အင်းလေးမှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ခန့်သာ ပေါက်ဈေးရှိလို့ တောင်သူတွေ အရှုံးပေါ်နေ

ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။

အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အတွင်းက တပိဿကို ၇၀၀ကျပ်ကနေ ၉၀၀ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ရက်ကနေစတင်ပြီး တစ်ပိဿကို ၃၀၀ကျပ်ကနေ ၄၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က ပြောပါတယ်။

အင်းလေးဒေသထွက်ခရမ်းချဉ်သီးတွေဟာ လက်ရှိအချိန်မှာ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုများပြားနေတာကြောင့် စက်သုံးဆီနဲ့ လုပ်သားငှားရမ်းခ မြင့်တက်မှုတွေ ဖြစ် ပေါ်နေချိန်မှာ စျေးနှုန်းက ကျဆင်းနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

“အောင်ပန်းအထိ သွားရောင်းရင်တော့ ၆၀၀ကနေ ၈၀၀လောက်အထိ ရတယ်။ ဒါပေမယ့် စက်လှေခ၊ အလုပ်သမားခ၊ ကားခတွေနဲ့ ပြန်တွက်လိုက်ရင် ဘာမှမထူးဘူး။ ရှုံးတာက ရှုံးတာပါပဲ။ ဈေးက အဲဒီဝန်းကျင်မှာပဲ ငြိမ်နေသေးတယ်။ ထပ်ကျဖို့တော့ မရှိလောက်ဘူး။ တခြားဒေသကထွက်တဲ့ ခရမ်းချဉ်သီးတွေက ကုန်ခါနီးပြီ။ သူတို့ဖက်က ကုန်ရင်တော့ ဈေးပြန်တက်လာမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းဈေးကွက်ဖြစ်တဲ့ အောင်ပန်းကုန်စည်ဈေးကွက်မှာ အခုဖေဖော်ဝါရီလအတွင်း ခရမ်းချဉ်သီးအပြင် ဂျင်း၊ ပဲကြီး၊ ပဲစင်းငုံစတဲ့ ကုန်စည်တွေလည်း ဈေးဆက်တိုက်ကျဆင်းလာနေတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-Aungban Trading

#သတင်းဟင်း​လေးအိုးကြီး

image

Real Madrid VS ManCity (3-0) Hightlights

21 w - Translate

TRANSFER🚨🔵
•အကောင်းတွေကြီးသုံးဆောင်တဲ့ ဆရာပက်ဟာ အသက်အရွယ်အရ ကျရိပ်ပြနေတဲ့ ဒီဘရိုင်းရဲ့အရိုက်အရာကို ဆက်ခံဖို့ ဘိုင်ယန်လေဗာကူဆင် ကစားသမား ဖလော်ရီယန်ဗက်ဇ် ကို လျာထားပါတယ် 🇩🇪
[TNT Sport]🌗

image
21 w - Translate

AI နည်းပညာဆန်းတွေနဲ့ ပြည်တွင်းထဲ ရောက်လာမယ့် Galaxy S25
Galaxy S တွေရဲ့ အစဉ်အလာအတိုင်း အဆင့်မြင့်ကင်မရာ စွမ်းရည် နဲ့ စွမ်းဆောင်ရည်မြင့်ပြီး Flagship ဆန်တဲ့ Experienceပေးနိုင်မယ့် Galaxy S25 စီးရီးကတော့ မြန်မာပြည်ဈေးကွက် မှာ ရနေပါပြီ။
Galaxy S25 Series ကို ဝယ်မယ်ဆိုရင် Storage ကို နှစ်ဆမြှင့်တင်ပေးထားတဲ့မော်ဒယ်နဲ့ Original Cover, Travel Adapter တွေကိုလည်းလက်ဆောင်ရရှိမှာဖြစ်ပြီး Trade-In လဲလှယ်မယ်ဆိုရင်လည်း Trade-In Incentive အနေနဲ့ Galaxy S25 Ultra အတွက် (၆) သိန်း ကျပ်ရရှိနိုင်ပြီး Galaxy S25+ နဲ့ Galaxy S25 တို့အတွက် (၅) သိန်းကျပ် ရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy S25 Series နဲ့အတူ Galaxy Watch Series သို့ Galaxy Buds3 Series နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုရင်လည်းအထူးလျှော့စျေးတွေ ပေးသွားဦးမှာဖြစ်ပါတယ်။
ဝယ်ယူဖို့အတွက် စုံစမ်းချင်ရင် Samsung Myanmar Facebook Page နဲ့ နီးစပ်ရာ Samsung Showroom၊ Samsung ရဲ့ Official Mobile ဖုန်းအရောင်းဆိုင်တွေမှာပါ စုံစမ်း ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။

image
21 w - Translate

လက်ရှိအသင်း က အဆင့် 15 မှာမို့ အသင်းကြီးဆိုပြီးပြောင်းလာတာ
အဲ့အသင်းကြီးကလည်း အဆင့် 15 💀

image
21 w - Translate

ဗီလာကွင်းမှာ သရေသာ ရခဲ့တဲ့ တောသား ပဲခူးအသင်း
==========================================================
FULLTIME : A Vila 2 : 2 Liverpool
* ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ဗီလာနဲ့ ပဲခူးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရင်း သရေ ၁ မှတ် ခွဲဝေယူခဲ့ကြပါတယ်။
* ဆာလာရဲ့ ဦးဆောင်ဂိုးကို တိုင်လီမန်စ် , ဝက်ကင်းစ်တို့ရဲ့ ဂိုးနဲ့ ဗီလာတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် အာနိုးက ပဲခူးအသင်းအတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။
* ဂိုးရလဒ်တူညီသွားပြီးနောက် တသင်းနဲ့တသင်း အပြိုင်အဆိုင် ဂိုးပေါက် လွဲချော်ကြရင်း သရေရလဒ်နဲ့ ပွဲကို ပိတ်သိမ်းခဲ့ကြပါတယ်။
* သရေရလဒ်ကြောင့် ၁၀ မှတ်ဖြတ်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပေမယ့် ဒုတိယနေရာက ဒုတိယလူကို တောသားအသင်း ၈ မှတ်ဖြတ်ပြီး ဦးဆောင်ထားဆဲဖြစ်ပါတယ်။

image

ဖျက်မိုးသတိ 🌧🌧🌧🌧🌧
၂၀၂၅ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ ရက်နေ့အတွင်း
စက်ဆန်း ဘိုကလေး ဖျာပုံ မအူပင် ဒေးဒရဲ ကျိုက်လတ် တွံတေး ကော့မှူး ကွန်းခြံကုန်း ဆိပ်ကြီး ခနောင်တို ဒလ ထန်းတပင် ဝါးတစ်ရာ ရွှေပြည်သာ အင်းစိန် လှိုင်သာယာ ရန်ကုန် သံလျှင် သီလဝါ တံတားမြို့ ကဒ္ဒပန သုံးခွ ခရမ်း ပိန်းကန်း သက္ကလ အုန်းနှဲ ဒါးပိန် ကဝ သနပ်ပင် ပဲခူး ကြီးလေးကြီး အင်းတကော် လှည်းကူး ဖောင်ကြီး အင်းတိုင် ထောက်ကြံ မှော်ဘီတိုက်ကြီး ဒေသတွေမှာမိုးရွာနိုင်ပါတယ်
ISSUED TIME
20/02/2025 8:26am(MMT)

image

ယုံကြည်သူညီအကိုတွေမင်္ဂလာပါ။

image
21 w - Translate

ရောင်စုံနှင်းဆီတွေနဲ့အတူတူ
ကုစားလိုက်ရအောင်...🫶💙💐

#flowers

image
21 w - Translate

ရောင်စုံနှင်းဆီတွေနဲ့အတူတူ
ကုစားလိုက်ရအောင်...🫶💙💐

#flowers

image
//