Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🧐သွေးပေါင်မကြာခဏ ကျခြင်း က ဘာကြောင့်လဲဆိုတာ သိပါသလား ?
🔎သွေးပေါင်ကျရခြင်း အကြောင်းအရင်းတွေကတော့
၁။ ရေဓာတ်နည်းခြင်း ။
၂။ သံဓာတ်အားနည်းခြင်း။
၃။ Stress စိတ်ဖိစီးမှုများခြင်း။
၄။ နှလုံးရောဂါရှိခြင်း။
၅။ ဟော်မုန်းမညီမျှခြင်း ။
စတဲ့အချက်တွေကြောင့် သွေးပေါင်ကျတတ်ပါတယ် ။
🔎သွေးပေါင်ကျခြင်းလက္ခဏာများ
သွေးပေါင်ကျတဲ့ခါ
၁။ ခေါင်းမူးဝေခြင်း ။
၂။ အမြင်ဝါးတတ်ခြင်း။
၃။ မောပန်းနွမ်းနယ်ခြင်း။
၄။ အားမရှိခြင်း ။
၅။ ခြေဖျားလက်ဖျားများအေးစက်ခြင်း ။
စတဲ့ရောဂါလက္ခဏာတွေ ပြတတ်ပါတယ် ။
🔎သွေးပေါင်ကျတဲ့အခါ ဘာတွေလုပ်သင့်လဲ ?
၁။ ရေများများသောက်ပေးပါ ၊ လိုအပ်ပါက ဓာတ်ဆားရည်လေး သောက်နိုင်ပါတယ် ။
၂။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းနုနွယ်ရွက် ၊ ပဲနီလေး ၊ ပဲဝါလေး ၊ အသား စတဲ့ အစားအစာတွေ စားသုံးပေးပါ။
၃။ သွေးကျနေချိန်မှာ ခန္ဓာကိုယ်
လက်လှုပ်ရှားတဲ့အခါ ဂရုတစိုက်ညင်သာစွာ လှုပ်ရှားပါ ။
၄။ ပုံမှန်ချိန်များတွင် ကိုယ်လက်လှုပ်ရှားပြီး သွေးလည်ပတ်မှုကောင်းအောင်နေပါ ။
၅။ Alcohol သောက်စရာများ ရှောင်ပါ ။
၆။ အစားစားတဲ့အခါ တစ်ခါတည်း အဝအပြဲစားတာထက် နည်းနည်းချင်းနဲ့ ခဏခဏ စားပေးပါ ။
၇။ မှီဝဲနေတဲ့ ဆေးတွေကြောင့်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာဆွေးနွေးသင့်ပါတယ် ။
🙌🏻သွေးပေါင်ကျတိုင်း ဆေးရုံဆေးခန်းကို သွားဖို့ မလိုပေမယ့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်ခင်ဗျာ ။
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ အထက်ပါ အချက်လေးတွေကို ပြုမူလိုက်နာမယ်ဆို သွေးပေါင်ကျခြင်းကို စနစ်တကျ ထိန်းချုပ်နိုင်ပါလိမ့်မယ် ။ 😇
ကျွန်တော်တို့ Doctor Smile ရဲ့ ကျန်းမာရေးအသိပညာမျှဝေရာ group လေးမှာ အမေးများတဲ့ ပြဿနာလေးတွေကို ရွေးချယ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ …
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးနေတဲ့ “Doctor Smile “ group လေးကို join ထားပြီး ကြုံတွေ့နေရတဲ့ ကျန်းမာရေးအခက်ခဲတွေ မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။
" Doctor Smile မှ လူကြီးမိဘတို့ရဲ့ကျန်းမာရေးအခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ "
.
Your Doctor - Your Smile
#doctorsmile
#homehealthcare
#teleconsultation
#telechat
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘာလို့ခံစားနေရတာလဲ
ခေါင်းထဲမှာ ထိုးအောင့်ပြီး အရမ်းနာကျင်စွာခေါင်းကိုက်တာကို လူအများစုခံစားကြရမှာပါ။ အဲဒီလိုမျိုးခေါင်းကိုက်လာရင်း နေလို့ထိုင်လို့မရဖြစ်ပြီး အလုပ်တွေလည်း အာရုံစိုက်လို့မရဖြစ်ရပါတယ်။ ခေါင်းကိုက်တာက အသက်အရွယ်မရွေး အဖြစ်များကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ခေါင်းတခြမ်းပဲကိုက်တာကို ကြုံတွေ့ခံစားရပါတယ်။ ခေါင်းကိုက်တဲ့နေရာက ပြဿနာရဲ့အရင်းအမြစ်ကို ဖော်ထုတ်နိုင်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သိနိုင်ပါတယ်။ အခု ဒီဆောင်းပါးကနေ ဘယ်လို ခေါင်းတခြမ်းပဲကိုက်သလိုခံစားရလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
အမျိုးမျိုးသော အာရုံကြောဆိုင်ရာပြဿနာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းမှာ စူးခနဲဖြစ်တာ၊ တစ်ဆစ်ဆစ်ကိုက်တာတွက ခေါင်းနောက်ပိုင်းအကြောတက်ခြင်းကြောင့် ခေါင်းကိုက်ရတာဖြစ်ပါတယ်။ ကျောရိုးနဗ်ကြောထိပ်ပိုင်းနဲ့ ဦးရေပြားကြားက အာရုံကြောတချို့ ထိခိုက်မိသွားတဲ့အခါမျိုးမှာ ဖြစ်လာရတာပါ။
Teporal Arteritis အဆစ်နာခြင်းကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ Temporal arteritis ဆိုတာက ဦးခေါင်းနဲ့လည်ပင်းမှာရှိတဲ့သွေးလွှတ်ကြောတွေရောင်ရမ်းလာတာကိုပြောတာပါ။ သွေးလွှတ်ကြောတွေ ရောင်ရမ်းလာတဲ့အခါမှာ ဦးနှောက်ထဲက သွေးစီးဆင်းမှု ခက်ခဲသွားစေပါတယ်။ လူတစ်ယောက်က ကြွက်သားနာကျင်တာ၊ ပင်ပန်းနွမ်းလျတာ၊ မေးရိုးနာကျင်တာတွေနဲ့အတူ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားကောင်းခံစားရနိုင်ပါတယ်။
ဦးရေပြားမှာရှိတဲ့ မျက်နှာနဲ့ ဦးခေါင်းတို့ကို ဆက်ထားတဲ့အာရုံကြောတွေကို သက်ရောက်စေတဲ့ နာတာရှည်နာကျင်မှု အခြေအနေဖြစ်တဲ့ Trigeminal neuralgiaရောဂါကြောင့်လည်း မျက်နှာမှာ နာကျင်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။
သင် ပုံမှန်သောက်သုံးနေတဲ့ ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးဖြစ်ပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဆေးဝါးအလွန်အကျွံသောက်သုံးမိရင်လည်း ခေါင်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့အခြားအရာတွေကတော့
– ဓာတ်မတည့်ခြင်း
– ပင်ပန်းနွမ်းလျခြင်း
– ခေါင်းထိခိုက်ဒဏ်ရာရခြင်း
– ရောဂါကူးစက်ခြင်း
– ဦးနှောက်အကျိတ်တို့ဖြစ်ပါတယ်။
ခေါင်းကိုက်တာက ကျွန်တော်တို့အများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ယာယီကျန်းမာရေး အခြေအနေတစ်ခုပါ။ ခေါင်းကိုက်ဝေဒနာကို မခံစားနိုင်တော့ဘူးဆိုရင် အကိုက်အခဲပျောက်ဆေးသောက်တာ၊ အိမ်တွင်းနည်းလမ်းတွေသုံးပြီး ပျောက်ကင်းအောင်လုပ်ကြပါတယ်။ တစ်နေ့ကို ဆေးနှစ်လုံးထက် ပိုမသောက်ပါနဲ့။ ခေါင်းကိုက်တာကို မကြာခဏခံစားနေရင်ပြီးဆိုရင် မျက်စိအားနည်းတာ၊ အဖျားရှိတာ၊ ဇက်ကြောတက်တာ၊ သွေးအားနည်းတာတွေကြောင့်ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ချက်ချင်းပြကြည့်သင့်ပါတယ်။