1 y - Translate

headlamp
🌟 ခေါင်းစွပ်မီးအိမ် (Headlamp) 🌟
အမှောင်ထဲမှာ စိတ်ချရပြီး အဆင်ပြေစေမယ့် အကောင်းဆုံးရွေးချယ်စရာ!
✨ အဓိက အားသာချက်များ
✅ Adjustable Headband - ဦးခေါင်းအရွယ်အစားအလိုက် ညှိနှိုင်းအသုံးပြုနိုင်ပြီး စွပ်ရန်၊ ချွတ်ရန် အလွန်လွယ်ကူပါတယ်။
✅ 90 Degrees Illumination Angle - အလင်းထုတ်လွှတ်မှုကို 90 ဒီဂရီအထိ ညှိနှိုင်းနိုင်ပါတယ်။
✅ Red Indicator Light - ညဘက်လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းအတွက် သတိပေးမီးအဖြစ် အသုံးပြုနိုင်ပါတယ်။
✅ Suitable for Outdoor Activities - ခရီးသွားခြင်း၊ တောင်တက်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ဘီးစီးခြင်း၊ စခန်းချခြင်း စတဲ့ အားကစားနှင့် အပြင်ထွက်လုပ်ငန်းတွေအတွက် အကောင်းဆုံးပါ။
🔋 ဘက်ထရီအကြောင်း
● Battery Model: 18650
● Current: 0.5A
● Voltage: 3.7V
● Power: 4W
● Capacity: 1200mAh
● USB Charger Cable ပါဝင်ပါတယ်။
💡 အသုံးပြုနည်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှု
1. ပထမအကြိမ်အသုံးမပြုမီ ဘက်ထရီကို အပြည့်အ၀ အားသွင်းပါ။
2. ဘက်ထရီအားနည်းနေပါက အသုံးမပြုပါနှင့်။
3. ဘက်ထရီကို ကြာရှည်ခံရန် အပူနှင့် စိုထိုင်းမှုမှ ဝေးရာတွင် သိမ်းဆည်းပါ။
4. ဘက်ထရီကို လစဉ်အနည်းဆုံး တစ်ကြိမ် အားသွင်းပါ။
📦 Package Includes
● 1x Headlamp
● 1x USB Charger Cable
အမှောင်ထဲမှာ စိတ်ချရပြီး အဆင်ပြေစေမယ့် ခေါင်းပေါင်းမီးအိမ်ကို အခုပဲ ဝယ်ယူအသုံးပြုလိုက်ပါ! 🛒
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/shop/zaycho

1 y - Translate

#ပြည်တွင်းသတင်း
◼ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပါဝင်လာ
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို နစက ကယမန်နေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နေ့စွဲဖြင့်ပြဋ္ဌာန်းလိုက်ပြီး လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပါဝင်လာကြောင်းယင်းဥပဒေအရသိရသည်။
အဆိုပါဥပဒေတွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိထားသူသည် လုပ်ငန်းလုပ်ကိုင်ရာ၌ လိုအပ်ချက်အရလက်နက်ခဲယမ်းကိုင်ဆောင်ခွင့်လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့တင်ပြ၍ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင်လုပ်ငန်းလိုင်စင်ရရှိထားသူသည် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာတွင် လိုအပ်ချက်အရ လက်နက်ခဲယမ်းနှင့်ဆက်စပ်ကိုင်ဆောင်ခွင့်နှင့်စပ်လျဉ်းပြီး ဗဟိုကော်မတီ၏ခွင့်ပြချက်ဖြင့် လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟုအဆိုပါဥပဒေအရသိရသည်။
လိုင်စင်ရရှိထားသူသည် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲလုံခြုံရေးအထောက်အကူပြုပစ္စည်းကိုဝယ်ယူခြင်း၊ ရောင်ချခြင်း၊ လက်ဝယ်ထားခြင်း မပြုရဟု ဥပ‌ဒေတွင်ဆက်လက်ဖော်ပြထားသည်။
သို့သော်လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်နှင့်ပတ်သက်ပြီး လက်ဝယ်ထားရှိနိုင်သည့်အရေအတွက် အကန့်အသတ်ကို အတိအကျဖော်ပြထားခြင်းမရှိသေးပါ။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းအာမခံအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် အနည်းဆုံးငွေကျပ်သိန်းတစ်ထောင်၊ နိုင်ငံခြားကုမ္ပဏီဖြစ်လျှင် ငွေကျပ်သိန်း ၁၀၀၀ နှင့်ညီမျှသည့် နိုင်ငံခြားသုံးငွေကို စာရင်းသေအပ်ငွေအဖြစ် အပ်နှံထားရှိရမည်ဖြစ်သည်။
လိုင်စင်ရရှိသူသည်နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်ထားရာ၌ မြန်မာနိုင်ငံသားအနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးရန်မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်း (သို့မဟုတ်) လုပ်ငန်းခွဲအတွက် စုစုပေါင်း ၁၀ ဦးထက်ပိုသော လုံခြုံရေးဝန်ထမ်းခန့်ထားသူများသည် ယခုဥပဒေပြဋ္ဌာန်းလိုက်သည့် ဖေဖော်ဝါရီ ၁၈ ရက်မှ ခြောက်လအတွင်းသက်ဆိုင်ရာကြီးကြပ်ကွပ်ကဲရေးကော်မတီထံ ခွင့်ပြုမိန့် လျှောက်ထားရမည်ဟုဆိုသည်။

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image

岱枝(တိုက်ကြီးမြို)

image