49 w - Translate

Star Abyss (2024)

အနာဂတ်ကာလမှာ လူတွေဟာ အာကာသဂိတ်တွေကို ကျော်ဖြတ်ခြင်းဖြင့်
ကမ္ဘာသစ်တစ်ခုကို ခရီးသွားနေကြပါတယ်။ အာကာသယာဉ်တစ်ခုဟာ
အာကာသဂိတ်တွင်းနက်ထဲမှာ ၇ နှစ်တာ ပိတ်မိဖို ဖြစ်လာပါတယ်။

ခရီးသည် ၁၅ ယောက်မှာ ၄ ယောက်ပဲ ဆောင်းခိုခန်းထဲကို
ဝင်ရောက်ရှင်သန်နိုင်မှာ ဖြစ်တဲ့အတွက် ကြောက်လန့်နေကြတဲ့ လူအများက
ကုန်တင်ခန်းထဲမှာ စုဝေးနေကြပါတယ်။ တန်ဖိုးကြီးလှတဲ့ အသက်ရှင်သန်ခွင့်ရဖိုအတွက်
စွမ်းကျီရှင်းဆိုတဲ့ ဝရမ်းပြေးလူသတ်သမား အမွှာညီအစ်မနှစ်ယောက်က
ဗီဇပေါင်းစည်းထားတဲ့ တိုက်ခိုက်ရေး တိရစ္ဆာန်ကြီးကို
လွတ်ပေးခဲ့ပြီး လူတွေကို လိုက်လံ သတ်ဖြတ်ခဲ့ပါတယ်။
ယာဉ်ထဲက လူ ၁၅ ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်မလဲ……
နောက်ဆုံး ဘယ်သူတွေက အသက်ရှင်ကျန်ခဲ့မလဲ……
ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

image

မန္တလေးမှာ နှစ်ကြိမ် ခိုးခံရတဲ့ ရှေးဟောင်းဆင်းတု ဒီတကြိမ်လည်း ပြန်လည်ရရှိ

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားမှာရှိတဲ့ ရွှေအိုးရစေတီတော် ပရဝုဏ်အတွင်းက ကျောက်သားဆင်းတုတော်ဟာ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ညက ထပ်မံအခိုးခံခဲ့ရပြီး ၁၉ ရက်နေ့ညပိုင်းမှာ အဲ့ဒီ ရှေးဟောင်းသမိုင်းဝင် ကျောက်သားဆင်း တုတော်ကို ခိုးယူခဲ့တဲ့ တရားခံလေးဦးကို ဖမ်းဆီရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူထံကနေ သိရပါတယ်။

"ဆင်းတုတော်ကို ခိုးယူခဲ့တဲ့သူတွေကို ဖမ်းဆီးမိထားတယ်ဆိုတာ ဆက်သွယ်လာပါတယ်၊ လက်တလောတော့ သီတင်းသုံးရာ ဓမ္မာရုံအတွင်းကို ပြန်မရောက်သေးပါဘူး" လို့ အဲ့ဒီ ဆင်းတုတော်နဲ့ စေတီတော်ကို စောင့်ရှောက်နေတဲ့ ဦးဇော်ဝင်းက ပြောပါတယ်။

အဲ့ဒီဆင်းတုတော်ဟာ ပထမတခေါက် အခိုးမခံရမီအချိန်က အကာအရံမရှိပေမယ့်၊ ၂၀၀၇ ခုနှစ်က ဆင်းတုတော်ကို ပြန်ရချိန်မှာ အကာအရံနဲ့ ပူဇော်ထားခဲ့တာကို ​ေဖဖော်ဝာရီ ၁၈ နေ့ညက ဒုတိယအကြိမ်ခိုးခံရတာဖြစ်ပါတယ်။

အဲ့ဒီ ကျောက်သားဆင်းတုတော်ကို ပထမတကြိမ်ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ခိုးယူသူတွေနဲ့ ဆင်းတုတော်ကို မြဝတီ နယ်စပ်ကနေ မဲဆောက်ဘက်အကူးမှာ ပြန်လည် ဖမ်းဆီရမိခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ မူလသတင်းသုံးရာ နေရာကို နိုင်ငံတော်က ပြန်လည်အပ်နှံခဲ့တဲ့အတွက် ဆင်းတုတော်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဦးဇော်ဝင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

#centralnewsnaypyitaw

image
image
image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

image

木姐 (မင်္ဂလာမူဆယ် )

imageimage
+4

ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀

ထိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်သို့သွားသည့် ခရီးသွားကားပေါ်တွင် တ ရုတ်နိုင်ငံသားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၄ နာရီခန့်တွင် Muang ခရိုင်ရှိ Yasothon ဘတ်စ်ကားဂိတ်၌ ဘန်ကောက်မှ ခမရတ်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ဘတ်စ်ကားကို ရဲတပ်ဖွဲ့ကရှာဖွေရာတွင် ၎င်းတို့ကိုဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ တရုတ်နိုင်ငံသားရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အထဲမှနှစ်ဦးသည် ဗီဇာသက်တမ်းကျော်လွန်နေသူများဖြစ်ပြီး၊ ကျန်ခြောက်ဦးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံရသည့် သံသယရှိသူများ၏အိတ်အတွင်းမှ လက်ကိုင်ဖုန်း ၉၁ လုံးကို တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသော်လည်း သံသယရှိသူများက ဖုန်းများသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ဘာသာပြန်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။

သံသယရှိသူများသည် ငွေကြေားလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)တွင်ပါဝင်သည်ဟု ယူဆရပြီး၊ နယ်စပ်ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့ဦးဆောင်သော ဖြိုခွင်းမှုအတွင်း ၎င်းတို့၏လုပ်ငန်းများကို အခြားနေရာသို့ပြောင်းရွှေ့နေဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

Ref: Bangkok Post
Photo: Yasothon Police Station Facebook page

#သတင်းဟင်းလေးအိုးကြီး

image