Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မွမ်ဘိုင်း၌ ဖယ်ရီသင်္ဘော အကြီးတစ်စင်း တိမ်းမှောက်
နူးဒေလီ၊ဒီဇင်ဘာ ၁၈
အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့၌ လူ ၆၀ ခန့်လိုက်ပါလာသည့် ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်း ဒီဇင်ဘာ ၁၈ ရက်တွင် တိမ်းမှောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ် ။
ထို့နောက် လက်ရှိအချိန်အထိ အသက်ရှင်ကျန်ရစ်သူ ၂၀ ဦးကို ကယ်ဆယ်ထားနိုင်ခဲ့ပြီး အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘော Subhadra Kumar Chauhan ဖြင့် ပြန်ခေါ်လာခဲ့ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့ကိုကိုးကိုးကား၍ အိန္ဒိယသတင်းဌာန ANI ကဖော်ပြခဲ့သည်။
အာဏာပိုင်များကလည်း စုံစမ်းစစ်ဆေးမှုစုံစမ်းစစ်ဆေးမှုများစတင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရပြီး မွမ်ဘိုင်းရဲတပ်ဖွဲ့၊အိန္ဒိယရေတပ်နှင့်ကမ်းခြေစောင့်တပ်တို့ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့သည်ဟုလည်းသိရသည်။
ထိုင်းတွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ ယနေ့စတင် ၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းကစလို့ စစ်ရေး ၊ နိုင်ငံရေးအပါအဝင် အထွေထွေအကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် မြန်မာ့အရေး အဖြေရှာဖို့ ဆွေးနွေးကြမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက် နံနက်ပိုင်းမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ စတင်နေပါတယ်။
ဒီဆွေးနွေးပွဲကို လတ်တလော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ကမကထလုပ် စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မှာဖြစ်ပါတယ်။
ဒီဇင်ဘာ (၁၉) ရက်နဲ့ (၂၀) ရက် (၂) ရက်တာ ကျင်းပမယ့် အဲဒီမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်လည်း တက်ရောက်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးမယ်လို့လည်း သိရပါတယ်။
ပုံစာ - (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ
~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
“ညီမလေးက ကယ်မက်စ်ထရီနော် ၊ ဘယ်နှစ်နှစ်လဲ”
“အခု ဖိုင်နယ်လ်ယီးယားပါ”
“ကျောင်းပိတ်သလား”
“ဟုတ်ကဲ့”
“ရောက်တုန်း ဖြည်းဖြည်းပေါ့ကွယ် ၊ မပြန်နဲ့ဦး ၊ တစ်နေ့နေ့တော့ ညီမလေးကို ညစာ ကျွေးချင်တယ် ၊ ဘယ်နှယ့်လဲ ၊ နင့်အချိန်တွေထဲက ငါ့ကို နည်းနည်း ခွဲပြီးတော့ မပေးနိုင်ဘူးလား”
ကျွန်မ ရယ်မော၍ မောင့်ကိုစတော့ မောင်သည် တအံ့တသြ ငေးစိုက်လျက် ခေါင်းကို ခါယမ်းနေပါသည်။ ကျွန်မ အမေးကို ဖြေသည့်သဘော မဟုတ်ပါ ။
စိတ်ပျက်လက်ပျက် ဘာလုပ်ရမှန်း မသိလို့ ပြုမူတတ်သော မောင့်အကျင့်သာ ဖြစ်၏။
“ကျေးဇူးပါ မမရယ် ၊ ဒါပေမယ့် နန်း မနက်ဖြန် ပြန်မှာပါ”
“သြော် .. ဟုတ်လား …ကဲ … ဒါဖြင့် ငါအလိုက်မသိလို့ နင်ဆဲနေဦးမယ် ၊ ရော့ … ဒီမှာ နင်တို့ အတွက်ငါရှင်းပေးခဲ့ပြီ”
ပြေစာစာရွက်လေးကို မောင်တို့ နှစ်ဦး ကြား ချပေးလိုက်သည်။ မောင့် မျက်နှာမှာ တအား နာကျင်စွာ အရိုက်ခံရသလို ရဲသွား၏။
“ဟာ .. ဘာဖြစ်လို့ ပေးလိုက်တာလဲ ကွာ ခက်လိုက်တာ”
မောင့်အသံများ အနည်းငယ် တုန်နေသလိုပဲ။
“မမကလဲ အားနာစရာ”
“အို တစ်ခါတစ်လေ ကြုံတာ ၊ ဒီလို ဆုံမိဖို့လည်း လွယ်တာမှ မဟုတ်ဘဲ ညီမလေးရယ်”
မောင့်မှာပိုက်ဆံ ပြတ်သွားပြီဆိုတာ ကျွန်မ သိပါသည်။ မောင် တစ်ယောက်ယောက် ဆီက ချေးငှားလာခြင်း ဖြစ်လိမ့်မည်။
“ကဲ .. ငါပြန်မယ်”
“ဟာ .. ဘယ်ဖြစ်မလဲ ၊ အပြင်မှာ မိုးတွေ ဒီလောက် သည်းနေတာ”
မောင့်အသံက ကျွန်မအား မိုးရွာထဲသို့ တကယ်မပြန်စေလိုသော စေတနာ အပြည့်နှင့်ဆိုတာ ကျွန်မ သိပါသည်။ အနည်းငယ်ပိုင်စိုးပိုင်နင်း လေသံပင်လျှင် အကျင့်ပါနေ၏။
“ရပါတယ်”
“မရပါဘူး မပြန်စမ်းပါနဲ့ ၊ နန်းမှာ ထီးပါတယ် ၊ ပြီးတော့ သူနဲ့အတူ ဆောင်းပေါ့”
“ဟင့်အင်း ၊ နေပါစေ ၊ နှစ်ယောက်ဆောင်းတော့ မလုံဘူးပေါ့ဟယ် ၊ တစ်ယောက်တည်း ဆောင်းတာ ကောင်းပါတယ် ၊ ငါကဖြစ်ပါတယ်။ မိုးရွာထဲ လျှောက်နေကြပါဟာ”
မောင်၏ နာကျင် နင့်သီးသော မျက်လုံးများကို ဖျက်ခနဲ တစ်ချက် ကြည့်ပြီး ကျွန်မ ရုတ်ခြည်း ထွက်လာခဲ့၏။
#ဆက်ရန်ရှိ
၂၀၂၅ မှာ Mind-Mouth-Money-Mood ဆိုတဲ့
ဒီ M(၄)ခု ကို စောင့်ထိမ်းပါတဲ့။
Mind ( စိတ်ကိုသတိထားဖို့ )
•မိမိစိတ်ကို စာဖတ်ဖို့ သတိပေးနေပါ။
စာဖတ်ချင်းဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များချနိုင်ဖို့
အထောက်အကူဖြစ်ပါလိမ့်မယ်။
•လေ့ကျင့်ခန်းလုပ်ဖို့ သတိထားပါ။ ကျန်းမာပါလိမ့်မယ်။
•တရားထိုင်ခြင်းနဲ့ စိတ်ငြိမ်အောင်လေ့ကျင့်ပါ။
•လေ့လာသင်ယူခြင်းများအမြဲသတိထားလုပ်ပါ။
•ငြိမ်းအေးချမ်းသာခြင်းအရာကိုသတိထားရှာဖွေပါ။
Mouth ( ပါးစပ်ကိုထိမ်းပါတဲ့ )
•သင့်တင့်မျှတသော အစားအစာများကိုသာစားပါ
•ရေများများသောက်ပါ။
•အသင့်ထုတ်ပိုးထားသော အစားအစာများကို
တတ်နိုင်သလောက်ရှောင်ပါ။
•အစားလောဘမကြီးမိပါစေနဲ့။
Money ( ငွေကို လည်းသတိထားပါ)
•လစဉ် အသုံးစားရိတ်သတ်မှတ်ပါ။
မလိုအပ်ဘဲ ပိုမသုံးမိပါစေနဲ့။
•ပုံမှန် ငွေစုပါ။
•ဉာဏ်သုံး၍ ရင်းနှီးမြုပ်နှံမှုကိုလုပ်ပါ။
•အကြွေးတင်မခံပါနဲ့။
•သုံးငွေကို အမြဲသတိထားနေပါ။
Mood (နှလုံးသွင်းမှန်စေဖို့)
•သူတစ်ထူးကိုကျေးဇူးတင်တတ်ပါစေ။
•Endorphin ဟိုမုန်းလို့ခေါ်တဲ့ ပျော်ရွှင်မှုတွေ
ရနိုင်မယ့်နည်းလမ်းတွေ ကိုလုပ်ပါ။
•ချစ်ခင်သူတွေနဲ့ အမြဲထိတွေ့နေပါ။
•ဝါသနာ ပါတာလေးတွေ လုပ်နေပါ။
•သင့်တော်တဲ့ အနားယူမှုကိုလုပ်ပါ။
လွယ်တော့မလွယ်ဘူးပေါ့။ ကြိုးစားကြည့်ရမှာဘဲ။
#crd
မွန်လက်နက်ကိုင် ၄ ဖွဲ့က မွန်တပ်တော် ဖွဲ့စည်း
ဒီဇင်ဘာ ၁၉
နွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် မွန်လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်း၍ မွန်တပ်တော်ကို ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားကြရန် သဘောတူညီကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ပူးပေါင်းကြမည့် မွန်လက်နက်ကိုင်များမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)တို့ ဖြစ်သည်။
ထိုမွန်လက်နက်ကိုင် ၄ ဖွဲ့သည် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပြီး မွန်တော်လှန်ရေးတပ်များ အားလုံးပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်း လာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည်ဟု ပူးတွဲထုတ်ပြန်ခဲ့သည်။
ထို့နောက် ပထမအဆင့်အနေဖြင့် တပ်ဖွဲ့ ၄ ဖွဲ့မှ ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီသည်ဟု ပူးတွဲထုတ်ပြန်ခဲ့သည်။
ပုံ - မွန်လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
#centralnewsnaypyitaw