Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လိုင်စင်မရှိဘဲ လုပ်ကိုင်ပါက ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်နိုင်
********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၉
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ တည်ထောင်လုပ်ကိုင်ပါက ထောင်ဒဏ်တစ်နှစ် ကနေ သုံးနှစ်အထိ ချမှတ်ခံရမယ့်အပြင် ငွေဒဏ်ပါချမှတ်မည့် ဗဟိုကော်မတီအဖွဲဝင် ၁၆ ဦးဖြင့် ဖွဲစည်းထားတဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၈ ရက်မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေနဲ့ အဆိုပါဥပဒေကိုပြဋ္ဌာန်းထားရှိတဲ့ နေ့ကစပြီး ခြောက်လအတွင်း သတ်မှတ်ချက်တွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ခွင့်လိုင်စင် လျှောက်ထားရတော့မှာဖြစ်ကြောင်း ဖော်ပြထားရှိပါတယ်။
ဥပဒေမပြဋ္ဌာန်းမီက ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းခွဲအတွက် ၁၀ ဦးထက်ပိုတဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း ခန့်ထားသူတွေအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းတဲ့နေ့ကစပြီးခြောက်လအတွင်း သတ်မှတ်ချက် တွေနဲ့အညီ ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် အကျယ်တဝင့်ဖော်ပြထားရှိပါတယ်။
ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။
ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။
အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။
မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။
တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။
မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့...။