ဆန္ဒပြမြန်မာအလုပ်သမား ၃၀၀ ကို ထိုင်းရဲတွေ ရိုက်နှက်ဖမ်းဆီး

ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံ စမွတ်ဆခွန်မှာရှိတဲ့ Bis Pipe Fitting Industry လို့ အမည်ရတဲ့ ရေပိုက်ခေါင်းတွေလုပ်တဲ့ စက်ရုံတရုံမှာ မြန်မာအလုပ်သမား ၃၀၀ ခန့်က အလုပ်လုပ်ခွင့် လက်မှတ်သက်တမ်းတိုးဖို့အတွက် အလုပ်ရှင်က ထိုင်းဘတ် ၉၈၀၀ အထိ ကောက်ခံမယ် ဆိုတာကြောင့် သင့်တင့်တဲ့ ဈေးနှုန်းထားပေးဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က ထိုင်းရဲတွေ လုံခြုံရေးတွေ ခေါ် တားဆီးရိုက်နှက်ပြီး ဦးဆောင်သူလို့ ယူဆသူလေးဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်ခရိုင် ၊အုန်းနွဲ့ အုန်းရိုင်နယ်မြေအတွင်းမှာရှိတဲ့ ရေပိုက်ခေါင်းလုပ်တဲ့စက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးခါနီးဖြစ်တဲ့အတွက် သက်တမ်းတိုးဖို့အတွက် အလုပ်ရှင်ဘက်က တောင်းခံငွေများတာကြောင့် အလုပ်သမား၃၀၀လောက်ဟာ ဒီဇင်ဘာလ ၁၉ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ရဲတွေက ရိုက်နှက်ဖမ်းဆီးခဲ့လို့ ရုန်းရင်းဆန်ခတ်မူ့ဖြစ်ခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးရဲမင်းက ပြောပါတယ်။

"ဒီနေ့က အလုပ်သမားတွေအားလုံး လူစုပြီးတော့ စက်ရုံရှေ့မှာ တောင်းဆိုတော့ သူဌေးမကတော့ မလုပ်ချင်ရင် ထွက်သွားဖို့ပြောတယ်။ အလုပ်ရုံတံခါးပိတ်ထားတယ်။ အဲဒီမှာရဲတွေကိုခေါ်လိုက်တယ်။ သူက ဘတ်တသောင်းကောက်တယ်။ ဘတ် ၇၀၀၀ လောက် ၇၅၀၀လောက်ဆို လုပ်နိုင်တယ်။ သူတို့ဘေးနားကစက်ရုံတွေက ၆၀၀၀ တို့ ၇၀၀၀တို့နဲ့ လုပ်ပေးနေတာ။ တသောင်းဆိုတော့ သူတို့လက်မခံပဲနဲ့ ထိုင်းရဲတွေ လုံခြုံရေးတွေခေါ်ပြီးတော့ နံပါတ်တုတ်တွေနဲ့တချို့ကိုတော့ ခြေထောက်တွေကိုရိုက်တယ်။ ကျောကုန်းတွေကို ရိုက်တယ်။ ပြင်းပြင်းထန်ထန်တော့မဟုတ်ဘူး ကြောက်အောင်ခြောက်တာပေါ့။

အလုပ်သမားတွေထဲက ခေါင်းဆောင်လို့ယူဆရတဲ့ အလုပ်သမား ၄ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကျန်တဲ့အလုပ်သမားတွေက တောင်းဆိုတာကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဈေးလျော့ပေးမယ့်ကိစ္စကတော့ပြေလည်မှု မရသေးဘူးလို့လည်း ဆိုပါတယ်။ ဆန္ဒထုတ်ဖော်အပြီးမှာတော့ အလုပ်ရုံထဲမှာ အလုပ်ပြန်လုပ်ပါမယ် ဆိုတာကိုတော့ လက်မှတ်ထိုးပေးခဲ့ရတယ်လို့လည်း ဖမ်းဆီးခံရတဲ့အလုပ်သမားတဦးကပြောပါတယ်။

"ဖမ်းဖမ်းချင်း ကားရှိတယ်။ကျနော်တို့ကို ကားပေါ်တင်ထားတယ် ပြီးတော့ ကျနော်တို့လူတွေရဲ့တောင်းဆိုချက်အရ ကျနော်တို့ကို ချက်ချင်းပြန်လွှတ်ပေးတယ်။ ကျန်တဲ့သူတွေက ဘယ်လိုပြောလဲဆိုတော့ ကျနော်တို့ကိုပြန်မလွတ်ရင် အလုပ်ထဲပြန်မဝင်ဘူးပြောလို့ ပြန်လွှတ်ပေးတာ၊ အမူတွေကတော့ မဖွင့်ဘူး ကျနော်တို့ကို အလုပ်ထဲခေါ်သွင်းပြီးတော့ အလုပ်လုပ်မယ်ဆိုရင် လက်မှတ်ထိုးဆိုပြီးတော့ပဲပြောတယ်။ ကျဟန်ငန်(အလုပ်သမားကာကွယ်ရေးရုံး)ကဘာပြောလဲဆိုတော့သူတို့က ပိုက်ဆံကိစ ၉၈၀၀ ကိစ္စကို စကားပြန်ပြန်ပေးရုံးပဲတဲ့ ကျန်တာကတော့ အဲဒါကို ၉၈၀၀ကိစ္စ ဒါတွေက လုပ်ပေးလို့မရဘူး ပြောတယ် ကျနော်တို့လည်းရှေ့ဆက်ဘာမှပြောမရဘူး။'

ထိုင်းနိုင်ငံက အလုပ်သမားတွေအလုပ်လုပ်ခွင့် သက်တမ်းတိုးတဲ့အခါမှာ အလုပ်ရှင်တွေဘက်ကကော အေဂျင်စီတွေဘက်ကပါ မြန်မာစစ်ကောင်စီဘက်ကနေ တောင်းခံတဲ့အခွန်တွေကိုပါ ရောပြီး ထပ်တိုးပြီး တောင်းခံနေတဲ့အတွက်လည်း မြန်မာအလုပ်သမားတွေ သက်တမ်းတိုးရေးအတွက် အခက်အခဲတွေရှိနေပါတယ်။ ဒီအတွက် စက်ရုံအတော်များများက အလုပ်သမားတွေဟာ ဒီရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်တာတွေရှိနေပြီး စက်ရုံ ၅ရုံထက်မနည်းဟာ အလုပ်သမားတွေတောင်းဆိုတဲ့အတိုင်း လိုက်လျောပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

❌ Lusail အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ FIFA World Cup ၂၀၂၂ ဖိုင်နယ်မှာ ဘာပေးက ပြင်သစ်အတွက် ၃ဂိုး သွင်းနိုင်ခဲ့ပေမယ့် အာဂျင်တီးနားကို ရှုံးခဲ့ပါတယ်။

✅ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ Lusail Stadium မှာ ကစားခဲ့တဲ့ FIFA Intercontinental Cup ၂၀၂၄ မှာ ဘာပေးက ၁ဂိုး သွင်းယူကာ ၁ ဂိုးဖန်တီးကာ Pachuca ကို ဖိုင်နယ်မှာ အနိုင်ရခဲ့ပါတယ်။

ကွင်းတူပေမယ့် ဖိုင်နယ်မတူ။ 👀🏆

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၀-၁၂-၂၀၂၄)

ဈေးခုန်တတ်သွားတဲ့ ယနေ့စက်သုံးဆီစျေးနှုန်း…

ဓာတ်ဆီစျေး ၇၀ ကျော် ထက်တက်ပြီး ဒီဇယ်စျေး ၈၀ ကျပ် ဝန်းကျင် စျေးတက်ခဲ့တဲ့ စက်သုံးဆီစျေးနှုန်းများ

image
1 y - Translate

ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ ရှိနေပြီးဖြစ်ကြောင်း ပင်တဂွန်ဆို

လက်ရှိတွင် အမေရိကန် စစ်မှုထမ်း ၂၀၀၀ ခန့် ဆီးရီးယားတွင် ရောက်ရှိတပ်ဖြန့်ထားကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုင်ဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခင်ကမူ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ သာရှိကြောင်း ပင်တဂွန်ကကြေညာခဲ့ဖူးသည်။

“ဆီးရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ခန့် တပ်ဖြန့်ချထားကြောင်း ကျွန်တော်တို့ အရင်က သတင်းထုတ်ပြန်ခဲ့ဖူးပေမယ့်၊ တကယ်တော့ ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး ရှိနေတယ်ဆိုတာကို ဒီနေ့ ကျွန်တော် သိလိုက်ရတယ်"ဟု ပက်ထရစ်ရိုင်ဒါကပြောခြင်းဖြစ်သည်။

“ISIS တွေအတွက် စစ်ဆင်ရေးမှာ ဒီတပ်ဖွဲ့ဝင်တွေဟာ အာဆတ်အစိုးရ မပြုတ်ခင်ကတည်းက ရှိနေခဲ့တာပါ” ဟုလည်း သူက ဆက်ပြောသည်။

ပြောင်းရွှေ့မစ်ရှင်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ဖြန့်ကျက်ချထားသော ယာယီအလှည့်ကျတပ်ဖွဲ့များအဖြစ် ရိုင်ဒါက ဆိုထားပြီး အဓိကတပ်ဖွဲ့ဝင် ၉၀၀ ကိုမူ ရေရှည်တပ်ဖြန့်ထားဆဲဖြစ်သည်။ တပ်ဖွဲ့အမျိုးအစားကိုမူ ရိုင်ဒါက ထုတ်ဖော်ပြောကြားခြင်းမရှိချေ။

နိုဝင်ဘာ ၂၇ ရက်က ဆီးရီးယား လက်နက်ကိုင် အတိုက်အခံများသည် အလက်ပိုနှင့် အိုင်ဒလစ်ပြည်နယ်များရှိ အစိုးရတပ်များကို အကြီးစား ထိုးစစ်ဆင်ခဲ့သည်။ ဒီဇင်ဘာ ၇ ရက်ညနေပိုင်းတွင် သမ္မတ ဘာရှာအာဆတ်၏ အတိုက်အခံများသည် အလက်ပို၊ ဟာမာ၊ ဒါရာနှင့် ဟုမ်းများ အပါအဝင် မြို့ကြီးအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက်တွင် ၎င်းတို့သည် ဒမတ်စကတ်သို့ ဝင်ရောက်ကာ စစ်တပ်ကို မြို့တော်မှ ဆုတ်ခွာစေခဲ့သည်။ ထို့ကြောင့် သမ္မတအာဆတ် နှုတ်ထွက်ပြီး နိုင်ငံမှ ထွက်ခွာခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက အဒ္ဒလစ်ဘ် ပြည်နယ်ရှိ ဆီးရီးယား ကယ်တင်ရေး အစိုးရကို ဦးဆောင်ခဲ့သည့် မိုဟာမက် အယ်လ်-ဘာရှားအား ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ဆီးရီးယား ယာယီအစိုးရ၏ အကြီးအကဲအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

image
1 y - Translate

Small Bedroom Inspo 🤍✨

image
1 y - Translate

Small Bedroom Inspo 🤍✨

image
1 y - Translate

Small Bedroom Inspo 🤍✨

image
1 y - Translate

Small Bedroom Inspo 🤍✨

image
1 y - Translate

Small Bedroom Inspo 🤍✨

image
1 y - Translate

Small Bedroom Inspo 🤍✨

image