1 y - Translate

Samingdam က မိုးထက်အောင်ကို အမှတ်ပြတ်နိုင်ပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးခဲ့တာပါ။ မိုးထက်အောင်ရဲ့ မာဂုဏ်ကြီးက အကြမ်းစားကြီးပါ။ ဒါပေမယ့် ပတ်တံတောင်ရိုက်ပြီး ပွဲသိမ်းချင်တာလား မသိဘူး။ ပတ်တံတောင်ရိုက်ချက်တွေ မလိုအပ်ဘဲ သုံးနေတယ်။ Samingdam က အကွက်ပိုစုံပါတယ်။
Samingdam က မိုးထက်အောင်ထက် ပွဲတွင်းဝိတ်များပါတယ်။ ပထမအချီမှာတည်းက ဆိုင်ထိုးနေကြတာ ကြောက်စရာကြီးပါ။ ဒုတိယအချီမှာ Samingdam က တော်တော်သာတယ်။ မိုးထက်အောင်က ပတ်တံတောင်ရိုက်ချင်ပေမယ့် တိုင်မင်လွဲနေတယ်။ Samingdam ကပဲ ထိချက်အသာစီးယူနိုင်တယ်။ မာဂုဏ်ကြောင့်သာ မိုးထက်အောင်က အလဲထိုးမခံရတာပါ။
Samingdam ရဲ့ Head Movement ကိုပဲ ချီးကျူးချင်ပါတယ်။ မိုးထက်အောင်ရဲ့ အပိုင်လက်သီးတွေကို အေးဆေးရှောင်ပြတာပါ။ လက်သီးထိုးတာ အားလွန်နေတာမို့ အသာရှောင်နိုင်တာလည်း ပါတယ်။ ပြီးတော့ ဝိုက်လက်သီးနောက်မှာ ကပ်လာပါလာတဲ့ ပတ်တံတောင်ကိုလည်း အသာလေးရှောင်ပြသွားတယ်။ မိုးထက်အောင်ကလည်း ဝိုက်လက်သီးနဲ့ ပတ်တံတောင်ကို တွဲစပ်အသုံးပြုလွန်းတာမို့ မှတ်မိနေတယ်ထင်ပါတယ်။
တတိယအချီမှာလည်း Samingdam က ပိုကောင်းတယ်။ မိုးထက်အောင်က အတင်းပွဲဖြတ်ဖို့ ကြိုးစားပေမယ့် အရာမထင်ဘူး။ Samingdam က ချိန်ထိုးတဲ့ မိုးထက်အောင်ရဲ့ လက်သီးလမ်းကြောင်းကို တွက်ဆမိနေတာပါ။ လက်သီးလွဲရင် Spinning Back Fist လာတယ်။ အလွတ်ရနေတဲ့ Combo ကြီးပါ။ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ဆိုချင်ပါတယ်။

image

မက္ကဆီကိုကလပ် မွန်တာရေးနဲ့ ရာမို့စ်ဆွေးနွေး

ဖေဖော်ဝါရီ ၁

ရီးရယ်လ်အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မက္ကဆီကို ကလပ် မွန်တာရေးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

RG Deportiva က ရာမို့စ်ဟာ တစ်နှစ်လုပ်ခလစာဒေါ်လာ ၄ သန်းရရှိမယ့် မက္ကဆီကိုကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ လမ်းဖွင့်ထားတယ်လို့ ဖော်ပြထားတာပါ။

ဒါပေမယ့် ရာမို့စ်ဟာ စာချုပ်ထဲမှာ ထည့်သွင်းချင်နေတဲ့ စွမ်းဆောင်မှုအပေါ်မူတည်တဲ့ အပိုဆုကြေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်တာမှာ အနည်းငယ် အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရာမို့စ်ရဲ့ကိုယ်စားလှယ်တွေဟာ သူ့ရဲ့ကစားသမားကို ၂ နှစ် စာချုပ်ချုပ်ဖို့ တွန်းအားပေးနေပေမယ့် မွန်တာရေးအသင်းက ၁ နှစ်စာချုပ်သာချုပ်ဖို့ ဆန္ဒရှိနေတာပါ။

မွန်တာရေးအသင်းအကြီးအကဲ အန်တိုနီယိုနိုရီဂါက ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ကလပ်အသင်းစဉ်းစားနေတဲ့ ရွေးချယ်စရာတွေထဲမှာ တစ်ဦးအနေနဲ့ပါဝင်တယ်လို့ အတည်ပြုထားပါတယ်။

မွန်တာရေးအသင်းနည်းပြ ဒီမစ်ချယ်လစ်ကတော့ ရာမို့စ်အသင်းထံလာရင် ကြိုဆိုသွားမှာဖြစ်ပြီး မက္ကဆီကိုလိဂ်အတွက်ရော အသင်း အတွက်ဂုဏ်ယူစရာဖြစ်မယ်လို့ ပြောထားတာပါ။

ရာမို့စ်အတွက်တော့ ဥရောပပြင်ပမှာရှိနေတဲ့ ကလပ်အသင်း တွေရဲ့ချိတ်ဆက်မှုကိုခံရတာက ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

ရာမို့စ်ဟာ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့သလို ဆော်ဒီကလပ်အသင်းတွေရဲ့ ချိတ်ဆက်မှုတွေကိုလည်း ရရှိခဲ့တာပါ။

ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ငယ်ဘဝ ကလပ် ဆီဗီလာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းက အသင်းသစ်မရရှိသေးတာဖြစ်ပါတယ်။

စပိန် နောက်ခံ လူဟောင်းဟာ ရီးရယ်လ်အသင်းရဲ့ခံစစ်ဒဏ်ရာအကျပ်အတည်းကြောင့် အသင်းဟောင်းထံ ပြန်လာချင်ပေမယ့် ရီးရယ်လ်အသင်းက သူ့ကိုခေါ်ယူခဲ့ခြင်းမရှိတာပါ။

ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၅ ကနေ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး စပိန်လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရရှိခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးရယ်လ် အသင်းကနေ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကြာကစားခဲ့ကာ မနှစ်ကရာသီက ဆီဗီလာ အသင်းအတွက် တစ်ရာသီကြာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

Source:Goal

#ဘောလုံးသတင်းစုံ

image

အမေရိကန်မှာ လူ ၆၀ ကျော်သေတဲ့ လေယာဉ်ပျက်ကျမှုအပြီး လေယာဉ်ငယ်တစင်း ပျက်ကျမှု ဖြစ်ပွားပြန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားအရှေ့မြောက်ပိုင်းမှာ အဆောက်အအုံတွေပေါ်ကို လေယာဉ်ငယ်တစင်း မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး မြေပြင်ပေါ်က လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာ ခရီးသည်တင်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တို့ ပျက်ကျမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့တဲ့ မတော်တဆမှုအပြီး ရက်ပိုင်းအကြာမှာ အခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူအများအပြား လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

လေယာဉ်ဘာကြောင့် ပျက်ကျရတယ်ဆိုတာနဲ့ လိုက်ပါသွားသူအရေအတွက် ဘယ်လောက်၊ အသက်ရှင်ကျန်ရစ်သူ ဘယ်လောက်ရှိလဲဆိုတာကို ရှင်းလင်းစွာ မသိရသေးပါဘူး။ ပျက်ကျမှုဟာ မြို့ရဲ့လူနေထူထပ်တဲ့ သုံးထပ်စျေးဝယ်စင်တာရဲ့ အရံအတားတွေဖြစ်ပွားခဲ့တာပါ။

အဲဒီနေရာမှာ တဆက်တည်းအိမ်ရာတွေနဲ့စျေးဆိုင်တွေ အများအပြားတည်ရှိနေပါတယ်။ ဒီဖြစ်စဉ်အတွင်း မော်တော်ကားတွေလည်း ပျက်စီးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ Learjet 55 အမျိုးအစား လေယာဉ်ဟာ ဖီလာဒဲလ်ဖီးယား လေဆိပ်ကနေ ပျံတက်ပြီး လေးမိုင်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

အခင်ဖြစ်ချိန်မှာ ရာသီဥတုက တိမ်အသင့်အတင့်ရှိနေပြီး လေတိုက်နှုန်း ၁၀ မိုင်ကနေ မိုင် ၂၀ ရှိတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး လေကြောင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

Ref:BBC
Photo: Office of Emergency Management.

#centralnewsnaypyitaw

image

နစက အဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်းခြင်းအပါအဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ ဝန်ကြီးအပြောင်းအလဲ အမိန့်စာများ။

#သတင်းဟင်းလေးအိုးကြီး

imageimage
+7
1 y - Translate

ဒီညပွဲမှာ ကျပ် သိန်းတစ်ထောင် ကျော် ရတဲ့ Eh Mwi 👏🏻 ဘယ်လိုလဲဆိုတော့...
Eh Mwi vs. Muga Seto ရဲ့ပွဲက Fight of the Night အဖြစ်ရွေးချယ်ခြင်းခံရပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်ယောက်လုံး $10,000 စီရကြမှာပါ။
ကယ်... အကုန်တွက်ကြည့်မယ်...
Bonus - $10,000
Fight of the Night - $10,000
Fight purse (ထိုးကြေး) - $3000 (ဒါကတော့ အနည်းအများကွာနိုင်ပါတယ်)
Win Bonus (အနိုင်ဆု) - $3000 (ထိုးကြေးပမာဏအတိုင်းပါပဲ)
Total: $26,000 ပေါ့။ မြန်မာငွေနဲ့ဆိုရင် $1 = 45000 နဲ့တွက်ရင် သိန်းပေါင်း 1,170 ပါ (တစ်ထောင် တစ်ရာ ခုနှစ်ဆယ် သိန်းကျပ် ပါ)။
Eh Mwi ရဲ့ လက်ဝှေ့သမားဘဝ အတော်လေး ပြောင်းလဲသွားမယ်ထင်ပါတယ်။ ဂုဏ်ယူတယ်ဗျာ်။ ထိုက်လည်း ထိုက်တန်ပါတယ်။
ဆက်လက် အောင်မြင်ပါစေ Eh Mwi ရေ။ 🙏🏻🙏🏻🙏🏻🇲🇲🇲🇲🇲🇲

image
1 y - Translate

ဘိုင်ယန် လူငယ်ကစားသမားလေး Tel ဟာ စပါးအသင်းကို ပြောင်းဖို့ ပယ်ချခဲ့ပါတယ်။ စပါးနဲ့ဘိုင်ယန်တို့ကြားသဘောတူညီမှုရခဲ့ပေမယ့် Tel ကတော့ စပါးကိုပြောင်းဖို့စိတ်ဝင်စားခြင်းမရှိခဲ့ပါဘူး ❌
[Tanziloic]🌕

image
1 y - Translate

Real Madrid နဲ့ တွေ့ခဲ့တဲ့ မန်စီးတီး
ချန်ပီယံလိဂ် Playoff ပွဲစဉ်တွေထွက်ပေါ်လာပါပြီ
ကလပ်ဘရုဂျ် - အတ္တလန်တာ
စပို့တင်း - ဒေါ့မွန်
မန်စီးတီး - ရီးရဲမက်ဒရစ်
ဆဲလ်တစ် - ဘိုင်ယန်မြူးနစ်
ယူဗင်တပ် - ပီအက်စ်ဗွီ
ဖီယင်နော့ - အေစီမီလန်
ဘရတ်စ် - ပီအက်စ်ဂျီ
မိုနာကို - ဘင်ဖီကာ
ဖေဖော်ဝါရီလထဲမှာ အိမ်ကွင်း အဝေးကွင်းအဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာပါ ။
ဘယ်အသင်းတွေနောက်တဆင့်တက်ကြမယ်ထင်သလဲဗျ ။

image

- စီရော်နယ်ဒိုဟာ စပိန်ကို အသက် 24 နှစ်မှာရောက်ခဲ့သလို အန်တိုနီလည်း အသက် 24 နှစ်မှာစပိန်ကိုရောက်လာပါတယ်။
-စီရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ "ရီးရဲလ်"ဆိုတဲ့နာမည်ပါတဲ့အသင်းကို ပြောင်းခဲ့သလိုပဲ အန်တိုနီဟာလည်း ယူနိုက်တက်ကနေ "ရီးရဲလ်" ဆိုတဲ့ နာမည်ပါတဲ့အသင်းကို ပြောင်းခဲ့ပါတယ်။
-စီရော်နယ်ဒိုရဲ့ နာမည်အပြည့်အစုံမှာ "dos santos" ပါပြီး
ပေါ်တူဂီစကားပြောသလို အန်တိုနီရဲ့ နာမည်အပြည့်အစုံမှာ "dos santos" ပါပြီး ပေါ်တူဂီစကားလည်း ပြောပါတယိ။
ရာမဲလ်၊ ဗီနီ ၊ အမ်ဘာပေ ၊ ရာဖင်ဟာ တို့ ဘယ်လိုကြောက်စရာတောင်ပံတိုက်စစ်ကစားသမားတစ်ယောက်သူတို့ လိဂ်ကို ရောက်လာတာလဲ မသိကြသေးပါဘူး 🥶🇧🇷

image

စနေနေ့ မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image

ဖေဖော်ဝါရီ ၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image