Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂျပန်တို့ဟူး အစိမ်းကြော်
--------------------
ပါဝင်ပစ္စည်းများ
--------------------
ဂ်ပန္တို့ဟူး ၁ခု
ဥနီ
ရွှေပဲ
ငရုတ်ပွ
ပန်းပွင့်
မုန့်ညှင်းထုပ်
ပြင်ဆင်ပြုလုပ်နည်း
--------------------
ဂျပန်တို့ဟူးကို ကြက်ဥထဲနှစ်ကော်မှုန့်ကပ်ကြော်ထားပါ။
အသီးအနှံများကို အနေတော်လှီးဖြတ်ထားပါ။
ဆီအနည်းငယ်ထည့်ပြီးပူလာလျှင် ကြက်သွန်ဖြူ ၂မွှာဓားပြားရိုက် ဂျင်းပါးပါး ၂ခုကိုဆီသတ်ပါ။
အသီးအရွက်များထည့်ပါ။
ဆား သကြား ပဲအကြည်ရည် ထည့်ပါ။
ရေနွေးအနည်းငယ်ထည့်၍ အသီးအရွက်များ ရလျှင် ဂျပန်တို့ဟူးထည့်ပါ။
ကော်မှုန့်အနည်းငယ်ရေဖျော်ထည့်ပါ။
နှမ်းဆီမွှေးအနည်းငယ်ထည့်လျှင် ရပါပြီရှင်။
ချောင်းသာနှင့်ငွေဆောင်၌ ဟိုတယ်ကြိုတင်အမှာများ ပြည့်နေ
=================
ဧရာဝတီတိုင်းဒေသကြီးက ချောင်းသာနဲ့ငွေဆောင်ကမ်းခြေရှိ ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ နှစ်သစ်ကူးကာလအတွက် ဟိုတယ်အခန်းတွေကြိုတင်မှာယူမှုဘိုကင်တွေပြည့်နေတယ်လို့ အဲဒီကမ်းခြေတွေရှိ ဟိုတယ်တွေဆီကနေသိရပါတယ်၊၊
လက်ရှိမှာ ဒီဇင်ဘာအားလပ်ရက်ကာလတွေဖြစ်တဲ့ ခရစ္စမတ် ပိတ်ရက်ကစပြီး နှစ်သစ်ကူးကာလအထိ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေတွေမှာ အခန်းကြိုတင် မှာယူထားသူတွေများပြားနေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊
နှစ်သစ်ကူးမတိုင်ခင်ရက်ကတည်းက ဟိုတယ်အခန်းတွေ ပြည့်နေတာဖြစ်တယ်လို့ ချောင်းသာကမ်းခြေရှိ စည်းစိမ်ဟိုတယ်ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊
အလားတူ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေနဲ့တည်းခိုခန်းတွေမှာလည်းနှစ်သစ်ကူးကာလအတွက် အခန်းတွေ ပြည့်သလောက်ဖြစ်နေပြီလို့သိရပါတယ်။
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ နှစ်စဉ် နှစ်သစ်ကူးပွဲတော်အချိန်တိုင်း လာရောက်လည်ပတ်သူများပြားလေ့ရှိတယ်လို့သိရပါတယ်၊၊
တဲလ်အဗစ်ကို ဒုံးကျည်ကျရောက်ပြီးနောက် ဟူသီတို့ကို အမေရိကန်တိုက်ခိုက်
----------------------
ဟူသီတွေ ထိန်းချုပ်ထားတဲ့ ယီမင်မြို့တော် ဆာနာကို စနေနေ့ညက အမေရိကန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု
ပြုလုပ်ခဲ့တယ်လို့ ဟူသီရုပ်/သံက ဖော်ပြပါတယ်။
တဲလ်အဗစ်မှာ အနည်းဆုံး အစ္စရေး ၂၀ လောက် ဒဏ်ရာရသွားတဲ့ နိုင်ငံအလယ်ပိုင်းကို ထိမှန်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့တာလို့ ဟူသီအဖွဲ့ကပြောဆိုပြီး နာရီပိုင်းအကြာမှာ အမေရိကန်လေကြောင်းတိုက်ခိုက်မှုသတင်း ထွက်ပေါ်လာတာပါ။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အက်တန်ဧရိယာကို ထိမှန်ခဲ့ပြီး အသေအပျောက်မရှိဘူးလို့လည်း ပြောပါတယ်။ ဆာနာတောင်ပိုင်းက ဟူသီထိန်းချုပ်ထားတဲ့ အက်တန်တောင်ကုန်းက ဒုံးကျည်သိုလှောင်ရုံကို ထိမှန်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမေရိကန်စစ်ဘက်ဗဟိုကွပ်ကဲမှုဌာနက သူတို့တပ်ဖွဲ့တွေဟာ ဟူသီတွေရဲ့ ဒုံးကျည်သိုလှောင်ရုံနဲ့ ကွပ်ကဲမှုထိန်းချုပ်ရေး အဆောက်အအုံတွေကို တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာပလက်ဖောင်း X က ကြေငြာခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း ပင်လယ်နီပေါ်မှာ ဟူသီတွေရဲ့ ဒရုန်းအများအပြားနဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးကျည် တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။
မြို့တော်အပါအဝင် ယီမင်အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အီရန်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဂါဇာစစ်ပွဲ စတင်ပြီးမကြာခင် အစ္စရေးနဲ့ နိုင်ငံတကာ သင်္ဘောတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်းပြသတာလို့ ပြောဆိုထားပါတယ်။