1 y - Translate

အခုမြင်တွေ့နေရတဲ့ ဖြူဖျော့ဖျော့ အစက်အပြောက်
ကလေးဟာ ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီနဲ့ အလင်းနှစ် ၂.၅ သန်းအကွာမှာတည်ရှိနေတဲ့ အနီးဆုံးအိမ်နီးချင်း ဂလက်ဆီကြီး (Andromeda) အန်ဒရိုမီဒါ ပဲဖြစ်ပါတယ်။
ဒီအန်ဒရိုမီဒါ ဂလက်ဆီရဲ့ အချင်းဟာ အလင်းနှစ် ၂၂၀,၀၀၀ လောက်ရှိပြီး ကြယ်ပေါင်း ၁ ထရီလီယံကျော်ခန့် တည်ရှိနေတယ်လိုဆိုပါတယ်။
သိပ္ပံပညာရှင်များရဲ့ သုတေသနပြုချက်များအရ
ဒီအန်ဒရိုမီဒါဂလက်ဆီကြီးဟာ လက်ရှိမှာ ကျွန်တော်တို့ (Milky Way Galaxy) နဂါးငွေ့တန်းဂလက်ဆီ ဆီကို တဖြည်းဖြည်းခြင်း ချဉ်းကပ်လာနေပြီး ဒီဂလက်ဆီနှစ်ခုဟာ နောက်ထပ် နှစ်ပေါင်း ၃.၇၅ ဘီလီယံအကြာမှာ ပြင်းထန်စွာ တိုက်မိကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
#area51 #andromeda #galaxy #milkyway

image
1 y - Translate

Five Nights at Freddy’s (2023)
======================
ကလေးကစားကွင်းရုံဟောင်းကြီးတစ်ခုထဲက အရုပ်သရဲတွေအကြောင်း
နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Five Nights at Freddy’s ကို အခြေခံပြီး
ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်တစ်ခုဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက
အဓိကဇာတ်လိုက်ဟာ ဂိမ်းထဲကအတိုင်း ကစားကွင်းဟောင်းရဲ့ ညစောင့်
ပါပဲ။
သူ့မှာ အက်ဘီဆိုတဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ သူ့ရဲ့ ညီလေး
ဟာ သူငယ်ငယ်ကတည်းက အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားတာမို သူ့ညီ
ဘာဖြစ်သွားခဲ့လဲဆိုတာ သူအမြဲစုံစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကစားကွင်း
မှာ ညစောင့်လုပ်တဲ့အချိန်မှာတော့ သူ့အိပ်မက်ထဲမှာ သူ့ညီကို ခဏခဏပြန်တွေ့
နေရပြီး သူ့ညီဘာဖြစ်သွားလဲဆိုတာကို သိတဲ့အခြားကလေးတွေကိုပါ တွေ့လာ
ရပါတယ်။ အဲဒီအိပ်မက်တွေကနေ သူ့ညီအကြောင်းကို သိရဖို စုံစမ်းပေမဲ့ မသိ
ရရုံမကဘဲ သူ့ညီမလေးကိုပါ သရဲတွေက အန္တရာယ်ပေးဖို ကြိုးစားလာတဲ့အခါ…
ဇာတ်လမ်းအနေနဲ့က ပဟေဠိတွေနဲ့တည်ဆောက်ထားတဲ့အပြင် အထဲမှာ အရုပ်
သရဲတွေနဲ့တိုက်ခိုက်ရတာ လွတ်အောင်ထွက်ပြေးဖို ကြိုးစားရတာတွေက ဂိမ်း
စတိုင်အတိုင်း ဖန်တီးပြထားပြီး ကြောက်စရာကောင်းတာကြောင့် ဟော်ရာကြိုက်
သူတွေအတွက်တော့ ကြည့်လိုကောင်းမဲ့အမျိုးအစားပါပဲ။

ဇာတ်ကားလင့်
https://t.me/c/2186686827/230

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
1 y - Translate

The Purge (2013

ထွက်ခဲ့တာ ဆယ်နှစ်ကြာပြီဖြစ်သလို ကြည့်ပြီးလည်း နောက်တစ် ခေါက်ပြန်ပြန်ကြည့်ချင် နေတဲ့ ဇာတ်ကား တွေထဲကတစ်ကားဖြစ်ြပီးဒီကားအကြောင်းကိုထွေထွေထူးထူး ပြောစရာလိုမယ်လိုလည်းမထင်ပါဘူး။

ဒီကားပြီး နောက်ပိုင်းကားတွေက Horror ထက် Action ပိုဆန်လာကြတာမိုHorror Vibe အပြည့်ပေးနိုင်ခဲ့တဲ့ ဒီကားဟာ The Purge Franchise ကြီးကို Ethan Hawke နဲ့ Lena Headey တိုလို မင်းသား မင်းသမီးအကောင်းတွေသုံးပြီး လမ်းသစ်ဖောက်ခဲ့တဲ့ကားဆို မှားမယ်မထင်ပါဘူး။

image
1 y - Translate

ပြင်ပလောကနဲ့ အချိန်မတူတဲ့ လှိင်ဂူကြီးတစ်ဂူထဲမှာ
ပိတ်မိပြီး ပြန်ထွက်လိုမရဖြစ်ခဲ့ကြတဲ့အခါ

Time Trap
2017 ‧ Adventure/Sci-fi ‧ 1h 35m

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။
ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ…အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို လှိဏ်ဂူတစ်ခုထဲကိုဝင်ဖိုအကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်း‌ပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖိုပြင်ကြပါတယ်။

သူတိုနဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတိုသုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတိုလေးယောက်လည်းလှိဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို ပြန်တက်ဖိုလုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။
အဲဒါကိုသူတိုက အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတိုကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖိုကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ “ကယ်ပါ” ဆိုပြီးပေါ်ထွက်လာပါတော့တယ်…. ဘာဖြစ်လိုကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ….

image
1 y - Translate

Zero (2018)

ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။

လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,

မင်းသမီးချော Anushka Sharma, Karina Kaif စသည်တိုအပြင်

နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄၀နားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်

ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်

မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။

Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။

#crd
#storymode

image
1 y - Translate

အိမ်ကနေ ထွက်ပြေးလာတဲ့ အိမ်ပြေးကောင်လေးနဲ့ အချိန်ပိုင်း အလုပ်သမား ကောင်မလေးတိုရဲ့ ကြေကွဲစရာအချစ်ဇာတ်လမ်းလေး 💔

Weathering With You ( 2019 ) 📱
=========================

မိုရီရှိမာ ဟိုဒါကာ( Morishima Hodaka ) ဆိုတာက သူနေတဲ့ ကျွန်းမြိုလေးကနေ တိုကျိုမြိုကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက်

အာမာနို ဟီနာ ( Amano Hina ) ကတော့ တိုကျိုမြိုကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး

တိုကျိုမြိုကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖိုဆိုတာ အင်မတန်ခဲယဉ်းပါတယ်…

ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြိုကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့

ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့……

အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် “ Weathering with you ” ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်….

🌱🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍀🌱 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1774

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image