1 y - Translate

မားကပ်စ် ရပ်ရှ်ဖို့ ကို ခေါ်ယူလိုက်တဲ့ အက်စတွန် ဗီလာ အသင်းဟာ PSG အသင်းမှ မာကို အဆန်စီယို ကို ခေါ်ယူဖို့ပါ သဘောတူညီမှု ရယူသွားနိုင်ခဲ့ပါပြီ ။
ဒီအတွက် ဗီလာ တို့ ကစားသမားရဲ့ လစာကို အပြည့်အဝပေးချေရမှာပဲ ဖြစ်ပါတယ် ။ အပြီးသတ် ခေါ်ယူခွင့် မပါပါဘူး ။
ကစားသမားဟာ ဒီနေ့ အင်္ဂလန်ကို ဆေးလာစစ်ပါ့မယ် ။

image
1 y - Translate

၁၉ သင်း တိုက်စစ်ကစားသမားတွေကို ကံဆိုးခြင်းတွေယူလာပေးမယ့် ဘယ်ခြမ်းခံစစ်က ကျောနံပါတ် 13 Dorgu 😈🔴

image
1 y - Translate

Natural Amethyst (သဘာဝခရမ်းစွဲ)💜

#gems

image
1 y - Translate

Natural Amethyst (သဘာဝခရမ်းစွဲ)💜

#gems

image
1 y - Translate

Natural Amethyst (သဘာဝခရမ်းစွဲ)💜

#gems

imageimage
1 y - Translate

Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။

တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။

အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။

ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

#crd
#storymode

image

ကိုးကို ရဲ့ကလေးလေးဆိုတော့ ဂရုစိုက်ရတော့မယ်😞

image

Part-2
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
အထက်တန်းစာဝါတွေကိုတော့ ဘုရားကြီးတိုက်၊ အမရပူရကျောင်းကိုပဲ သွားလိုက်ကြတော့ အဲဒီမှာ ဆရာတော်ရဲ့ လက်ထောက်က အခုမဟနဥက္ကဋ္ဌ ဖြစ်နေ တဲ့ ဝဋံသကာဘိဝံသ ဗန်းမော်ဆရာတော် ဦးကုမာရပါ။
အဝိဒူရေနိဒါန်းအရ-
ဆရာတော် ဦးကုမာရကလည်း ကန်မြဲဇောင်းကျမ်းထွက်ပဲဖြစ်သလို ဆရာဂျမ်း (ဦးတင်မိုး) ကျောင်းနေစကတည်းက ပရိတ်ကြီးတစ်ဂါထာကို မုန့်ဖိုးငါးပြား ဆုချပြီး ပရိတ်ကြီး(၁၁)သုတ်လုံးသာမက ပါဠိစာပေနဲ့ အခြေခံနဲ့ပါ ရင်းနှီးအောင် သင်ပြပေး ခဲ့တဲ့ ဆရာဂျမ်းရဲ့ ငယ်ဆရာပါ။ ဒါနဲ့ပဲ ဆရာတူတပည့်စဉ်ဆက်အဖြစ် နှီးနွယ် ဆက်စပ်ပြီး မိမိနဲ့ ဆရာဂျမ်းက စတင်ရင်းနှီးတာပါ။
ဆရာဂျမ်းနဲ့ ဆက်စပ်ပြီးတော့ပဲ မူလကတည်းက စာပေဝါသနာပါတဲ့ မိမိ လည်းပဲ မန္တလေးတက္ကသိုလ် ကလောင်အင်အားစုများဖြစ်ကြတဲ့ ဆရာနိုး၊ ဆရာစွမ်း၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ တက္ကသိုလ်မောင်စောလွင် စသူတို့နဲ့ရော၊ လူထုဇနီးမောင်နှံတို့ဦးဆောင်တဲ့ အထက်ဗမာပြည်စာပေအင်အားစု များနဲ့ပါ ‘တစ်နွယ်ငင်တစ်စဉ်ပါ” ဆက်စပ်မိသွားကြတာပါ။
ဆရာဦးသာနိုးကို ပထမဆုံးသိသိမှတ်မှတ် သတိထားမိတာကတော့-
စာဆိုရာသီ အနောက်ကျုံးလမ်းဓမ္မာရုံမှာပြုလုပ်တဲ့ စာတမ်းဖတ်ပွဲမှာပါ။ အဲဒီအချိန်က အထက်ဗမာပြည်စာရေးဆရာတို့ရဲ့ “စကားပြောဟန်အရေးအသား” လှုပ်ရှားသက်ဝင်လာတဲ့ကာလလည်း ဖြစ်လေတော့ ဆရာနိုးကလည်း-
စာနဲ့စကားမှာ စကားကသာလူတို့ရဲ့ ပထမဆုံးအသိပေးသင်္ကေတဖြစ်ကြောင်း၊ နောက်မှ စကားကို စာလုံးသင်္ကေတအက္ခရာများနဲ့ ရေးသားလာကြတော့ ‘စာ’ရယ်လို့ ဖြစ်လာကြောင်း၊ ပိဋကတ်စာပေဆိုတာလည်း မူလက မြတ်စွာဘုရား ပြောဟောခဲ့တဲ့ စကားများသာဖြစ်ပြီး နောက်မှ အက္ခရာများနဲ့ ပြောင်းလဲ မှတ်တမ်းတင်လာကြလို့ 'ပိဋကတ်စာပေ’ရယ်လို့ ဖြစ်လာကြောင်း၊ ဒါကြောင့်-အခြေခံလူတန်းစားများပ နားလည်လွယ်စေရေးအတွက် စကားပြောဟန်နဲ့ ရေးသားဖို့ အားထုတ်ရတာဖြစ်ကြောင်း နိဒါန်းစကားခံပြီး သူ့စာတမ်းကို ဖတ်ကြားပါတယ်။

#ဆက်ရန်ရှိ

1 y - Translate

"ဒီအပြောင်းအရွှေ့ကို ဖြစ်လာအောင်လုပ်ပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကိုရော အက်စတွန်ဗီလာအသင်းကိုပါ ကျေးဇူးတင်တယ်လို့ ဗပြာချင်ပါတယ်"
"ကျွန်တော့ကို ကမ်းလှမ်းတဲ့အသင်းအနည်းငယ်ပဲ ရှိခဲ့တာပါ ။ ဒီအထဲကမှ ဗီလာက တကယ့်ကို လွယ်ကူတဲ့ ရွေးချယ်မှု ဖြစ်စေခဲ့ပါတယ် ။ အခုရာသီမှာ ဗီလာကစားနေတဲ့ ပုံစံနဲ့ သူတို့နည်းပြရဲ့ ရည်မှန်းချက်တွေကို တကယ်သဘောကျမိပါတယ်"
Marcus Rashfrod
ရက်ရှ်ဖိုဒ့်ဟာ ဗီလာအသင်းဆီကို ရာသီကုန်အထိအငှားပြောင်းရွှေ့ ကစားတော့မှာ ဖြစ်ပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး လစာရဲ့ ၇၅% ကနေ ၉၀% အထိ ဗီလာအသင်းဘက်က ပေးချေသွားရမှာပါ။

image

တနင်္ဂနွေညပိုင်းနှင့် တနင်္လါမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image
image