မြန်မာနိုင်ငံသား ၃ ဦးကရိုက်နှက်လို့မီဇိုရမ်​ပြည်နယ်သားတစ်ဦးသေဆုံးဟုဆို

ဒီဇင်ဘာ ၂၅

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ ဖာရ်ကောန်ရွာသားဖြစ်တဲ့ ဦးဆန်းကီမ်မာ ( Pu Sangkima) အသက် ၄၅ နှစ် ဟာ မြန်မာ နိုင်ငံသား သုံးဦးရဲ့ရိုက်နှက်မှုကြောင့် ဒီဇင်ဘာလ ၂၄ ရက်မှာသေဆုံးသွားတယ်လို့  Farkawn YMA က ထုတ်ပြန်ထားပါတယ်။

ဦးဆန်းကီမ်မာ ( Pu Sangkima) သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖာရ်ကောန်ရွာ၊ Zawra ရပ်ကွက် လူငယ်အဖွဲ့ ( Zawra Veng – Young Mizo Association ) က “ဦးဆန်းကီမ်မာ ( Pu Sangkima) ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖာရ်ကောန်ရွာအနီး Chawngtui လမ်းဆုံနားမှာ ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီးတော့ ဖာရ်ကောန်ရွာကိုပြန်လည်သယ်ဆောင်ပြီးနောက် ချက်ချင်း ကျန်ဖိုင်ခရိုင်ဆေးရုံကိုသယ်သွားခဲ့ကြတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ အိုင်ဇောလ်မြို့ရှိ ZMC ဆေးရုံ ကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီး ဦးနှောက်ထဲသွေးဝင် တာကိုခွဲစိတ်ခဲ့တယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာဒုတိယအကြိမ် ထပ်မံခွဲစိတ်တယ်။ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဦးနှောက်ထဲကိုစက်နဲ့ပြန်ကြည့်တော့ သွေးခဲတွေသက်သာလာပြီ ဆိုပေမယ့် သတိမရနိုင်ပါ။ ဒီလိုနဲ့ ဆက်လက် စောင့်ကြည့်ရင်း ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်း ၈ နာရီခွဲမှာဆုံးပါး သွားတယ်။” လို့ ဆိုပါတယ်။

ဦးဆန်းကီမ်မာ ( Pu Sangkima) သေဆုံးသွားတဲ့အထိ ရိုက်နှက်ကြသူတွေဟာ မြန်မာနိုင်ငံ၊ချင်းပြည်နယ်က ဘုန်းဇုန်းရွာ (Bungzung) ဒေသခံဖြစ်တဲ့ ဦးတိုင်ထောန်လျန် (Tai Thawn Lian ) နဲ့ တလာအိုမွှန်ရွာ (Tlauhmun ) သားတွေဖြစ်ကြတဲ့ ကျဲအိုလျန်မွှန် ( Ceu Lian Hum) နဲ့ ဆူမ်လျန် (Sum Lian ) တို့ဖြစ်ကြတယ်လို့သိရပြီး သူတို့ဟာ မီဇိုရမ်ပြည်နယ် ဗာဖိုင်ကျေးရွာမှာ စစ်ဘေးရှောင်တဲ့ သူတို့အမျိုးတွေထံ လာလည်တဲ့သူတွေဖြစ်ကြ တယ်လို့သိရပါတယ်။

အခုလိုပြစ်မှုကျူးလွန်သူများအနက် ဦးတိုင်ထောန်လျန် (Tai Thawn Lian ) ကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ပြီး ကျန်ဖိုင်ခရိုင်အကျဥ်းထောင်မှာ အကျဥ်းချထားတယ်လို့သိရပါတယ်။ ကျန်တဲ့နှစ်ဦးက မြန်မာ ဘက်ကိုထွက်ပြေးလွတ်မြောက်နေပေမယ့် ဖမ်းဆီးနိုင်ဖို့ကြိုစားလျက်ရှိတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ဖာရ်ကောန် Zawra ရပ်ကွက်လူငယ်အဖွဲ့က “ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်တဲ့ ဦးဆန်းကီမ်မာ ( Pu Sangkima) သေဆုံးသွားတဲ့အပေါ်လွန်စွာစိတ်မကောင်းဖြစ်တယ်။ ကျူးလွန်သူများအားလုံးကိုဖမ်းဆီးပြီး တော့ သူတို့ကျူးလွန်ထားတဲ့ပြစ်မှုအတွက် ပြန်ပေးဆပ်ခိုင်းစေချင်တယ်။မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်နေလို့ စစ်ဘေး ရှောင်တွေကို ဂရုစိုက်ပေးနေတဲ့အချိန်မှာအခုလိုအဖြစ်မျိုး ဖြစ်လေ့ရှိတာ လုံးဝမကောင်းဘူး။ နောက်နောင် ဒီလို အဖြစ်မျိုးမရှိတော့ဖို့မျှော်လင့်တယ်။” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှာလည်း မီဇိုရမ်ပြည်နယ် ရှာဟာမြို့က သုံးဘီးကယ်ရီသမားတစ်ဦးကို မြန်မာနိုင်ငံသားလူငယ် လေးဦးက ရိုက်နှက်လို့သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာ စစ်ဘေးရှောင်များအတွက် အကြပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

သတင်း - Grace

#centralnewsnaypyitaw

image

အရက်မူးနေသူတစ်ဦး မောင်းလာတဲ့အိမ်စီးကားတစ်စီး လှည်းတန်းကုန်းတံတားပေါ်မှာ မီးလောင်

ဒီဇင်ဘာ ၂၅

အရက်သေစာသောက်စားထားသူ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ပရာဒိုအမျိုးအစား အိမ်စီးကားတစ်စီးဟာ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုန်းတံတားပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လှည်းတန်းဘက်ကနေ အရှိန်နဲ့ မောင်းနှင်လာတဲ့ အဲဒီကားဟာ တံ‌တားပေါ်က ပလက်ဖောင်းကို တိုက်ပြီး ပလက်ဖောင်းပေါ်ကျော်တက်ရောက်ရှိနေတာကို သတိမထားမိဘဲ ဆက်မောင်းရာကနေ အင်ဂျင်အပူလွန်ကဲပြီး မီးလောင်တာလို့ ဆိုပါတယ်။

အဆိုပါကားမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပြီး ဖြစ်စဥ်အတွင်း အရက်မူးနေတဲ့ ကားမောင်းသူကတော့ ဆင်းပြေးနိုင်ခဲ့တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage
+4

မန္တလေးရှိ ဆင်ဖြူတော်ငွေလွှဲဆိုင် ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း(၇၀၀)ကျော်နှင့် ကားတစ်စီးပါသွား

ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဆင်ဖြူတော်ငွေလွှဲဆိုင် ဓားပြတိုက်လုယက်ခံရကာ ငွေကျပ်သိန်း(၇၀၀)ကျော် နှင့် ကားတစ်စီးပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ရက်၊ ညနေပိုင်းက မဟာအောင်မြေမြို့နယ်၊ ၄၃လမ်း၊ ၆၄×၆၅ လမ်းကြားရှိ ဆင်ဖြူတော်ငွေလွှဲဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆိုင်ရှေ့ကို Box ကားနဲ့လာပြီးဓားပြတိုက်သွားတာ။ လူ(၂)ယောက်လာတိုက်သွားတာလို့ သိရတယ်။သေနတ်တွေပါတယ်လို့လည်း သိရတယ်။ ဆိုင်ရှင်ကို ပိုက်ဆံတွေထည့်ခိုင်းပြီး ကားတစ်စီးပါယူသွားတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်အတွင်းရှိ ငွေကျပ်သိန်း(၇၀၀)အပြင် အိမ်စီးကားတစ်စီးသည်လည်း လုယက်ယူဆောင်ခံခဲ့ရကြောင်း သိရသည်။

"ဒီကငွေလွှဲဆိုင်တွေကလည်း တချို့က လုံခြုံရေးရှိပေမယ့် တချို့ဆိုင်တွေက မရှိဘူး။ CCTV မှတ်တမ်းတွေတော့ ယူသွားပြီလို့ သိရတယ်။ မန္တလေးမှာက ဒီလိုမျိုးတွေဖြစ်တာ တော်တော်ဆိုးနေပြီ။ ရှေ့ရက်ကပဲ ရွှေဆိုင်ဓားပြတိုက်ခံခဲ့ရသေးတယ်။ မန္တလေးကလူတွေကိုပဲ စိန်ခေါ်နေတာလား။ မန္တလေးကရဲတွေကိုပဲ စိန်ခေါ်နေတာလား မပြောတက်တော့ဘူး။ အခုဖြစ်သွားတဲ့နေရာဆိုတာလည်း Main လမ်းနဲ့မဝေးဘူး။ တကယ့် ရပ်ကွက်ထဲမှာဖြစ်သွားတာ"ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံးစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိပြီး ပိတ်ဆို့စစ်ဆေးမှုများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်ကလည်း မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ရွှေထည်(၃)ပိဿာကျော် လုယက်ယူဆောင်ခံခဲ့ရဖူးသည်။

မန္တလေးမြို့တွင် ယခုနှစ်အတွင်း ရွှေဆိုင်၊ ရွှေပန်းထိမ်ဆိုင်၊ ရွှေဆိုင်ပိုင်ရှင်အိမ် နှင့် အခြားသောဓားပြတိုက်ခံရမှုမှာ (၈) ကြိမ်ထက် မနည်းရှိနေပြီဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။

"အခုလိုဖြစ်နေတာက (၈)ကြိမ်ထက်မကတော့ဘူး။ သတင်းမထွက်တဲ့ အိမ်ကို သံတုတ်ကိုင်ပြီး ဝင်လုတာတွေလည်း ဖြစ်တယ်။ ဆိုင်ကယ်လုတာတွေလည်း ဖြစ်နေတာပဲ"ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၉ ရက်က အောင်မြေသာစံမြို့နယ်က "လင်းလက်ဝါ"ရွှေပန်းထိမ်ဆိုင်နှင့် မေလ ၃၁ ရက်က မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း”ရွှေဆိုင်နှင့် စက်တင်ဘာလ ၁၀ရက်က ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင် "ရွှေဆိုင်ပိုင်ရှင်နေအိမ်တို့ ဓားပြတိုက်ခံခဲ့ရဖူးသည်။

Credit - Natoion Peace News Agency

#သတင်းဟင်းလေးအိုးကြီး

image
Frankie shared a post  
32 w

32 w

အမေနဲ့အတူတူအိပ်ခဲ့ရတဲ့ ခလေးတုန်းက
ဘေးမှာ ဘေးတစောင်း ကျောပေးအိပ်နေတဲ့
အမေ့ ကျောပြင်ကိုကြည့်ရင်း
အမေ သေသွားရင် ငါဘယ်လိုနေရပါ့မလဲ
ခလေး သဘာဝအ တွေးနဲ့ တကယ်ကြိတ်ငိုခဲ့ရဖူးတယ်။

အသက်တွေ ကြီးလာတော့
အမေ ချက်‌ကျွေးဟင်းလေးကို ဘယ်လိုလေး
စားချင်တာလို့ ပြောလိုက်တာနဲ့ အမေကမီးဖိုချောင်ထဲ အမြဲရှိ နေတတ်တယ်။

အမေက အမေရှိတုန်းက( ကိုယ့်အဖွား) ချက်ကျွေးတဲ့ ဟင်းလေးကလေ ဘယ်လို ဘယ်အကြောင်း အမြဲပြောတတ်ရင်း အဖေမရှိ‌တော့တဲ့‌နောက်ပိုင်း မီးဖိုချောင်‌နေရာခန်းလေးကပဲ သူ့အတွက် အပူပင်ကင်းတဲ့‌နေရာဖြစ်လာခဲ့တယ်ထင်ပါတယ်.....

နေထိုင်လာရင်းနဲ့ အဲ့နေ့က အိမ်အပြန်လမ်း မှာ
အမေပြန်ပါမလာတော့ဘူး ဆိုတဲ့ အသိနဲ့ တလမ်းလုံး
တင်းထားလာတဲ့ ကိုယ်က အိမ်ထဲ ဝင်ဝင်ချင်း
ဘယ်သူမှမရှိတော့ဘူး ဆိုတဲ့ စကားကိုပဲ
ထပ်ခါ ထပ်ခါ ပြောရင်း ငိုနေခဲ့တာပဲ မှတ်မိတော့တယ် ........

နေထိုင်လာရင်း နဲ့ပဲ မီးဖိုချောင်က ကိုယ့်အတွက်
အရာအားလုံးကိုခဏ မေ့နေတတ်တဲ့ နေရာ ဖြစ်လာတယ် ...အမေရှိတုန်းက ချက်ကျွေးတဲ့ ငါးအချဉ်ရည်‌ဟင်း‌လေးစားချင်တယ်......။
#စာရယ်ကဗျာရယ်
#admin_frankie

အမေနဲ့အတူတူအိပ်ခဲ့ရတဲ့ ခလေးတုန်းက
ဘေးမှာ ဘေးတစောင်း ကျောပေးအိပ်နေတဲ့
အမေ့ ကျောပြင်ကိုကြည့်ရင်း
အမေ သေသွားရင် ငါဘယ်လိုနေရပါ့မလဲ
ခလေး သဘာဝအ တွေးနဲ့ တကယ်ကြိတ်ငိုခဲ့ရဖူးတယ်။

အသက်တွေ ကြီးလာတော့
အမေ ချက်‌ကျွေးဟင်းလေးကို ဘယ်လိုလေး
စားချင်တာလို့ ပြောလိုက်တာနဲ့ အမေကမီးဖိုချောင်ထဲ အမြဲရှိ နေတတ်တယ်။

အမေက အမေရှိတုန်းက( ကိုယ့်အဖွား) ချက်ကျွေးတဲ့ ဟင်းလေးကလေ ဘယ်လို ဘယ်အကြောင်း အမြဲပြောတတ်ရင်း အဖေမရှိ‌တော့တဲ့‌နောက်ပိုင်း မီးဖိုချောင်‌နေရာခန်းလေးကပဲ သူ့အတွက် အပူပင်ကင်းတဲ့‌နေရာဖြစ်လာခဲ့တယ်ထင်ပါတယ်.....

နေထိုင်လာရင်းနဲ့ အဲ့နေ့က အိမ်အပြန်လမ်း မှာ
အမေပြန်ပါမလာတော့ဘူး ဆိုတဲ့ အသိနဲ့ တလမ်းလုံး
တင်းထားလာတဲ့ ကိုယ်က အိမ်ထဲ ဝင်ဝင်ချင်း
ဘယ်သူမှမရှိတော့ဘူး ဆိုတဲ့ စကားကိုပဲ
ထပ်ခါ ထပ်ခါ ပြောရင်း ငိုနေခဲ့တာပဲ မှတ်မိတော့တယ် ........

နေထိုင်လာရင်း နဲ့ပဲ မီးဖိုချောင်က ကိုယ့်အတွက်
အရာအားလုံးကိုခဏ မေ့နေတတ်တဲ့ နေရာ ဖြစ်လာတယ် ...အမေရှိတုန်းက ချက်ကျွေးတဲ့ ငါးအချဉ်ရည်‌ဟင်း‌လေးစားချင်တယ်......။
#စာရယ်ကဗျာရယ်
#admin_frankie

32 w - Translate

မသနားနဲ့တော့ ကိုယ်ပိုင်ကားဝယ်လိုက်ပြီ😛😁😁

image
32 w - Translate

Home made 😋

image
Frankie shared a post  
32 w

32 w - Translate

No Christmas gift no happy no haha.

image

နေ့တိုင်းလမ်းလျှောက်ပါ။

#ကျန်းမာရေးဆိုင်ရာဗဟုသုတများ

image
//