1 y - Translate

ပနားမားတူးမြောင်းကို သိမ်းပိုက်မယ်လို့ ပြောကြားပြီး နာရီပိုင်းအကြာတွင် Trump က Greenland ကိုလည်း လိုချင်ကြောင်း ထပ်မံပြောကြားလိုက်သည်။

image
1 y - Translate

အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump သည် ၎င်း၏သမ္မတရွေးကောက်ပွဲကာလအတွင်း ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ကြည့်ရှုမှု ဘီလီယံပေါင်းများစွာရရှိခဲ့ပြီး TikTok ကို အမေရိကန်တွင် အနည်းဆုံးအချိန်အနည်းငယ်ကြာ အထိဆက်လက်ခွင့်ပြုရန် လိုလားကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

image

image
Frankie shared a post  
1 y

1 y

ဝမ်းချုပ်ရခြင်းအကြောင်းအရင်းများ

1.လှုပ်ရှားမှုမရှိခြင်း၊အထိုင်များခြင်း

2.ဝမ်းအောင့်ထားခြင်း

3.အစားအသောက်နည်းခြင်း

4.ရေသောက်နည်းခြင်း

5.နေရာဒေသအပြောင်းအလဲဖြစ်ခြင်း

6.ရောဂါအခံတစ်ခုခုကြောင့်ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းကိုသဘာဝအတိုင်းကာကွယ်နိုင်သောနည်းလမ်းများ-

1.ဝမ်းသွားဖို့အတွက်အချိန်တစ်ခုသက်မှတ်ခြင်း

2.အမျှင်ဓါတ်ပါသောအသီးအရွက်များကိုစားသုံးခြင်း

3.ရေများများသောက်ခြင်း

4.လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊လမ်းလျှောက်ခြင်း

5.Probiotics ပါဝင်သောအစားအသောက်များကိုစားသုံးခြင်း

6.ကော်ဖီသောက်ပေးခြင်း

7.ဝမ်းချုပ်နေလျှင်နို့နှင့်နို့ထွက်ပစ္စည်းများကိုရှောင်ပေးခြင်း

#ကျန်းမာရေးဆိုင်ရာဗဟုသုတများ
#ဝမ်းချုပ်ရခြင်းအကြောင်းအရင်း

image

ဝမ်းချုပ်ရခြင်းအကြောင်းအရင်းများ

1.လှုပ်ရှားမှုမရှိခြင်း၊အထိုင်များခြင်း

2.ဝမ်းအောင့်ထားခြင်း

3.အစားအသောက်နည်းခြင်း

4.ရေသောက်နည်းခြင်း

5.နေရာဒေသအပြောင်းအလဲဖြစ်ခြင်း

6.ရောဂါအခံတစ်ခုခုကြောင့်ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းကိုသဘာဝအတိုင်းကာကွယ်နိုင်သောနည်းလမ်းများ-

1.ဝမ်းသွားဖို့အတွက်အချိန်တစ်ခုသက်မှတ်ခြင်း

2.အမျှင်ဓါတ်ပါသောအသီးအရွက်များကိုစားသုံးခြင်း

3.ရေများများသောက်ခြင်း

4.လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊လမ်းလျှောက်ခြင်း

5.Probiotics ပါဝင်သောအစားအသောက်များကိုစားသုံးခြင်း

6.ကော်ဖီသောက်ပေးခြင်း

7.ဝမ်းချုပ်နေလျှင်နို့နှင့်နို့ထွက်ပစ္စည်းများကိုရှောင်ပေးခြင်း

#ကျန်းမာရေးဆိုင်ရာဗဟုသုတများ
#ဝမ်းချုပ်ရခြင်းအကြောင်းအရင်း

image
Frankie shared a post  
1 y

1 y

ဒီကားလေးကိုတော့ Anihuberတွေနဲ့အရမ်းမစိမ်းလောက်ဘူး ထင်ပါတယ်ဗျ။ Season 1 တုန်းကလည်း အတော်လေး ကြည့်လိုကောင်းခဲ့တဲ့ Anime လေးတစ်ခုမို လာမဲ့ Season 2 ကိုလည်း ဆက်ဆက်စောင့်ကြည့်စေလိုပါတယ်။

Maomao ဆိုတဲ့ 17နှစ်အရွယ် ကောင်မလေးဟာ ဆေးဝါးဖော်စပ်တဲ့ အဖေဖြစ်သူနဲ့ ဘဝကို ပျော်ရွင်စွာ ဖြတ်သန်းနေရင်း ပြန်ပေးဆွဲခံလိုက်ရပြီး နန်းတော်ထဲကို နိမ့်ကျတဲ့အစေခံအနေနဲ့ ရောင်းစားခြင်းကို ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရောင်းစားခံလိုက်ရတာတောင် Maomao ဟာလုံးဝစိတ်ဓာတ်မကျပဲ အစေခံဘဝကနေ လွတ်မြောက်တဲ့အထိ အလုပ်လုပ်ဖို ဆုံးဖြတ်ခဲ့လေရဲ့...

တစ်နေ့တော့ ဘုရင်ကြီးရဲ့ မွေးကင်းစကလေးနှစ်ယောက်က အကြီးအကျယ်နေမကောင်းဖြစ်တယ်ဆိုတဲ့ သတင်းကို Maomao ကြားသိခဲ့ပြီး ၊ သူ့အဖေနဲ့အတူရှိစဥ်တုန်းက လေ့လာခဲ့တဲ့ ဆေးပညာတွေနဲ့ ဘုရင့်ရဲ့ကလေးနှစ်ယောက်ကို ဘယ်သူမှမသိအောင် ကုပေးဖို ဆုံးဖြတ်လေရဲ့

သိုသော်လည်း Maomaoရဲ့ လုပ်ဆောင်ချက် နဲ့ စွမ်းရည်တွေကို မိန်းမစိုးဖြစ်တဲ့ Jinshi က သတိထားမိသွားတဲ့အခါ Maomao တစ်ယောက်ဘာတွေကြုံတွေ့ရမလဲ ၊ အရမ်းဆန်းကြယ်တဲ့ ရောဂါတွေကိုရော ပညာသားပါပါနဲ့ ဘယ်လိုဖြေရှင်းပြမလဲ ဆိုတာအပြင် အဖေသင်ပေးခဲ့တဲ့ ဆေးဝါးပညာသာရှိတဲ့ ၁၇ နှစ်အရွယ်ကောင်မလေးတစ်ယောက်က နန်းတွင်းထဲမှာဘယ်လိုရှင်သန်မလဲဆိုတာကိုတော့......
The Apothecary Diaries [ Kusuriya no Hitorigoto ] Season 2 1 လပိုင်း 10 ရက်နေ့ထွက်မည်။

image
image
image
1 y - Translate

Donald Trump ၏အမေရိကန်ရွေးကောက်ပွဲအနိုင်ရပြီးနောက် Bitcoin သည်ပထမဆုံးတပတ်အတွင်း စံချိန်တင် ကျဆင်းခဲ့သည်။

US Federal Reserve ၏သတိကြီးစွာထားသော မူဝါဒသည် ရွေးကောက်ခံသမ္မတ Cryptocurrency ကဏ္ဍ၏လက်ခံမှုအပေါ် အကောင်းမြင်မှုကို နှောင့်နှေးစေသောကြောင့် Bitcoin သည် Donald Trump ၏ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပထမဆုံးအပတ်စဉ် ကျဆင်းလာခြင်းဖြစ်သည်။

စင်ကာပူတွင် တနင်္လာနေ့ နံနက် ၉ နာရီ ၂၇ မိနစ်အထိ ခုနစ်ရက်တာကာလအတွင်း Bitcoinတန်ဖိုးသည် ၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး၊ စက်တင်ဘာလနောက်ပိုင်း အကြီးမားဆုံးသော ကျဆင်းမှုဖြစ်သည်။

image
1 y - Translate

နိုင်ငံတကာသတင်းတိုများ

၁။​ရွေးကောက်ခံသမ္မတ​ဒေါ်နယ်ထရမ့်ကသူ့အစိုးရလက်ထက်တွင်ကျားနှင့်မလိင်နှစ်မျိုးသာအသိအမှတ်ပြုမည်ဟု​ပြောလိုက်သည်။

၂။အ​မေရိကန်ပြည်သူ၈၀%ကနိုင်ငံ၏​ကောင်းကင်ယံတွင်အစုလိုက် အပြုံ လိုက်​တွေ့​နေရ​သောဒရုန်းများနှင့်ပတ်သက်ပြီးအ​မေရိကန်အစိုးရသည်အမှန်တရားကိုဖုန်းကွယ်ထားသည်ဟုယုံကြည်ကြသည်။

၃။ရုရှားသမ္မတပူတင်ကကမ္ဘာကြီးသည်ခြိမ်း​ခြောက်မှုပိုများလာ​​ကြောင်း၊ရုရှားအ​နေဖြင့်ခြိမ်း​ခြောက်မှုများကိုတုန့်ပြန်ရန်အင်အားရှိသဖြင့်ပြည်သူများအ​နေဖြင့်တတိယကမ္ဘာစစ်ဖြစ်မည်ကို​ကြောက်ရန်မလို​ကြောင်း​ပြောလိုက်သည်။

၄။ရုရှားတွင်တိုက်ပွဲဝင်​နေ​သော​မြောက်ကိုးရီးယားစစ်သည်၁၁၀၀​ကျော်သည်​သေဆုံးဒဏ်ရာရ​နေပြီဖြစ်ဟု​တောင်ကိုးရီးယားက​ပြောသည်။

၅။ဂျပန်ကားကုမ္ပဏီဖြစ်​သောဟွန်ဒါနှင့်နစ်ဆန်းကုမ္ပဏီနှစ်ခုပူး​ပေါင်းမည်ဟု​ကြေညာသည်။

NOM

1 y - Translate

Other : နင်အသန့်ဘယ်လောက်ကြိုက်လဲ
Me :☹️☹️

image
1 y - Translate

(၈) လအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် (၉၀၈ ဒသမ ၄၈) တန် တင်ပို့ထား

ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ (၈) လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် (၉၀၈ ဒသမ ၄၈) တန် တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန(ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ)မှ သိရသည်။

ပျားရည်တင်ပို့မှုအနေဖြင့် ဂျပန်နိုင်ငံသို့ (၇၂ ဒသမ ၅) ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ (၂၂ ဒသမ ၁၈) ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ (၅) ရာခိုင်နှုန်း အသီးသီး တင်ပို့ထားကြောင်း သိရသည်။

မြန်မာ့ပျားရည်ကို ပြည်ပသို့တင်ပို့ရာတွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)စတဲ့ နိုင်ငံများထံ တင်ပို့လျက်ရှိပြီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထ ရစ်တန် (၈၆၀ ဒသမ ၆၈) တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် (၄၇ ဒသမ ၈) တန်၊ စုစုပေါင်း မက်ထရစ်တန် (၉၀၈ ဒသမ ၄၈) တန် တင်ပို့ခဲ့ပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၃၆၃) သန်း ရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ မက်ထရစ်တန် (၆၅၈ ဒသမ ၆၆) တန်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံသို့ မက်ထရစ်တန် (၂၀၁ ဒ သမ ၅၁) တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန် (၄၅ ဒသမ ၈) တန်၊ တရုတ်(တိုင်ပေ) သို့ မက်ထရစ်တန် (၂) တန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ (၀ ဒသမ ၅) မက်ထရစ်တန် တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ထုတ်လုပ်လျက်ရှိသည့် ပျားရည်အမျိုးအစားများမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည် တို့ကို ထုတ်လုပ်လျက်ရှိပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါး အဖြစ်သာ အသုံးပြုမှုများကြောင်း သိရသည်။

image