တာမွေတွင် ဆီအပြည့်သယ်လာသော ဆီဘောက်ဆာယာဉ် ဘရိတ်ပေါက်၍ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်ရာမှ လမ်းသွားလမ်းလာနှစ်ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၂၄

ဂါလံ ၂၈၀၀ ဆံ့ ဆီဘောက်ဆာမောင်းနှင်လာစဉ် ဘရိတ်ပေါက်၍ ရသာစုံ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်ပြီး လမ်းသွားလမ်းလာသူ နှစ်ဦးဒဏ်ရာရခဲ့ရာ အမျိုးသမီးတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရမှု ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် ပွဲစားတန်းလမ်းထောင့်တွင် ဒီဇင်ဘာလ ၂၃ ရက် ညနေ ၅နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဆီအပြည့်သယ်လာသော ဒီဇယ် ဂါလံ ၂၈၀၀ ဆံ့ ဆီဘောက်ဆာယာဉ်မှာ ကြက်ဘဲဈေးဘက်မှ တာမွေဗလီဘက်သို့ မောင်းနှင်လာစဉ် ရသာစုံလက်ဖက်ရည်ဆိုင် မျက်နှာစာရှိ ကျောက်ထုပ်ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ပြီးနောက် ၂ ခန်းတွဲ၊ ၈ ထပ်တိုက်၏ ဘယ်ဘက်နံရံကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် လမ်းသွားလမ်းလာများဖြစ်သော အသက် ၂၀ အရွယ် ကိုထက်ဝင်းမိုရ်တွင် မျက်ခုံးကွဲခြင်း၊ ညာဖက်ခြေထောက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၂ အရွယ် အမျိုးသမီး ဒေါ်ခိုင်ခိုင်မာတွင်မူ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်ခေါင်းပိုင်းကြေမွခဲ့ပြီး တင်ဆောင်လာသော ဒီဇယ်ဂါလံ ၂၈၀၀ ကို အခြား ဆီဘောက်ဆာယာဉ်ပေါ်သို့ တစ်နာရီကျော်ကြာ ဖလှယ်ခဲ့ရကြောင်းနှင့် အချိန်အတော်ကြာ ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆီဘောက်ဆာယာဉ်တိုက်မှုကို တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနှင့် သန္ဓအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့်ဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူနှစ်ဦးကို မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ သူနာတင်ယာဉ်၊ ကိုကြီးနှင့် ညီအစ်ကိုများပရဟိတအသင်းမှ သူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်သော အသက် ၃၈ နှစ်အရွယ် ဆီဘောက်ဆာယာဉ်မောင်း ဦးသက်ထွန်းဦးကို တာမွေမြို့မရဲစခန်းတွင် ဥပေဒအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo – YRO ၊ မြန်မာမွတ်ဆလင်မ်ပရဟိတအဖွဲ့

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+5

(၄)နှစ်တာကာလအတွင်း YBS ယာဉ်မတော်တဆမှုကြောင့် လူ (၁၃၀)ကျော် သေဆုံးခဲ့

ဒီဇင်ဘာ ၂၄

(၄)နှစ်တာကာလအတွင်း YBS ယာဉ်မတော်တဆမှုကြောင့် လူ(၁၃၀)ကျော် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ အချက်အလက်များအရ သိရသည်။

(၂၀၂၁) ခုနှစ်မှ (၂၀၂၄) ခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှုပေါင်း (၂၉၁)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ (၁၃၂)ဦးနှင့် ဒဏ်ရာရရှိသူဦးရေ (၄၁၂)ဦးရှိခဲ့ပြီး (၂၀၂၂)ခုနှစ်တွင် ယာဉ်မတော်တဆမှု (၈၈)ကြိမ်ဖြင့် လူ(၃၈)ဦး အများဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက်အထိ YBS ယာဉ်မတော်တဆမှုအကြိမ်ရေ (၇၀)ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၃၆)ဦး နှင့် ဒဏ်ရာရရှိသူ (၁၃၆)ဦး ရှိခဲ့ကြောင်း သိရသည်။

“နောက် တစ်ခုက စက်ဘီးစီးတဲ့လူနဲ့တိုက်မိလို့။ အဲဒါက ၂၀၂၃ မှာ ဒဏ်ရာရတဲ့လူ (၃)ဦးရှိတယ်။ ဒီနှစ်ထဲမှာ (၉)ဦးရှိတယ်။ ၂၀၂၃ မှာ သေဆုံးတာ (၃)ဦး ဒီနှစ်ထဲမှာ (၁၀)ဦးတောင်ရှိပါတယ်။ (၇)ယောက်တောင်များတာတွေ့ရှိရပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက စက်ဘီးအသုံးပြုတဲ့လူနည်းပါတယ်။ အခုဆိုရင် Delivery တွေကော၊ စက်ဘီးစီးတဲ့လူတွေကို ပိုများလာတာတွေ့ရှိရပါတယ်။ ၂၀၂၄ မှာဆိုရင် ဒီလောက်များတာတွေ့ရှိရပါတယ်။ အဲဒါကြောင့် စက်ဘီးစီးနင်းတဲ့လူ လက်ယာဘက်ကပ်ပြီးစီးဖို့ လိုအပ်ပါတယ်” ဟု ဦးလျန်ကျင့်မာန်က အကြံပြုပြောသည်။

အဆိုပါ YBS ယာဉ်မတော်တဆမှုဖြစ်စဉ်များမှာ လမ်းဖြတ်ကူးသူအားတိုက်မိမှု၊ ယာဉ်ပေါ်မှ ပြုတ်ကျမှု စက်ဘီးစီးနင်းသူနှင့် တိုက်မိမှု၊ ဆိုက်ကားစီးနင်းသူနှင့်တိုက်မိမှု၊ မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် တိုက်မိမှု၊ ဘေးတွဲဆိုင်ကယ်စီးနင်းသူနှင့်တိုက်မိမှု၊ Taxi ယာဉ်နှင့်တိုက်မိမှုတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုယ်ပိုင်ယာဉ်ငယ်နှင့် တိုက်မိမှု၊ Light Truck ယာဉ်နှင့်တိုက်မိမှု၊ Truck ယာဉ်နှင့်တိုက်မိမှု၊ YBS ယာဉ်နှင့်တိုက်မိမှု၊ ဓာတ်တိုင်အားတိုက်မိမှု၊ ယာဉ်ပေါ်တွင် သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ယာဉ်တိမ်းမှောက်မှုတို့ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို မှတ်သားဖမ်းဆီးသည့်အမှုပေါင်း (၅၁၄၈၆)မှုအပြင် Yangon Bus Operator (YBO) က ဖမ်းဆီးသည့်အမှုပေါင်း (၅၃၁၈)မှု ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
1 y - Translate

Plan D လုပ်တော့မယ်

image

ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်လို့ ပြောပါစေအုံး
''စု''ရဲ့အပိုင်ကိုလာလုယူတာကို ထိုင်ကြည့်နေရအောင်
''စု''ရဲ့သဘောထား......
အဲ့သလောက်ထိမကြီးဘူး ''မောင်တော်''
#စုဖုရားလတ်
#စာရယ် ကဗျာရယ်

Frankie shared a post  
1 y

1 y

ကဲကဲ ဒီတခေါက်မှာလဲ review ပေးချင်တာတဲ့ကားလေးကViolet Evergarden (Winter 2018) ပါ။ ဇာတ်ညွှန်းလေးက.......
"ငါနင့်ကိုချစ်တယ်" ဒီရိုးရှင်းလွန်းလှတဲ့ စကားလေးရဲ့ အဓိပ္ပါယ်ကိုတောင် မသိခဲ့တဲ့ သူမတစ်ယောက်။ ငယ်စဉ်ကတည်းက ရှေ့တန်းကိုလိုက်ပြီး တောက်တိုမယ်ရအကုန်လုပ်ပြီး ဗိုလ်ကြီးရဲ့ လည်စွဲလေးလို ဆိုရတဲ့ထိ လက်ကိုင်တုတ်လေးလိုဆိုရတဲ့အထိ ရှေ့တန်းစစ်မြေပြင်မှာ အန္တရာယ်တွေကြား ရှင်သန်လာတဲ့ သူမတစ်ယောက်။ ဗိုလ်ကြီးရဲ့အမိန့်ကလွဲရင် ဘယ်အရာမှမသိတဲ့ သူမတစ်ယောက် နောက်ဆုံးစစ်မြေပြင်မှာ ဗိုလ်ကြီးကမှာခဲ့တဲ့ သူမဟာ Evergarden မိသားစုကြီးက ခေါ်ယူမွေးစားခဲ့တယ်။ ဗိုလ်ကြီးမှဗိုလ်ကြီး ဖြစ်နေတဲ့သူမ၊ လက်နှစ်ဖက်လုံးဆုံးရှုးသွားတဲ့သူမဟာ "ငါနင့်ကိုချစ်တယ်" ဆိုတဲ့စကားလေးရဲ့ အဓိပ္ပါယ်ကို သိလိုချင်စိတ်ပြင်းပြလွန်းတဲ့နောက် Auto Memory Doll လိုခေါ်တဲ့ အလိုအလျောက်မှတ်ဉာဏ် doll ဆိုတဲ့ စာပိုစာယူထက်ကိုပိုလွန်တဲ့ သူတိုခေတ်ရဲ့ စကားတွေကို မိမိလိုရာသူဆီ စာရေးပိုပေးတဲ့ Doll service မှာ သူမဟာ စကားလုံးတွေရဲ့ လေးနက်မှုအဓိပ္ပါယ်ကိုသိချင်လိုစိတ်ပြင်းပြစွာနဲ့ ဝင်ရောက်အလုပ်လုပ်ရာကနေ နောက်ဆုံး အတော်ဆုံး Doll လေးဖြစ်လာမှာကိုမြင်ရမှာပါ။
#anihub

Natural Amethyst
သဘာဝ ခရမ်းစွဲ 💜💜💜

ကျောက်ရည်ရွှင်ရွှင်လေး ပွင့်အားကောင်း
ဗေဒါရည်လေး အရမ်းလှတယ်နော်

#gems

image
1 y - Translate

Natural Amethyst
သဘာဝ ခရမ်းစွဲ 💜💜💜

ကျောက်ရည်ရွှင်ရွှင်လေး ပွင့်အားကောင်း
ဗေဒါရည်လေး အရမ်းလှတယ်နော်

#gems

image
1 y - Translate

Natural Amethyst
သဘာဝ ခရမ်းစွဲ 💜💜💜

ကျောက်ရည်ရွှင်ရွှင်လေး ပွင့်အားကောင်း
ဗေဒါရည်လေး အရမ်းလှတယ်နော်

#gems

imageimage
1 y - Translate

ညီကိုတွေဘယ်လိုပျော် ဒီလိုပျော် ဒီလိုပျော်

image