ယူကရိန်းစစ်ပွဲရပ်ဖို့ ထရမ့်နှင့် အပေးယူလုပ်ရန် အသင့်ဟု ပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ ၂၂

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ယူကရိန်းစစ်ပွဲရပ်ဖို့ အရေးနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အပေးအယူလုပ် ဆွေးနွေးရန် အသင့်ရှိကြောင်း ဒီဇင်ဘာ ၁၉ ရက် တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်နှင့် ဆွေးနွေးခဲ့မည်ဆိုပါက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ရုရှားဘက်မှ အလျှော့၊ အတင်း ပြုလုပ်ပေးရန် အသင့်ရှိသည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။

ထို့နောက် ယူကရိန်း အာဏာပိုင်များနှင့် ဆွေးနွေးမှုများ စတင်ရန်အတွက် ကြိုတင်သတ်မှတ်ချက်များမရှိဟု ၎င်းက ဆိုသည်။

သူ့ကိုယ်သူ ပြဿနာများအား ကြားဝင်ဖြေရှင်းရာတွင် ဆရာတစ်ဆူအဖြစ် ပုံဖော်ထားသည့် ထရမ့်က ယူကရိန်း ပဋိပက္ခကို လျင်မြန်စွာ အဆုံးမည်ဟု ပြောကြားခဲ့သော်လည်း အချိန်ဇယား အတိအကျကို ထုတ်ဖော်ပြောဆို ခဲ့ခြင်းမရှိပေ။

ပူတင်သည် နှစ်စဉ်ကျင်းပနေကျ နှစ်ကုန် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှားနိုင်ငံသားများနှင့် အမေးအဖြေ ပြုလုပ်ခဲ့ ချိန်၌ သူ့အနေဖြင့် နှစ်အနည်းငယ်လောက် စကားမပြောခဲ့သည့် ထရမ့်နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း အမေရိကန် သတင်းချန်နယ်မှ သတင်းထောက်တစ်ဦးကို ပြောကြားခဲ့သည်။

ပူတင် အနေဖြင့် ထရမ့်ကို အစည်းအဝေးလုပ်ရန် ကမ်းလှမ်းဖွယ် ရှိ/မရှိ မေးမြန်းခံရချိန်တွင် ပူတင်က ရုရှားသည် အားနည်းသည့် အနေအထားသို့ ရောက်ရှိနေသည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်ကထက် ပိုမိုအင်အား တောင့်တင်းလာခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အပေး/အယူတွေ လုပ်ဖို့အတွက် အသင့်ရှိတယ်ဆိုတာ ကျနော်တို့ အရင်ကတည်းက ပြောပြီးပါပြီ" ဟု ပူတင်က ပြောကြားခဲ့ပြီး ရုရှားတပ်များသည် ယူကရိန်းစစ်မြေပြင်တွင် အသာစီးရနေသည်ဟု ဆိုသည်။

"မကြာခင်အချိန်မှာပဲ ယူကရိန်းဘက်က တိုက်ခိုက်ပေးချင်တဲ့ ယူကရိန်းနိုင်ငံသားတွေဟာ ကုန်တော့မှာပါ။ ကျနော့်အထင်တော့ မကြာခင်မှာ ယူကရိန်းဘက်က တိုက်ခိုက်ချင်တဲ့သူတောင် ရှိလာတော့မှာ မဟုတ်ပါဘူး" ပူတင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လကလည်း ပူတင်က ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးရန် ပြောကြားခဲ့သော်လည်း ရုရှားတပ်များ သိမ်းပိုက်ထားသည့် နေရာများကို ပြန်ပေးမည် မဟုတ်ဘဲ ယူကရိန်းကိုလည်း နေတိုးအဖွဲ့ထဲဝင်မည့် ရည်မှန်းချက်ကို စွန့်လွှတ်ရန် ပြောကြားထားသည်။

ပူတင်က ယူကရိန်းနှင့် ဆွေးနွေးမှုများ စတင်ရန် စည်းကမ်းချက်များ သတ်မှတ်မထားကြောင်း၊ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) အပါအဝင် အားလုံးနှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

သို့သော် မည်သည့် သဘောတူညီချက်ကိုမဆို ယူကရိန်း၏ တရားဝင်မှုရှိသည့် အာဏာပိုင်များနှင့်သာ လက်မှတ် ရေးထိုးနိုင်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ပူတင်သည် ယူကရိန်းသမ္မတ ဇာလန်းစကီးကို တရားဝင်မှုရှိသည့် အာဏာပိုင်အဖြစ် သတ်မှတ်မထားဘဲ ယူကရိန်း လွှတ်တော်ကိုသာ တရားဝင်မှုရှိသော အာဏာပိုင်အဖြစ် ယူဆထားသည်။

Source: ရိုက်တာ

ပုံ - ပူတင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
32 w - Translate

Someone: နင်စိတ်ပါ လက်ပါ လုပ်တတ်တာ ဘာရှိလဲ?
Me:

image
32 w - Translate

မြန်မာအသင်း ဗီယက်နမ်ကိုဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှထွက်ရ

အာဆီယံချန်ပီယံရှစ် ၂၀၂၄ဘောလုံးပြိုင်ပွဲ အုပ်စု(ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတို့ ဒီဇင်ဘာ၂၁ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဗီယက်နမ်အသင်းကို ငါးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ကာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

မြန်မာအသင်းဟာ ဒီပွဲစဉ်ကိုအနိုင်ရမှနောက်တစ်ဆင့်ကို တက်ရောက်မှာဖြစ်ပေမယ့်လည်း ဗီယက်နမ်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရတာပါ။

ပထမပိုင်းပွဲကစားချိန်အပြီးမှာ ဂိုးမရှိသရေကျနေပေမယ့် ဒုတိယပိုင်းမှာတော့ ဗီယက်နမ်အသင်းရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

အုပ်စု(ရဲ့ ပွဲစဉ်အားလုံးယှဉ်ပြိုင်ကစားပြီးချိန်မှာ ဗီယက်နမ်အသင်းက ရမှတ်၁၀မှတ်နဲ့ အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက ရမှတ်၆မှတ်နဲ့ အုပ်စုဒုတိယရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ထိုင်းနဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဓာတ်ပုံ-MFF

image
32 w - Translate

ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်
----------------------------------------

ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက် နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရပါတယ်။

ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းတဲ့ အစည်းအဝေးကိုတော့ ဒီဇင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နဲ့ တာဝန်ရှိသူတွေ တက်ရောက် ခဲ့ပါတယ်။

ဥပဒေမူကြမ်းကိုတော့ အခြားနိုင်ငံတွေက ကျင့်သုံးဆောင်ရွက်နေတဲ့ အခြေအနေတွေအပေါ် လေ့လာ ပြီး ညှိနှိုင်းရေးဆွဲခဲ့ရာ အခုအချိန်မှာ အဋ္ဌမ (မူကြမ်း) အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အပေါင်ထားပြီး ချေးငွေထုတ်ချေးနိုင်မယ့် ဈေးကွက် တစ်ရပ် ပေါ်ပေါက်လာပြီး MSME စီးပွားရေးလုပ်ငန်းတွေ ချေးငွေရရှိနိုင်မှု တိုးတက်ရေးကို အထောက် အကူပြုဖို့ ရည်ရွယ် ထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အပေါင်ပစ္စည်းတွေကို မှတ်ပုံတင်ထားတာကြောင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရ ခိုင်မာမှုရှိစေဖို့ အာမခံ အကျိုးခံစားခွင့်နဲ့ စပ်လျဉ်းပြီး အငြင်းပွားမှုတွေကို ဥပဒေအရ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

အင်းတော်မြို့မှာ တိုက်ပွဲပြန်လည် ပြင်းထန်နေ

ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အင်းတော်တိုက်ပွဲက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စခဲ့တာပေါ့။ နောက်ပိုင်း ရပ်လိုက်နားလိုက် ဖြစ်နေရာကနေ အခုရက်ပိုင်းအတွင်းမှာ ပြန်ပြီး ပြင်းထန်လာခဲ့တာ။ ဂျပန်လှိုဏ်ဂူနဲ့ မြို့မဘုန်းကြီးကျောင်းတို့မှာ ခံစစ်ပြင်ထားတဲ့ နောက်ဆုံးကျန်နေတဲ့ နစကတပ်ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိုးစစ်ဆင်နေတာ။ နစကဘက်ကလည်း လေကြောင်းကနေရော၊ လက်နက်ကြီးနဲ့ရော တန်ပြန် တိုက်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ရေးသားချက်မှာတော့ အင်းတော်မြို့၊ မြို့မ ဘုန်းကြီးကျောင်းမှာ စစ်ရှောင် နေထိုင်လျက်ရှိတဲ့ အရပ်သား ပြည်သူတွေကို KIA/PDF အဖွဲ့မှ ရှော့တိုက်ဒုံးနဲ့ အကြောင်းမဲ့ ပစ်ခတ်တာကြောင့် စစ်ရှောင် အပြစ်မဲ့ပြည်သူ အမျိုးသမီး နှစ်ယောက် သေဆုံးပြီး သံဃာ တပါးနဲ့ အမျိုးသမီး တယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဒဏ်ရာရ လူနာတွေကို အင်းတော်မြို့ရှိ တပ်မတော်စစ်ကြောင်းမှ ဆေးကုသပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

“ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီးကျောင်းက တောင်ကုန်းပေါ်မှာရှိတာ။ တောင်ကြော တဆက်တည်း ရှိနေတာလည်းဖြစ်တယ်။ အရင်က ဂျပန်တွေ မြေအောက်ဆေးရုံအဖြစ် အသုံးပြုခဲ့ဖူးတဲ့ လှိုဏ်ခေါင်းတွေလည်း ရှိနေတာမို့ နစကတပ်တွေဟာ အဲဒီနေရာတွေကနေ အထိုင်ချပြီး ခုခံနေတာ။ အဲဒီကို ဒေသတွင်းလက်နက်ကိုင်တပ်တွေက ဝိုင်းတိုက်နေတာဆိုတော့ လူထိခိုက်သေဆုံးတာတွေကတော့ ရှိနေပါတယ်။ ဒါပေမယ့် လတ်တလော တိုက်ပွဲအခြေအနေတွေအရ ဖြစ်စဉ်အတိအကျကိုတော့ ပြောဖို့ခက်တယ်” လို့ ‌သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် အင်းတော်ဒေသခံတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘေးလွှတ်ရာ နေရာတွေကို တိမ်းရှောင်သွားကြပေမယ့် ပြည်သူတချို့ကတော့ မြို့မဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင် အများစုကတော့ မော်တိတ်ဒေသ အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ ကျေးရွာတွေဘက်ကို စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

“လက်ရှိမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ရှားပါးနေတာပါ။ အဓိက လိုတာက‌တော့ ဆန်ပေါ့။ ဆန်မလုံလောက်တဲ့အတွက် တချို့က ဆန်ပြုတ် ပြုတ်ပြီး သောက်နေရတာရှိတယ်။ တုပ်ကွေးရာသီလည်းဖြစ်တော့ ဖျားနာနေသူတွေလည်း ရှိနေတယ်။ ဒါကြောင့် ဆေးဝါး အကူအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။

လက်ရှိ အင်းတော်တိုက်ပွဲကာလဟာ လေးလကျော် ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲအတွင်း အင်းတော် နဘားလမ်းဆုံက နစကအထိုင်စခန်း၊ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
32 w - Translate

မြိုရတော့နည်းနည်းခက်မယ်

image
32 w - Translate

ဂျပန်နိုင်ငံ ရှင်ဂျူကု ဘားရီ မှာရှိတဲ့ ဘားတစ်ခုကသန့်စင်ခန်းပါ။ ဒီမျက်နှာကြီးက ဘိုထိုင်ကိုအသုံးပြုနေချိန်မှာတစ်ဖြည်းဖြည်းရှေ့တိုးလာပြီး ဒူးခေါင်းကို Kissing ပေးကာ နောက်ပြန်ဆုတ်သွားမှာဖြစ်ပါတယ်။ အကြောင်းမသိသူအတွက်တော့ ကိစ္စတန်းလန်းနဲ့ ထပြေးရမယ့်အနေအထားပါ😅။

image

ကန်စွန်းရွက် ပဲပင်ပေါက်သုပ် 😋😋

ကန်စွန်းရွက် နဲ့ ပဲပင်ပေါက်ကို ရေဆူဆူထဲဆားထည့်ပြီပြုတ်ပါ
ပြီတာနဲ့ဆယ် ရေအေးနဲ့ဆေးပြီ ရေစစ်ထားပါ

ရေစစ်တာနဲ့ ဇလုံထဲထည့်
ပုစွန်ခြောက်ရေဆေးပြီထောင်းထည့်
ကြက်သွန်နီပါးပါးလှီးထားတာထည့်
ငရုပ်သီးအကျက်မှုန့်
မြေပဲလှော်ထောင်း
မန်ကျီးသီးမှည့်ရည်
ကြက်သွန်ဖြူဆီချက်
ကြက်သွန်နီကြော်
ငံပြာရည်
အချိုမှုန့်
အားလုံးရောနယ်လိုက်ရုံပါပဲ
ပန်းကန်ထဲထည့် နံနံပင် ငရုပ်သီးစိမ်းကိုက်စား😋😋
နှမ်းဖြူနဲ့ ကြက်သွန်နီကြော်ဖြူး
ချဥ်ငံစပ်လေးနဲ့ ရှယ်ပဲ

image
32 w - Translate

I'm obsessed 🫶

image
32 w - Translate

I'm obsessed 🫶

image