52 ပတ် - ဘာသာပြန်ပါ။

OFFICIAL: Denmark နောက်ခံလူ Patrick Dorgu သည် ၂၀၃၀ ဇွန်လထိ ၅ နှစ်ခွဲစာချုပ် (+ ၁ နှစ်တိုးခွင့်) ဖြင့် တရားဝင် ပြောင်းရွှေ့လာပြီဖြစ်သည်။ ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၅ သန်း + ၄ သန်းဖြစ်ပြီး ကျောနံပါတ် ၁၃ အား ဝတ်ဆင် ကစားမည်ဖြစ်သည်။

#ဘောလုံးသတင်းစုံ

image
52 ပတ် - ဘာသာပြန်ပါ။

Meta ၏ ပရိုဂရမ်တစ်ခု ဖျက်သိမ်းမှုက အာရှမှာ မတည်ငြိမ်မှုများဖြစ်လာနိုင်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂

Facebook ၊ Instagram၊ Threads၊ နှင့် WhatsApp လူမှုမီဒီယာများ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ကုမ္ပဏီက ထိုလူမှုမီဒီယာများပေါ်တွင် အချက်အလက် မှန်၊ မမှန် စစ်ဆေးသည့် ပရိုဂရမ် (fact-checking program) ကို ဖျက်သိမ်းခဲ့သည့် ဆုံးဖြတ်ချက်သည် အာရှဒေသအပေါ် ဂယက်ရိုက်ခတ်စေနိုင်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့ သည်။

ထိုဆုံးဖြတ်ချက်သည် အာရှဒေသတွင် သတင်းအမှားများ ပိုမိုပျံ့နှံ့လာနိုင်ပြီး လူမှုရေး မတည်မငြိမ်မှုများ ဖြစ်လာနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

အချက်အလက် မှန်/မမှန် စစ်ဆေးသည့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုပရိုဂရမ် သည် သတင်းအမှားများကို တိုက်ဖျက်သည့် Meta ကုမ္ပဏီ၏ အောင်မြင်သော မဟာဗျူဟာတစ်ခုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရသည်။

လွတ်လပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ထိုပရိုဂရမ်သည် လူမှုမီဒီယာ ပလက်ဖောင်းများ ပေါ်တွင် သတင်းအမှားများကို ခွဲခြားစိစစ်ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် မကြာသေးမီက Meta ကုမ္ပဏီသည် ထိုပရိုဂရမ်ကို ရပ်တန့်ကြောင်း ကြေညာခဲ့ပြီး လူမှုမီဒီယာ အသုံးပြု သူများအကြား ပို့စ်များတွင် ဆက်စပ်အကြောင်းအရာများ ထည့်သွင်းနိုင်သည့် Community Notes အမည်ရှိ ပရိုဂရမ်ကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ထိုပရိုဂရမ်နှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။

Meta စီအီးအို မာ့ခ် ဇူကာဘာ့ချ် (Mark Zuckerberg) ကမူ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိုမိုကျယ်ပြန့်စေရန် အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ အချက်အလက် မှန်/မမှန် စစ်ဆေးသည့် အဖွဲ့များနှင့် ကျွမ်းကျင်သူများကမူ Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို အာရှကဲ့သို့ နေရာဒေသများတွင် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ကွင်းစ်လန်း နည်းပညာတက္ကသိုလ်၏ ဆက်သွယ်ရေး သင်တန်းကျောင်း (Queensland University of Technology’s School of Communication) ၏ တွဲဖက်ပါမောက္ခဖြစ်သည့် မီရှဲလ် ရီဒလင်ဂါ (Michelle Riedlinger) ကမူ အချက်အလက် မှန်/မမှန် စစ်ဆေးသည့် ပရိုဂရမ်ကို ရပ်တန့်လိုက်ခြင်းသည် အမုန်းစကားများ၊ သတင်းအမှားများ ပျံ့နှံ့မှုကို တိုက်ဖျက်သည့် အားထုတ်ကြိုးပမ်းမှုများအား လျော့နည်းသွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုတက္ကသိုလ်မှ ပါရဂူဘွဲ့ဆိုင်ရာ သုတေသနပညာရှင် နက် ဝတ် (Ned Watt) ကလည်း Meta ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည် အခြားလူမှုမီဒီယာ ကုမ္ပဏီများ၏ သတင်းအမှား တိုက်ဖျက်သည့် လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: Nikkei Asia

ပုံ - လူမှုမီဒီယာကို သရုပ်ဖော်ပြထားစဉ်

#centralnewsnaypyitaw

image

အမေရိကန်က အခွန်ကောက်ခံမှုစတင်ကြောင်း ကြေညာပြီးနောက် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က လက်တုံ့ပြန်ဖို့ ပြင်ဆင်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂

အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ရဲ့ သွင်းကုန်တွေအပေါ် ဒီနေ့ကစပြီး အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်တုံ့ပြန် အစီအမံတွေ ချမှတ်ဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်ကို အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တရားမဝင် ဖန်တနိုင်းမူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုကာ ကနေဒါနဲ့ မက္ကဆီကို သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဒေါ်နယ်ထရန့်က အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ကို သွင်းကုန် ၄၀ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ထရန့်က အခွန်စည်းကြပ်ရင် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားတဲ့ ကနေဒါဝန်ကြီးချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ အစီအမံတရပ် ထုတ်ပြန်ဖွယ်ရှိနေပါတယ်။

နိုဗာစကိုးရှားပြည်နယ်မှာတော့ အမေရိကန်ကနေ တင်သွင်းတဲ့အရက်တွေအားလုံးကို စတိုးဆိုင်တွေအားလုံးကနေ ဖယ်ရှားဖို့ထိ ပြည်နယ်ဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပါတယ်။

မက္ကဆီကို စီးပွားရေးဝန်ကြီးချုပ်ကတော့ အမေရိကန်ရဲ့အခွန်းစည်းကြပ်မှုအပေါ် လတ်တလောမှတ်ချက်မပေးပေမယ့် အခွန်တန်ပြန်ကောက်ခံတာနဲ့ တုံ့ပြန်ဖို့ရှိနေတယ်လို့ အစိုးရ သတင်းရင်းမြစ်တယောက်ကပြောပါတယ်။

တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ တိုင်ကြား ဖြေရှင်းခိုင်းမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာလို့လည်း တရုတ်နိုင်ငံက စွပ်စွဲပြောဆိုပါတယ်။

ဒီလိုအခွန်ကောက်ခံမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ပို်ငအခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် ပြတ်ပြတ်သားသားကာကွယ်ဖို့ တန်ပြန်အစီအမံတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image

image
52 ပတ် - ဘာသာပြန်ပါ။

လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်ကဒီရာသီကာလမှာအပြောင်းအရွှေ့ကိစ္စလှုပ်ရှားမှုမရှိသလောက်ရှိခဲ့ပြိးနောက်လာမဲ့နွေရာသီကာလမှာတော့သေချာပေါက်ကစားသမားခေါ်ယူအားဖြည့်မယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။

ကြိုးကြာနီအသင်းဟာ နယ်သာလန်သားနည်းပြအာလ်နေးစလော့ဒ်လက်အောက်မှာဒီရာသီကစားသမားခေါ်ယူမှုမရှိလုနီးပါးရှိခဲ့ပြီးဆောင်းရာသီကာလစျေးကွက်မှာလည်းမရှိခဲ့တာဖြစ်ပါတယ်။သူတို့အသင်းအနေနဲ့ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ဖီဒရီဂို ချီယေဆာကိုသာခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကစားသမားခေါ်ယူမှုမရှိပေမဲ့လီဗာပူးလ်အသင်းအနေဲ့နည်းပြယာဂင်ကလော့ပ်ရဲ့လက်ထက်ကစားသမားအစုအဖွဲ့အတိုင်းလက်ရှိအချိန်အထိပုံစံကောင်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာချန်ပီယံဆုကိုအမြဲစိန်ခေါ်နိုင်တဲ့အသင်းဖြစ်သင့်ပါတယ်။ငါတို့အနေနဲ့ တချိန်လုံးအမြဲတမ်းယှဉ်ပြိုင်နေပါတယ်။

ကျနော့်အနေနဲ့ ကလပ်အသင်းရဲ့အဆင့်အတန်းကိုထိန်းသိမ်းထားနိုင်မယ်လို့မျှော်လင့်ပါတယ်။တခါတလေမှာတော့ကစားသမားစျေးကွက်နဲ့ပတ်သက်ပြီးမေးခွန်းတွေရှိပါလိမ့်မယ်။ဘာလို့လဲဆိုတော့ နွေရာသီကာလအပါအဝင်ဆောင်းရာသီကာလတွေမှာငါတို့ဘာတွေအများကြီးလုပ်ဆောင်ခဲ့လဲဆိုတာသူတို့မမြင်ခဲ့တာကြောင့်ပါ။

ဒီဟာကလည်း ဒီကိစ္စအကြောင်းအရာအတွက်အကြောင်းအရင်းပါပဲ့။ငါတို့မှာဒီလိုကောင်းမွန်တဲ့စုဖွဲ့မှုရှိထားပြီး ငါတို့အနေနဲ့ နွေရာသီကာလမှာတော့သေချာပေါက်အသင်းဆီခေါ်ယူအားဖြည့်ဖို့လုပ်ဆောင်နေတယ်ဆိုတာကျနော်သိပါတယ်လို့စလော့ဒ်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image
52 ပတ် - ဘာသာပြန်ပါ။

အမျိုးသမီး ၆ ဦးကို တရုတ်မယားအဖြစ် ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို ထောင်နှစ်ရှည်ချမှတ်

ဖေဖော်ဝါရီ ၂

အမျိုးသမီး ၆ ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်နေ ရွှေနုစိန်နှင့် မိမိခိုင်တို့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ မ—-၊ ၂၀/၂၄ နှစ်၊ မ—-၊ ၂၂/၂၄ နှစ်နှင့် မ—-၊ ၂၉/၂၄ နှစ်တို့ သုံးဦးအား “တရုတ်နိုင်ငံ၌ တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ် သိန်း ၇၀ ရရှိမည်၊ ကလေးယူပြီးပါက နေရပ်သို့ပြန်ရမည်၊ ကား၊ ခြံနှင့် နေရမည်”ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် စစ်တွေနယ်မြေရဲစခန်း (ပ) ၂၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

အဆိုပါအမှုအား စစ်တွေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၂၇ ရက်တွင် တရားခံ ရွှေနုစိန်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံ ရွှေလီမြို့ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဖုရန်းမြို့နေ GAO FENGYING (ကောင်းဖိန်းရင်)၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်နှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်တို့က လယ်ဝေးမြို့နယ်နေ မ—-၊ ၁၉/၂၄ နှစ်အား “တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယား အဖြစ်ဆောင်ရွက်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ တစ်နှစ်နေပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်၊ ကလေးမွေးပေးရမည်” ဟု ပြောဆိုစည်းရုံးပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသဖြင့် လေဆိပ်နယ်မြေရဲစခန်း(ပ) ၂၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

အဆိုပါအမှုအား တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံနန်းဆိုင်ခမ်း (ခ) မားမားနှင့် ကောင်းဖိန်းရင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ တရုတ်နိုင်ငံ ရွှေလီမြို့ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်နေ ချစ်ထူး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်နေ ကောင်းထက်ကျော် (ခ) ဖိုးစည်တို့က ညောင်ရွှေမြို့နယ်နေ မ—-၊ ၂၈/၂၄ နှစ်နှင့် တောင်ဒဂုံမြို့နယ်နေ မ—-၊ ၂၃/၂၄ နှစ်တို့ နှစ်ဦးအား “တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း ၈၀ ရရှိမည်၊ ပတ်စ်ပို့ပြုလုပ်ပေးမည်၊ ခရီးစရိတ်ကုန်ကျခံပေးမည်”ဟု ပြောဆိုစည်းရုံးပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရန်အတွက် စည်းရုံးသိမ်းသွင်းထားရှိပြီး အကျိုး အမြတ်ရယူဆောင်ရွက်ခဲ့ကြသဖြင့် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

အဆိုပါအမှုအား တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ နန်းဆိုင်ခမ်း (ခ) မားမားနှင့် ချစ်ထူးတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀)စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
52 ပတ် - ဘာသာပြန်ပါ။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Myanmar Academy Fashion Award ဆုပေးအပ်မည်

ဖေဖော်ဝါရီ ၂

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Myanmar Academy Fashion Award ဆုပေးအပ်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ အကယ်ဒမီပွဲတက်ရောက်လာကြတဲ့ အနုပညာတွေက ည ၆ နာရီခွဲ နောက်ဆုံးထား တက်ရောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မနှစ်ကဆိုရင် ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တို့ရဲ့ ပွဲတက်ဖက်ရှင် အတော်များများကို အမှတ်ပေးအကဲဖြတ်ဘုတ်အဖွဲ့က နှစ်သက်ပြီး ဆုပေးချင်ပေမဲ့ အမှတ်ပေးလို့ရတဲ့အချိန်ကျော်လွန်သွားတာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘူးဖြစ်ခဲ့ရတယ်။ ဒါကြောင့် အခုလာမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို အချိန်စောစွာ တက်ရောက်ပေးဖို့အနုပညာရှင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်” လို့ Myanmar Academy Fashion Award ဆုပေးရေး အကဲဖြတ် ကိုဂျွန်လွင်(Star & Model International) က M ပြောပါတယ်။

အဆိုပါ ဆုတွေအတွက် အကဲဖြတ်ဒိုင်အနေနဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဆွေဇင်ထိုက်၊ ကိုဂျွန်လွင်(Star & Model International)၊ ဒီဇိုင်နာပြည်စိုးအောင်၊ မိတ်ကပ်ခင်စန်းဝင်းနဲ့ ဓာတ်ပုံကိုနိုင်(R2) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆု စတဲ့ ဆု ၄ ဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။

မြန်မာ့အကယ်ဒမီဖက်ရှင်ဆုကို ဒီဇိုင်နာတွေအနေနဲ့ လူတကာငေးမောကြည့်ရှုနိုင်မှု၊ မြင်သူတိုင်းနှစ်သက်စရာကောင်းတဲ့အဆင်ဒီဇိုင်းဆန်းသစ်ပြီး ကာလာ လိုက်ဖက်မှုရှိနေတဲ့ ဝတ်စုံဝတ်ဆင်လာရမယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ်မှတ်ချက်အနေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ မြန်မာဝတ်စုံဖြစ်ဖို့ မြန်မာ့ယဉ်ကျေးမှုစံချိန်နဲ့အညီ ချုပ်လုပ်ထားသော ဝတ်စုံဖြစ်ဖို့ အထူးသတိပြုဖို့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ ဝတ်စုံမျိုး လုံးဝမဖြစ်ရပါဘူး။

မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေအတွက် Like နဲ့ Love တွေရဲ့ React ပေးသူတွေကို Count လုပ်သွားမှာဖြစ်ပြီး Angry နဲ့ Sad တွေ React ပေးသူများကို Uncount လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Myanmar Academy Fashion Award ဆုရရှိတဲ့သူများကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၇ နာရီတိတိမှာ အကဲဖြတ်ဒိုင်လူကြီး‌တွေက အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးမှာဖြစ်ပါတယ်။

မှတ်ချက်အနေနဲ့ Fashion Award ဆုအနေနဲ့ အငြင်းပွားမှုတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတည်ဖြစ်တယ်လို့ သိရပါတယ်။

#celecele

image

အင်းစိန်တွင် ယနေ့နံနက် လောင်ကျွမ်းသောမီးကြောင့် နေအိမ် ၇ လုံး ဆုံးရှုံး

ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ယာ (၂) အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် ၇ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

“အခုကတော့ ဘာကြောင့် မီးလောင်တယ်ဆိုတာကို စစ်ဆေးတုန်းပဲ ရှိသေးတယ်။ လူ ထိခိုက်တာမရှိဘူး” ဟု မီးလောင်ပြင်သို့သွားရောက်ကူညီခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က Level 1 မီးသတ်ယာဉ်အုပ်စု၊ အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်မှာ နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကာ နံနက် ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားပြီး မီးလောင်မှူ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ပုံစာ။ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ယာ (၂) အနီး ယနေ့နံနက် မီးလောင်မှုမြင်ကွင်း (ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့)

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

me

52 ပတ် - ဘာသာပြန်ပါ။

Xiaomi ဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Gaming အတွက် budget အသင့်အတင့်နဲ့ ဝယ်ယူလို့ရမယ့် Xiaomi ဖုန်းတွေထဲမှာ အောက်ပါမော်ဒယ်တွေကို ရွေးချယ်နိုင်ပါတယ်။

### 1. **Xiaomi Poco X4 Pro 5G**
- **Processor* Qualcomm Snapdragon 695 5G
- **Display* 6.67-inch AMOLED, 120Hz refresh rate
- **RAM* 6GB/8GB
- **Storage* 128GB/256GB
- **Battery* 5000mAh with 67W fast charging
- **Price Range* ကျပ် ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ အထိ

Poco X4 Pro 5G ဟာ gaming အတွက် ကောင်းမွန်တဲ့ performance နဲ့ 120Hz refresh rate ပါတဲ့ display တို့ကြောင့် ဂိမ်းကစားရာမှာ ချောမွေ့စွာ ကစားနိုင်မှာဖြစ်ပါတယ်။

### 2. **Xiaomi Redmi Note 11 Pro+ 5G**
- **Processor* MediaTek Dimensity 920 5G
- **Display* 6.67-inch AMOLED, 120Hz refresh rate
- **RAM* 6GB/8GB
- **Storage* 128GB/256GB
- **Battery* 4500mAh with 120W fast charging
- **Price Range* ကျပ် ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ

Redmi Note 11 Pro+ 5G ဟာ ဂိမ်းကစားရာမှာ စွမ်းဆောင်ရည်မြင့်မားပြီး 120W fast charging ပါတဲ့အတွက် ဘက်ထရီကို အမြန်ဆုံးအားသွင်းနိုင်မှာဖြစ်ပါတယ်။

### 3. **Xiaomi Poco F4**
- **Processor* Qualcomm Snapdragon 870
- **Display* 6.67-inch AMOLED, 120Hz refresh rate
- **RAM* 6GB/8GB
- **Storage* 128GB/256GB
- **Battery* 4500mAh with 67W fast charging
- **Price Range* ကျပ် ၇၀၀,၀၀၀ မှ ၈၀၀,၀၀၀ အထိ

Poco F4 ဟာ Snapdragon 870 processor ပါတဲ့အတွက် gaming performance အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

### 4. **Xiaomi Redmi K50i**
- **Processor* MediaTek Dimensity 8100
- **Display* 6.6-inch IPS LCD, 144Hz refresh rate
- **RAM* 6GB/8GB
- **Storage* 128GB/256GB
- **Battery* 5080mAh with 67W fast charging
- **Price Range* ကျပ် ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ

Redmi K50i ဟာ 144Hz refresh rate ပါတဲ့ display နဲ့ Dimensity 8100 processor တို့ကြောင့် gaming အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

### 5. **Xiaomi Poco X5 Pro**
- **Processor* Qualcomm Snapdragon 778G
- **Display* 6.67-inch AMOLED, 120Hz refresh rate
- **RAM* 6GB/8GB
- **Storage* 128GB/256GB
- **Battery* 5000mAh with 67W fast charging
- **Price Range* ကျပ် ၆၀၀,၀၀၀ မှ ၇၀၀,၀၀၀ အထိ

Poco X5 Pro ဟာ Snapdragon 778G processor ပါတဲ့အတွက် gaming အတွက် ကောင်းမွန်တဲ့ performance ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။


Xiaomi ဖုန်းတွေဟာ စျေးနှုန်းသက်သာပြီး gaming အတွက် ကောင်းမွန်တဲ့ performance တွေကို ပေးစွမ်းနိုင်တဲ့အတွက် budget အသင့်အတင့်နဲ့ ဝယ်ယူလို့ရတဲ့ ရွေးချယ်စရာတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ဘတ်ဂျက်ကို မူတည်ပြီး သင့်တော်တဲ့မော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။