32 w - Translate

ရက်ရှ်ဖို့ဒ်ကို နည်းပြအမ်မိုရင် သတိပေး
,..............

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူကစားသမားတစ်ယောက်နဲ့ ကိုက်ညီတဲ့ စံချိန်စံနှုန်းမျိုး ဖြစ်လာတဲ့ အထိ အသင်းရဲ့ အဝေးမှာ နေရဦးမယ်လို့ နည်းပြ အမ်မိုရင်က သတိပေးလိုက်ပါတယ်။ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၃ ပွဲမှာ ကစားသမားစာရင်းကနေ ချန်လှပ် ခံထားရပြီးနောက် အနာဂတ်မသေချာတော့တဲ့ သတင်းတွေပိုမိုကြီးထွားလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် ကလည်း အသင်းကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေလိုအပ်တယ်လို့ ပြောကြားထားခဲ့တာပါ။ အသင်းအတွက် အကောင်းဆုံးဖြစ်စေနိုင်မယ့် ပြောင်းလဲမှုတွေကို ပြုလုပ်ဖို့အတွက် အခုက အချိန်ကောင်းဖြစ်တယ်လို့ နည်းပြအမ်မိုရင်က ပြောကြားခဲ့ပါတယ်။ သူနဲ့ ရက်ရှ်ဖို့ဒ်တို့ နေစဉ် ဆက်သွယ်‌ ပြောဆိုရာမှာ အင်တာဗျူးအကြောင်း အနာဂတ်အကြောင်းတွေမပြောဖြစ်ဘဲ သူ့ရဲ့ စွမ်းဆောင်ရည်အကြောင်း အသင်းနဲ့ ပတ်သက်တဲ့အကြောင်းတွေကိုသာ ပြောဖြစ်တယ်လို့ နည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။ စပါးနဲ့ ဘုန်းမောက်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့မန်ယူအသင်းဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဘောက်ဆင်ဒေးပွဲအဖြစ် ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

image
32 w - Translate

နှင်းပြိုကျမှုကြောင့် ဆွစ်ဇာလန် နှင်းလျှောစီးမယ်ဟီဒီဂါ သေဆုံး
...................
ဒီဇင်ဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှင်းပြိုကျမှုကြောင့် အသက် ၂၆ နှစ်အရွယ် ဆွစ်ဇာလန်အိုလံပစ် နှင်းလျှောစီးမယ် ဆိုဖီဟီဒီဂါ သေဆုံးခဲ့ရတယ်လို့ ဒီဇင်ဘာ ၂၄ ရက်က ကြေညာခဲ့ပါတယ်။ ဆွစ်ဇာလန် နှင်းလျှောစီးလက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟီဒီဂါ ဟာ Arosa Mountain Resort မှာဖြစ်ပွားခဲ့တဲ့ မတော်တဆ နှင်းပြိုကျမှုမှာ ပါဝင်သွားခဲ့တာဖြစ်ပါတယ်။ ဆိုဖီ မိသားစုရဲ့ ခက်ခဲနေတဲ့အချိန်မှာ မိမိတို့အနေနဲ့လည်း ပြောစရာစကားမရှိလောက်အောင် ဝမ်းနည်း ခံစား ရပါတယ်လို့ ဆွစ်ဇာလန်နှင်းလျှောစီး အဖွဲ့ချုပ် အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ခရစ္စမတ်ကာလကြီးမှာ အခုလိုမျိုး ဟီဒီဂါသေဆုံးရမှုက ကြေကွဲစရာကောင်းလွန်းပါတယ်လို့လည်း ရေးထားပါတယ်။ ဟီဒီဂါဟာ ဆွစ်ဇာလန်ကိုယ်စားပြုပြီး ၂၀၂၂ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသလို ၂၀၂၃-၂၄ နှင်းလျှောစီးရာသီမှာလည်း ရလဒ်ကောင်းတွေရယူထား နိုင်ခဲ့သူဖြစ်ပါတယ်။

image
32 w - Translate

အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်

တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီး ဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ (၂၆) ရက်မှ မတ်လ (၃၁) ရက်ထိလည်းကောင်း၊ဒုတိယနှစ်နှင့်အထက် အဝေးသင်သင်တန်းများ၏ ကျော င်းဝင် မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီလ (၄) ရက်မှ မေလ (၁၆) ရက်ထိလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image
Frankie shared a post  
32 w

32 w

🎄MySpace ရဲ့ ခရစ္စမတ်ဆုတောင်းစကား🎄

ဒီဇင်ဘာလရဲ့ ဆောင်းအငွေ့အသက်လေးတွေနဲ့ အတူ ခရစ်တော်ဖွားမြင်တော်မူတဲ့ခရစ္စမတ်အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကံကောင်းခြင်းတွေ ရောက်ရှိပါစေ.. 🎄

မျှော်လင့်ချက်၊ပျော်ရွှင်မှုများနဲ့အတူ အသစ်တစ်ဖန်ပြန်လည်ရှင်သန် ပွင့်လန်းလာမယ့် ခရစ္စမတ်နေ့လေးကို ဖြတ်သန်းနိုင်ကြပါစေ🎄🎁

၂၀၂၄ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့

#marrychristmas
#myspaceadmin
#frankiestories

image

နာဆာရဲ့ အာကာသယာဉ် နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ ကြိုးပမ်းနေ

ဒီဇင်ဘာ ၂၄

အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။

Parker Solar Probe အာကာသယာဉ်ဟာ နေကိုစူးစမ်းလေ့လာနေတာဖြစ်ပြီး ပူပြင်းလွန်းတဲ့ အပူချိန်တွေနဲ့ ဓါတ်ရောင်ခြည်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။ ဒီလိုအပူချိန်မှာ ပျံသန်းမှုအတွင်း ရက်အတန်ကြာ အဆက်အသွယ်ပြတ်တောက်နေပြီး ပုံမှန်အလုပ်ဆောင်နိုင်ခြင်းရှိမရှိကို ဒီဇင်ဘာ ၂၇ ရက်မှာ အချက်ပြလှိုင်းကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

လူတွေဟာ ရာစုနှစ်ပေါင်းများစွာ နေကိုလေ့လာခဲ့ကြပေမယ့် တကယ်မသွားဘဲနဲ့ အဲဒီနေရာရဲ့ အခြေအနေကို မသိရှိနိုင်ကြောင်း၊ ယခုလေ့လာမှုဟာ နေရဲ့ အလုပ်လုပ်ပုံကို ပိုမိုသိရှိနိုင်ဖွယ်ရှိတယ်လို့ နာဆာရဲ့ သိပ္ပံဆိုင်ရာအကြီးအကဲ နီကိုလာဖော့စ်က ပြောပါတယ်။

Parker Solar Probe နေစူးစမ်းလေ့လာရေးယာဉ်ကို ၂၀၁၈ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး နေကို ၂၁ ကြိမ် လှည့်ပတ်ပျံသန်းပြီးဖြစ်ပေမယ့် ခရစ္စမတ်ကာလမှာ ပျံသန်းမှုကတော့ နေနဲ့အနီးဆုံး စံချိန်တင်ပျံသန်းမှုဖြစ်ပါတယ်။

နေကို သူ့ရဲ့ အနီးကပ်ဆုံး စူးစမ်းလေ့လာမှုကတော့ မိုင်ပေါင်း ၃ ဒသမ ၈ သန်းအကွာကဖြစ်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာမြေနဲ့ နေဟာ မိုင်ပေါင်း ၉၃ သန်းကွာဝေးတာကြောင့် နေနဲ့ကမ္ဘာကို တမီတာခြားတယ်လို့ သတ်မှတ်ပါက စူးစမ်းလေ့လာရေးယာဉ်နဲ့ နေဟာ လေးစင်တီမီတာသာကွာတယ်ယူဆနိုင်တာကြောင့် အလွန်နီးကပ်တဲ့ ပျံသန်းမှုလို့ နာဆာတာဝန်ရှိသူတွေက ပြောပါတယ်။

အာကာသယာဉ်ဟာ အပူချိန် ၁၄၀၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်ရည်ရှိပြီး ၄ ဒသမ ၅ အထူရှိတဲ့ ကာဗွန်ပေါင်းစပ်သတ္တုတွေနဲ့ တည်ဆောက်ထားကာ တနာရီကို မိုင်ပေါင်း လေးသိန်းသုံးသောင်းကျော် ပျံသန်းနိုင်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:NASA

#သတင်းဟင်းလေးအိုးကြီး

image

မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား စတင် ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင် နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မစန်းစန်းမြအား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀ ပြားနှင့်အတူ လည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင်(ခ)ကျောင်းဆရာအား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၌ ထိုက်စိုးကျော် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy 5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုညဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image

❝စက်သုံးဆီအမျိုးမျိုးရဲ့ ရောင်းဈေးတွေအပြင် အရောင်းဆိုင်တည်နေရာနဲ့ လိုချင်တဲ့ဆီ ရှိ/မရှိ အလွယ်တကူသိနိုင်မည့် MPTA FM Application လာမည့် ဇန်နဝါရီ ၁ ရက်မှ စတင်အသုံးပြုနိုင်ပြီ❞

ဒီဇင်ဘာ ၂၅

မိမိရဲ့ လက်ကိုင်ဖုန်းကနေ နီးစပ်ရာ စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းချနေတဲ့ စက်သုံးဆီအမျိုးအစားအလိုက် ဈေးနှုန်းတွေနဲ့ ကိုယ်လိုချင်တဲ့ စက်သုံးဆီအမျိုးအစားကို လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိ အလွယ်တကူကြည့်ရှုနိုင်မယ့် MPTA FM Application ကို လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ MPTA FM Application ကို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီရဲ့ ဦးဆောင်မှုနဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နဲ့ ပူးပေါင်းရေးဆွဲခဲ့တာပါ။

အဲဒီ Application ထဲမှာ နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေရဲ့တည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊ ရရှိနိုင်တဲ့ စက်သုံးဆီအမျိုးအစားနဲ့ အရောင်းစျေးနှုန်း စတဲ့သတင်းအချက်အလက်တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီ Application ကို Android Version ဖုန်းတွေကတော့ Google Play Store မှာ Download ပြုလုပ်နိုင်ပေမယ့် IOS Version ဖုန်းတွေအတွက် F Store ကနေ Download ပြုလုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage

ဆူဇူးကီး အာတီဂါတွေကို SKD စနစ်နဲ့ ပြန်ထုတ်မယ့် သတင်းကြောင့် ပြည်တွင်းကားဈေးကွက် လှုပ်ခတ်လာပေမယ့် အဝယ်ပျောက်နေ

ဒီဇင်ဘာ ၂၅

ဆူဇူးကီး အာတီကာတွေကို SKD စနစ်နဲ့ ပြန်ထုတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းကားဈေးကွက် လှုပ်ခတ်မှုတွေရှိလာပြီး ဈေးကွက်မှာ ဝယ်လက်ရှားပါးကာ အဝယ်ပျောက်နေတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။

ဆူဇူးကီး အာတီဂါ 2025 အသစ်စက်စက် ခုံသုံးတန်း ဇီးရိုးကီလို(မော်ဒယ်အသစ်)တွေကို ရန်ကုန်လိုင်စင် အမည်ပေါက်နဲ့ လာမယ့်ရှေ့နှစ် (၄)လပိုင်းလောက်မှာ အများအပြား ရရှိမယ်လို့ ကားလောကအတွင်းမှာ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲဒါအပြင် အခုအသစ်ထွက်ရှိမယ့် ဆူဇူးကီးအာတီဂါ တွေရဲ့ဈေးနှုန်းက သိန်း ၁၁ဝဝ ဖြစ်ပြီး လုပ်ငန်းရှင်တွေအတွက် နမူနာတွေ စပြီးရနေသလို စမ်းပြီးစီးနေကြပြီဖြစ်တယ်ဆိုတဲ့ သတင်းတွေကဆိုပါတယ်။

"အခုဆူဇူးကီးအာတီဂါတွေထွက်မယ်ဆိုတဲ့သတင်းကြောင့်ကားလောကမှာဂယက်ထသွားတာပေါ့။တကယ်တမ်းကျ ကားက ဘယ်နားနေမှန်းမသိသေးပါဘူး။ဂယက်ကတော့ အတော်လေးထသွားတယ်။ ဒါပေမယ့် ဒီကိစ္စကလည်းစောင့်ကြည့်ရမယ့် အနေအထားမှာရှိပါတယ်။အခုကြားနေရတာက ဆူဇူးကီး အာတီဂါတွေကိုသိန်း ၁ဝဝဝ ကျော်လေးနဲ့ရမယ် ဆိုတာကလည်း ဒါကလည်းဖြစ်နိုင်ချေနည်းမယ်လို့ယူဆရပါတယ်။အပြင်ဈေးနဲ့ အခု ကြားနေရတဲ့ဈေးကလည်းကွဲလွဲနေတယ်လို့ပြောကြတယ်။အစိုးရသတ်မှတ်တဲ့မူရင်းဈေးကိုက သိန်း ၁ဝဝဝ ကျော်လေ၊အဲမှာရာဖြတ်တာရှိမယ်၊နောက်ဝင်ငွေခွန် ကညနခွန်ဒါတွေပေါင်းလိုက်ရင် အခုအသစ်ထွက်လာမယ် ဆူဇူးကီးအာတီဂါ တွေက အခုကြားနေရတဲ့ဈေးတွေနဲ့ မရနိုင်လောက်ဘူးလို့ ထင်ပါတယ်"လို့ ရန်ကုန်မြို့က ဝါရင့်ကားဝယ်ရောင်းသမားတယောက်က သူရဲ့အမြင်ကို ပြောပြပါတယ်။

လက်ရှိပြည်တွင်းကားဈေးကွက်မှာ ဆူဇူးကီးအာတီဂါတွေ Type 3 အမျိုးအစားနဲ့ Type 4 အမျိုးအစားကားတွေကို သိန်း ၁ဝဝဝ အထက်မှာသာ ဈေးခေါ်ယူရောင်းချမှုတွေဟာလည်း ယနေ့အထိရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

"အခုဈေးကွက်မှာ ဆူဇူးကီးအာတီဂါ တွေ Type 3,Type 4 လောက်ဆို သိန်း ၁ဝဝဝ ပတ်ချာလည်နဲ့ သိန်း ၁၃၅ဝ လောက်ရှိတယ်။၁ဝဝဝ အောက်ဆိုတဲ့ ကားတွေကဂျိုကားတွေလို့ ပြောလို့ရတာပေါ့၊ကားမကောင်းဘူးပေါ့။နောက်ပြီး ပြည်တွင်းကားဈေးကွက်မှာ ဆူဇူးကီးတွေက ဈေးတန်းမြင့်တယ်၊မာနေတယ်၊ဈေးတွေစွာနေတယ်ဆိုတာကလည်း သူကဒီမှာစက်ရုံတွေ Showroom တွေအများကြီးရှိတယ်။နောက်တခါကားအပိုပစ္စည်းပေါတယ်။ကားတခုခုဖြစ်တာနဲ့ Showroom ကိုသွားထိုးလိုက်ရုံပဲ။ဘာပြင်မလဲရတယ်၊လွယ်တယ်ပေါ့။အဲဒါကြောင့် ဆူဇူးကီးတွေက ဈေးကွက်မှာနေရာရလာတယ်။လူကြိုက်များလာတယ်။
အခုကြားနေရတဲ့ SKD စနစ်နဲ့ ထုတ်မယ့် ဆူဇူးကီးအာတီကာတွေက သိန်း ၁ဝ၃ဝ လောက်ရှိတယ်လို့ပြောတယ်။အဲဒါကို ကညနခွန်တွေ ဝင်ငွေခွန်တွေထပ်ပေါင်းရမှာပေါ့။ ဒီဆူဇူးကီးအာတီကာတွေပြန်ထွက်မယ်ဆိုတဲ့သတင်းကြောင့်ဈေးကွက်ကအေးသွားတယ်၊အဝယ်ပျောက်သွားတယ်၊ဝယ်လက်ရှားသွားတယ်ဆိုတာကလည်းအမှန်ပါပဲ"လို့ သူက ထပ်လောင်း ပြောပြပါတယ်။

အဲဒါအပြင် လက်ရှိ ပြည်တွင်းကားဈေးအနေအထားကလည်း ကားမူဝါဒပြောင်းလဲမှုမရှိပါက၊ကားမူဝါဒပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ မူဝါဒအသစ်မထွက်လာသေးသရွှေ့ ပြည်တွင်းကားဈေးနှုန်းတွေဟာ သိသိသာသာကျဆင်းမှုမရှိနိုင်ဘဲ ကားဈေးတွေ က အမြင့်တန်းမှာသာ ဆက်ရှိနိုင်မယ်လို့ ကားဈေးကွက်ရေးရာကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

"ဦးသိန်းစိန်ခေတ်ကလိုကားပါမစ်တွေပြန်ပေးလိုက်ရင်တော့ကားဈေးက ကျကောင်းကျလာနိုင်ပါတယ်။အခုကားဈေးမကျဘူး၊ကားဈေးတွေမာနေတယ်ဆိုတာ ဒါကကားတင်သွင်းခွင့် မူဝါဒနဲ့ပဲသက်ဆိုင်ပါတယ်။ကားပါမစ်တွေပြန်ပေးတယ်၊ကားတင်သွင်းခွင့်ပြုတယ်ဆိုရင်တောင် မော်ဒယ်မြင့်ဘယ်ကိုင်းတွေပဲသွင်းရမယ်၊ ၂ဝ၂၂ မော်ဒယ်
အထက်ပဲသွင်းရမယ်ဆိုပြည်တွင်းကားဈေးကကျဖို့မရှိနိုင်သေးဘူး။ဂျပန်တပတ်ရစ်ကားဈေးက ဘယ်လိုမှပြန်ကျလာဖို့မရှိပါဘူး။ဒီကားဈေးပြန်ကျဖို့ဆိုရင်နည်းလမ်းက အရင်လိုဂျပန် Use ကားတွေကိုပြန်တင်သွင်းခွင့်ပြုမှပဲရမယ်။အခုနှစ်(၂ဝ)ကားတွေအပ်ရမယ်ဆိုတာကလည်း ဒါကဦးသိန်းစိန်လက်ထက်ထဲကရှိထားတဲ့ထုတ်ပြန်ချက်ပါ။ကညန က လက်ခံရင်ဘာမော်ဒယ်ပဲဖြစ်ဖြစ်စီးလို့ရတယ်။ကညနက ခွင့်ပြုရင်ရတယ်။ အန်းဒိတ်ရှေးဟောင်းကားတွေလိုင်စင်သက်တမ်း ၁ဝ နှစ်၊၁၅ နှစ်ကျော်တွေတောင် ကညနက ယာဉ်စစ်တာမှန်တယ်။သူ့အစိတ်အပိုင်းတွေဖြတ်ဆက်မလုပ်ထားဘူးဆိုရင်လိုင်စင်ပေးနေတာပဲလေ။အခုလည်းနေပြည်တော်လိုင်စင်တွေကိုချထားပေးနေတယ်လို့ကြားတယ်။6S နံပါတ်နဲ့ကားတွေထွက်နေတာရှိတယ်။ပြောရရင်ကားမူဝါဒမပြောင်းမလဲချင်း ပြည်တွင်းကားဈေးနှုန်းတွေက သိသိသာသာကျဆင်းမှုမရှိနိုင်ဘူး။ကားဈေးကအမြင့်တန်းမှာဆက်ရှိနေမယ်။ဘာလို့ဆိုအခု Without ကားတွေတောင်သိန်းရာချီဖြစ်နေတာလေ၊ပရိုဘောက်တောင် သိန်း ၁ဝဝ၊ Crown ဆိုသိန်း ၃ဝဝ လောက်ရှိတယ်၊ဒါက Without ဈေးပါ။ဒါကြောင့်မို့ဂျပန်တပတ်ရစ်ကားဈေးကမာနေအုံးမယ်လို့ သုံးသပ်ရပါတယ်"လို့ ရန်ကုန်မြို့က တပိုင်တနိုင်ဝါရင့် ကားဝယ်ရောင်းတယောက်က သူရဲ့အမြင်ကို ဆက်ပြီးပြောပြခဲ့ပါတယ်။

SKD စနစ်ဆိုတာကတော့ ပြည်ပကနေ ကားအစိတ်အပိုင်းတွေကို တင်သွင်းပြီး ပြည်တွင်းမှာတစိတ်တပိုင်းတပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ ပြည်တွင်းကားဈေးကွက် မှာ ကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်နဲ့သာ ကားတွေကို အရောင်း၊အဝယ်ပြုလုပ်နေကြပြီး ဈေးကွက်မှာ တရုတ်ကားတွေထက် ဂျပန်ကားတွေကိုသာလူကြိုက်ပိုများတာတွေ့ရတယ်လို့လည်း ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

အဲဒါအပြင် အခုဆူဇူးကီး အာတီဂါ တွေကို SKD စနစ်နဲ့ ပြန်ထုတ်မယ်ဆိုတဲ့ သတင်း တွေကြောင့် ပြည်တွင်းကားဈေးကွက်သိသိသာသာ ပြောင်းလဲမှုရှိ၊မရှိဆိုတာကလည်း ဆက်လက်စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ ကားဈေးကွက်ရေးရာ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

Photo - ဆူးဇူးကီး Showroom

ပုံစာ - SKD စနစ်နဲ့ထုတ်လုပ်မယ်ဆိုတဲ့ ဆူဇူးကီး အာတီကာပုံစံအသစ်ကို တွေ့ရစဉ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
32 w - Translate

Merry Christmas 🎅 🎄 ❤

image
32 w - Translate

Merry Christmas 🎅 🎄 ❤

image
//