1 နှစ် - ဘာသာပြန်ပါ။

ကားဂိမ်းဆော့လို့ အပြင်မှာတကယ်ကားမောင်းတတ်သွားလားဆိုတော့ အဖြေက မောင်းတတ်ချင်မှမောင်းတတ်လိမ့်မယ်၊ သို့ပေမယ့် သေချာတာတစ်ခုက အခြေခံအုတ်မြစ်ဖြစ်တဲ့ basic driving principles တွေနဲ့ real-world driving scenarios တွေကိုတော့ ကောင်းကောင်းကြီးနားလည်ပြီး သင်ပုန်းကြီးကြေသွားမှာ အမှန်ပဲ။ Gran Turismo မောင်းပြီး အသက် (၁၉) နှစ်နဲ့ real-life race car driver ဖြစ်သွားတဲ့ Jann က သက်သေပါ။

သေချာစဥ်းစားကြည့်ရင်လည်း ကားမောင်းတတ်ဖို့ဆိုတာက ဘယ်လောက်မှသင်စရာမလိုဘူးဗျ။ စက်ဘီးစီးသင်တာကမှ ခက်ရင်ခက်အုံးမယ်။ တစ်ရက်၊ နှစ်ရက်လောက် ဆက်တိုက်မောင်းလိုက်ရင်ကို ခဏလေးနဲ့မောင်းတတ်ပါတယ်။ ဒီတော့ Basic Rules တွေကိုမှ အရင်နားမလည်ပဲ ကားတက်မောင်းတော့ ဘာဖြစ်လဲ? အဖြေကတော့ ကျွန်တော့်အမေလိုပဲ ဘက်မှန်မဖွင့်ပဲမောင်းနေတတ်သလို ကားနောက်ဆုတ်တိုင်းလည်း ခဏခဏတိုက်လို့ အဖေ Workshop သွားပို့ရတာ ခဏခဏပဲ။

ဒီတော့ အခြေခံကျတဲ့ driving principles တွေကို ငယ်ငယ်ကဆော့ခဲ့တဲ့ မိုဘိုင်းဂိမ်းတွေက အများဆုံးပေးနိုင်တယ်လို့ပဲပြောရမယ်။ အောက်က ပုံထဲမှာမြင်ရတဲ့ Dr. Driving ဂိမ်းဆိုတာ ကျွန်တော့်ငယ်ဘဝလို့တောင်ပြောရမယ်ဗျ။ အဲ့ဒီတုန်းက အားပြီဆို Dr. Driving မောင်းပြီး ကိုယ့် Records တွေချိုးဖျက်နေတတ်သလို ခုချိန်ထိလည်း ပျင်းရင်သွားသွားဆော့တုန်း။ အသက်နည်းနည်းကြီးလာတော့ Truck Simulator တို့ Bus Simulator တို့ပေါ့။

ဒါဆို ဒီဂိမ်းတွေဆော့ခဲ့လို့ ကျွန်တော်ဘာအကျိုးရလဲ? အဖြေကတော့ အပြင်မှာ ကားတစ်စီးကို ကောင်းကောင်း Parking ထိုးတတ်သွားတဲ့ အခြခံ​တွေကစလို့ Controls and Responsiveness တွေအထိ ​ကောင်းကောင်းကြီးနားလည်သွားပါတယ်။ ကျွန်တော့်ကို အဖေက ကားမောင်းမသင်ပေးပါဘူး။ ဘယ်သူမှလည်း မသင်ပေးခဲ့ဖူးဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်က'ပြာ'တတ်လို့၊ ကျွန်တော့်ကို မယုံကြလို့ဆိုပါတော့။

Anyway, ဘယ်သူကမှ ကားမောင်းမသင်ပေးပေမယ့် ကျွန်တော်ကတော့ အိမ်ကလူတွေအလစ်မှာ ကားပေါ်တက်ပြီး ခိုးခိုးမောင်းတယ်။ မှတ်မှတ်ရရ ကျွန်တော်စမောင်းတော့ Canter Manual ကြီး။ အံမယ်ဟုတ်နေတာပဲ၊ နောက်ဆုတ်ရင်တောင် ဘက်မှန်ကိုပဲကြည့်တာ ဆရာသမားက။ :3 အေးပေါ့လေ Dr. Driving ကို Highway Mission မှာတောင် လမ်းပြောင်းပြန်ကို ဘရိတ်တစ်ချက်မသုံးပဲ မောင်းတတ်ခဲ့တာကိုးးး ဟီးဟီး။

ဒါ့ကြောင့် ဂိမ်းထဲမှာကားမောင်းတာကျွမ်းလို့ အပြင်လောကမှာ လုံးလုံးလျားလျားကြီး ကားမောင်းတတ်သွားတယ်လို့ မဆိုလိုချင်ပေမယ့် များစွာသော General Skills တွေကို ဂိမ်းတွေကရနိုင်တာမို့ တကယ်ကားမောင်းတဲ့အခါ လွန်စွာအထောက်အကူပြုမှာ သေချာပါတယ်။ ​ရှင်းရှင်းပြောရရင် အောက်သက်ကြေတယ်ပေါ့ဗျာ။ English 4 Skills နဲ့ပတ်သက်ပြီး အခြေခံကောင်းကောင်းရှိတဲ့သူနဲ့၊ တစ်လုံးမှမသိတဲ့သူနှစ်ယောက် IELTS သွားသင်ရင် ဘယ်တစ်ယောက်က ပို၍သင်ယူတတ်မြောက်လွယ်မလဲ စဥ်းစားကြည့်လိုက်ပေါ့။

ဒါနဲ့ ကိုယ့်လူတို့ထဲမှာရော ငယ်ငယ်က Dr. Driving ဆော့ခဲ့ဖူးတဲ့သူ ရှိလားဗျ?

image
Apu Lay မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

ပုဏ္ဏားကျွန်း မြို့နယ်က ဘေးငါးရာ တောင်၏ ပက်ဝန်ကျင် အလှ

#rakhinecultue

imageimage
+6
1 နှစ် - ဘာသာပြန်ပါ။

M_o-n_s-t_e-r_s vs A_l-i_e-n_s (2009)

အညွှန်း* 🔽🔽🔽

ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီး
တစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အေ မရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်….

🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1462

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image