40 ပတ် - ဘာသာပြန်ပါ။

ငါ့ကိုယ်ငါ ဂုဏ်ယူမိတယ် ။
ရှင်သန်ဖို့ ခက်ခဲနေပြီဆိုတဲ့ နေ့ရက်တွေကိုလည်း
ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့တယ်...
နာကျင်စရာ ကိစ္စတွေကိုလည်း
ငါ့ကိုယ်ငါ ထွေးပွေ့ရင်း ရင်ဆိုင်နိုင်ခဲ့တယ်...

မျှော်လင့်ချက်တွေ ၊ အနာဂတ်တွေ
ဝေဝါးနေလည်း အားမလျော့ဘူး ။
ပြိုလဲစေချင်ကြတဲ့ လူတချို့
လက်လျော့ရလောက်တဲ့အထိ
ငါဟာ သန်မာနေခဲ့တယ် ။

ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ
သေးငယ်တဲ့ အလင်းရောင်ကအစ
ငါ ရှာဖွေနေဦးမှာပဲ...
ပင်ပန်းလွန်းရင် ခဏတာငိုပြီး
ခေါင်းပြန်မော့နေဦးမှာပဲ
လဲကျဖို့ ငါ့ကိုယ်ငါ ခွင့်မပြုသရွေ့
ငါဟာ အမြဲသန်မာနေဦးမှာပဲ ။ ။

image
40 ပတ် - ဘာသာပြန်ပါ။

🤍

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

image
40 ပတ် - ဘာသာပြန်ပါ။

I can't resist this beauty 💖

imageimage
+4
40 ပတ် - ဘာသာပြန်ပါ။

လျှပ်စစ်ဓာတ်အား ကာလတို ဖြေရှင်းရန် LNG ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ရန် စီစဉ်နေ
--------------------------------

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ဖို့အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ ဓာတ်အား ပေးစက်ရုံတွေရဲ့ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး အဲဒီစက်တွေကို စွမ်းအားပြည့်မောင်းနှင်လည် ပတ်နိုင် ပါက မဂ္ဂါဝပ် ၄၀၀၀ လောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုကာလမှာတော့ တစ်ရက်ကို ပျမ်းမျှ ၂၄၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်လုပ်နိုင်တဲ့အတွက် လိုအပ်ချက် ရဲ့ ၅၅ ရာခိုင် နှုန်းသာ ထုတ်လုပ်ပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို လျှပ်စစ်ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖျက်ဆီး ခံရတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ နဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒါ့အပြင် ရေရှည် တိုးတက်သုံးစွဲလာတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံရဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ ရေ၊ နေ၊ လေ တို့ကလည်း ထုတ်လုပ်နိုင်ရေးကို စီမံဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

image