ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘက်တစ်မှာ အလွန်ပျော်ရွှင်နေတယ်လို့ အန်တိုနီပြော
ဖေဖော်ဝါရီ ၂၀
ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတဲ့ တောင်ပံကစားသမား အန်တိုနီက သူဟာ ဘက်တစ်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
အန်တိုနီက “အရေးကြီးဆုံးအရာက ပျော်ရွှင်ဖို့ဖြစ်ပြီး ဘက်တစ်မှာ ကျနော် အလွန်ပျော်ရွှင်နေပါတယ်။ အရာ အားလုံးက သဘာဝအတိုင်း ဖြစ်လာပါတယ်။ ကျနော့်ကို ဥရောပထံ ခေါ်ဆောင်လာတဲ့ ဘောလုံးအရည်အသွေးကို ကျနော်ဒီမှာ ပြသနိုင်ခဲ့ပါတယ်။ ကျနော်ဟာ အလုပ်ကို ဆက်ကြိုးစားပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်စွာနဲ့ နေ့တိုင်း အာရုံစူးစိုက်နေပါတယ်။ ဒီအတိုင်းဆက်သွားမယ်”လို့ DAZN ကိုပြောခဲ့တာပါ။
အန်တိုနီဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ ဘက်တစ်အသင်းအတွက် လှပတဲ့ သွင်းဂိုးအပြင် ဂိုးဖန်တီးမှု ၁ ကြိမ်ကိုပါ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ် ကစားသမားဟာ ဘက်တစ်အသင်းကို ရောက်ရှိလာပြီးကတည်းက ကစားထားတဲ့ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးကာ လာလီဂါပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိထားတာပါ။
အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပေမယ့် ဘက်တစ်အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ရရှိနေတာဖြစ်ပါတယ်။
အန်တိုနီကတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ဒီရာသီအကုန်အထိ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေတာပါ။
ဘက်တစ်အသင်းဟာ အန်တိုနီကို လာမယ့် ရာသီအသင်းမှာ ဆက်ပြီးရှိစေချင်နေပေမယ့် သူ့ရဲ့အငှားစာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ပါဘူး။
အဲဒါကြောင့် အန်တိုနီဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်ရမှာဖြစ်ပြီး မန်ချက်စတာကလပ်မှာ ခြေစွမ်းပြသဖို့ သူ့အတွက် နောက်ထပ် အခွင့်အရေးရဖို့ရှိနေတာပါ။
ဘက်တစ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဂျန့်အသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ကစားရဖို့ ရှိနေပြီး ပထမအကျော့တုန်းက ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Source: Goal
ပုံ - အန်တိုနီကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
တောင်ကြီးမှာ ကား၊ ဆိုင်ကယ် ခိုးယူခံရမှုတွေ တိုးပွားလာ
ဖေဖော်ဝါရီ ၂၀
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခု ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း ကားနဲ့ ဆိုင်ကယ်ခိုးယူခံရမှုတွေ ပိုမိုတိုးပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုသီတင်းပတ်အတွင်းကလည်း ပညာရေးဝန်ထမ်းအိမ်ယာက ကားတစ်စီးအပါအဝင် ကားနှစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၁၈ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ အမှတ်-၂ရဲစခန်းအနီး၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်းဆုံးအနီးမှာ နေအိမ်ရှေ့ ရပ်ထားတဲ့ Honda Fitအမျိုးအစား၊ ခဲရောင် ကားတစီးကို ကားမှန်ရိုက်ခွဲကာ သော့ဖျက်ပြီးတော့ ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့ည ၈နာရီထိ ကားက ရှိနေပါသေးတယ်။ မိုးလင်းတော့ ကားက မရှိတော့ဘူး။ ကားမှန်ကို ရိုက်ခွဲပြီး ခိုးသွားတာ။ မှန်ကွဲစတွေ ကျန်ခဲ့တယ်။ အစစအရာရာ ရှားပါးနေတဲ့ အချိန်မှာ ခိုးခံရတော့ နှမျောတာပေါ့။ ရှေ့ရက်က ဝါးပြားမှာ ခိုးခံရတဲ့ ကားတစ်စီးနဲ့ ဖြစ်ပုံက အတူတူပဲ”လို့ ကားခိုးယူခံရသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်၊ ညပိုင်းကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံ အနီးရှိ ပညာရေးဝန်ထမ်းအိမ်ယာမှာ ရပ်ထားတဲ့ အဖြူရောင် Hijet အမျိုးအစားကားကိုလည်း ကားမှန်ရိုက်ခွဲကာ ခိုးယူခံရမှုဖြစ်ပွားခဲ့ပေမယ့် ခိုးယူသူတွေကို ဒီကနေ့အချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့မှာ ကားခိုးယူခံရမှုတွေ၊ မီးကြိုးခိုးယူခံရမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို ဆိုင်ကယ်ခိုးယူခံရမှုတွေလည်း နေ့တိုင်းဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ရက်၊ မနက်အစောပိုင်းကလည်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၃)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
➕ Aung Zaya အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် လုပ်ကိုင်ရန်
Marketing Executive (Female) - 2 Post
Reception (Female) - 1 Post
Marketing Executive
- ရုံးချိန်: 90 am to 50 pm
- Diploma in Marketing Management or Marketing
- လုပ်ငန်းအတွေ့ကြုံ: အနည်းဆုံး တစ်နှစ် ရှိရမည်။
- ဆယ်တန်းအောင် (သို့) ဘွဲ့ရ
- လစာ: 3 သိန်း - 4 သိန်းကြား
- တစ်ပတ်တစ်ရက် ပိတ်မည်။
Reception
- ရုံးချိန်: 7:30 am to 60 pm
- လုပ်ငန်းအတွေ့ကြုံ: အနည်းဆုံး တစ်နှစ် ရှိရမည်။
- ဝတ်စားဆင်ယင်မှု သေသပ်ပြီး ချမှတ်ထားသော စည်းမျဥ်း/စည်းကမ်းများကို အတိကျလိုက်နာပြီး အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သူ ဖြစ်ရမည်။
လိပ်စာ: 487/မကွေးလမ်း/၉ရပ်ကွက်/မီးခွက်စျေးအနီး/ လှိုင်သာယာမြို့နယ်။
CV တင်ရန်
Viber - 09882715426 သို့ CV Form နှင့် လျှောက်ထားမည့်ရာထူး(သို့မဟုတ်) အလုပ်ခေါ်စာ Screenshot ဖြင့် လျှောက်ထားနိုင်ပါသည်။
အင်းလေးမှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ခန့်သာ ပေါက်ဈေးရှိလို့ တောင်သူတွေ အရှုံးပေါ်နေ
ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။
အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အတွင်းက တပိဿကို ၇၀၀ကျပ်ကနေ ၉၀၀ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ရက်ကနေစတင်ပြီး တစ်ပိဿကို ၃၀၀ကျပ်ကနေ ၄၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က ပြောပါတယ်။
အင်းလေးဒေသထွက်ခရမ်းချဉ်သီးတွေဟာ လက်ရှိအချိန်မှာ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားနေတာကြောင့် စက်သုံးဆီနဲ့ လုပ်သားငှားရမ်းခ မြင့်တက်မှုတွေ ဖြစ် ပေါ်နေချိန်မှာ စျေးနှုန်းက ကျဆင်းနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။
“အောင်ပန်းအထိ သွားရောင်းရင်တော့ ၆၀၀ကနေ ၈၀၀လောက်အထိ ရတယ်။ ဒါပေမယ့် စက်လှေခ၊ အလုပ်သမားခ၊ ကားခတွေနဲ့ ပြန်တွက်လိုက်ရင် ဘာမှမထူးဘူး။ ရှုံးတာက ရှုံးတာပါပဲ။ ဈေးက အဲဒီဝန်းကျင်မှာပဲ ငြိမ်နေသေးတယ်။ ထပ်ကျဖို့တော့ မရှိလောက်ဘူး။ တခြားဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေက ကုန်ခါနီးပြီ။ သူတို့ဖက်က ကုန်ရင်တော့ ဈေးပြန်တက်လာမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းဈေးကွက်ဖြစ်တဲ့ အောင်ပန်းကုန်စည်ဈေးကွက်မှာ အခုဖေဖော်ဝါရီလအတွင်း ခရမ်းချဉ်သီးအပြင် ဂျင်း၊ ပဲကြီး၊ ပဲစင်းငုံစတဲ့ ကုန်စည်တွေလည်း ဈေးဆက်တိုက်ကျဆင်းလာနေတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Aungban Trading
#သတင်းဟင်းလေးအိုးကြီး
AI နည်းပညာဆန်းတွေနဲ့ ပြည်တွင်းထဲ ရောက်လာမယ့် Galaxy S25
Galaxy S တွေရဲ့ အစဉ်အလာအတိုင်း အဆင့်မြင့်ကင်မရာ စွမ်းရည် နဲ့ စွမ်းဆောင်ရည်မြင့်ပြီး Flagship ဆန်တဲ့ Experienceပေးနိုင်မယ့် Galaxy S25 စီးရီးကတော့ မြန်မာပြည်ဈေးကွက် မှာ ရနေပါပြီ။
Galaxy S25 Series ကို ဝယ်မယ်ဆိုရင် Storage ကို နှစ်ဆမြှင့်တင်ပေးထားတဲ့မော်ဒယ်နဲ့ Original Cover, Travel Adapter တွေကိုလည်းလက်ဆောင်ရရှိမှာဖြစ်ပြီး Trade-In လဲလှယ်မယ်ဆိုရင်လည်း Trade-In Incentive အနေနဲ့ Galaxy S25 Ultra အတွက် (၆) သိန်း ကျပ်ရရှိနိုင်ပြီး Galaxy S25+ နဲ့ Galaxy S25 တို့အတွက် (၅) သိန်းကျပ် ရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy S25 Series နဲ့အတူ Galaxy Watch Series သို့ Galaxy Buds3 Series နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုရင်လည်းအထူးလျှော့စျေးတွေ ပေးသွားဦးမှာဖြစ်ပါတယ်။
ဝယ်ယူဖို့အတွက် စုံစမ်းချင်ရင် Samsung Myanmar Facebook Page နဲ့ နီးစပ်ရာ Samsung Showroom၊ Samsung ရဲ့ Official Mobile ဖုန်းအရောင်းဆိုင်တွေမှာပါ စုံစမ်း ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။
ဗီလာကွင်းမှာ သရေသာ ရခဲ့တဲ့ တောသား ပဲခူးအသင်း
==========================================================
FULLTIME : A Vila 2 : 2 Liverpool
* ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဗီလာနဲ့ ပဲခူးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရင်း သရေ ၁ မှတ် ခွဲဝေယူခဲ့ကြပါတယ်။
* ဆာလာရဲ့ ဦးဆောင်ဂိုးကို တိုင်လီမန်စ် , ဝက်ကင်းစ်တို့ရဲ့ ဂိုးနဲ့ ဗီလာတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် အာနိုးက ပဲခူးအသင်းအတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။
* ဂိုးရလဒ်တူညီသွားပြီးနောက် တသင်းနဲ့တသင်း အပြိုင်အဆိုင် ဂိုးပေါက် လွဲချော်ကြရင်း သရေရလဒ်နဲ့ ပွဲကို ပိတ်သိမ်းခဲ့ကြပါတယ်။
* သရေရလဒ်ကြောင့် ၁၀ မှတ်ဖြတ်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပေမယ့် ဒုတိယနေရာက ဒုတိယလူကို တောသားအသင်း ၈ မှတ်ဖြတ်ပြီး ဦးဆောင်ထားဆဲဖြစ်ပါတယ်။