42 w - Translate

မြန်မာ့ငလျင်ကယ်ဆယ်ရေး စက်ရုပ်ပိုးဟပ် ၁၀ ကောင် စင်ကာပူ စေလွှတ်
ငလျင်သင့်ဒေသ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ စင်ကာပူနိုင်ငံက ဖန်တီးထားတဲ့ အဆင့်မြင့်စက်ရုပ်ပိုးဟပ် ၁၀ ကောင် မြန်မာနိုင်ငံကို ရောက်လာတယ်လို့ ဆိုပါတယ်။
စင်ကာပူ ပြည်ထဲရေးသိပ္ပံနဲ့ နည်းပညာအေဂျင်စီ (HTX) မှ နန်ယန်းနည်းပညာတက္ကသိုလ် နဲ့ Klass Engineering and Solutions တို့ ပေါင်းပြီး တီထွင်ထားပါတယ်။ အနီအောက် ရောင်ခြည်ကင်မရာနဲ့ အာရုံခံ sensor တွေ တပ်ထားတဲ့ ဒီပိုးဟပ်တွေက အလျား ၆ စင်တီမီတာလောက်ပဲ ရှိမှာပါ။
လူတွေ ဝင်လို့မရတဲ့ အပျက်အစီးပုံတွေအောက်ကို ဝင်ပြီး လူ့အပူချိန်ကို ထောက်လှမ်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်နိုင်စွမ်း ရှိပါတယ်။ စက်ရုပ်က တွေ့လာတဲ့ အချက်အလက်တွေကို ကယ်ဆယ်ရေးအဖွဲ့တွေဆီ Wireless စနစ်နဲ့ ဆက်သွယ်ပေးပို့နိုင်မှာပါ။
စင်ကာပူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ရဲ့ Operation Lionheart နဲ့အတူ ရောက်လာတဲ့ ဒီစက်ရုပ်တွေကို ကမ္ဘာပေါ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေမှာ ပထမဆုံး သုံးလာတာ ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က ပြိုကျပျက်စီးသွားတဲ့ ဆေးရုံတစ်ခုအပါအဝင် ငလျင်သင့်ဒေသတချို့မှာ စပြီး သုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီစက်ရုပ်ပိုးဟပ်တွေကို ၂၀၂၄ ခုနှစ် ဧပြီလက စင်ကာပူမှာ ပြသခဲ့ပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံ ငလျင်အရေးပေါ်အခြေအနေအရ အခုလို အမြန်စေလွှတ်အသုံးချခဲ့တာလို့လည်း သိရပါတယ်။

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

image
42 w - Translate

#tattooideas

imageimage
+5
42 w - Translate

ပြည်သူများ ငလျင်ဒဏ်သင့်ချိန် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ သာသ နာရေးဒုဝန်ကြီး၊ မန္တလေးဝန်ကြီး ချုပ်နှင့်စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်၊ရွှေသိမ်တော်ဘုရားတွင် အဓိဌာန်ပွဲထိုး ယတြာချေ
ရန်ကုန်၊ ဧပြီ ၆
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြည်သူများ ငလျင်ဒဏ်ကြောင့် သေဆုံးပျက်စီးမှုများဖြစ်ပေါ်နေချိန် စစ်ကောင်စီ ၏ သာသနာရေးဒုဝန်ကြီး၊ မန္တလေးဝန် ကြီးချုပ် မျိုးအောင်နှင့် စစ်ဗိုလ်ချုပ်တစ်စုက ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားတွင် အဓိဌာန်ပွဲထိုး ယတြာချေသွားကြောင်း ကျောက်ဆည်မြို့ နယ်၊သံဃာနာယကအဖွဲ့ဝင် သံဃာ တော်တချို့နှင့် ကျောက်ဆည်မြို့ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၄ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်၊ သာသနာရေးဒုဝန်ကြီးနှင့် စစ်ဗိုလ်ချုပ်တစ်စုက မဟာရွှေသိမ်တောင်ဘုရားတွင် အဓိဌာန် ၁၀၈ ဖီးငှက်ပျောပွဲထိုး၍ ပွဲပေးကာ နိုင်ငံတစ်ဝန်း ကပ်ဘေးသင့်မှုကို ကျော်လွှားရန် ယတြာချေခဲ့ကြကြောင်း၊ အဆိုပါ ယတြာချေမှုမှာ နေပြည်တော်မှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း သိရှိရသည်။
"နေပြည်တော်က ညွှန်ကြားလို့ ယတြာလာချေပြီး ပွဲထိုးတာလို့ ပြောတယ်။ အဲဒီနေ့က ဘုရားကို ပြည်သူတချို့ တက်ခွင့် ခဏ ပိတ်တယ်။ ဘုရားပြန်ဖွင့်တော့ ပွဲတွေ ထိုးထားတာတွေ့ရတယ်။ ယတြာလာလုပ်တာလို့ သိရတယ်" ဟု ကျောက်ဆည်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မဟာရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်သည်ဟု ကျော်ကြားပြီး အနော်ရထာမင်းက တည်ထားခဲ့ကာ အရှင်အရဟံက သိမ်သမုတ်ခဲ့သည်ဟု ဘုရားရာဇ ဝင်သမိုင်းများ ဖော်ပြ ရေးသားပြီး ကပ်ကျော်ဘုရားတစ်ခုအဖြစ်လည်း လက်ခံထားကြောင်း ကျောက်ဆည်မြို့မှ သံဃာတော်တစ်ပါးက မိန့်ကြား သည်။
"ရွှေသိမ်တော်ဘုရားက အနော်ရထာမင်းကြီးတည်တယ်။ အရှင်အရဟံက သိမ်သမုတ်တယ်။ ဘုရားကြီး တည်ရှိတဲ့ သင်တောင်းကြီးရွာမှာ မြန်မာသက္က ရာဇ် ၁၂၈၀ ပြည့်နှစ်ဝန်းကျင်မှာ ရောဂါဘယ ကပ်ဘေး ကျတယ်။ လူတွေ အတော်သေတယ်။ ကပ်ဘေးကြီးဖြစ်တာပေါ့။ အဲဒီအချိန်မှာ အိပ်မက်အရ ဒီရွှေသိမ်တောင်ဘုရား စေတီကို ပြန်လည် တူးဖော်ရှာဖွေပြီး တည်ထားမှ ကပ်ဘေးတွေ အကုန်ငြိမ်းတယ်။ ကပ်ကျော်ဘုရားလို့လည်း ထင်ရှားတန်ခိုးကြီးတယ်။ ဘေးအန္တရာယ်ကပ်တွေ ကျော်နိုင်တဲ့ ကပ်ကျော်ဘုရားစေတီလို့ တန် ခိုးကြီး ပြောစမှတ် ဖြစ်တယ်" ဟု ကျောက်ဆည်သံဃာတော်က မိန့်ဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူ ၃၄၀၀ နီးပါးသေ ဆုံးပြီး ပြည်သူ သန်းချီ၍ အတိဒုက္ခရောက်လျက်ရှိကာ စားဝတ်နေရေးအတွက် နေထိုင်ရန် အိမ်၊ လျှပ်စစ်မီး၊ ရေ၊ ဆေးဝါးနှင့် လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။

image