1 y - Translate

ယနေ့ နံနက်အစောပိုင်း သရက်မြို့အနီး ၄ ဒဿမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

ယနေ့ ဒီဇင်ဘာ (၂၄)ရက် နံနက်အစောပိုင်း (၁၂)နာရီ (၂၇)အချိန်တွင် သရက်မြို့အနီး ၄ ဒဿမ ၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံ မြေငလျင်သတင်းများနှင့် သုတေသနပြုစင်တာထံက သိရသည်။

အသိပေးချက်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့အနောက်ဘက် မိုင်(၃၀) မိုင်ကျော်အကွာ၊ မင်းတုန်းအရှေ့တောင်ဘက် (၁၂)မိုင်ခန့်အကွာ မြေအောက်အနက် (၆) မိုင်ကျော်၌ မဂ္ဂနီကျု ၄ ဒဿ မ ၄ အဆင့် မြေငလျင်လှုပ်ရှားသွားခဲ့ကြောင်း ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း
ရှမ်းပြည်နယ်အတွင်း (၈) ကြီမ်၊ မကွေး တိုင်းအတွင်း (၁)ကြိမ်၊ တနင်္သာရီ တိုင်းအတွင်း(၂) ကြိမ်၊ စုစုပေါင်း (၁၁) ကြိမ် လှုပ်ခတ်ခဲ့သည်ဟု အသိပေးထားသည်။

အလားတူ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ ဒီဇင်ဘာ (၂၄)ရက် မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၂၇)မိနစ်၊ (၂၅) စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် မိုင် (၇၀)ခန့်ကွာဝေးသော (ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ အနက်(၆၇) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒဿမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း အသိပေးထုန်ပြန်ထားသည်။

ယခု ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ အတွင်း နေရာအချို့တွင် အင်အားအ သင့်အတင့်ရှိ ငလျင်ငယ်များ ဆက် တိုက်လှုပ်ရှားမှုများဖြစ်ပေါ်နေသည်ကို အသိပေးချက်များအရ တွေ့လာရသည်။

image
1 y - Translate

Merry Christmas 😀

image
1 y - Translate

😁

image
1 y - Translate

အိုးထရက်ဖို့ဒ်ကွင်း၌ ကြွက်သောင်းကျန်းမှုကြောင့် မန်ယူအသင်း အခက်တွေ့

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကြွက်တွေ သောင်းကျန်းနေတာကြောင့် အခက်တွေ့ နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပတ်ဝန်းကျင်သန့်ရှင်းမှု စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးရာမှာ သန့်ရှင်းမှုအားနည်းကြောင်း တွေ့ရှိခဲ့တာကြောင့် မန်ယူကွင်းဟာ ကြယ် ၂ ပွင့်အဆင့်အထိ လျှော့ချသတ်မှတ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်း အများစုရဲ့ ကွင်းတွေဟာ ကြယ် ၅ ပွင့်အဆင့် သတ်မှတ်ခံထားရချိန်မှာ မန်ယူအသင်းရဲ့ အိမ်ကွင်းက အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရတာပါ။

အထူးသဖြင့် နားနေဆောင် ပတ်ဝန်းကျင်နဲ့ ပရိသတ်တွေကို အစားအသောက်ရောင်းချတဲ့ နေရာတွေမှာ ကြွက်တွေ ပြေးလွှားနေတာကို စစ်ဆေးရေးအရာရှိတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ ပိုးမွှားထိန်းချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာ ကောင်စီဝင်တွေနဲ့ ဆွေးနွေးပြီး ကြွက်သောင်းကျန်းမှုကို ဖြေရှင်းသွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းကို ၁၉၁၀ ပြည့်နှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ကွင်းအမိုးတွေ မလုံတာကြောင့် မိုးရွာချိန်မှာ ရေကြီး၊ ရေလျှံမှုတွေလည်း ကြုံတွေ့နေရပါတယ်။
DVB

image
1 y - Translate

လေယာဉ် မက္ကင်းနစ်ဆိုတာ။
လေယာဉ်ပေါ်ဦးစကတည်းက မက္ကင်းနစ်ဆိုတာ ရှိခဲ့ပါတယ်ဆိုတာ ဒီပုံက သက်သေပြနေပါတယ်။
ခေတ်မီလေယာဉ်တွေပေါ်လာသလို မက္ကင်းနစ်တွေလဲ ပုံစံပြောင်းလည်းလာပေမဲ့ ကျနော်ကတော့ ဒီပုံလေးကို သဘောကျဆုံးပါပဲလို့။။
#လေယာဉ်
#မက္ကင်းနစ်
#crd_photo

image
1 y - Youtube

1 y - Translate

လှလွန်းတဲ့ ဆောင်းမင်းသမီး 😘😘😘

#crd_photo

image
1 y - Translate

လှလွန်းတဲ့ ဆောင်းမင်းသမီး 😘😘😘

#crd_photo

image
1 y - Translate

လှလွန်းတဲ့ ဆောင်းမင်းသမီး 😘😘😘

#crd_photo

image
1 y - Translate

လှလွန်းတဲ့ ဆောင်းမင်းသမီး 😘😘😘

#crd_photo

image