35 w - Translate

Ensure ဗူးနဲ့ ကိုယ့်ကျင်ငယ်ရည်ကိုဖျော်ပြီး အသက်ဆက်ခဲ့ရတဲ့ Golden Country ဟိုတယ်ပြိုကျမှုမှ နာရီပေါင်း ၁၇၀ ကြာအသက်ရှင်ခဲ့သူ ❤️
မန္တလေး ၆၅ လမ်းပေါ်က Golden Country Hotel ဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးဒဏ်ကြောင့် အောက်ဆုံးအလွှာတွေပြိုကျခဲ့ပါတယ်။ အဆိုပါ ဟိုတယ်ပြိုကျမှုကို တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ၆ ရက်တာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ပြိုကျပြီးပိတ်မိနေတဲ့အချိန်မှာ စားသောက်စရာဘာမျှမရှိသော်လည်း မိခင်အတွက် ဝယ်ယူလာတဲ့ Ensure ဗူးတွေကို ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ရေလည်းမရှိတာကြောင့် သူ့ကျင်ငယ်ရေနဲ့ပဲ ဖျော်ပြီး အသက်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ တိုက်ပြိုကျမှုမှာ နာရီပေါင်း ၁၇၀ ကြာပိတ်မိပြီးမှ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image
Like
35 w - Translate

တကယ်ပါ။
တစ်ရက် ကုန်သွားတိုင်း
သင်္ကြန်ရောက်တော့မယ်ဆိုတာကြီးက
မိုးလင်း အိပ်ယာ ထ ကတည်းက ရေတွက်နေမိတယ်။
အပျော်ဆုံးကာလလေး တစ်ခုပေါ့
ဒါပေမယ့်...
ပျောက်ဆုံးသွားပြီ။

image
Like
35 w - Translate

သိန်းသောင်းပေါင်းများစွာ ငွေသားလှူဒါန်းတာနဲ့ အားမရလို့ အစားအသောက်နှင့် 6ဆးဝါး ပစ္စည်းများဝယ်ယူပြီး
ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ❤️
#ငလျင်

image
Like
35 w - Translate

မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ရာသီကုန်ရင် အသင်းက ထွက်ခွာတော့မှာဖြစ်ပါတယ်။ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ဘဲ ကစားသမားဘဝကို အသင်းသစ်မှာ ဆက်လက်ကစားတော့မှာပါ 😢
Good Bye KDB 💙

image
Like

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

image
Like

မြေငလျင်သတင်းအမှတ်စဉ် ၇၇
=====================
နေ့စွဲ ၅-၄-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၀၆း၂၉း၀၅
အင်အားပမာဏ - ၃.၄ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်

Like
35 w - Translate

နစက ဥက္ကဋ္ဌ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ ရက်ညပိုင်းက အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှတစ်ဆင့်ပြန်လည်ထွက်ခွာလာရာ ည ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့သည်။

image
Like
35 w - Translate

ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြည်သူများ ထိတ်လန့်
ရန်ကုန်၊ ဧပြီ ၄
မန္တလေးတိုင်း ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က ထုတ်ပြန်လိုက်ပြီး အဆိုပါငလျင်ကြောင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ကျောက်ဆည်မြို့ ၏ အနောက် ဘက် ၇ ကီလိုမီတာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
"လူကို ကိုင်ရိုက်လိုက်သလို မြောက်တက်သွားတယ်။ ဒီငလျင်က ပြင်းတယ်လို့ ခံစားရတယ်။ ရင်တွေတောင် တုန်တယ်" ဟု ကျောက်ဆည်မြို့မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။
ယနေ့ ည ၉ နာရီ ၅၅ မိနစ် လှုပ်ခတ်ခဲ့သော ငလျင်ကို မန္တလေး အပါအဝင် မြို့ကြီးများတွင် ခံစားသိရှိရပြီး ပြည်သူအများ ထိတ်လန့် တုန်လှုပ်နေကြကြောင်း သိရှိရသည်။
"မတ်လ ၂၈ ရက်နေ့ကတည်းက ညတိုင်း၊ နေ့တိုင်း နောက်ဆက်တွဲ ငလျင်တွေ လှုပ်နေတာ။ အခုထက်ထိ မရပ်သေးတော့ ဘယ်လိုတောင် အိမ်ပြန်ရမလဲ စဉ်းစားမရဘူး" ဟု မန္တလေး၊ ကျုံးနံဘေးတွင် ယာယီတဲဖြင့် နေထိုင်သူ မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လက်ရှိတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီနှင့် NUG က တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေးတွင် နောက်ဆက်တွဲ ငလျင်ကြောက်လန့်၍ ကွင်းပြင်များတွင် အိပ်စက်နေကြသော ပြည်သူများ။

image
Like
35 w - Translate

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းပြည်သူတချို့က မင်းအောင်လှိုင်ကို ဆန္ဒပြ၊ ဘန်ကောက် ရှန်ဂီလာဟိုတယ်သို့ သွားရောက် ဆန္ဒပြသော ထိုင်းတက္ကသိုလ်ကျောင်းသား အမှုဖွင့်ခံရခြင်းမရှိဘဲ ပြန်လွတ်လာ
ရန်ကုန်၊ ဧပြီ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ထိုင်းပြည်သူတချို့က အကြမ်းဖက် မင်းအောင်လှိုင်ကို ဆန္ဒပြကြကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ညပိုင်း ထိုင်းပြည်သူတချို့ပါဝင်သော "Moke Luang Rim Nam and Fire Lam Thung" အဖွဲ့က အကြမ်း ဖက် မင်းအောင်လှိုင် ဘန်ကောက်သို့ လာရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဘန်ကောက်မြို့ အနုပညာနှင့် ယဉ်ကျေးမှုစင်တာရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ညနေပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် BIMSTEC ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ သွားရောက် ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသားကို ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခြင်းမရှိဘဲ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- Khaosod English ။

image
Like
35 w - Translate

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် ATM မင်းသားကြီး P’Ter နဲ့ Century of Loveထဲက ကိုကိုကတုံး Daouတို့ရဲ့ အမိုက်စား ဟာသသရဲကားလေး ထွက်ရှိလိုလာပါပြီခင်ဗျ။ ဒီထဲမှာတော့ ဇာတ်လိုက်ကျော်ကြီးက အာဝဇ္ဇန်းရွှင်သလောက် အလုပ်မဖြစ်တဲ့ အိမ်ခြံမြေပွဲစားလေး နာ့ခရော့အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အိမ်ခြံ‌မြေပွဲစားလေးနာ့ခရော့ဟာ အပြောမှာတော့ရွှေမန်းဆိုပေမဲ့ လက်တွေ့မှာတော့ အိမ်စုတ်တွေကို ကြည့်ကောင်းရုံနှမ်းဖြူးလေးပြင်ပြီး ဂျင်းထည့်ရောင်းနေတဲ့လူလိမ်ပေါ့။ ဒါပေမဲ့ လူတွေကလည်း ဂျင်းထည့်ဖို့ ထင်သလောက်မလွယ်တော့ တစ်ဖက်က အကြွေးနွံနစ်ပြီး ချစ်သူဖြစ်တဲ့လင်းနဲ့မင်္ဂလာဆောင်ဖို့ ပြင်ဆင်ရာကနေ အကြိမ်ကြိမ်လွဲချော်နေတဲ့ အရှုံးသမားလေးပါ။
ဒီလိုနဲ့ နောက်ဆုံးတစ်ခါ အခွင့်အရေးပေးဖို လင်းကို ကတိတွေပေးလိုက်ပေမဲ့ လမ်းစပျောက်နေတဲ့ နာ့ခရော့တစ်ယောက် အိမ်ခြံမြေကြီးကြီးကိုရှာပြီး အချီကြီးရအောင် အပီကြံမယ်လို့အားခဲလိုက်ရာကနေ ရှာတွေ့ခဲ့တဲ့ ဆွခ်ဟီနီရမ်ဟိုတယ်ကြီး….ခမ်းနားတဲ့ဟိုတယ်ကြီး မြေပိုင်လည်းဖြစ်တဲ့အပြင် ဈေးကလည်းအရမ်းပေါနေပေမဲ့ ဝယ်သူမရှိရတဲ့အကြောင်းရင်းကတော့…
40..4 R..un Ru..n (2024)

image
Like