34 w - Translate

Galaxy S25 Series ကိုမြန်မာပြည် official အလုံးမဝင်သေးဘူးလားလို့ ခဏခဏမေးနေတဲ့ ဘော်ဒါတွေအတွက် သတင်းကောင်းပါ။ Galaxy S25 Series ကို မြန်မာနိုင်ငံမှာ ဝယ်လို့ရပါပြီ
ခုကြည့်ကြည့်သလောက် Galaxy S25 Ultra ကအရင် Galaxy S24 Ultra ထက်လည်း အများကြီးပိုမိုက်လာတယ် Design ပိုင်း အပြင်ပန်းအရ အရမ်းမကွာပေမယ့် Hand feeling ကိုင်ရတာပိုမိုက်သွားတယ် Frame တွေကော color တွေကော အရင်ထက်ပိုတောင့်ပြီး အရောင်သစ်မှာဆို လုံးဝ impression တစ်ခုရတယ် အဲ့အပြင် Camera ကတော့ ပြောစရာမလိုအောင် Global မှာလည်း review ကောင်းတွေရထားတာဆိုတော့ Mobile Creator တွေအတွက် အကြမ်းစား ကင်မရာနဲ့ AI Feature အစုံအလင်ပါရှိတယ် Galaxy S25 Series မှာပါလာတဲ့ Galaxy AI က အရင်ထက်ပိုမိုက်လာတာလို့ True AI Companion လို့ပါ တင်စားနေတာလည်းတွေ့မိတယ်.. အသစ်ပါလာတဲ့ Feature တွေထဲက Audio Eraser (Auto Trim) ဆို vlogger တွေအတွက် အတော်လေး အသုံးဝင်လိမ့်မယ် တခြားဖုန်းတွေေ မထည့်ပေးနိုင်သေးတဲ့ Function မျိုးပေါ့ Nightography video ဆို noise အတော်နည်းတာ ကျနော် သဘောအတော်လေးကျတယ် အကြိုက်ဆုံးကတော့ Doodle ပုံလေးတွေဆွဲပြီး AI နဲ့ပုံလေးတွေပါထည့်လို့ရတာ Display ပိုင်းကတော့ ကြည်တောက်ရှင်း Bezeless ကိုမှ Gorilla Armor 2 နဲ့ဆိုတော့ တော်ရုံ ပြုတ်ကျအေးဆေးပဲ Performance ကတော့ Snapdragon 8 Elite နဲ့ဆိုတော့ smoothness ပိုင်းသာတယ်
ဒီလိုမျိုး Android တွေရဲ့ AI King ကြီးကို ဝယ်မယ့်သူတွေအတွက် Double Storage အပြင် အခြား ခံစားခွင့်တွေနဲ့ ပြည်တွင်း အာမခံချက် အပြည့်အဝရရှိတာမလို့ ဝယ်မယ်ဆို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ Official Mobile ဖုန်းအရောင်းဆိုင်တွေမှာပါ စုံစမ်း ဝယ်ယူလို့ရပါတယ်။

image
Like

၃၀ နှစ်အောက် တက္ကသိုလ်ဝင်တန်းကို
Bio တွဲဖြင့် အောင်မြင်သူများအတွက်
ဓါတ်ခွဲကျွမ်းကျင်- ၄ ရာထူး (၄၀၀) နေရာ
အလုပ်ခေါ်စာ

#govjob

imageimage
Like
34 w - Translate

Galaxy G Fold လို့နာမည်ပေးနိုင်တဲ့ Samsung ရဲ့ သုံးခေါက်ချိုးဖုန်း
Samsung ရဲ့ သုံးခေါက်ချိုးနိုင်တဲ့ product ဟာ အသံထွက်နေတာကြာပါပြီ။ ဒီနှစ်မှာတော့ ဈေးကွက်ထဲရောက်မယ့် ထုတ်ကုန်ဖြစ်လာပါတော့မယ်။ထပ်ထွက်လာတဲ့ သတင်းတွေအရ Samsung ရဲ့ သုံးခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းအမည်ကို Samsung Galaxy G Fold ဆိုပြီး ခေါ်မယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းဟာ Huawei ရဲ့ သုံးခေါက်ချိုး စမတ်ဖုန်းနဲ့ အလေးချိန်တူနိုင်ပြီးတော့ 300 grams အောက်အလေးချိ်န်သာ ဖြစ်နိုင်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည်အထူက တ-ရုတ် ထုတ်ကုန်လောက် မပါးနိုင်ဘူးလို့ သတင်းတွေ ထွက်ထားပါတယ်။

image
Like

လီဗာပူးလ်အတွက် အားလုံးပေးသွားမယ်လို့ နူနက်ဇ်ပြော

ဖေဖော်ဝါရီ ၂၁

ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ရဲ့ ဝေဖန်မှုကိုခံခဲ့ရတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က သူဟာ လီဗာပူးလ်အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်က “လွန်ခဲ့တဲ့ ၃ ပတ်က ကျနော်ဟာ အကောင်းဆုံး မဟုတ်ခဲ့သလို အခုလည်း အဆိုးဆုံးတော့ မဟုတ်ပါဘူး။ ကျနော်ဟာ လဲကျရင်ပြန်ပြီးထပါတယ်။ ကျနော်ဟာ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျနော်ဟာ လီဗာပူးလ်အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမှာပါ”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသား ခဲ့တာပါ။

ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သေချာပေါက် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် သူဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိသလို ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြား ကိုလည်း လွဲချော်ခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အခွင့်အရေး လွဲချော်မှုတွေကို လက်ခံလို့ရပေမယ့် အခွင့်အရေး ရပြီးနောက် သူ့ရဲ့အပြုအမူက လက်ခံဖို့ခက်ခဲခဲ့ပြီး သူအလွန် စိတ်ပျက်နေတယ်လို့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်က ဒါဝင်နူနက်ဇ် ရဲ့လွဲချော်မှုက ဒီနှစ်အတွင်း သူမြင်တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ ပြောခဲ့တာပါ။

ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် လီဗာပူးလ် အသင်းက ဒီအပြောင်းအရွှေ့ကို ပယ်ချခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားထားပြီး ၃၉ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

Source: Dailymail

ပုံ - ဒါဝင်နူနက်ဇ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
Like

ဒီချိန်ရာသီဆို
ဒီနေရာ ဒီဒေသမှာ
တပေဘူတ ပန်းဝါဝါတွေ
ပွင့်ကို ပွင့်ရပေအုန်းမယ်ဆိုတာ
သဘာ၀တရားကြီးရဲ့ ကျိန်စာတခုလိုပဲ..🌼
​​ေဩာ် မကြာမီ
ရွက်ဟောင်ညှာကြွေ ရွက်သစ်ဝေတဲ့
ဲဒီအညာ မန္တလာနွေဦးရဲ့
လွမ်းစရာ အငွေ့အသက်လေးတခုကို
မြင်တွေရပေအုန်းမှာပဲ...
🍂🍁

#poem

image
Like

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃ဝဝ ကို ယနေ့ ထပ်မံလွှဲပြောင်းပေးအပ်

ဖေဖော်ဝါရီ ၂၁

မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၀၀ ကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၃၀၀) ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။

ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြဝတီ- KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်(ယမန်နေ့)အထိ မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁,၇၆၃ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်မှုအနေဖြင့် ယမန်နေ့အထိ ၂၆၁ ဦး လွှဲပြောင်းပေးခဲ့ပြီးဖြစ်၍ ယခုထပ်မံလွှဲပြောင်းခဲ့သည့် တရုတ်နိုင်ငံသား ၃၀၀ အပါအဝင် စုစုပေါင်း ၅၆၁ ဦး လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

#centrnewsnaypyitaw

imageimage
Like
34 w - Translate

FA ဘဝမှာမနေချင်သူတွေအတွက် Viber ကလည်း မြန်မာမှာ Dating ဝန်ဆောင်မှုပေးတော့မယ် ဦးဆုံးရယူ အသုံးပြုနိုင်ရန် Waitlist စာရင်းပေးသွင်းထားနိုင်တော့မည်
မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအနေနှင့် စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခု ဖြစ်သည့် Viber Dating အား အစောဆုံးအသုံးပြုနိုင်ရန်အတွက် (ကြိုတင်စောင့်ဆိုင်းမှု) Waitlist စာရင်း ပေးသွင်းထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ Viber Dating ဝန်ဆောင်မှုအား Viber Super App ထဲမှပင် အသုံးပြုသွားနိုင်မည် ဖြစ်ကာ အသုံးပြုသူများ အနေနှင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။Viber Dating ဝန်ဆောင်မှု စတင်အသက်ဝင်သည်နှင့် တစ်ပြိုင်နက် အသုံးပြုသူများအနေနှင့် လိုအပ်သည့် အချက်အလက် များအား ဖြည့်သွင်းကာ ၎င်းတို့၏ ပရိုဖိုင်များအား အလွယ်တကူ စတင်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းထဲမှပင် Viber Dating ဝန်ဆောင်မှုသို့ ဝင်ရောက်၍ အခြားသော အသုံးပြုသူ ပရိုဖိုင်များနှင့် လုံခြုံစိတ်ချစွာ ရှာဖွေချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။ Viber Dating အားအသုံးပြုသည့် ပရိုဖိုင်သည် ပင်မ Viber ပရိုဖိုင် နှင့် တူညီမှုရှိမည် မဟုတ်ပဲ ဖုန်းနံပါတ်များကိုလည်း Viber Dating အသုံးပြုနေစဉ် တစ်ဦး နှင့် တစ်ဦး ကြည့်ရှုနိုင်မည်မဟုတ်ပေ။Viber Dating အတွက် ကြိုတင် Waitlist စာရင်းပေးသွင်းနိုင်ရန် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းအား Latest Version သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ ပြီးနောက်တွင် Viber အက်ပလီကေးရှင်းအတွင်းသို့ ဝင်ရောက်၍ ညာဖက်အောက်ထောင့်မှ အစက် ၃ စက်ဖြင့် ပြထားသော ‘More’ အားမှတဆင့် ၎င်းတို့၏ ပရိုဖိုင် ဓာတ်ပုံအောက်ရှိ ‘Viber Dating Beta’ အားသွားရောက်၍ ‘Join Waitlist’ အား ရွေးချယ်ကာ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ Viber Dating နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား ဝန်ဆောင်မှု စတင်အသုံးပြုနိုင်သည့် အချိန်တွင် ထပ်မံအကြောင်းကြားပေးသွားမည် ဖြစ်သည်။

image
Like
34 w - Translate

ပိုနေတဲ့အဓိပ္ပာယ်

ငါတို့ဟာ ငွေတွေကို
ဘယ်သောအခါကမှ အလကား မရခဲ့ဘူး
လမ်းပေါ်မှာ လွင့်ကျနေတဲ့ အရိပ်က အစ
မြောင်းထဲမှာ ချစ်တင်းနှော ရုန်းကန်ရတဲ့ ပိုးလောက်လန်းအဆုံး
အားလုံး တန်ဖိုးရှိပါတယ်
ဒါကြောင့်လည်း တို့နဲ့ မဆိုင်ခဲ့ဘူး
ဒီနေ့ ဦးထုပ်ကို နောင်ပြန်ဆောင်းတယ်
မနက်ဖြန် သေမင်းကို စိန်ခေါ်ရဲသူလား။

အောင်မြင်မှုက နတ်ဝှက်တဲ့အရာ
တစ်နေရာမှာ
တစ်စုံတစ်ရာဟာ ချောင်းမြောင်းနေမှာပဲ
တရားရတဲ့အခါ လက်တို့မယ်ပြောတဲ့
သူငယ်ချင်းက
သူ့ပန်းသီးကို ဝှက်စားတယ်
ငါ့မှာ နာရီကို ဓာတ်ခဲမလဲရသေးဘူး
လမ်းဆုံလမ်းခွကြီးထဲ ရပ်လို့။ ။

-----

လူဝင်စားတွေထိုင်တဲ့ကဖေး
ဝင်းမြင့်

image
Like