1 နှစ် - ဘာသာပြန်ပါ။

ညကောင်းကင်ယံကို မော့ကြည့်လိုက်တဲ့အခါ ကြယ်တာ ရာတွေ ပြည့်နှက်နေတဲ့ အဆုံးအစမဲ့ အာကာသကြီးကို မြင်တွေ့ရမှာပါ။
ဒီလို လှပတဲ့ မြင်ကွင်းတွေထဲမှာ လူသားတွေ သတိမထားမိတဲ့ အရာဝတ္ထုများစွာဟာလည်း လျှို့ဝှက်စွာ ရွေ့လျားနေကြပါတယ်။
အဲဒီအထဲကမှ 2024 YR4 လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်တစ်ခုဟာ မကြာတော့တဲ့ အနာဂတ်မှာ ကမ္ဘာနဲ့ အနီးဆုံးကို ရောက်ရှိလာဖို့ ရှိနေပါတယ်။
2024 YR4 ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်‌
နေ့မှာမှ အသစ်စက်စက် ရှာဖွေတွေ့ရှိထားတဲ့ ဂြိုဟ်သိမ်တစ်ခုဖြစ်ပါတယ်။
ကမ္ဘာပတ်လမ်းကြောင်းနဲ့ နီးကပ်စွာ ဖြတ်သန်းသွားမယ့် Near-Earth Object (NEO) အုပ်စုထဲမှာ ပါဝင်ပြီး၊ လက်ရှိ ခန့်မှန်းချက်တွေအရ သူ့ရဲ့ အချင်းဟာ မီတာ ၄၀ ကနေ ၉၀ ကြားမှာ ရှိမယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအရွယ်အစားဟာ ခန့်မှန်းခြေသာဖြစ်ပြီး၊ ၂၀၃၂ ခုနှစ်မှာ ရေဒါနဲ့ တိုင်းတာနိုင်တဲ့ အကွာအဝေးကို ရောက်မှသာ အတိအကျ သိနိုင်မှာ ဖြစ်တဲ့အတွက် လက် ရှိမှာတော့ အတိအကျ မသိနိုင်သေးပါဘူး။
၂၀၃၂ ခုနှစ်၊ ဒီဇင်ဘာလဝန်းကျင်မှာ 2024 YR4 ဟာ ကမ္ဘာနဲ့ အနီးဆုံး အကွာအဝေးကို ရောက်ရှိလာမယ်လို့ တွက်ချက်ထားပါတယ်။
ဒီအချိန်မှာ ကမ္ဘာနဲ့ ဘယ်လောက်အထိ နီးကပ်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပေမယ့်၊ သိပ္ပံပညာရှင်တွေက သူ့ရဲ့ လမ်းကြောင်းကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။
အရေးကြီးဆုံး မေးခွန်းတစ်ခုဖြစ်တဲ့ ဒီဂြိုဟ်သိမ်ဟာ ကမ္ဘာကို တိုက်မိနိုင်ခြေ ရှိသလား ဆိုတာကို ဖြေရရင်တော့၊ NASA ရဲ့ တွက်ချက်မှုတွေအရ လက်ရှိအချိန်မှာ တိုက်မိနိုင်ခြေ ၃.၁% ရှိတယ်လို့ သိရပါတယ်။
ဒါဟာ တခြားဂြိုဟ်သိမ်တွေနဲ့ ယှဉ်ရင် အနည်းငယ် ပိုများပေမယ့်၊ ၉၆.၉% ဟာ ကမ္ဘာကို မတိုက်နိုင်ဘူးဆိုတဲ့ အချက်ကလည်း အရေးကြီးပါတယ်။
ဒီဖြစ်နိုင်ခြေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်တာကြောင့် လက်ရှိအချိန်မှာတော့ စိုးရိမ်တကြီး ဖြစ်စရာ မလိုသေးပါဘူး။
NASA ရဲ့ Sentry System နဲ့ Center for Near-Earth Object Studies (CNEOS) တို့က ဒီဂြိုဟ်သိမ်ကို အမြဲမပြတ် စောင့်ကြည့်နေပြီး အချက်အလက်အသစ်တွေ ရတာနဲ့အမျှ ဖြစ်နိုင်ခြေကို ပြန်လည်တွက်ချက်ပေးနေမှာပါ။
သို့သော်လည်း အကယ်၍ 2024 YR4 သာ ကမ္ဘာကို တိုက်မိခဲ့မယ်ဆိုရင်၊ သူ့ရဲ့ အရွယ်အစားပေါ် မူတည်ပြီး သက် ရောက်မှုတွေ ကွာခြားနိုင်ပါတယ်။
လူနေထူထပ်တဲ့ မြို့ကြီးတစ်မြို့ပေါ် တည့်တည့်ကျရောက်ခဲ့ရင်တော့ ကီလိုမီတာ ဆယ်ဂဏန်းဝန်းကျင်အထိ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပြီး အဆောက်အအုံတွေ ပြိုကျပျက်စီးနိုင်သလို၊ ပြတင်း ပေါက်မှန်တွေ ကွဲအက်တာမျိုးတွေလည်း အတော်ဝေးတဲ့နေရာအထိ ဖြစ်နိုင်ပါတယ်။
2024 YR4 ရဲ့ လမ်းကြောင်းနဲ့ ပတ်သက်ပြီး အသေ အချာ သိနိုင်ဖို့အတွက် NASA အပါအဝင် ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေဟာ အနီးကပ် စောင့်ကြည့်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။
ရရှိလာတဲ့ အချက်အလက် အသစ်တွေပေါ်မူတည်ပြီး ကမ္ဘာကို တိုက်မိနိုင်ခြေ ရှိ/မရှိ ဆိုတာကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ 2024 YR4 ဂြိုဟ်သိမ်ဟာ အနာဂါတ်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အာကာသ အရာဝတ္ထုတစ်ခုဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ စိုးရိမ်စရာ အဆင့်မရှိသေးပေမယ့်၊ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေကို အမြဲနားစွင့်နေဖို့ လိုအပ်ပြီး၊ အနာဂတ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
#knowledge

image
1 နှစ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံတွင် မြန်မာထွက်ကုန်ပစ္စည်းရောင်းချမှုဖြင့် ဆိုင်ပိုင်ရှင်နှင့် မြန်မာအလုပ်သမားတစ်ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ စူလတ်ဌာနီ ကော့ဖန်ငန်၌ ရှိသည့် ကုန်စုံဆိုင် တစ်ဆိုင်တွင် မြန်မာထွက်ကုန်ရောင်းချမှုကြောင့် ဆိုင်ပိုင်ရှင် ထိုင်းလူမျိုးနှင့် မြန်မာအလုပ်သမားတစ်ဦး ဖမ်းဆီးအရေးယူခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
အဆိုပါ ကုန်စုံဆိုင်သည် တရားမဝင်တင်သွင်းလာသောမြန်မာ ထွက်ကုန်များရောင်းချနေသည်ဆိုသည့် တိုင်တန်းချက်အရ သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသားကို တရားမဝင် ကုန်ပစ္စည်းတင်သွင်းရောင်းချမှု၊ ၁၅ ရက်အတွင်း နိုင်ငံခြားသား အလုပ်သမားကို မှတ်ပုံတင်ရန် ပျက်ကွက်မှု၊ နိုင်ငံခြားသားအလုပ်သမားကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခွင့်ပြုထားခြင်း စသည့်အချက်များဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
မြန်မာအလုပ်သမား (အမျိုးသမီး)ကိုမူ ခွင့်ပြုချက်ကျော်လွန်ပြီး အလုပ်ရှင်၏ အချက်အလက်များကို အစီရင်ခံရန်ပျက်ကွက်သည်ဆိုသော အချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသော မြန်မာအပါအဝင် နိုင်ငံခြားသားများ ကိုစောင့်ကြည့်လျက်ရှိပြီး ထိုင်းအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်ဘက်မှ မည်သည့်ကုန်ပစ္စည်းမဆို တင်သွင်း၊ ရောင်းချခြင်းများကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

Kakegurui ကိုအခြေခံပြီး "Bet" ဆိုတဲ့ English Live-Action လာတော့မည်။ 😳

ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ - Miku Martineau, Ayo Solanke, Eve Edwards, Clara Alexandrova, Hunter Cardinal, Anwen O'Driscoll, Aviva Mongillo, Ryan Sutherland တိုပဲဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Kakegurui ကိုအခြေခံပြီး "Bet" ဆိုတဲ့ English Live-Action လာတော့မည်။ 😳

ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ - Miku Martineau, Ayo Solanke, Eve Edwards, Clara Alexandrova, Hunter Cardinal, Anwen O'Driscoll, Aviva Mongillo, Ryan Sutherland တိုပဲဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Kakegurui ကိုအခြေခံပြီး "Bet" ဆိုတဲ့ English Live-Action လာတော့မည်။ 😳

ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ - Miku Martineau, Ayo Solanke, Eve Edwards, Clara Alexandrova, Hunter Cardinal, Anwen O'Driscoll, Aviva Mongillo, Ryan Sutherland တိုပဲဖြစ်ပါတယ်။

imageimage
1 နှစ် - ဘာသာပြန်ပါ။

ဆော်ဒီအာရေဗျ၏ အနာဂတ်မြို့တော် "The Line"
၏ ပထမဆုံးခြေလှမ်း Hidden Marina
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ဆော်ဒီအာရေဗျနိုင်ငံဟာ အနာဂတ်ကာလရဲ့ မြို့ပြလူနေမှုပုံစံကို တော်လှန်ပြောင်းလဲပစ်မယ့် ကြီးမားတဲ့ စီမံကိန်းတစ်ခုကို စတင်အကောင်အထည်ဖော်နေပါပြီ။ အဲဒါကတော့ "The Line" လို့ အမည်ရတဲ့ မျဉ်းဖြောင့်ပုံစံ မြို့တော်သစ်ကြီးပဲ ဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ ပထမဆုံး အစိတ်အပိုင်းဖြစ်တဲ့ "Hidden Marina" ဟာ အခုဆိုရင် တည်ဆောက်မှုတွေ စတင်နေပြီဖြစ်ပြီး၊ ကမ္ဘာ့အံ့ဖွယ်တစ်ခုအဖြစ် သတ်မှတ်နိုင်လောက်တဲ့ အထိ ဆန်းသစ်တဲ့ အခြေခံအဆောက်အဦတွေနဲ့ ပြည့်နှက်နေပါတယ်။
Hidden Marina ဟာ ကန္တာရကို ဖြတ်ပြီး ၂.၄ ကီလိုမီတာ ရှည်လျားကာ အမြင့် မီတာ ၅၀၀ ရှိတဲ့ အဆောက်အဦကြီး ဖြစ်ပါတယ်။
၂၀၃၀ ခုနှစ်မှာ အပြီးသတ်ဖို့ လျာထားတဲ့ Hidden Marina ဟာ လူဦးရေ ၃၀၀,၀၀၀ ဝန်းကျင် နေထိုင်နိုင်ဖို့ ရည်ရွယ်ထားပြီး၊ နေအိမ်များအပြင် စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေး နဲ့ လုံခြုံရေး ဝန်ဆောင်မှု အစုံအလင်ကိုလည်း ထည့်သွင်းတည်ဆောက်မှာ ဖြစ်ပါတယ်။
နေထိုင်သူတွေဟာ နေ့စဉ်လိုအပ်ချက် မှန်သမျှကို ၅ မိနစ်အတွင်း လမ်းလျှောက်သွားနိုင်တဲ့ အကွာအဝေးမှာ ရရှိနိုင်မှာဖြစ်ပြီး၊ မြို့ပြတစ်ခုလုံးကို ဆက်သွယ်ပေးမယ့် မြန်နှုန်းမြင့် ရထားလမ်းစနစ်ကလည်း သွားလာရေးကို ပိုမိုလွယ်ကူချောမွေ့စေမှာပါ။
The Line စီမံကိန်းရဲ့ အဓိက ရည်မှန်းချက်တစ်ခုကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ပါပဲ။
Hidden Marina ကို တည်ဆောက်ရာမှာ ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်တွေကို အဓိက အသုံးပြုမှာဖြစ်ပြီး၊ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ (zero-carbon) မြို့ပြတစ်ခု ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။
မြို့ပြရဲ့ ဒီဇိုင်းဟာလည်း သဘာဝလေဝင်လေထွက်ကောင်းမွန်စေဖို့နဲ့ အပူချိန်လျှော့ချဖို့အတွက်ပါ ထည့် သွင်းစဉ်းစားထားပါတယ်။
အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ ကုန်ကျမယ့် ဒီစီမံကိန်းကြီးတွင် လက်ရှိအချိန်မှာ အလုပ်သမားပေါင်း ၄၀၀,၀၀၀ ကျော် ပါဝင်လုပ်ဆောင်နေကြပြီး၊ ဆော်ဒီအာရေဗျနိုင်ငံရဲ့ စီးပွားရေးကို ကြီးမားစွာ အထောက်အကူပြုလျက်ရှိပါတယ်။
Hidden Marina အပါအဝင် The Line စီမံကိန်းတစ်ခုလုံး ပြီးစီးသွားတဲ့အခါမှာလည်း အလုပ်အကိုင် အခွင့်အလမ်းသစ်များစွာ ပေါ်ပေါက်လာမှာဖြစ်ပြီး၊ ဒေသတွင်း စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Hidden Marina အပါအဝင် NEOM ၏ The Line စီမံ ကိန်းသည် ဆော်ဒီအာရေဗျ၏ ၂၀၃၄ FIFA ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် အားကစားကွင်းအပါအဝင် နိုင်ငံ တကာအဆင့်မှီ ဝန်ဆောင်မူများပါ ထည့်သွင်းတည် ဆောက်ရန် ရည်ရွယ်ထားပါတယ်။
Hidden Marina ဟာ The Line စီမံကိန်းရဲ့ ကနဦးခြေလှမ်းတစ်ခုသာ ဖြစ်ပေမယ့်၊ အနာဂတ်မြို့ပြတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေတဲ့ စိတ်လှုပ်ရှားဖွယ် ဥပမာတစ်ခု ဖြစ်ပါတယ်။
ဆန်းသစ်တဲ့ နည်းပညာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဒီဇိုင်းတွေ၊ လူမှုအသိုက်အဝန်းကို အလေးထားတဲ့ ချဉ်းကပ်မှုတွေနဲ့အတူ Hidden Marina ဟာ ကမ္ဘာတစ်ဝှမ်းက မြို့ပြစီမံကိန်းတွေအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ပါတယ်။
#knowledge

image
1 နှစ် - ဘာသာပြန်ပါ။

#ဟန်ဆောင်ကောင်းမှလူလေးစားခံရတဲ့ခေတ်
ဟန်ဆောင်ကောင်းမှ
လူလေးစားခံနေရတဲ့ ခေတ်မှာ
အရှိကိုအရှိအတိုင်းနေတတ်တဲ့
သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
အပြောကောင်းမှ
လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ
အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့
သင်ဟာ လူ့ကန့်လန့်တစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
ပေးနိုင် ကမ်းနိုင်မှ
မျက်နှာကောင်းရနေတဲ့ခေတ်မှာ
ဝမရှိဘဲ ဝိမလုပ်တတ်တဲ့
သင်ဟာ အပယ်ခံတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
ကပ်ဖား ရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ ခေတ်မှာ
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့သင်ဟာ လူရယ်ချင်စရာ
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
သူတစ်ပါးကိုနင်းခွနိုင်မှ
အထက်ကိုရောက်နိုင်တဲ့ခေတ်မှာ
ကိုယ့်ထက်နိမ့်ကျသူတွေကို
တတ်နိုင်သလောက်တွဲယူချင်နေတဲ့
သင်ဟာ လူနုံလူအတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
သူတစ်ပါးကို တွန်းတိုက်ပြီးမှ
အောင်မြင်နိုင်တဲ့ခေတ်မှာ
လိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်
နိုင်အောင်ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့အံမဝင်သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။
ဒါပေမယ့်...
လူရာမဝင်လို့လည်း အားငယ်မနေပါနဲ့။
ဖယ်ကျဉ်ခံနေရလို့လည်း သိမ်ငယ်မနေပါနဲ့။
အလှောင်အပြောင်ခံနေရလို့လည်း
ဒေါသထွက်မနေပါနဲ့။
ကဲ့ရဲ့ခံနေရလို့လည်း စိတ်ဓာတ်ကျမနေနဲ့။
မထီမဲ့မြင်အပြုခံနေရလို့လည်း
ဝမ်းနည်းမနေပါနဲ့။
မသမာသူတွေရဲ့ စည်းအပြင်ဘက်ကို
ရောက်နေလို့လည်း ပူပန်မနေပါနဲ့။
သင် ငယ်ငယ်တုန်းက
အရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့
စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်
ထင်ပါတယ်။
စိတ်ထားယုတ်မာတဲ့မိထွေးနဲ့
ညီအစ်မတွေကြားမှာ ဝိုင်းဝန်း
လက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့
စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။
ဒါက ပုံပြင်ထဲမှာပဲလေ
အပြင်လောကမှာတော့
ဒီလောက် ကံမကောင်းနိုင်ဘူးလို့
စောဒကမတက်လိုက်ပါနဲ့။
သင့်ကံကြမ္မာဆိုတာ
သင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့
အဖိုးတန်ရတနာတစ်ခုပါ။
သင်ကောင်းရင် သင့်ကံလည်း
ကောင်းနေမှာဖြစ်သလို
သင်ဆိုးရင်တော့ သင့်ကံလည်း
ဆိုးနေပါလိမ့်မယ်။
လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက်
စိတ်ပျက်နေစရာမလိုပါဘူး။
ဘယ်သူ့ကိုမှ၊ဘယ်အရာကိုမှ
အပြစ်တင်နေဖို့လည်းမလိုပါဘူး။
"သူကောင်းဖို့မလိုပါ။
ကိုယ်ကောင်းဖို့သာလိုပါတယ်"
ဆိုတဲ့စကားလေးအတိုင်းပါပဲ။
သင်ကသူတစ်ပါးအပေါ်
ကောင်းနေပါလျှက်နဲ့
တစ်ဖက်သားကသင့်အပေါ်
မကောင်းတာတွေနဲ့ကြုံရတဲ့အခါ
ဒီစကားလေးကိုသတိရလိုက်ပါ။
သူ မကောင်းတာကသူ့ရဲ့တာဝန်ပါ။
သင် ကောင်းဖို့ကတော့
သင့်ရဲ့တာဝန်ပဲပေါ့။
သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီး
မကောင်းတာတွေပြန်လုပ်မယ်ဆိုရင်
သင်လည်းသူနဲ့အဆင့်တူ၊
မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။
အရေးကြီးဆုံးကတော့
လောကမှာကိုယ့်တာဝန်
ကိုယ်ကျေပွန်အောင်
ထမ်းဆောင်တတ်ဖို့လိုပါတယ်။
လောကမှာ တာဝန်ကျေပွန်တဲ့
သူဟာ သေတာတောင်မှ
နောင်တနဲ့မသေရတတ်ပါဘူး။

image

သောကြာနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage
1 နှစ် - ဘာသာပြန်ပါ။

အဆင်မပြေတဲ့ရက်တွေဟာ
ပြက္ခဒိန်အပြည့်ပါပဲ
နားရက်လေးတောင်မရှိဘူး။
တနေ့တော့အဆင်ပြေမှာပါဆိုတဲ့အတွေးနဲ့ပဲ
ကိုယ့်ကိုကိုယ်အားပေးရင်း
မနက်ဖြန်တွေကိုရှေ့ဆက်နေရတယ်။
အလွယ်တကူပြိုလှဲလို့မရတဲ့ဘဝမို့
အများကြီးသန်မာရဦးမယ်
အများကြီးလည်းကြိုးစားရဦးမယ်...။

1 နှစ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image