13 w - Translate

မြန်မာနိုင်ငံကို လေယာဉ်စင်းလုံးငှားပြန်လာပြီး ငလျင်အတွက် လျှူဒါန်းမှု‌ေတွ ပြုလုပ်သွားမယ့် မေသက်ခိုင်

image
13 w - Translate

တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့
မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်​ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။
#ခွန်းညိုသွေး

image

" The Naked Gun " ခေါင်းဖြူကြီး စုံထောက်ဟာသကား အသစ်လာတော့မယ်ဆိုတော့ ဟိုးအရင် ငယ်ငယ်ကကြည့်ခဲ့တဲ့ အဟောင်းသုံးကားပြန်ကြည့်မယ်။ 🥳😄

image

A24 ကနေ ထွက်လာမယ့် Horor အသစ် \ Bring Her Back \. ?

အနားယူခွင့် မရသေးတဲ့ Baba Yaga. Age (6 ရှိနေပြီဖြစ်တဲ့ မင်းသားကြီးကို JW5 မှာ ဆက်လက်မြင်ရအုံးမယ်။ ဒါရိုက်တာ Chad Stahelski ပဲဖြစ်ပြီး Keanu Reeves ဘယ်လောက်ထိ ကြမ်းပြနိုင်အုံးမလဲ စောင့်ကြည့်ရမှာပေါ့။

image

မင်းသား Jared Leto ပါဝင်ထားတဲ့ Tron: Ares ဇာတ်ကား Trailer. Cotober (10) ရုံတင်မယ်။

13 w - Translate

Pres. Trump said America's trade deficit with China must first be resolved before he considers making a deal regarding his sweeping tariffs against the country.

https://abcnews.go.com/Politic....s/live-updates/trump

image

Ben Affleck တစ်ယောက် Christopher Nolan ရိုက်မယ့် The Odyssey စီသွားမယ်လို့ သိရပါတယ်။
အကြောင်းကတော့ Christopher Nolan လို ဒါရိုက်တာ တစ်ယောက်ရဲ့ ရိုက်ကွင်းမှာ ဘာတွေလုပ်လည်းဆိုတာကို လေ့လာချင်လို့ဖြစ်ပါတယ်။ သို့ပေမယ့် Ben Affleck ကတော့ The Odyssey ဇာတ်ကားထဲမှာ ပါဝင်ထားခြင်းမရှိသေးပါဘူး။
“Christopher Nolan က ရုပ်ရှင်ဖန်တီးသူတွေထဲမှာ အခမ်းနားဆုံး ရုပ်ရှင်ဖန်တီးသူတစ်ဦးပဲလို့” Ben Affleck က ပြောပါတယ်။
ခရစ္စတိုဖာ နိုလန်ကတော့ မျိုးဆက်တစ်ခုအတွက် အခမ်းနားဆုံး ရုပ်ရှင်ဖန်တီးသူတစ်ဦးဖြစ်ပြီး သူ့လက်ရာတွေကလည်း ကမ္ဘာတစ်ဝှမ်းမှာ လေးစားခံရတဲ့ထဲပါဝင်ပါတယ်။
ဒါ့အပြင် Hollywood က ထိပ်တန်း အနုပညာရှင်တွေကလည်း သူနဲ့ရိုက်ရဖို့ စိတ်အားထက်သန်နေကြပြီး Ben Affleck အပါအဝင် တခြားသူတွေက သူ့ရိုက်ကွင်းတွေကို သွားကြည့်ဖို့ ပြင်ဆင်နေကြတယ်လို့သိရပါတယ်။
Ben Affleck က GQ မဂ္ဂဇင်းမှာ သူလေးစားပြီး အလုပ်အတူတူမလုပ်ရသေးတဲ့ ဒါရိုက်တာတွေနဲ့ ဇာတ်ညွန်းရေးဆရာတွေ အကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။
"ကျွန်တော် Matt Damon စီကို 'The Odyssey ' ရိုက်ကွင်းမှာ သွားကြည့်မယ်၊ နိုလန်ရဲ့ ဒါရိုက်တာလုပ်ပုံကိုလည်း ကြည့်ချင်တာပါ။ ဒါတကယ်ပြောတာပါ ကျွန်တော် မနောက်ပါဘူး” လို့ ပြောပါတယ်။
Ben Affleck နဲ့ Matt Damon ဟာ အရမ်းခင်မင်ရင်းနှီးကျပေမယ့် ရုပ်ရှင်အသက်မွေးဝမ်းကြောင်းမှာတော့ လမ်းကြောင်းတွေကွဲပြားခဲ့ကြပါတယ်။
Damon က Spielberg, Scorsese နဲ့ Nolan တို့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် Affleck အတွက်ကတော့ ဒီလို အခွင့်အရေးမျိုးတွေ မရရှိခဲ့ပါဘူး။ "Saving Private Ryan" ရုပ်ရှင်မှာတောင် သူ ဘယ်နေရာကမဆို သရုပ်ဆောင်ရရင်တောင် ပါဝင်ချင်တယ်လို့ Ben Affleck က ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။
ဒါပေမယ့် သူက ရုပ်ရှင်ဖန်တီးမှုကို ပြိုင်ဆိုင်မှုတစ်ခုအဖြစ် မမြင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။
"တချို့က ဒါကို အနိုင်အရှုံးဂိမ်းလို့ မြင်ကြတယ်။ ဥပမာ၊ ဒီလူက ဒီအခန်းကဏ္ဍမှာ ရှိနေရင် သူတို့က ကျွန်တော့်လမ်းကို ပိတ်နေတယ်။ သူတို့ကို ဒူးထောက်လိုက်ရင် ကျွန်တော်နေရာရလာလိမ့်မယ် ဒါမှမဟုတ် အဲဒီအခန်းအတွက် ပါဝင်ခွင့်ရလိမ့်မယ်" လို့ သူက ရှင်းပြသည်။ "ကျွန်တော်ကတော့ ကိုယ့်အလုပ်ကို ကိုယ်ဖန်တီးရတာ ကြိုက်တယ်။ 'ဘာလို့ Martin Scorsese က Leo ကို ငှားတာလဲ၊ ကျွန်တော်ဖြစ်သင့်တယ်' လို့ ထိုင်ပြီး မတွေးဘူး" လို့ သူကပြောပါတယ်။
Affleck ကတော့ "Good Will Hunting" နဲ့ "Argo" တို့မှာ အော်စကာဆုတွေ ရရှိခဲ့တဲ့အပြင်၊ Zack Snyder ရဲ့ DCEU ရုပ်ရှင်တွေမှာ ဘက်မန်းအဖြစ် ပါဝင်ခဲ့ပြီး နာမည်ကြီး ရုပ်ရှင်တွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။

image

Mission: Impossibe — Final Reckoning ရဲ့ ထုတ်လုပ်ရေးဘတ်ဂျက် ဘယ်လောက်လဲ
မတ် ၂၇၊ ၂၀၂၅။
သရုပ်ဆောင် Tom Cruise ရဲ့ နောက်ဆုံး Mission Impossibe ရုပ်ရှင်ဖြစ်တဲ့ Mission: Impossibe — Final Reckoning ဟာ မေ ၂၃၊ ၂၀၂၅ မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ကနဦးသုံးသပ်ချက်တွေနဲ့ သတင်းတွေအရ Mission: Impossibe — Final Reckoning ဟာ အနည်းဆုံး ကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၄၀၀ အတွင်း ကုန်ကျကြောင်း သိထားပေမယ့် ယခုအခါမှာတော့ သတင်းထောက် Matt Belloni ရဲ့ အဆိုအရ သိခဲ့ရပါတယ်။ Mission: Impossibe — Final Reckoning ဟာ စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၀၀ အထိ ကုန်ကျထားကြောင်း Mark Belloni က The Town podcast အစီအစဥ်မှာ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် The Hollywood Reporter မဂ္ဂဇင်းကလည်း Mission: Impossibe — Final Reckoning ဟာ ကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်အထိကုန်ကျထားကြောင်း လွန်ခဲ့တဲ့လပိုင်းက ရေးသားဖော်ပြခဲ့ပါသေးတယ်။
​ယခင်ကရုံတင်ခဲ့တဲ့ Mission: Impossibe — Dead Reckoning Part One ဟာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ကုန်ကျခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၀၀ ကျော်သာ ပြန်ရခဲ့တဲ့အတွက် ထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီ Paramount ဘက်က ဝင်ငွေအရ အရှုံးပေါ်ခဲ့ရသလို ယခု Mission: Impossibe — Final Reckoning ဟာလည်း ကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျခဲ့တာကြောင့် Paramount အတွက် မျက်ခုံးလှုပ်စရာဖြစ်နေပါတယ်။
Mission: Impossible – Dead Reckoning Part One နဲ့ Mission: Impossibe — The Final Reckoning ဟာ ဇာတ်လမ်းတစ်ခုတည်းဖြစ်ပြီး နှစ်ကားခွဲပြီးပြသမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောကတော့ ကမ္ဘာဖျက်လက်နက်တစ်ခုဟာ အင်အားကြီးဒုစရိုက်အဖွဲ့တစ်ခုဆီကိုရောက်ရှိသွားတဲ့ Ethan Hunt တို့အဖွဲ့ဟာ လက်နက်ကိုပြန်လည်ရယူဖို့ကြိုးစားကြတဲ့အကြောင်းဖြစ်ပါတယ်။
Mission: Impossible Dead Reckoning — Part One ကိုရော Mission: Impossibe — The Final Reckoning ကိုပါ ဒါရိုက်တာ Christopher McQuarrie က ရိုက်ကူးပေးထားတာဖြစ်ပြီး Tom Cruise, Esai Morales, Hayley Atwell, Ving Rhames, Simon Pegg, Rebecca Ferguson, Vanessa Kirby နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါသေးတယ်။

image

Josh Hartnett ရဲ့လေယာဥ်ပေါ်မှာချကြမယ့် Fight Or Flight Official Trailer

//