34 w - Translate

#နိုင်ငံတကာသတင်း
◼ အမေရိကန်မူဝါဒအပြောင်းအလဲကြောင့်ဥ‌ရောပနိုးထရန်ဂရိဝန်ကြီးချုပ်ပြော
မကြာသေးခင် လများအတွင်း ယူကရိန်းအရေး နှင့် အခြားပထဝီဝင်နိုင်ငံရေး ဖြစ်ပေါ် တိုးတက် မှုများတွင် အမေရိကန်၏ ဒရာမာဆန်သော မူဝါဒပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဥ‌ရောပအနေဖြင့် အိပ်ရာမှ နိုးထပြီး ကိုယ်ပိုင်ကာကွယ်‌ရေးမူဝါဒ တည် ဆောက် ရ မည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကီရီယာကော့စ်မစ်ဆိုတာကစ် က ယမန်နေ့ညပိုင်းတွင် ပြောကြားလိုက်သည်။
ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းသ မ္မတကို အာဏာရှင်ဟုရှုတ်ချပြီး ရုရှားနှင့်ဖြစ်ပေါ်နေသည့် စစ်ပွဲကိုလည်း ယူက ရိန်းက စတင် ခဲ့သ ယောင်ပြောကြားကာ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အမေရိကန်မူဝါဒကို ဇောက် ထိုး မိုးမျှော်ဖြစ်စေခဲ့ကာ ဇီလန်စကီး အနေဖြင့် ငြိမ် းချမ်းရေး ရရှိ‌ရေး လျင်မြန်စွာလုပ် ဆောင် ရမည်ဖြစ်ကြောင်း နှင့် သို့မဟုတ်ပါက ယူကရိန်းနိုင်ငံကို ဆုံးရှုံးမည့်အန္တ ရာယ်ရှိကြောင်း လည်း ထရန့်က ပြောကြားသည်။
ယင်းမတိုင်မီတစ်ရက်က အမေရိကန်နှင့်ရုရှားက ယူကရိန်းကို ချန်လှပ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ကိဗ် နှင့် ဥရောပ မဟာမိတ်များအား အံ့အားသင့်စေခဲ့သည်။
မိမိတို့၏ သဘောထားမပါသော သဘောတူညီမှုကို လက်ခံမည် မဟုတ်ကြောင်း ယူ က ရိန်းကပြောကြားပြီး ဥရောပခေါင်းဆောင်များကလည်း အလားတူ ပြောကြားသည်။
ဥရောပအနေနှင့် အချိန်အတန်ကြာ ရှိနေခဲ့သော ပထဝီဝင်နိုင်ငံရေး နှင့် စီးပွားရေး အ ပျင်းထူခြင်းမှ နိုးထရမည်ဖြစ်ကြောင်း ၊ အမေရိကန်ထံမှ ထွက်ပေါ်လာသည့် ကွဲပြား ခြား နားသည့်အမြင်ကြောင့် မိမိတို့အနေဖြင့် အမှန်တရားကို ရင်ဆိုင်ရုံသာမကဘဲ မိမိတို့ ကြာ ရှည်စွာ ဆွေးနွေးနေသော ဆုံးဖြတ်ချက်များကို အလျင်အမြန်ချမှတ် အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း သက်ဆာလိုနီကီ မြို့ မှ စီးပွား‌‌ရေးညီလာခံတစ်ရပ်၌ ဂရိဝန် ကြီး ချုပ်က ပြောကြားသည်။
ဥရောပက ကိုယ်ပိုင်ဟန့်တားနိုင်စွမ်းအင်အားကို တည်ဆောက်ပြီး အမေရိကန်အပေါ် မှီခိုမှုလျှော့ချသည့် ကာကွယ်ရေးမှုဝါဒ ထားရှိရန်လိုအပ်ကြောင်းကို မစ္စတာမစ်ဆိုတာကစ် က ထောက်ပြပြောဆိုသည်။
ပြင်သစ်က ကမကထပြုလုပ်ပြီး ကနေဒါ ၊ ဥ‌ရောပခေါင်းဆောင်များနှင့်အတူ ကျင်းပခဲ့ သော ဒုတိယအကြိမ်မြောက် ဥ‌ရောပအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် တက် ရောက် ပြီးနောက်မကြာမီ ဂရိဝန်ကြီးချုပ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ရိုက် တာသတင်းအရ သိရသည်။

image
Like
34 w - Translate

#ကြောက်စရာ_အကောင်းဆုံးက...
#မစောင့်ထိန်းတတ်တဲ့ပါးစပ်
ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။ ။

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like