မန်စီးတီးမှာ မိမိဆက်ရှိနေမယ်လို့ ဂွာဒီယိုလာပြော

ဖေဖော်ဝါရီ ၂၁

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် နည်းပြဂွာဒီယိုလာက သူအသင်းမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော် မန်စီးတီးမှာ ဆက်ပြီးရှိနေမယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ဟာ ရာသီရဲ့ အကောင်းဆုံး အခိုက်အတန့်မှာ အလွန်အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့ဆုံခဲ့ပြီး ပြိုင်ဘက်က သာလွန် ကောင်းမွန် နေတဲ့အတွက် သူတို့ကို ချီးကျူးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ် ဒါမှမဟုတ် ၁၂ နှစ် တုန်းကဆိုရင် ကျနော်တို့ဟာ ပုံထဲမှာတောင် မရှိပါဘူး”လို့ Movistar ကို ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်မှာ ရီးရယ်လ်အသင်း ကို နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ ဂွာဒီယိုလာက မန်စီးတီးအသင်းကနေ သူထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားသာ ရှိတော့တာကြောင့် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရဖို့ရှိနေတာ ဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရယူပေးနိုင်ဖို့ မျှော်လင့်နေတာပါ။

မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အားဖြည့်ခဲ့သလို လာမယ့် နွေရာသီမှာလည်း ကစားသမားသစ်တွေခေါ် ယူသွားဖို့ ရှိနေပါတယ်။

မန်ချက်စတာကလပ်ဟာ ကစားသမားသစ်တွေ အားဖြည့်မှာဖြစ်သလို အသင်းမှာရှိနေတဲ့ ဝါရင့်ကစားသမား အများအပြားကိုလည်း ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားတာပါ။

မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ နောက်ထပ် ပွဲကြပ်တစ်ပွဲကို ထပ်ပြီးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဂွာဒီယိုလာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ
ရေနွေးထဲကို သံပရာသီးတစ္လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။
အစာချေဖျက်မှုကို ကူညီပေးသည်
နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။
အဆိပ်ပြေစေနိုင်သည်
သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါ၀င်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။
ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည်
သံပရာသီးညှစ်ထည့်ထားသောရေကအန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက္စစ္ဓာတ္ကို လျှော့ချပေးနိုင်သည်။ သံပရာရည်တွင် စီးထရစ်အက်စစ်ပါ၀င်သော်လည်း ယင်းတွင်ပါ၀င်သည့် သတ္တု ဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာ၀ရှိသည်။ စီးထရစ်အက်စစ်မှာ မပြင်းသော အက်စစ်ဖြစ်သောကြောင့် ခွေှးထှကခြှငြးကဲ့သို့ ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်
နိုင်သည်။ သံပရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပရိုတင်းဓာတ်များစွာ ပါ၀င်သည့် အသားများနှင့် ချိစ်များစားလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။ သွေးထဲရေပါ၀င်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။
ကိုယ္ခံအားစနစ္ကို အားကောင်းစေနိုင်သည်
စီးထရစ်အက်စစ်ပါ၀င်သော အစားအစာမ်ား အားလုံးတွင် ဗီတာမင်စီပါ၀င်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။ သံပရာသီးတွင် ပိုတက်စီယမ်ပါ၀င်သောကြောင့် ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အာရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကို ထိန်းချုပ်ပေးနိုင်သည်။
အသားအရေကြည်လင်လန်းဆန်းစေနိုင်သည်
ဗီတာမင်စီသည် အေရျပားထဲရွိ ပရိုတင်းဓာတ်ထုတ်လုပ်မှုကို ကူညီပေးသောကြောင့် နုပျိုသော အသားအရေအတွက် အထူးကောင်းသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ် အသားအေရကို တစ်ခါပြန်တောက်ပလာစေပြီး ကျန်းမာလာစေသည်။ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးက သွေးကြောများထဲရှိ အဆိပ္မ်ားကို ဖယ်ရှားပေးနိုင်သည်။ အမည်းစက်များပေါ် လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။
#နွယ်မြစ်သစ်ပင်ဆေးဘက်ဝင်
#ကျန်းမာရေး
#foryou
#crd

image

ယဉ်ပါးနေတဲ့ အိမ်ခြံစောင့်ခွေးက ကိုက်လို့ သုံးနှစ်အရွယ် သမီးငယ် ခွေးရူးပြန်ရောဂါပြင်းထန်စွာခံစားရပြီး သေဆုံး

ဖေဖော်ဝါရီ ၂၁

အိမ်ခြံဝန်းအတွင်းမွေးထားတဲ့ ခွေးကိုက်ခံရလို့ သုံးနှစ်သမီးငယ် ခွေးရူးပြန်ရောဂါနဲ့‌ သေဆုံးရတဲ့ဖြစ်စဉ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဒိုးတန်းကျေးရွာမှာဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

လွန်ခဲ့တဲ့ တစ်လဝန်းကျင်လောက်က အဆိုပါ သုံးနှစ်အရွယ်သမီးငယ်မှာ သူ့ကိုကိုက်တဲ့ခွေးနဲ့ အရင်လိုပဲ နီးနီးကပ်ဆော့ကစားနေရာက ခွေးမှ ရုတ်တရက် ဟပ်ကိုက်ခဲ့တာကြောင့် ပါးမှာ ပေါက်ပြဲဒဏ်ရတချို့ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဒဏ်ရာကို ကျေးရွာဒေသန္တရဆေးခန်းက သားဖွားဆရာမထံမှာပဲ တစ်ပတ်တစ်ကြိမ် ခွေးရူးပြန်ရောဂါကာကွယ်ဆေး လေးပတ်ထိုးနှံရမယ်ဆိုတာကြောင့် ထိုးခဲ့ပြီး သုံးပတ်မြောက်အထိ ထိုးနှံထားခဲ့တယ်လို့ သိရပါတယ်။ လေးပတ်မြောက်ဆေးမထိုးခင်ရက်ပိုင်းမှာ ကလေးက အမူအယာပျက်ပြီး ခွေးရူးပြန်ရောဂါလက္ခာတချို့ဖြစ်တဲ့ အလင်းရောင်ကို မနှစ်သက်တာ၊ ရေမသောက်၊ အစာမစားတာမျိုးတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါခွေးကိုက်ခံရတဲ့ ကလေးငယ်မှာ မိဘနှစ်ပါးအနက် ဖခင်ဖြစ်သူမှာ ကလေးလသားအရွယ်ကတည်းက ဆုံးသွားခဲ့ပြီး၊ မိခင်ဖြစ်သူကလည်း ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ကလေးတစ်နှစ်‌ ကျော်အရွယ်ကတည်းက သွားရောက်လုပ်ကိုင်နေခဲ့တာမို့ ကလေးက ရွာမှာ အဘွားဖြစ်သူနဲ့အတူ ကျန်နေခဲ့တာလို့ သိရပါတယ်။

ကလေးငယ် အခုလိုခွေးကိုက်ခံရပြီး ရောဂါလက္ခဏာပြလာခဲ့တဲ့အတွက် အဘွားက ငွေ သောင်းဂဏာန်းဝန်းကျင်နဲ့ ဖြူးဆေးရုံဆီ တက်ရောက်ပြခဲ့တဲ့အခါ ဖြူးဆေးရုံက ခွေးရူးပြန်ရောဂါလက္ခဏာပြင်းထန်အဆင့်ဖြစ်နေပြီမို့ ရန်ကုန် သို့မဟုတ် နေပြည်တော်ဆေးရုံဆီ သွားရောက်ပြသဖို့ ညွှန်ကြားတဲ့အခါ အဘွားဖြစ်သူငွေကြေးမတတ်နိုင်လို့ ဆွေမျိုးတွေဆီ အကူအညီတောင်းပေမယ့် ဆွေမျိုးတွေက ငွေကုန်ကြေးကျများမှာရော အသက်ရှင်မှာမသေချာတော့တာကြောင့်ပါ ရွာကိုပြန်ခေါ်ခဲ့ဖို့ တိုက်တွန်းပေမယ့် အဘွားက သူ့နားကပ်ပေါင်ပြီး ကုသဖို့ကြိုးစားတာကြောင့် ဖြူးဆေးရုံတာဝန်ကျဆရာဝန်တချို့က လူမှုကူညီရေးအသင်းတချို့နဲ့ဆက်သွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြူး အခြေစိုက် ဆင်ဖြူတော်လူမှုကူညီရေးအသင်း၊ နေပြည်တော်အခြေစိုက် လူမှုကရုဏာရှင် လူမှုကူညီရေးအသင်းတို့နဲ့ အလှူရှင်တချို့က ဝိုင်းဝန်းကာ ပူးပေါင်းချိတ်ဆက်ကူညီမှုကြောင့် နေပြည်တော် ကုတင် (၁၀၀၀)ဆေးရုံဆီ ဖေဖော်ဝါရီ (၁၈)ရက်နေ့မှာတက်ရောက်ကုသခဲ့ပြီး ၁၉ ရက်နေ့ ညသန်းခေါင် ၂၀ ရက်နေ့အကူးမှာတော့ ကလေးငယ်မှာ ခွေးရူးပြန်ရောဂါနဲ့ပဲ ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။

အခုကာလဟာ ရာသီဥတု ပြောင်းလဲချိန်ဖြစ်တာ‌‌ ကြောင့် ပူနွေးစွတ်စိုတဲ့ရာသီမှာ ပိုမိုဖြစ်လေ့ရှိတဲ့ ခွေး‌ တွေမှာ ရောဂါဖြစ်ပွားနိုင်ခြေ ပိုများနိုင်လို့ ယူဆကြပြီး အများအားဖြင့်တော့ ခွေးရူးတတ်တဲ့ ရာသီလို့ သတ်မှတ်ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာအနှံ့မှာ ခွေးရူးပြန်ရောဂါကြောင့် ၁၅ မိနစ်ကို လူတစ်ဦးနှုန်းသေဆုံးလျက်ရှိပြီး တစ်နှစ်ကို လူ ၅၅၀၀၀ အသက်ဆုံးရှုံးလျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို အသက်ဆုံးရှုံးမှုတွေအနက် ၃၁၀၀၀ မှာ အာရှဒေသကဖြစ်ပြီး အာဖရိကမှ လူ ၂၄၀၀၀ ခွေးရူးရောဂါဖြစ်ပွားကာ အသက်ဆုံးရှုံးလျက်ရှိတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါအဖြစ်များတဲ့ ဒေသတွေက ရန်ကုန်တိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ပြီး လူနေထူထပ်ခြင်း၊ လူနဲ့ အနီးကပ်နေထိုင်တဲ့ ခွေးကောင်ရေများပြားခြင်းတို့နဲ့ ဆက်နွှယ်‌နေတာ‌ ကြောင့်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်‌တွေ ကိုးကားချက်အရ သိရပါတယ်။ ခွေးရူးပြန်ရောဂါဟာ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုလို ဖြစ်ပေါ်နေပြီး ခွေးတွေမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့အတွက် အမျိုးသားစီမံကိန်း(၂၀၁၈- ၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
21 w - Translate

တစ်ပွင့်တည်းဆိုရင်တောင် တော်တော်ပျော်နေပါပြီ...🫶🩷💐

#flowers

image
21 w - Translate

တစ်ပွင့်တည်းဆိုရင်တောင် တော်တော်ပျော်နေပါပြီ...🫶🩷💐

#flowers

image
21 w - Translate

တစ်ပွင့်တည်းဆိုရင်တောင် တော်တော်ပျော်နေပါပြီ...🫶🩷💐

#flowers

image
21 w - Translate

တစ်ပွင့်တည်းဆိုရင်တောင် တော်တော်ပျော်နေပါပြီ...🫶🩷💐

#flowers

image
21 w - Translate

တစ်ပွင့်တည်းဆိုရင်တောင် တော်တော်ပျော်နေပါပြီ...🫶🩷💐

#flowers

image
image
image
image
21 w - Translate

#crd
မိုးပျံပူ​ဖောင်းအတွင်းမှာ ဖိသိပ်ထားသောလေသည် အလွန်ကြီးမားသောကြောင့် မီးနှင့်ထိတွေ့သောအခါ အလွန်ကျယ်လောင်စွာပေါက်ကွဲတတ်ပါသည်။
မီးဟာ မျက်နှာကျက်သို့ရောက်ရှိပြီး ဖောင်းနေသောမီးသီးစနစ်တစ်ခုလုံးကို လောင်ကျွမ်းသွားကြောင်းသိရမည်ဖြစ်သည်။
ဒါပေမယ့် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ပူဖောင်းဖြစ်ခဲ့ရင် စားသောက်ဆိုင်တစ်ခုလုံး လောင်ကျွမ်းသွားမယ့် မီးလောင်မှုကြီးတစ်ခု ဖြစ်သွားမှာပါ။
#သတိထားနိုင်အောင်တင်ပြပေးလိုက်ခြင်းပါ

image
21 w - Translate

#crd
မိုးပျံပူ​ဖောင်းအတွင်းမှာ ဖိသိပ်ထားသောလေသည် အလွန်ကြီးမားသောကြောင့် မီးနှင့်ထိတွေ့သောအခါ အလွန်ကျယ်လောင်စွာပေါက်ကွဲတတ်ပါသည်။
မီးဟာ မျက်နှာကျက်သို့ရောက်ရှိပြီး ဖောင်းနေသောမီးသီးစနစ်တစ်ခုလုံးကို လောင်ကျွမ်းသွားကြောင်းသိရမည်ဖြစ်သည်။
ဒါပေမယ့် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ပူဖောင်းဖြစ်ခဲ့ရင် စားသောက်ဆိုင်တစ်ခုလုံး လောင်ကျွမ်းသွားမယ့် မီးလောင်မှုကြီးတစ်ခု ဖြစ်သွားမှာပါ။
#သတိထားနိုင်အောင်တင်ပြပေးလိုက်ခြင်းပါ

image
//