ရွှေကုက္ကိုဒေသက ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများအပါအဝင် လက်ကိုင်ဖုန်း ဆင်းကတ်အမြောက်အမြား ယနေ့ သယ်ယူလာစဉ် ကင်းလှည့်နေသည့် ထိုင်းတပ်မတော်နှင့်တည့်တည့်တိုး၍ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသက ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာများအပါအဝင် လက်ကိုင် ဖုန်း ဆင်းကတ် အမြောက်အများသယ်ယူလာစဉ် ကင်းလှည့်နေသည့် ထိုင်းတပ်မတော်နှင့်တည့်တည့်တိုး၍ အဖမ်းခံရကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်က နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မယ်လမတ်မြို့ နယ်၊ မယ်လမတ်ကျေးရွာအနီးတွင် ကင်းလှည့်နေသည့် ထိုင်းတပ်မတော် ဦး‌ဆောင်သည့် ပူးပေါင်းအဖွဲ့က အဖြူရောင် ထရပ်ကားဖြင့်သယ်လာသော အဆိုပါပစ္စည်းများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပစ္စည်းများမှာ ကွန်ပျူတာ (၁၉) စုံ၊ လက်ကိုင်ဖုန်း (၁၂၅၁) လုံး၊ ဖုန်း Sim Card (၂၇၄) ကတ် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများကို မယ်လမတ် မြို့ပေါ်ရှိ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုကတစ်ဆင့် စလကဲ့ယောက်ခရိုင်၊ ဝပ်ထနာနခွန်မြို့နယ်၊ ဝပ်ထနာကျေးရွာရှိ နေအိမ်တစ်လုံးသို့ ပို့ဆောင်ပေးရန် ကားခ ဘတ် ၅၀၀၀ ပေးသောကြောင့် ထိုင်းနိုင်ငံသား အသက် ၄၅ နှစ်အရွယ် ယာဉ်မောင်း Mr. Thit အနေဖြင့် ထိုင်း-မြန်မာနယ် စပ်၊ သောင်ရင်းမြစ်ကမ်းအနီးက သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသား ယာဉ်မောင်းမှာ မယ်လမတ်ရဲစခန်း၌ ထိန်းသိမ်းထားပြီးနောက် ကွင်းဆက်တရားခံများကို ဆက်လက်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image
52 w - Translate

ဟက်ထရစ် (၂) ကြိမ် ဆက်တိုက်သွင်းထားနိုင်တဲ့ ဒမ်ဘီလီ

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၉၈ ဒေါ်လာ

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၀ ကျပ်
ဝယ်ဈေး - ၄၅၇၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၆ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၅ ကျပ်
ဝယ်ဈေး - ၆၀၉ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၁ ကျပ်
ဝယ်ဈေး - ၂၈.၄၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၃၅ ကျပ်
ဝယ်ဈေး - ၅၀.၉၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၅ ကျပ်
ဝယ်ဈေး - ၅၄၇၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၁၅ ကျပ်
ဝယ်ဈေး - ၂၇၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၂၀ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၆၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၄ ကျပ်
ဝယ်ဈေး - ၁၂၀၁ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

သူ့လို ဘွတ်ကီလှည့်ကွက်သိတဲ့သူတောင် တိုင်ပတ်နေပါတယ်ဆို
1xမှာ ပရိုမိုကုဒ် TAWTHR69 ကို သုံးပြီး ၉၆၉ရာခိုင်နှုန်းဘောနပ် ရယူလိုက်ပါ

image
52 w - Translate

93 စီးပြီး ပြန်လာတော့မယ့် ရာမို့စ်
------------
ရီရဲလ်မက်ဒရစ်နောက်ခံလူဟောင်းကြီး ရာမို့စ်ကတော့ မက္ကဆီကိုကလပ် ရာယာဒေါ့စ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေပါတယ်။ ရာမို့စ်အနေနဲ့ ရာယာဒေါ့စ်အသင်းကို တောင်းဆိုထားတဲ့ အရာတွေထဲမှာ တစ်ခုကတော့ ထူးခြားပါတယ်။
ရာမို့စ်ဟာ ရာယာဒေါ့စ်မှာ ကျောနံပါတ် ၉၃ ကို ဝတ်ဆင်ဖို့အတွက် တောင်းဆိုထားတာဖြစ်ပြီး၊ ဒီ နံပါတ် ၉၃ ဟာ ရာမို့စ်အတွက်ရော ပြိုင်ဘက်ဟောင်းကြီး အက်သလက်တီကိုအတွက်ပါ အမှတ်တရတွေရှိနေတာပါ။
အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး၊ ရီရဲလ်နဲ့ တီကိုတို့ရဲ့ ၂၀၁၄ ချန်ပီယံလိဂ်ဖိုင်နယ် အချိန်ပို ၉၃ မိနစ်မှာ ရာမို့စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ရီရဲလ်တို့ခြေပဂိုးရသွားပြီး၊ နောက်ပိုင်းမိနစ်တွေမှာ ရီရဲလ်ကိုအနိုင်ဂိုးတွေပေးပြီး ရှုံးခဲ့တာကြောင့် တီကိုတို့အတွက် ရတောင့်ရခဲ ချန်ပီယံလိဂ်ဆုဖလားကြီးကို လက်တစ်ကမ်းအလိုရောက်မှ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနံပတ် ၉၃၊ ဒီအချိန်ပိုနံပါတ် ၉၃ ဟာ တီကိုအတွက် မုန်းစရာအမှတ်တရကိန်းဂဏန်းတစ်ခုဖြစ်နေခဲ့ပြီး၊ ရီရဲလ်မက်ဒရစ်နဲ့ရာမို့စ်အတွက်တော့ လုံးဝလာဘ်ကီးနံပါတ်တစ်ခုဖြစ်နေတာပါ။
ရာမို့စ်အတွက်တော့ ဒီနံပတ် ၉၃ ဟာ သူပြန်လာပြီ၊ အရှုံးမပေးသေးဘူး ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဝတ်ဆင်မှာဖြစ်ပြီး၊ ဒီသီတင်းကြောင့် တီကို တို့အနာပေါ်ဒုတ်ကျသလို ဖြစ်နေမှာလည်း အမှန်ပါ။

image
52 w - Translate

အက်စတွန်ဗီလာအသင်းဟာ ပီအက်စ်ဂျီကစားသမား မာကိုအဆန်စီယို ကို အငှားနဲ့ခေါ်ယူနိုင်ခဲ့ပါပြီ။ ဗီလာအသင်းဟာ ရက်ဖိုဒ့်နဲ့ဖီးလစ်အပြောင်းအရွှေ့ကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
[Fabrizio]🌕

image
52 w - Translate

TRANSFER
•ရက်ဖိုဒ့်ရဲ့ အက်စတွန်ဗီလာသို့ အငှားစာချုပ်မှာ ယူနိုက်တက်အတွက် အငှားပြောင်းရွှေ့ကြေးသီးသန့် ပါဝင်မှာဖြစ်သလို ရက်ဖိုဒ့်ရဲ့ တစ်ပတ် ပေါင် ၃ သိန်း ၂ သောင်း ၅ ထောင် တန် လစာရဲ့ အများစုကိုလည်း ဗီလာက ကျခံပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗီလာအနေနဲ့ ရက်ဖိုဒ့်ကို နွေရာသီမှာအပြီးသတ်ခေါ်ယူခွင့်လည်းရှိပါသေးတယ်။
[samuelluckhurst]🌕

image

ဆိုင်မှာသွားမေး၀ယ်တော့ ကု၊န်သွားပြီတဲ့
လ၊က်စ၊သ၊တ်တော့ သူအကု၊န်၀ယ်သွားတာကိုး😏

image

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်ဖ်စီပေါ်တိုအသင်းကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ချ်ကိုအသင်းကွင်းလယ်ပိုင်းဆီခေါ်ယူအားဖြည့်ရေးအတွက်ခေါ်ယူရန်စဉ်းစားသုံးသပ်နေတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်စီပေါ်တိုအသင်းရဲ့ကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ချ်ကိုအသင်းဆီခေါ်ယူဖို့စဉ်းစားသုံးပ်နေပြီး ဒီတကြိမ်ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာတော့မန်စီးတီးအသင်းအနေနဲ့အသင်းကွင်းလယ်ပိုင်းမှာခေါ်ယူအားဖြည့်ချင်နေတယ်လို့ ဒေးလီးမေးလ်သတင်းကဘဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်နီကိုဂွန်ဇာလက်ချ်ဟာဘာစီလိုနာလူငယ်အသင်းကနေပေါက်ဖွားလာခဲ့ပြီးသူ့အနေနဲ့ ကွင်းလယ်ပိုင်းနေရာတွေမှာကစားနိုင်ခဲ့ကာ ဒီရာသီကာလမှာအက်ဖ်စီပေါ်တိုအသင်းနဲ့ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

နီကိုဂွန်ဇာလက်ချ်မှာအေးဂျင့်ရှိပြီးအဆိုပါကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုယူရိုသန်း ၆၀ သတ်မှတ်ထားပေမဲ့မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီထက်နိမ့်တဲ့ငွေပမာဏနဲ့ဆွေးနွေးမှုရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image

တရုတ်မှ ရန်မစလျှင် အမေရိကန်ဒုံးကျည်များကို ဖယ်ရှားမည်ဟု ဖိလစ်ပိုင်ပြော

မနီလာ၊ ဖေဖော်ဝါရီ ၂

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်ဘက်မှ ရန်လိုပြီး အနိုင်ကျင့်သည့် အပြုအမှုများကို ရပ်တန့်မည်ဆိုပါက ဖိလစ်ပိုင်ကလည်း နိုင်ငံအတွင်းရှိ အမေရိကန်ဒုံးကျည် စနစ်များအား ဖယ်ရှားပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့ကြောင်း Nagaland Post မှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် ဧပြီလက ပူးတွဲစစ်ရေး လေ့ကျင့်မှုအဖြစ် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် Typhon တာလတ်ပစ် ဒုံးကျည်စနစ်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကမူ ထိုဒုံးကျည်များကို ဖယ်ရှားရန် ဖိလစ်ပိုင်ကို ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး ထိုဒုံးကျည် စနစ်များသည် ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုနှင့် လက်နက်ပြိုင်ဆိုင်မှုများကို ဖြစ်ပွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

မားကို့စ်ကမူ သူသည် တရုတ်၏ သဘောထားကို နားမလည်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖိလစ်ပိုင်သည် တရုတ်၏ ဒုံးကျည်စနစ်များနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မျှ ပြောခဲ့ခြင်း မရှိကြောင်း၊ တရုတ်၏ ဒုံးကျည် စနစ်များသည် ဖိလစ်ပိုင်၏ ဒုံးကျည်များထက် အဆပေါင်း ၁၀၀၀ ခန့် ပြင်းထန်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျနော်တို့ နယ်နိမိတ်ကို ပိုင်ဆိုင်ကြောင်း ကြေညာ တာ၊ ကျနော်တို့ ငါးဖမ်းသမားတွေကို နှောင့်ယှက်တာ၊ ကျနော်တို့ လှေတွေကို ဝင်တိုက်တာ၊ ကျနော်တို့လူတွေကို မီးသတ်ပိုက်တွေ၊ လေဆာရောင်ခြည်တွေနဲ့ ထိုးတာတွေ၊ ရန်လိုပြီးဗိုလ်ကျတဲ့ အပြုအမူတွေကို ရပ်တန်းကရပ်ပါ။ အဲဒါဆိုရင်တော့ ကျနော်တို့လည်း Typhon ဒုံးကျည်တွေကို ဖယ်ရှားပေးမှာပါ”ဟု မားကို့စ်က စီဘူး (Cebu) ပြည်နယ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ဒုံးကျည်စနစ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့များ၊ ရေတပ်များအကြား ထိပ်တိုက်တွေ့သည့် နေရာနှင့် နီးသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမည်မဖော်လိုသော ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Typhon ဒုံးကျည်စနစ်ဖြင့် ပစ်လွှတ်နိုင်သည့် Tomahawk ဒုံးကျည်များသည် မိုင် ၁၀၀၀ ကျော် ပျံသန်းနိုင်ပြီး တရုတ်၏ ကုန်းမြေများသည် ထိုဒုံးကျည် ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်းတွင် ရှိနေသည်။

ထိုဒုံးကျည်စနစ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ဆက်ရှိနေလိမ့်မည်ဟု ဖိလစ်ပိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) ကမူ ဖိလစ်ပိုင်သည် အမေရိကန် ဒုံးကျည်စနစ်များကို ၎င်း၏ နယ်နိမိတ်အတွင်း ထားရှိခွင့်ပြုခြင်းအားဖြင့် ဒေသတွင် တင်းမာမှုကို မြင့်တက်စေ ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

Source: Nagaland Post

ပုံ - ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image