နာမည်သာခွဲထားပေမယ့် 2ခုလုံးက Hydration ရော Brightening effect ရော သေချာရတယ်နော်။
🛒 Hearty Heart
Disclaimer : This’s a Collaboration between Review By Nyi & Hearty Heart.
#heartyheart #heartyheartbodylotion
#reviewbynyi #nyipick #nyipickbodycare
#crd

image
image
image

ကမ္ဘာကျော်မင်းသားတွမ်ခရုစ် အမေရိကန်ရေတပ်က အရပ်သားတွေကိုချီးမြှင့်တဲ့ အမြင့်ဆုံးဆု ဂုဏ်ပြုချီးမြှင့်ခံရ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအနေနဲ့ အမေရိကန်တပ်မတော်ကို ထူးချွန်ပြောင်မြောက်စွာကူညီနို်င်ခဲ့တဲ့အတွက် ကမ္ဘာ ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား တွမ်ခရုစ်ကို အမေရိကန်ရေတပ်ရဲ့ အရပ်သားတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုကို ချီးမြှင့်ပေးအပ်လိုက်ပါတယ်။

တွမ်ခရုစ်ဟာ ၁၉၈၆ ခုနှစ်က Top Gun ရုပ်ရှင်ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးခဲ့ရာ အဲဒီ ဇာတ်ကားနဲ့ လူသိများကျော်ကြားခဲ့တဲ့အပြင် အဲဒီရုပ်ရှင်ကြောင့် အမေရိကန်တပ်မတော်ထဲကို တပ်သားသစ်တွေ စံချိန် တင်ဝင်ရောက်လာခဲ့ပါတယ်။

အင်္ဂလန်၊ ဆရီကောင်တီ၊ ချပ်ဆီမြို့ရှိ လောင်းခရော့စ်ဖလင်စတူဒီယိုမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ (အင်္ဂါနေ့) က တွမ်ခရုစ် ကို အောင်မြင်သောပြည်သူ့ဝန်ဆောင်မှုဆု (Distinguished Public Service Award) ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

အခုလို ထူးကဲတဲ့အသိအမှတ်ပြုဂုဏ်ပြုမှုကြောင့် ကျေးဇူးတင်ပါကြောင်း အသက် ၆၂ နှစ်အရွယ် မင်းသားတွမ်ခရုစ်က ပြောပါတယ်။

“အမျိုးသားစစ်သည်၊ အမျိုးသမီးစစ်သည် တပ်မတော်သားအားလုံးကို ကျွန်တော်လေးစားပါတယ်။” လို့ ၎င်းကို အသိအ မှတ်ပြုလက်မှတ်နဲ့ ရွှေတံဆိပ်ဆုချီးမြှင့်ပေးခဲ့တဲ့ အမေရိကန်ရေတပ်အတွင်းဝန် ကာလို့စ်ဒီလ်တိုရိုဘေးမှာ ရပ်နေတဲ့ တွမ် ခရုစ်က ပြောပါတယ်။

“ဘဝမှာ ကျွန်တော့်အတွက် အရမ်းကို အဓိပ္ပါယ်ရှိတဲ့ တစ်စုံတစ်ခုရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒါကတော့ တခြားသူတွေအတွက် ဦးစားပေးရတဲ့အရာပဲဖြစ်ပါတယ်။ အဲဒီအရမ်းခက်ခဲတဲ့အရာကို တပ်မတော်ထဲက အမျိုးသမီး စစ်သည်၊ အမျိုးသားစစ်သည်တွေဆီမှာ တွေ့ရတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

စစ်မှုထမ်းဆောင်နေစဉ်အတွင်း အဆင့်မြင့်လေ့ကျင့်သင်ကြားပြီး သူတို့တွေရဲ့ စွန့်လွှတ်မှုတွေကို ပြည်သူတွေ ပိုမို သဘောပေါက်ပြီး အသိအမှတ်ပြုလာဖို့ အသိပညာမြှင့်တင်ပေးခဲ့တဲ့အတွက် မင်းသားတွမ်ခရုစ်ကို ရေတပ်က ကျေး ဇူးတင်စကားပြောကြားခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကာလအတွင်း ရန်သူ့လေယာဉ်တွေကို ပစ်ချခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Top Gun ဇာတ် ကားမှာ လေသူရဲ မားဗရစ် (Maverick) အဖြစ် တွမ်ခရုစ်က သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီဇာတ်ကား ကြောင့် အမေရိကန်ရေတပ်ထဲကို ဝင်ရောက်လာခဲ့သူတွေ စံချိန်တင်များပြားလာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ နောက်ဆက်တွဲ Top Gun Maverick ဇာတ်ကားမှာလည်း အော်စကာဆုအတွက် အမည် စာရင်း တင်သွင်းခံခဲ့ရတဲ့ တွမ်ခရုစ်က ဗိုလ်ပိမစ်ချယ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ဒီဇာတ်ကားဟာလည်း လူငယ်ပရိသတ် တပ်မတော်ကို ပိုမိုစိတ်ဝင်စားလာအောင် ခွန်အားသစ်တွေ ပေးနိုင်ခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။

“တွမ်ခရုစ်ဟာ ရေတပ်နဲ့ မရိန်းတပ်က အမျိုးသားစစ်သည်တွေ၊ အမျိုးသမီးစစ်သည်တွေနဲ့ မိသားစုဝင်တွေ အတွက် အနှစ်လေးဆယ်နီးပါး မမှိတ်မသုန်ထောက်ခံပံ့ပိုးလာသူတစ်ယောက်ဖြစ်ပါတယ်။” လို့ အမေရိကန်ရေတပ်အတွင်းဝန် ကာလို့စ်ဒီလ်တိုရိုက ပြောပါတယ်။

Ref: Tom Cruise honoured with US Navy's highest civilian award

#centralnewsnaypyitaw

image

ဘန်ကောက်မြို့က ဆံပင်အလှပြင်ဆိုင်တွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆံပင်အလှပြင်ဆိုင်တွင် တရားမဝင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘွန်ခရိုင် နိုင်ယီရန်ဈေး၌ ဖွင့်လှစ်ထားသော ANGEL-20 ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ဆရာအဖြစ် အလုပ်လုပ်ကိုင်နေသည့် မြန်မာများ ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။

ဘန်ခွန်သီယန်ရဲစခန်းမှ ရဲစစ်ဆေးရေးအရာရှိ Kittisak Bunsermsak ထံ ပေးပို့သည့်သတင်းအရ ANGEL-20 ဆံပင်အလှပြင်ဆိုင်တွင် ထိုင်းနိုင်ငံသားများသာလုပ်ခွင့်ရှိသည့် အလုပ်ကို ထိုင်းနိုင်ငံသားမဟုတ်သူများ လုပ်နေသည်ဆို၍ သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ဆံပင်ညှပ်ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသားများက ဧည့်သည်များကို ဆံပင်ညှပ်ပေးနေချိန်နှင့် တိုက်ဆိုင်စွာ တွေ့ရှိခဲ့ရကြောင်းဒေသတွင်း သတင်းများက ဆိုသည်။

“အလှပြင်ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အလုပ်သမားတွေက ဖောက်သည်တွေနဲ့ အလုပ်ရှုပ်နေတာကို အရာရှိတွေက တွေ့တယ်။ ရဲတပ်ဖွဲ့က နိုင်ငံခြားသားတွေက အဲဒီမှာ အလုပ်လုပ်နေတာသတင်းအရ မှန်တယ်လို့ အတည်ပြုတယ်”ဟု ထိုင်းဒေသတွင်းသတင်းရင်းများအရ သိရသည်။

အဖမ်းခံရသည့် မြန်မာနိုင်ငံသား (၄) ဦးမှာ အသက်(၂၃)နှစ်အရွယ် ဝေယံလင်း၊ အသက်(၂၄)နှစ်အရွယ် မျိုးလင်းဌေး၊ အသက်(၂၄)အရွယ် နီနီဦးနှင့် အသက်(၃၁) မိုးကေပိုင်တို့ ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများက ဖော်ပြထားသည်။

အဆိုပါ အလုပ်သမားလေးဦးမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၈ တွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံခြားအလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၁၀၁ (၂၀၁၇) အရ ပြစ် ဒဏ်ပေးခံရမည် ဖြစ်ကြောင်း၊၊ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်အမှတ် (၂) အရ ဖမ်းဆီးခံရသူများအား သက်သေများနှင့်အတူ အမှုစစ်ဆေးရေးအရာရှိများထံ ဆက်လက်တင်ပို့ကာ အရေးယူဆောင်ရွက်သွားရန်လည်းရှိကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

ထိုင်းနယ်စပ်မှာ မြန်မာမိခင်တွေကမွေးတဲ့ ကလေးတွေ ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်မရှိကြောင်း ထိုင်း NHSO ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ဆေးရုံမှာ မြန်မာမိဘက မွေးဖွားလာတဲ့ ကလေးတွေဟာ အမှတ် ၁၃ အသိအမှတ်ပြုနံပတ် အလိုအလျောက်ရရှိမှာဖြစ်ပေမဲ့လည်း ထိုင်းနိုင်ငံသားတွေလို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု(ဆေးဝါးကုသခွင့်) ခံစားခွင့်မရှိကြောင်း အမျိုးသားကျန်းမာရေးလုံခြုံရေးရုံး (NHSO) က ဒီဇင်ဘာ ၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

ပိုပြီးအရေးကြီးတဲ့အချက်က ၎င်းတို့ကိုထုတ်ပေးထားတဲ့ ID (အသိအမှတ်ပြုကတ်ပြား) မှာ ၎င်းတို့ဟာ ထိုင်းနိုင်ငံသားတွေမဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေက မွေးဖွားလာသူတွေဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းဖြစ်တယ်လို့ NHSO အတွင်းရေးမှူး ဒေါက်တာဂျာဒက်ဂျ်သမ်မတ်ချာရီးက ပြောပါတယ်။

ထို်င်းနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်ကိုရချင်တဲ့အတွက် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲမှာ ကလေး လာမွေးတဲ့ မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေ များပြားလာကြောင်း မီဒီယာသတင်းတွေနဲ့ ပတ်သက်ပြီး ၎င်းက အခုလို တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ထဲမှာမှ မပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဒီဇိုင်းရေးဆွဲထားတဲ့ “လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်အစီအစဉ်” အရ ၎င်းတို့ဟာ ကျန်းမာရေး အာမခံအစီအစဉ်တစ်ခုကို ခံစား နေရတာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ကျန်းမာရေးလုပ်သားတစ်ဦးက Drama-addict ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ ပြောပါ တယ်။

ပြီးခဲ့တဲ့လက နယ်စပ်ဆေးရုံမှာ ထိုင်းအမျိုးသမီးတွေက ကလေး ၈၀ မွေးဖွားခဲ့ပေမဲ့ မြန်မာအမျိုးသမီးတွေက ကလေး ၁၆၀ မွေးဖွားခဲ့ကြောင်း အဆိုပါ ကျန်းမာရေးလုပ်သားက ပြောပါတယ်။

တပြိုင်တည်းမှာပဲ NHSO ကလည်း မွေးလာတဲ့ကလေးရဲ့နိုင်ငံသားဖြစ်မှုကို ဆုံးဖြတ်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်နေတဲ့ ဗဟိုသတင်းအချက်အလက်တွေ (central database) ကို ဆန်းစစ်လေ့လာနေကြောင်း ပြောပါ တယ်။

အစောပိုင်းက သတင်းတွေထွက်ပေါ်နေသလို အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ မွေးဖွား လာတဲ့ကလေးတွေအတွက် လူမှုဖူလုံရေး အ ကျိုးခံသားခွင်အဖြစ် ဘဏ္ဍငွေထောက်ပံ့ထားတဲ့ Tho 99 Rights Fund ခေါ် ရန်ပုံငွေကနေ နယ်စပ်ဆေးရုံမှာ ကျန်းမာ ရေးဝန်ဆောင်မှုရရှိပြီး မြန်မာမိခင်ကမွေးဖွားလာ တဲ့ ကလေးတွေအတွက် ထောက်ပံ့ဖို့ ရည်ရွယ်ချက်မရှိကြောင်းလည်း ဒေါက်တာဂျာဒက်ဂျ်က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ခွင့်ပြုထားတဲ့ Tho 99 Right ရန်ပုံငွေဟာ အဲဒီအချိန်အက ထိုင်းနိုင်ငံသား အဖြစ်အသိအမှတ်ပြုခံရဖို့ စောင့်ဆိုင်းနေပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်မရှိတဲ့ ထိုင်းနိုင်ငံတွင်းက ၄၀၀,၀၀၀ ကနေ ၅၀၀,၀၀၀ ကြားရှိ ရွှေ့ပြောင်းလုပ်သားတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုခံစားခွင့်ဟာ အဲဒီအချိန်က ရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ၎င်းတို့ ရဲ့ကလေးတွေအတွက်သာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ကလေးလာမွေးပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်မယ့် မြန်မာနိုင်ငံသားတွေအတွက် မဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

“Tho 99 Right ရန်ပုံငွေခံစားခွင့်မရှိတဲ့ နိုင်ငံခြားသားတွေဟာ ၎င်းတို့အိတ်ကပ်ထဲကနေ ကျန်းမာရေး စောင့်ရှောက်မှု စ ရိတ်စကတွေ ပေးချေဖို့ လိုအပ်မှာဖြစ်ပါတယ်။” လို့ ဒေါက်တာဂျာဒက်ဂျ်က ပြောပါတယ်။

သတ်မှတ်ချက်နဲ့ညီညွတ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေအတွက် နှစ်စဉ် ဘတ်ဂျက်က တစ်နှစ်ကို ဘတ်ငွေ ၂ ဘီလျံကနေ ၃ ဘီလျံအထိ ရှိကြောင်း ၎င်းက ပြောပါတယ်။

နယ်စပ်ဆေးရုံတွေမှာ သတ်မှတ်ချက်နဲ့မညီတဲ့လူနာတွေဟာ ထိုင်းနိုင်ငံရဲ့ဘတ်ဂျက်တွေကို ခံစားခွင့် ရရှိနေတယ်ဆိုတဲ့ Drama-addict Facebook ပေ့ဂျ်က ရေးစားချက်ကို ပြည်သူ့ကျန်းမာရေးအမြဲတမ်း အတွင်းဝန် ဒေါက်တာအိုပက်စ်ကန် ကာဝင်ပေါင်ကလည်း ငြင်းဆိုလိုက်ပါတယ်။

Ref: Babies born to Myanmar mums 'not entitled to free treatment': Bangkok Post

#centralnewsnaypyitaw

image

ခြံအမှတ် (၅၄) ကို ကျပ် ၂၉၇ ဘီလီယံနဲ့ ထပ်မံလေလံတင် ရောင်းချဖို့ တရားရုံး အမိန့်ချ

ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ကျပ် ၂၉၇ ဘီလီယံနဲ့ ထပ်မံလေလံတင် ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အမိန့် ချမှတ်လိုက်တယ်လို့ အဲဒီတရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

အဲဒီအိမ်နဲ့ ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တကြိမ်၊ ၃၀၀ ဘီလီယံနဲ့ တကြိမ် လေလံတင်ရောင်းချခဲ့ပေမယ့် လေလံဆွဲ ဝယ်ယူသူ မရှိတာကြောင့် ၂၉၀ ဘီလီယံနဲ့ ဈေးလျှော့ပြီး လေလံတင်ဖို့ တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က တရားရုံးကို တင်ပြထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားပါတယ်။

“တရားရုံးရဲ့ ဒီနေ့ ဆုံးဖြတ်ချက်မှာတော့ ဦးအောင်ဆန်းဦးတင်ထားတဲ့ လေလံဈေးကို တရားရုံးက လက်မခံဘဲ ၃ ဘီလီယံပဲ ထပ်လျှော့ပေးလိုက်တာပါ။ အခု အတည်ပြုလိုက်တဲ့ ကြမ်းခင်းဈေးက ကျပ် ၂၉၇ ဘီလီယံပေါ့။ တတိယအကြိမ် လေလံတင်ရောင်းချပွဲကို လေလံပွဲကို လာမယ့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ခြံအမှတ် (၅၄) ရှေ့မှာ ပြုလုပ်သွားမှာပါ” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ကျပ် ၃၁၅ ဘီလီယံနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ပထမအကြိမ် လေလံတင် ရောင်းချခဲ့သလို သြဂုတ်လ ၁၅ ရက်နေ့မှာလည်း ငွေကျပ် ၃၀၀ ဘီလီယံနဲ့ ထပ်မံ ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိသေးပါဘူး။

ဦးအောင်ဆန်းဦးဟာ ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ ဒီအမှုကို စတင်ခဲ့တာဖြစ်ကာ ၂၀၁၆ ခုနှစ်မှာတော့ အိမ်နဲ့ခြံကို မောင်နှမ နှစ်ယောက် ခွဲဝေပိုင်ဆိုင်ဖို့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။

ဒီအမိန့်ကို မကျေနပ်တဲ့အတွက် NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီးနောက်ပိုင်း ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဉ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပြီး အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေရာရဲ့ အကျယ်အဝန်းဟာ ဧရိယာစတုရန်း ၁ ဒသမ ၉၂၃ ဧက ရှိပြီး ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ထိုင်းရုပ်ရှင် "How To Make Millions Before Grandma Dies" အော်စကာဆု စကာတင်ထဲ ပါဝင်

ဒီဇင်ဘာ ၁၉

စင်ကာပူမှာ ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ထိုင်းရုပ်ရှင် "How To Make Millions Before Grandma Dies" ဟာ လာမယ့် ၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်ရုပ်ရှင် ၁၅ ကား မှာ ပါဝင်လာတယ်လို့ ဒီဇင်ဘာ ၁၇ ရက်(အင်္ဂါနေ့) က သိရပါတယ်။

How To Make Millions Before Grandma Dies အပြင် အခြား ရုပ်ရှင် ၁၄ ခုကတော့
- I’m Still Here from Brazil
- Universal Language from Canada
- Waves from Czech Republic
- The Girl With The Needle from Denmark
- Emilia Perez from France- The Seed Of The Sacred Fig from Germany
- Touch from Iceland- Kneecap from Ireland
- Vermiglio from Italy- Flow from Latvia
- Armand from Norway- From Ground Zero from Palestine
- Dahomey from Senegal နဲ့- Santosh from the UK တို့ပဲဖြစ်ပြီး ဒီ ၁၅ ကားဟာ အော်စကာရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီအဖွဲ့ဝင်တွေရဲ့ နောက်ဆုံးအဆင့် ဆန်ခါတင်အဖြစ် ရွေးချယ်ခံထားရတာပဲဖြစ်ပါတယ်။

၉၇ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ဇန်နဝါရီလ (၁၅)ရက်မှာ လူရွှင်တော် ကိုနန်အိုဘရီယန်က အခမ်းအနား အဖြစ် ပြုလုပ်ပြီး ၂၀၂၅ ခုနှစ် မတ်လ ၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာတော့ အော်စကာရုပ်ရှင်ထူးချွန် ရရှိသူတွေကို သိရမှာပဲဖြစ်ပါတယ်။

#centralnewsnaypyitaw

imageimage

ဖီဖာကလပ် တိုက်ကြီးများဖလားပြိုင်ပွဲမှာ ရီးရယ်လ် ချန်ပီယံဆုရရှိ

ဒီဇင်ဘာ ၁၉

၂၀၂၄ ဖီဖာကလပ် တိုက်ကြီးများဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းနဲ့ မက္ကဆီကိုကလပ် ပါချူကာအသင်းတို့ ပွဲစဉ်မှာ ရီးရယ်လ်အသင်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဂိုးတွေကို ဘတ်ပီ၊ ရိုဒရီဂိုနဲ့ ဗီနီစီးယက်စ်တို့က သွင်းယူခဲ့တာပါ။

ရီးရယ်လ်အသင်းကို ဖီဖာကလပ် တိုက်ကြီးများဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီဟာ စပိန်ကလပ်အသင်းရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ အခုအကြိမ်အထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့တာမှာ ဆုဖလားပေါင်း ၁၅ ခုအထိ ရယူပေးနိုင်ခဲ့တာပါ။

အဲဒါကြောင့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၁၄ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ဆုဖလားပေါင်း ၁၄ ခု ရယူ ပေးနိုင်ခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး မူနော့ဇ်ရဲ့ စံချိန်ကို ၁ ကြိမ်အသာနဲ့ ကျော်ဖြတ်ပြီး ရီးရယ်လ်အသင်းသမိုင်းမှာ အအောင်မြင်ဆုံး နည်းပြဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီက ဒီမှတ်တမ်းကို ရယူနိုင်ခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ပြီး အောင်မြင်မှုတစ်ခု ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဗီနီစီးယက်စ်နဲ့ ဗယ်လ်ဗာဒီတို့ကလည်း နည်းပြ အန်ဆယ်လော့တီအတွက် သူတို့ဂုဏ်ယူပြီး နည်းပြက သူတို့အတွက် ပြီးပြည့်စုံတဲ့သူလို့ ပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ရရှိခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ နောက်ထပ် ဆုဖလားတစ်လုံး ထပ်မံရယူနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါသေးတယ်။

ရီးရယ်လ်အသင်းဟာ ဇန်နဝါရီ ၉ ရက်မှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။

စပိန်လာလီဂါ လက်ရှိချန်ပီယံ ရီးရယ်လ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ အမှတ်ပေးလိဂ် ပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ရီးရယ်လ်အသင်း အောင်ပွဲခံနေစဥ်

#သတင်းဟင်းလေးအိုးကြီး

image

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် အထည်အလိပ်စက်ရုံမှ မီးစက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပန်းပဲဝန်ဦးရွှေအိုးလမ်းရှိ အထည်အလိပ်စက်ရုံမှ မီးစက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၈ ရက် ည ၇ နာရီ ၅၁ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ Yangon Rescue Organization အဖွဲ့ဝင် "လူမှုကူညီရေးအသင်း ၇ သင်းမှ လူနာတင်ယာဉ် ၈ စီး၊ စေတနာ့ဝန်ထမ်း ၂၃ ဦးတို့ သွားရောက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ရေးရာ ၈ နာရီ ၁၃ အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

“မီးစက်ကနေ အပူလွန်ကဲပြီး လောင်တာ။ အဲ့မှာရှိတဲ့ ဒီဇယ်ပေပါတွေလောင်တယ်” လို့ Yangon Rescue Organization အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုစက်ရုံအနီးရှိ အမျိုးသမီးနှစ်ဦးလည်း မီးခိုးမွှန်သောကြောင့် ၁၀၈ ကန်ဦး လူမှုကူညီရေးအသင်း ယာဉ်ဖြင့် တင်ဆောင်ပြီး ဒဂုံအရှေ့၊ ၁၂ ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ "ဇေယျသုခ အထူးကုဆေးခန်း" တွင် ဆေးကုသမှု ခံယူပြီးနောက် ထိုနှစ်ဦးကို နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

imageimage

ဒီဇင်ဘာအားလပ်ရက် ခရီးစဥ်တွေအတွက် ကမ်းခြေဒေသအပါအဝင် ကလော၊အင်းလေးနဲ့ ပုဂံဟိုတယ်အချို့ ဘိုကင်ပြည့်

ဒီဇင်ဘာ ၁၉

ဒီဇင်ဘာအားလပ်ရက်ခရီးစဥ်တွေအတွက် ကမ်းခြေဒေသ အပါအဝင် ကလော၊အင်းလေးနဲ့ ပုဂံဒေသဘက်တွေကို သွားလာဖို့ ဘိုကင်ရယူသူတွေများပြားနေပြီး တချို့သောဟိုတယ်တွေ ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ အဲဒီဒေသတွေမှာရှိကြတဲ့ ဒေသခံခရီး သွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

"အခုဒီဇင်ဘာပိတ်ရက်အတွက် ပုဂံမှာ ဟိုတယ်ဘိုကင်ယူထားကြတဲ့သူတွေတော်တော်များများရှိနေပါတယ်၊တချို့ဟိုတယ်တွေဆိုအခန်းတွေပြည့်နေပြီပြောတယ်။ပုဂံဒေသဘက်ကို ခရီးသွားတွေလာကြပါတယ်။ပြီးခဲ့တဲ့ သီတင်းကျွတ်နဲ့ တန်ဆောင် တိုင်ပိတ်ရက်မှာလည်း ပုဂံကိုခရီးသွားတွေဝင်တာများတယ်။အခုဒီဇင်ဘာပိတ်ရက်အတွက် ဟိုတယ်၊တည်ခိုးခန်းတွေကိုမှာထားတာ ဘိုကင်တင်ထားတာတွေကပြည့်နေတယ်။ဒါပေမဲ့တဖွဲ့စ၊နှစ်ဖွဲ့စလောက်က ကြောက်ပြီးတော့မလာရဲဘူးဆိုပြီး ဟိုတယ်၊တည်းခိုခန်းတွေဘိုကင်တင်ထားတာကို Cancel လိုက်တာတွေတော့ရှိပေမယ့်၊အဲ့လို Cancel လုပ်တဲ့သူက အနည်းအကျင်းပါပဲ၊အခုပိတ်ရက်လည်းပုဂံမှာအတော်စည်မယ်ထင်ပါတယ်။စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာလည်း ပုဂံဘက်ကိုပုံမှန်အတိုင်းလာလည်နေကြတဲ့ဧည့်သည်တွေရှိပါတယ်။တကယ်တမ်းကျ ဒီဘက်ဒေသတွေမှာ ဘာမှမဖြစ်ပါဘူး။နယ်မြေလည်းအေးချမ်းပါတယ်။သွားလာလို့လည်းရပါတယ်။မြို့အဝင်မှာမှတ်ပုံတင်စစ်တာတခုပဲရှိပါမယ်။ကျန်တာပုဂံမှာအေးအေး ဆေးဆေးပါပဲ။ခရီးသွားဧည့်သည်တွေစိတ် ချ၊လက်ချလာလည်လို့ရပါတယ်"လို့ ပုဂံ - ညောင်ဦးဒေသခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံအတွင်းက နာမည်ကျော်ထင်ရှားတဲ့ ခရီးသွားဒေသတခုဖြစ်တဲ့ ရှမ်းပြည်(တောင်ပိုင်း)ကလော ဘက်ကိုလည်း အခုဒီဇင်ဘာပိတ်ရက်ကာလအတွက် ဟိုတယ်ဘိုကင်ရယူထားကြတာတွေဟာ လာမယ့်နှစ်ဆန်း(၁)လပိုင်းအထိရှိနေပြီး အခုကာလမှာ ပြင်ဦးလွင်ထက် ကလောဘက်ကိုခရီးသွားဧည့်သည်တွေပိုဝင်လာကြတယ်လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆက်ပြီး ပြောပြပါတယ်။

"ကလောဘက်ခရီးသွားတွေအဝင်များပါတယ်။ပြန်ဝင်လာကြပြီ၊ဒီမှာကပြည်တွင်းခရီးသွားအဖွဲ့တွေရှိသလို ပြည်ပခရီးသွားအဖွဲ့တွေကိုလည်းတွေ့ရတယ်။ပြီးခဲ့တဲ့လကဆို ကလောကိုလာတဲ့ နိုင်ငံခြာသားခရီးသွားဧည့်သည် ၆ ဖွဲ့၊ ၇ ဖွဲ့လောက်လာတာတွေ့ရ တယ်။အခုလမ်းတွေလည်းပြန်ဖွင့်ပြီ၊ နယ်မြေလည်း အေးချမ်းတယ်၊တည်ငြိမ်ပါတယ်။ ဘာပြဿနာမှမရှိပါဘူး။အခုပြင်ဦးလွင်ထက် ကလောမြို့ကို "လို့ ကလောဒေသခံ ခရီးသွားဧည့်လမ်းညွှန်တယောက်က ပြောပါတယ်။

ဒါအပြင် အွန်လိုင်းနဲ့ Facebook ပေါ်မှာ ရေးသားနေကြတဲ့ လမ်းခရီးအခြေနေမကောင်းဘူးဆိုတဲ့ ကိစ္စတွေဟာလည်းမဟုတ်မှန်ဘဲ ဒါကခရီးသွားတွေကို ခြောက်လှန့်တဲ့ Fake News တွေသာဖြစ်တယ်လို့ ကလောဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ကလောကို လာရောက်လည်ပတ်မယ်ဆိုပါက ဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဧည့်လမ်းညွှန်တွေထံကို ကြိုတင်ဖုန်းဆက်ပြီးတော့ နယ်မြေဒေသအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကို အချိန်မရွေး ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့က လိုင်းပေါ်မှာ ကြော်ငြာတင်ရင် ခရီးသွားတွေက ဟိုတယ်ကြော်ငြာ၊ ကားကြော်ငြာအဲ့လိုပဲထင်ကြတယ်၊တကယ်ကမဟုတ်ပါဘူး၊ဒီဘက်ဒေသမှာရှိတဲ့ အခြေအနေတွေအကြောင်းကို ကျွန်တော်တို့ကိုကြိုတင်မေးမြန်းလို့ရပါတယ်၊စုံစမ်းလို့ရပါ တယ်၊အားနာဖို့မလိုပါဘူး"လို့ ကလောဒေသခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ တယောက်က ထပ်လောင်းပြောပြပါတယ်။

အဲဒါအပြင် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ် ငန်းတွေဟာ အဓိကအားဖြင့် ယဉ်ကျေးမှုနဲ့ သဘာဝကို အခြေခံတဲ့ခရီးသွားလုပ်ငန်းတွေပဲဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းအေဂျင်စီတွေရဲ့မှတ်တမ်းတွေအရ ယခုနှစ်ပိုင်းတွေအတွင်းမှာ ပြည် တွင်းခရီးသွားအများစုဟာ သွားလာရခက်ခဲတဲ့ဝေးလံခေါင်ဖျားဒေသတွေထက် ပင်လယ် ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်၊ပုဂံ-ညောင်ဦးဒေသ၊မန္တလေး အပါအဝင် တောင်ကြီး၊အင်းလေးနဲ့ ကလောဘက်တွေကိုသာအသွားအလာအများဆုံးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

"အခုပြီးခဲ့တဲ့ သီတင်းကျွတ်ကာလနဲ့ တန်ဆောင်တိုင်ပိတ်ရက်ကာလမှာဆို ခရီးသွားတွေက ချောင်းသာသွားတယ်၊ငွေဆောင်သွားကြတယ်၊ပုဂံကတော့အများဆုံးသွားကြတယ်။တောင်ကြီးတန်ဆောင်တိုင်သွားကြတယ်။နောက်မန္တလေးဘက်သွားတယ်။ကျိုက်ထီးရိုးတောင်ဒီလောက်မဟုတ်ဘူး။ကျိုက်ထီးရိုးဘက်သွားတာသိပ်မတွေ့ရဘူး။အဓိကပြောရရင် ချောင်းသာ၊ငွေဆောင်နဲ့ ပုဂံဘက်တွေကို ခရီးသွားတာတွေအရမ်းများပါတယ်။အခုဒီဇင်ဘာပိတ်ရက်တွေအတွက်ကားလက်မှတ်တော်တော်များများရောင်းချထားရပါတယ်၊ဒီဇင်ဘာပိတ်ရက်လည်းခရီးသွားများနိုင်ချေရှိပါတယ်"လို့ ရန်ကုန်မြို့အခြေစိုက် ခရီးသွားဝန်ဆောင် မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ထပ်မံပြောပြခဲ့ပါတယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံကမ်းခြေနဲ့ Sea & Lake ကမ်းခြေတွေကို ပြည်တွင်းခရီးသွားဝင်ရောက်သွားလာမှုတွေအများဆုံးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage