Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒါက Milky Way ဂလက်ဆီမှာရှိတဲ့ နေရဲ့ ခန့်မှန်းခြေတည်နေရာပါ။ ကျွန်တော်တို့နဲ့ ဂလက်ဆီရဲ့ အလယ်ဗဟိုအထိ အကွာအဝေးဟာ အလင်းနှစ် ၂၆၀၀၀ ရှိပြီး "Sagittarius A*" လို့ ခေါ်တဲ့ စူပါတွင်းနက်ကြီးတစ်ခု တည်ရှိရာနေရာဖြစ်ပါတယ်။
သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃.၆ ဘီလီယံလောက်ရှိ
ပြီဖြစ်တဲ့ (Milky Way) နဂါးငွေ့တန်း ဂလက်ဆီကြီးရဲ့ အချင်းဟာ အလင်းနှစ် ၁၀၀,၀၀၀ ခန့်ရှိပြီး ကြယ်ပေါင်း ၁၀၀ ဘီလီယံကနေ ၄၀၀ ဘီလီယံအထိ ရှိတယ်လို့ဆိုပါတယ်။
#area51 #galaxy #milkyway #solarsystem
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြုထုတ်ပေးမည်
လတ်တလောဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်မှုကြောင့် လိုအပ်လျက်ရှိသည့်ဆေးဝါး၊ သံချောင်း၊ သွပ်ပြားလိပ်၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့်ရေပစ္စည်းစက်ရုံသုံးစက်နှင့်စက်အရန်ပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် သွင်းကုန်ပစ္စည်းများအား နိုင်ငံခြားသုံးငွေ အမျိုးအစားအလိုက် လိုင်စင်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း လတ်တလောလိုအပ်လျက်ရှိသည့် ဆေးဝါးနှင့်ဆေးအထောက်အကူပြု ပစ္စည်းများအားတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ဝ၃ ကိုငလျင်ဖြစ်ပွားပြီးနောက် ယခုရက်ပိုင်းအတွင်း သွင်းကုန်လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပြည် တွင်းတွင် ဆေးဝါးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ လုံလောက်စွာသုံးစွဲနိုင်ရေးအတွက် အထူးလိုအပ်သည့် ဆေးပစ္စည်းများကိုသွင်းကုန်လိုင်စင်များ ဆက်လက်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အထူးလိုအပ်သော သံချောင်း၊ သွပ်ပြားလိပ်၊ သံမဏိပစ္စည်း၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်မီးနှင့် ရေပစ္စည်းစက်ရုံသုံးစက်၊ မြေပြင်လုပ်ငန်းသုံး စက်ကိရိယာနှင့် ယာဉ်ယန္တရားသုံးစက်အရန်ပစ္စည်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဝ၃၉ သန်းကို ငလျင်ဖြစ်ပွားပြီးနောက် သွင်းကုန်လိုင်စင် အမြန်ဆုံးထုတ်ပေးခဲ့ကြောင်း၊ ငလျင်ဘေးသင့် ပြန်လည်ထူထောင်သည့်ကာလအတွင်း လိုအပ်ချက်ရှိသော အရေးကြီးကုန်စည်များအားစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန က ၂၄ နာရီအတွင်း သွင်းကုန်လိုင်စင်ရရှိရေး အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ဆေးဝါးများအပြင်ပြန်လည်ထူထောင်ရေး အတွက်တည်ဆောက်ရေးပစ္စည်းများအား ပြည်ပမှအချိန်မီတင်သွင်းနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် One Stop Service Team များဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
100% Wolf (202
Animation ဇာတ်ကားသစ်လေးပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ ဝံပုလွေမျိုးနွယ်
ခေါင်းဆောင်လောင်းလျာလေးဖြစ်တဲ့ ဖရက်ဒီလူပင်ပါ။ သူက အင်အားကြီးတဲ့ ဝံပုလွေတစ်ကောင်
ဖြစ်လာရမယ်ဆိုပေမဲ့ သူတကယ်တန်းအသွင်ပြောင်းတော့ ပူဒယ်ခွေးလေးတစ်ကောင်အဖြစ်ပြောင်း
သွားပါတယ်။ ခွေးတွေကို မုန်းတဲ့ ဝံပုလွေအုပ်ကို ခေါင်းဆောင်ရမယ့်သူက ပူဒယ်လေး တစ်ကောင်
ဖြစ်နေတော့ သူခေါင်းဆောင်လုပ်ဖို အဆင်ပြေနိုင်ပါမလား။ အခက်အခဲတွေကြားကနေ ခေါင်းဆောင်
ဝံပုလွေဖြစ်ဖို ထိုက်တန်ကြောင်းကို သူဘယ်လိုတွေသက်သေပြမလဲဆိုတာ ကြည့်လိုက်ကြပါဦး။
တော်တော်ကြည့်လိုကောင်းတဲ့ Animation ကားလေးပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/231
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ကိုယ်၀န်ရနေချိန် ညီမဖြစ်သူရဲ့ ဖျက်ချခဲ့ တဲ့ ကလေး ဝိဉာဉ်က ခြောက်လှန့် တိုက်ခိုက်တာကို ခံနေရတဲ့ အခါ
➪➪➪➪➪➪➪➪➪➪➪➪➪➪
အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတိုနှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတိုအိမ်မှာစပြီး ကြုံခဲ့ရတော့တယ်။အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကိုကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာသည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
အမေရိကန်အဆိုတော်တစ်ယောက်လုပ်ကြံသတ်ဖြတ်ခံရမှုကိုကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ရုပ်ရှင်
City of Lies
2018 ‧ Crime/Thriller ‧ 1h 52m
ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ
အဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ…
အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို
ပျင်းစရာကောင်းမှာပဲလို တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်…
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း
Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲအပါအဝင်
LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်…
မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို
Los Angeles မြိုကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲကွဲ လှော်ကြပါတယ်…
1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ…
ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ…
နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့
Jackson ဆိုတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်…
အမှုတစ်ခုတည်းကို နှစ်ရှည်လများ စုံစမ်းလာခဲ့တဲ့ စုံထောက်တစ်ယောက်နဲ့
လုပ်ငန်းအတွင်း နာမည်ကောင်းတစ်ခုရဖို ကြိုးစားနေတဲ့ သတင်းထောက်တို ပူးပေါင်းမိချိန်မှာတော့
ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ ရှုစားကြပါဦး…
နာမည်ကျော်မင်းသားကြီး Johnny Depp နဲ့ Forest Whitaker တိုက
အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
Hello World [2019]
ဒီဇာတ်ကားလေးကတော့ ၂၀၂၇ ခုနှစ် Kyoto မြိုမှာ အခြေတည်ပြီး ဇာတ်လမ်းစထားပါတယ်
နာအိုမီ ကာတာဂါကီ (Naomi Katagaki) ဆိုတဲ့ကောင်လေးဟာ စာဖတ်ရတာကြိုက်နှစ်သက်ပြီး တစ်ကိုယ်တည်းအေးဆေးသမားလေးပါ…တစ်နေ့ သူ စာကြည့်တိုက်က အပြန် ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အတူ လူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်
ပိုပြီး ထူးဆန်းတာက အဲ့ဒီလူဟာ အနာဂတ်ကလာတဲ့ သူကိုယ်တိုင်ဖြစ်နေတာပါပဲ…ဒီမှာဇာတ်လမ်းစပြီး အနာဂတ်က သူက ဘာလာလုပ်တာလဲ?? ဘာတွေဆက်ဖြစ်လာမှာလဲ?? ဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်
ဒီကားလေးက Anime ချစ်သူတွေအတွက် မလွတ်တမ်းကြည့်ရှူသင့်တယ်လို ကျွန်တော်တော့ထင်မိပါတယ်…ဇာတ်လမ်းက Anime တို ထုံးစံအတိုင်း မတူကွဲပြားတဲ့ပုံစံနဲ့ ဆွဲဆောင်ထားတယ်…Kyoto မြိုကြီးကို မြင်နေကြတဲ့မဟုတ် ပုံစံနဲ့တွေ့ရတာရယ် လှပတဲ့ရှုခင်းတွေ ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကြည့်ရတာ တော်တော်လေးအရသာရှိပါတယ်…ကဲ ပြောနေကြာတယ် အခုပဲ ကြည့်ရှူခံစား အားပေးကြပါဦး…
🌱🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🍀🌱 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1771
မြန်မာ့ငလျင်ကယ်ဆယ်ရေး စက်ရုပ်ပိုးဟပ် ၁၀ ကောင် စင်ကာပူ စေလွှတ်
ငလျင်သင့်ဒေသ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ စင်ကာပူနိုင်ငံက ဖန်တီးထားတဲ့ အဆင့်မြင့်စက်ရုပ်ပိုးဟပ် ၁၀ ကောင် မြန်မာနိုင်ငံကို ရောက်လာတယ်လို့ ဆိုပါတယ်။
စင်ကာပူ ပြည်ထဲရေးသိပ္ပံနဲ့ နည်းပညာအေဂျင်စီ (HTX) မှ နန်ယန်းနည်းပညာတက္ကသိုလ် နဲ့ Klass Engineering and Solutions တို့ ပေါင်းပြီး တီထွင်ထားပါတယ်။ အနီအောက် ရောင်ခြည်ကင်မရာနဲ့ အာရုံခံ sensor တွေ တပ်ထားတဲ့ ဒီပိုးဟပ်တွေက အလျား ၆ စင်တီမီတာလောက်ပဲ ရှိမှာပါ။
လူတွေ ဝင်လို့မရတဲ့ အပျက်အစီးပုံတွေအောက်ကို ဝင်ပြီး လူ့အပူချိန်ကို ထောက်လှမ်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်နိုင်စွမ်း ရှိပါတယ်။ စက်ရုပ်က တွေ့လာတဲ့ အချက်အလက်တွေကို ကယ်ဆယ်ရေးအဖွဲ့တွေဆီ Wireless စနစ်နဲ့ ဆက်သွယ်ပေးပို့နိုင်မှာပါ။
စင်ကာပူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ရဲ့ Operation Lionheart နဲ့အတူ ရောက်လာတဲ့ ဒီစက်ရုပ်တွေကို ကမ္ဘာပေါ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေမှာ ပထမဆုံး သုံးလာတာ ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့က ပြိုကျပျက်စီးသွားတဲ့ ဆေးရုံတစ်ခုအပါအဝင် ငလျင်သင့်ဒေသတချို့မှာ စပြီး သုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီစက်ရုပ်ပိုးဟပ်တွေကို ၂၀၂၄ ခုနှစ် ဧပြီလက စင်ကာပူမှာ ပြသခဲ့ပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံ ငလျင်အရေးပေါ်အခြေအနေအရ အခုလို အမြန်စေလွှတ်အသုံးချခဲ့တာလို့လည်း သိရပါတယ်။