မေမေချက်တဲ့ #ဂဏန်းမဆလာချက်နည်း

ကြက်သွန်နီထောင်း၊
ကြက်သွန်ဖြူထောင်း၊
နှစ်ခုလုံးကို ဆီများများနဲ့ဆီသပ်။

မွှေးပြီးပြဲပြဲကြီးမဖြစ်တော့တဲ့အခါ...ဟင်းချက်မှုန့်ထည့်ဆီသပ်။

ငရုပ်သီးစိမ်းထက်ခြမ်းခွဲပြီးထည့် လိမ့်လာရင်...မဆလာထည့်၊

ပြီးရင် ဂဏန်းဖျင်ထားတာထည့် မွှေပြီး၊ ရေနွေးထည့်ဆားဟင်းချိုမှုန့်ထည့် အဖုံးဖုံးလိုက်မွှေလိုက်ပေါ့၊

ကျက်ခါနီးမှာ မကျည်းရည်ပျစ်ပျစ်လေးအပေါ်ကလောင်း၊
ကုလားနံနံခေါ်ရှမ်းနံနံများများကို လက်နဲ့ပိုင်းထည့်၊
မဆလာထပ်အုပ်ပြီး အဖုံးဖုံး၊ ပြီးရင်မွှေ။
အရသာက...ကြက်သွန်နီအရသာ ချိုတာရယ်...မကျည်းချဉ်တာရယ် ငရုတ်သီးစပ်တာရယ် ရောပြီး ချိုချဉ်စပ်လေးပေါ့။

အဓိကကအနှစ်ပဲ အနှစ်များများနဲ့ ဆီများများထည့်ရတယ်။
မဆလာနဲ့ရှမ်းနံနံလည်းနိုင်နိုင်ထည့်ရတယ်။ စားခါနီးကျရင်တော့ ဆီစစ်ပြီးထည့်ပါ ဆီကိုလိုသလောက်ပဲယူပါ။ ကျန်တာလွှတ်ပစ်တာတွေ့တယ်။ ချက်တဲ့အချိန်အရသာကောင်းအောင်ဆီများများထည့်ပေမယ့် စားတဲ့ခါစစ်စားတာပေါ့။
အမေချက်တာ အဲ့အတိုင်းပဲ
ကွကိုယ်အဲ့အတိုင်းလိုက်ချက်တာတော့... တူကိုမတူဘူး😆
အမေချက်တာပိုကောင်းနေတယ်
ဘာကွာမှန်းကိုမသိဘူး😁

#credit Win Pa
#ဂဏန်းမဆလာဟင်း
#ဂဏန်းမဆလာချက်နည်း

image

Funny Clip

1 y - Translate

သားလေးနဲ့အတူ အမေရိကားမှာနေပြီး ပုံနှိပ်တိုက်တခုမှာ အချိန်ပိုင်း ဝင်လုပ်နေတဲ့ စိုးမြတ်နန္ဒာ 😍

#celenews

image
1 y - Translate

ကျောင်းတွင်း အနိုင်ကျင့်ခံရသော ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကျောင်းတွင်း အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်းသိရသည်။တက္ကဆက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၁ နှစ်အရွယ် Jocelynn Rojo Carranza သည် အခြားကျောင်းသားများမှ အနိုင်ကျင့်စော်ကားခြင်းခံခဲ့ရသည်။


Jocelynn Rojo Carranza ၏ မိဘများသည် ရွှေ့ပြောင်း အခြေချသူများဖြစ်ပြီး အမေရိကန်နိုင်ငံတွင် တရားမဝင်နေထိုင်ကြောင်း အတန်းဖော်များမှ အကြိမ်ကြိမ် လှောင်ပြောင်စနောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးသို့ ဖုန်းဆက်တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့သည်။


ကျောင်းတွင်း အနိုင်ကျင့်ခံရမှုနှင့်ပတ်သက်ပြီး ဒေသတွင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

image

Funny Clip

1 y - Translate

Haru Haru Wonder Black Rice Pure Mineral Relief Daily Sunscreen SPF50+ PA++++💞

Physical sunscreen လေးမလို့ နောက်ဆုံးမှာရေးလိုက်ပါတယ်။ ဘယ်သူတွေက physical sunscreen ကိုသုံးသင့်လဲဆိုရင် ကိုယ်ကအသားလဲမညိုဘူး၊ အဆီပြန်လို့ အဆီထိန်းတဲ့ sunscreen မျိုးလဲ သုံးချင်တယ်၊ white cast နည်းပြီး texture အဆင်ပြေတာမျိုးဆို ဒါလေးသဘောကျမယ်လို့ Nyi ထင်ပါတယ်။ သူကလဲ Black rice အဓိကသုံးထားပြီး ပါဝင်ပစ္စည်းတွေကလဲသန့်၊ mineral filters တွေပဲ အသုံးပြုထားတာမလို့ ပြောရရင် very sensitive skin တွေနဲ့ပါ အဆင်ပြေနိုင်ပါတယ်။ Texture က physical sunscreen တွေရဲ့ standard နဲ့ကြည့်ရင် blend ရလွယ်တဲ့ထဲ၊ မပူမထူ မစေးကပ်တဲ့ထဲပါတယ်။ သို့သော်လဲ chemical sunscreen တွေလောက်တော့ ပေါ့ပါးမနေနိုင်ဘူးပေါ့နော်။ White cast လဲနည်းပါတယ်။ သူ့ရဲ့အားသာချက်ကဘာလဲဆို လိမ်းထားရင် matte finish ပေးပြီး အဆီမပြန်အောင်ထိန်းပေးတယ်၊ sunscreen လိမ်းပြီး မျက်နှာကြီးမဲသွားတယ်ဆိုတာမျိုး မဖြစ်စေဘဲ အချိန်အကြာကြီး fresh ဖြစ်နေစေတယ်ပေါ့နော်။ Oily & Combination skin ကိုမှ အသားအရောင်လတ်တဲ့သူတွေကို ညွှန်းလိုက်ပါတယ်။

#skincarereview

image

တရုတ်နှင့်တောင်ကိုရီးယားတို့ ဟောင်ဝဇ္ဇာစျေးကွက်တွင် ယှဉ်ပြိုင်မှုမြင့်တက်

အဘူဒါဘီ၊ ဖေဖော်ဝါရီ ၂၀

တရုတ်နှင့် တောင်ကိုရီးယားတို့အကြား တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များ ရောင်းချမှုစျေးကွက်တွင် ပြိုင်ဆိုင်မှု မြင့်တက်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်နှင့် တောင်ကိုရီးယားမှ ကာကွယ်ရေး ကန်ထရိုက်တာများသည် ယခုသီတင်းပတ်အတွင်း အဘူဒါဘီ (Abu Dhabi) တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာကာကွယ်ရေးပြပွဲ(IDEX)၌ ၎င်းတို့၏ နောက်ဆုံးပေါ် လက်နက်စနစ်များ ကို ပြသခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး လက်နက်ပြပွဲများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် IDEX ပြပွဲ၌ တရုတ်၏ Norinco ကာကွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ၁၅၅ မမ SH16A ဟောင်ဝဇ္ဇာကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ယူအေအီးနိုင်ငံတွင် ပြုလုပ်သည့် အဆိုပါ လက်နက်ပြပွဲသည် တရုတ်နိုင်ငံအတွက် ၎င်းတို့၏ ဟောင်ဝဇ္ဇာ အမြောက်ကို ပြည်ပ၌ ပြုလုပ်သော လက်နက်ပြပွဲမှာ ပထမဆုံးအကြိမ် ပြသခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ကျူးဟိုင်းလေကြောင်းပြပွဲ (Zhuhai Airshow) တွင် ထိုဟောင်ဝဇ္ဇာအမြောက်ကို ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့သည်။

တရုတ်က ပြသထားသည့် ဟောင်ဝဇ္ဇာအမြောက်နှင့် မီတာအနည်းငယ် အကွာတွင်မူ တောင်ကိုရီးယား၏ Hanwha Aerospace ကုမ္ပဏီကလည်း ၎င်းတို့၏ K9 Thunder ဟောင်ဝဇ္ဇာအမြောက်ကို ပြသခဲ့သည်။

ထိုဟောင်ဝဇ္ဇာသည် တောင်ကိုရီးယားလုပ် အင်ဂျင်တပ်ဆင်ထားသည့် ပထမဆုံးနှင့် နောက်ဆုံးပေါ် ဟောင်ဝဇ္ဇာ ဖြစ်ပြီး ယခင်မော်ဒယ်များတွင်မူ ဂျာမနီလုပ် အင်ဂျင်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များသည် အစိုးရတပ်ဖွဲ့များနှင့် အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

ဆော်ဒီသည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ယီမင်စစ်ပွဲအတွင်း အီရန်က ကျောထောက်နောက်ခံ ပေးထားသော ဟူရ်သီသူပုန်များကို Norinco ကုမ္ပဏီ၏ PLZ-45 ဟောင်ဝဇ္ဇာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေးကလည်း ဂါဇာတွင် ဟားမာ့စ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်လုပ် M109 ဟောင်ဝဇ္ဇာများကို အသုံးပြု တိုက်ခိုက်ခဲ့သည်။

Source: South China Morning Post

ပုံ - တောင်ကိုရီးယားရဲ့ ဟောင်ဝဇ္ဇာအမြောက်များကို တွေ့ရစဉ်

#centralnewsnaypyitaw

image

တောင်ကြီး-လွိုင်ကော် ပို့ဆောင်လာတဲ့ ကုန်စည်တွေ ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုမယ်

ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပို့ဆောင်လာတဲ့ ကုန်စည်ပစ္စည်းတွေကို ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့ ​ဒေသခံ သတင်းရင်းမြစ်တွေထံက ပြောပါတယ်။

ကယားပြည်နယ်အတွင်းရှိ ဒေသတွင်းလက်နက်ကိုင်အင်အားစုတွေကို ထောက်ပို့လုပ်မှာစိုးရိမ်တာကြောင့် တောင်ကြီးမြို့ကနေ လွိုင်ကော်မြို့ကို ကုန်ပစ္စည်းပို့ပါက ပစ္စည်းစာရင်းအသေးစိတ်၊ အရေအတွက် အတိအကျနဲ့ စစ်ကောင်စီဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှ ပို့ဖို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

“လွိုင်ကော်မှာလည်း လက်မှတ်ပါမှ ထုတ်ပေးလို့ရတာကြောင့် လက်မှတ်ပါမှ ပစ္စည်းပို့ဖို့ ပြောထားရတယ်။ လူကော၊ ကုန်ကောပါရင်တော့ ပြဿနာမရှိပေမယ့် ကုန်ပစ္စည်းတွေပဲ တင်မယ်ဆိုရင်တော့ လက်မှတ်က ပါကိုပါမှ ပေးတင်တာ။ လူ​ရော ကုန်​ရော ပါရင်တောင် ပစ္စည်းတွေ ဖွင့်စစ်ပြီးမှ ပေးတင်တာ”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အဲဒီလို တင်ပို့လိုက်တဲ့ ပစ္စည်းတွေကို လမ်းခရီးမှာ ချယူလို့မရဘဲ လွိုင်ကော်မြို့ဘောလုံးကွင်းဝန်းအတွင်းရှိ နစက ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ရှေ့မှာ စစ်ဆေးပြီးမှသာ ပစ္စည်းထုတ်ယူခွင့်ပြုနေတာဖြစ်တယ်လို့ ယာဥ်လိုင်းဂိတ်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

“လမ်းမှာ လုံးဝပေးမချဘူး။ တောင်ကြီးက တင်လာတဲ့ပစ္စည်းစာရင်းအတိုင်း လွိုင်ကော်မှာ ပြရတယ်။ လျော့နေလို့ မရဘူး။ အဓိကကတော့ ထောက်ပို့လုပ်မှာ စိုးရိမ်တာကြောင့်လို့ ပြောတာပဲ။ ဒီရောက်ရင်လည်း အဆင့်ဆင့်စစ်ဆေးပြီးမှ ပစ္စည်းပေးထုတ်တာ”လို့ ယာဉ်လိုင်းဂိတ်တာဝန်ရှိသူတယောက်က ပြောပါတယ်။

တောင်ကြီးကနေ လွိုင်ကော်မြို့ကို တောင်ကြီး - ဆိုက်ခေါင် - ဆီဆိုင် - လွိုင်ကော်ကို မော်တော်ယာဥ်လိုင်းတွေ ပြေးဆွဲနေပြီး ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် တင်းကြပ်ထားပေမယ့် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကတော့ တစ်ရက်ကို ၁၀စီးထက်မနည်း ရှိနေတယ်လို့လည်း သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

အိုမင်းလာသောအခါ
တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ် ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်
အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့
ခင်ဗျားစားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်
ခင်ဗျားအိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့
လုပ်စရာအလုပ်တွေလည်း မယ်မယ်ရရသိပ်မရှိတော့ဘူး
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး
နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်
ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို ဘယ်သူကမှ
ကြာကြာအဖက်လုပ်ကြမှာမဟုတ်တော့ဘူး
ခင်ဗျားရှာထားခဲ့တဲ့တိုက်တွေကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး
ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်
အတူတူ အိုမင်းကြမယ်ဆိုတဲ့ လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်
( ဇာတ်ဆရာအလိုကျပေါ့လေ )
တချို့လည်း သေကုန်ပြီ
တချို့လည်း ပျောက်ကုန်ကြပြီ
တချို့လည်း ခပ်ယဲ့ယဲ့
တချို့က ခပ်မဲ့မဲ့
လူတချို့ကိုပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမယ့် သူတို့ မရှိကြတော့ဘူး
ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင်စိတ်တွေပေါ်လာလိမ့်မယ်
ဒါပေမယ့် ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး
ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ်ဆိုတာသိလာလိမ့်မယ်
တချိန်ထဲမှာပဲ အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်
နောက်ဆုံးတော့
ဘဝ ဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...
ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။
#credit

image
1 y - Translate

ဒဂုန်တာရာ "မေ" အကြောင်းတစေ့တစောင်း

မေဟာ တစ်ခေတ်တစ်ခါကအရမ်းအောင်မြင်
ကျော်ကြားခဲ့တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်သလို အခု
ထိလည်းကျော်ကြားမှုအရှိန်ဝါကရပ်တန့်မသွားခဲ့ပါဘူး"ဒဂုံတာရာက မေကို လှလှကလေးရေးဖွဲ့ထား၏ မေ
သည်စာမျက်နှာပေါ်မှ ခုန်ထွက်ကာ ကျွန်တော့်ရင်ခွင်ထဲသို့ တိုးဝင်လာလေသလောဟုပင် ကျွန်တော်သံသယဖြစ်ရသည်" ဟူ၍ဆရာကြီးမြသန်းတင့်ကပင် တင်စားခဲ့ပါသေးတယ် မူရင်းဝတ္တုမှာ အဂ်လိပ်စာရေးဆရာ ဘီဗာလေတစ်ကိုးလ် ၏"Self" ဝတ္တုဖြစ်ပြီး "နန်စီ"ဟူသောအမျိုးသမီးဇာတ်ကောင်ကို ဆရာကြီး ဒဂုန်တာရာကမြန်မာအမျိုးသမီးဇာတ်ကောင် "မေ"အဖြစ်ပြန်လည်အသက်သွင်းလိုက်ရာ မြန်မာဆန်သောမြန်မာ့ဝတ္တုတစ်ပုဒ်အဖြစ် အသစ်ပြန်လည်မွေးဖွားခဲ့ရပြန်တယ်
မေဟာ ဘယ်လောက်ဆွဲဆောင်မှုရှိလိုက်သလဲဆိုရင် Karine ဆို စာအုပ်ဆုံးတဲ့အထိ ဘာသာပြန်ဝတ္တုဆိုတာကိုတောင်မေ့လောက်တဲ့အထိပါပဲ မြန်မာတို့ရဲ့အငွေ့ အသက်ဖြစ်တဲ့ ပဲခူးမြို့နဲ့ ရန်ကုန်မြို့ကြီးရဲ့အလှအပမြန်မာအမျိုးသမီးတစ်ဦးရဲ့ဝတ်စားဆင်ယဉ်မှု မိန်းမောဖွယ်ရာကောင်းတဲ့မေ့ရဲ့ အလှတွေမှာ စီးပါဝင်မျောမိသွားလိုက်တာစာအုပ်‌ဆုံးတာတောင်နှမျောမိတယ် တကယ်ကိုထပ်ကာထပ်ကာဖတ်ချင်စိတ်ကိုနှိုးဆွပေးတဲ့စာအုပ်ပါပဲနော် မေ့ရဲ့ အပြင်ပန်းအလှတရားနဲ့ လုံးလုံးမျှမသက်ဆိုင်တဲ့ မေ့ရဲ့ စိတ်ဓာတ်ကလေးကိုမြင်တော့ ပိုတောင်အံ့သြမှင်သက်မိပါသေးတယ်
လူဂုဏ်ထံအသိုင်းဝိုင်းကိုမှ အထင်ကြီးတဲ့မေ
အထက်တန်းလွှာသိပ်ကျချင်တဲ့မေ ငွေကိုအရမ်း
ကြိုက်တဲ့မေ ‌သိပ်ကိုဟန်ဆောင်ကောင်းတဲ့မေ
စန္ဒရားဆရာမလေးအဖြစ် ဘဝကိုစတင်ခဲ့သော‌မေလူကြီးလူကောင်းအယောင်ဆောင်ဦးဘမောင်နဲ့‌ဆုံစည်းခဲ့ရပုံ ချစ်ရပါသော သူငယ်ချင်းမခင်စီ၏အကို ကိုကျော်မြင့်နှင့်တွေ့ဆုံရပုံများမှာလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်
ချစ်ခြင်းမေတ္တာထက် အထိအတွေ့ ကာမဂုဏ်ကိုပိုပြီးနှစ်သက်သဘောကျတဲ့မေ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပြီဟု ယူဆပြီးကာမှ မိမိစိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲတော့မည်ဆိုကာမှ ကြမ္မာဆိုးငင်ခဲ့သည့်မေ
‌ချုံပြောရလျှင် မေဟာ ပေါက်ပန်းပွင့်ကလေးနဲ့
တူတယ်လို့ ထင်မိတယ် ပေါက်ပန်းပွင့်လေးတွေက လှပေမယ့် ရနံ့မရှိဘူးလေ မေဟာလည်းအဲ့လိုပဲအပေါ်ယံအလှနဲ့မလိုက်ဖက်စွာ အကျင့်စာရိတ္တပျက်ပြားတတ်တဲ့ လျှပ်ပေါ်လော်လီတတ်တဲ့ သူလေးပါပဲ
မကောင်းသတင်းနဲ့ကျော်ဇောတဲ့ မိန်းမလှကလေးပါပဲ
မေဝတ္တုကိုဖတ်နေရတာဟာ ရှန်ပိန်တစ်ခွက်ကိုသောက်နေရသလိုပဲ သောက်ခါစမှာ ရှိန်းတိန်းဖိန်းတိန်းရီဝေဝေ နဲ့တဖြည်းဖြည်းအရှိန်တက်လာလေ ပိုသောက်ချင်လာ‌လေ
ဆိုသလိုမျိုးး ခေတ်အဆက်ဆက်မရိုးနိုင်တဲ့မေ့ကို ယခုတစ်ဖန် (၈)ကြိမ်မြောက်ပြန်လည်ထုတ်ဝေလိုက်တာပါပဲမေ ဝတ္တုဟာအခုဆို (၇၅)နှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီ
သို့သော် မေဟာ နုပျိုဆဲ ...
စိတ်ဝင်စားမှုတွေနဲ့ပြည့်နှက်နေတဲ့ မေ့ရဲ့ဖြတ်သန်းမှုဘဝအကြောင်းကို အပြည့်စုံသိချင်ရင်တော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေနော်
Karine သိပ်နှစ်သက်တဲ့စာအုပ်ကောင်းလေး
တစ်အုပ်ပါ တစ်ကြိမ်တစ်ခါဖတ်ပြီး နောက်ထပ်
အကြိမ်ဖန်များစွာဖတ်ချင်စိတ်ကိုဆွဲဆောင်နိုင်တဲ့စာအုပ်ကောင်းတစ်အုပ်ပါလို့ပဲ

image