1 နှစ် - ဘာသာပြန်ပါ။

ဒီချိန်ရာသီဆို
ဒီနေရာ ဒီဒေသမှာ
တပေဘူတ ပန်းဝါဝါတွေ
ပွင့်ကို ပွင့်ရပေအုန်းမယ်ဆိုတာ
သဘာ၀တရားကြီးရဲ့ ကျိန်စာတခုလိုပဲ..🌼
​​ေဩာ် မကြာမီ
ရွက်ဟောင်ညှာကြွေ ရွက်သစ်ဝေတဲ့
ဲဒီအညာ မန္တလာနွေဦးရဲ့
လွမ်းစရာ အငွေ့အသက်လေးတခုကို
မြင်တွေရပေအုန်းမှာပဲ...
🍂🍁

#poem

image
1 နှစ် - ဘာသာပြန်ပါ။

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃ဝဝ ကို ယနေ့ ထပ်မံလွှဲပြောင်းပေးအပ်

ဖေဖော်ဝါရီ ၂၁

မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၀၀ ကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၃၀၀) ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။

ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြဝတီ- KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်(ယမန်နေ့)အထိ မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁,၇၆၃ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်မှုအနေဖြင့် ယမန်နေ့အထိ ၂၆၁ ဦး လွှဲပြောင်းပေးခဲ့ပြီးဖြစ်၍ ယခုထပ်မံလွှဲပြောင်းခဲ့သည့် တရုတ်နိုင်ငံသား ၃၀၀ အပါအဝင် စုစုပေါင်း ၅၆၁ ဦး လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

#centrnewsnaypyitaw

imageimage
1 နှစ် - ဘာသာပြန်ပါ။

FA ဘဝမှာမနေချင်သူတွေအတွက် Viber ကလည်း မြန်မာမှာ Dating ဝန်ဆောင်မှုပေးတော့မယ် ဦးဆုံးရယူ အသုံးပြုနိုင်ရန် Waitlist စာရင်းပေးသွင်းထားနိုင်တော့မည်
မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအနေနှင့် စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခု ဖြစ်သည့် Viber Dating အား အစောဆုံးအသုံးပြုနိုင်ရန်အတွက် (ကြိုတင်စောင့်ဆိုင်းမှု) Waitlist စာရင်း ပေးသွင်းထားနိုင်မည် ဖြစ်ကြောင်း သိရသည်။ Viber Dating ဝန်ဆောင်မှုအား Viber Super App ထဲမှပင် အသုံးပြုသွားနိုင်မည် ဖြစ်ကာ အသုံးပြုသူများ အနေနှင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။Viber Dating ဝန်ဆောင်မှု စတင်အသက်ဝင်သည်နှင့် တစ်ပြိုင်နက် အသုံးပြုသူများအနေနှင့် လိုအပ်သည့် အချက်အလက် များအား ဖြည့်သွင်းကာ ၎င်းတို့၏ ပရိုဖိုင်များအား အလွယ်တကူ စတင်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းထဲမှပင် Viber Dating ဝန်ဆောင်မှုသို့ ဝင်ရောက်၍ အခြားသော အသုံးပြုသူ ပရိုဖိုင်များနှင့် လုံခြုံစိတ်ချစွာ ရှာဖွေချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။ Viber Dating အားအသုံးပြုသည့် ပရိုဖိုင်သည် ပင်မ Viber ပရိုဖိုင် နှင့် တူညီမှုရှိမည် မဟုတ်ပဲ ဖုန်းနံပါတ်များကိုလည်း Viber Dating အသုံးပြုနေစဉ် တစ်ဦး နှင့် တစ်ဦး ကြည့်ရှုနိုင်မည်မဟုတ်ပေ။Viber Dating အတွက် ကြိုတင် Waitlist စာရင်းပေးသွင်းနိုင်ရန် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းအား Latest Version သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ ပြီးနောက်တွင် Viber အက်ပလီကေးရှင်းအတွင်းသို့ ဝင်ရောက်၍ ညာဖက်အောက်ထောင့်မှ အစက် ၃ စက်ဖြင့် ပြထားသော ‘More’ အားမှတဆင့် ၎င်းတို့၏ ပရိုဖိုင် ဓာတ်ပုံအောက်ရှိ ‘Viber Dating Beta’ အားသွားရောက်၍ ‘Join Waitlist’ အား ရွေးချယ်ကာ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ Viber Dating နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား ဝန်ဆောင်မှု စတင်အသုံးပြုနိုင်သည့် အချိန်တွင် ထပ်မံအကြောင်းကြားပေးသွားမည် ဖြစ်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ပိုနေတဲ့အဓိပ္ပာယ်

ငါတို့ဟာ ငွေတွေကို
ဘယ်သောအခါကမှ အလကား မရခဲ့ဘူး
လမ်းပေါ်မှာ လွင့်ကျနေတဲ့ အရိပ်က အစ
မြောင်းထဲမှာ ချစ်တင်းနှော ရုန်းကန်ရတဲ့ ပိုးလောက်လန်းအဆုံး
အားလုံး တန်ဖိုးရှိပါတယ်
ဒါကြောင့်လည်း တို့နဲ့ မဆိုင်ခဲ့ဘူး
ဒီနေ့ ဦးထုပ်ကို နောင်ပြန်ဆောင်းတယ်
မနက်ဖြန် သေမင်းကို စိန်ခေါ်ရဲသူလား။

အောင်မြင်မှုက နတ်ဝှက်တဲ့အရာ
တစ်နေရာမှာ
တစ်စုံတစ်ရာဟာ ချောင်းမြောင်းနေမှာပဲ
တရားရတဲ့အခါ လက်တို့မယ်ပြောတဲ့
သူငယ်ချင်းက
သူ့ပန်းသီးကို ဝှက်စားတယ်
ငါ့မှာ နာရီကို ဓာတ်ခဲမလဲရသေးဘူး
လမ်းဆုံလမ်းခွကြီးထဲ ရပ်လို့။ ။

-----

လူဝင်စားတွေထိုင်တဲ့ကဖေး
ဝင်းမြင့်

image
1 နှစ် - ဘာသာပြန်ပါ။

ဇူကာဘတ် ရဲ့လုပ်ငန်းက ကမ္ဘာ့တိုက်ကြီးတွေကို ချိတ်ဆက်ဖြတ်သန်းပြီး ရှည်လျားတဲ့ ရေအောက်ကေဘယ်ကြိုးတွေ တပ်ဆင်မယ်
ဇူကာဘတ်ရဲ့ Meta က ကမ္ဘာ့ တိုက်ကြီးတွေကို ချိတ်ဆက်ပေးမယ့် ကမ္ဘာ့အရှည်လျားဆုံး ရေအောက်ကေဘယ်ကြိုး တပ်ဆင်သွားမယ့် စီမံကိန်းကိုလုပ်ဆောင်ပါမယ်။ ရေအောက်ကေဘယ်ကြိုးတွေက မိုင်ပေါင်း ၃၁၀၀၀ လောက် ရှည်လျားမှာဖြစ်ကာ စီမံကိန်းနာမည်ကတော့ Project Waterworth ပါ။ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကနဲ့ အခြားအရေးပါတဲ့ဒေသတွေကို ချိတ်ဆက်မှာဖြစ်ပါတယ်။

image

အာဒိုဂန် ကို အလဲထိုးနဲ့ ရှုံးခဲ့တဲ့ အောင်လအန်ဆန်း

ဖေဖော်ဝါရီ ၂၁

ကာတာမှာ ကျင်းပတဲ့ One Championship MMA သိုင်းပေါင်းစုံလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့ဖိုက်တာ အောင်လအန်ဆန်းက ပထမအချီ ပွဲချိန် ၂၈ စက္ကန့်အတွင်း တူရကီက ရှာမီးလ်အာဒိုဂန် ကို အလဲထိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

အောင်လဟာ အာဒိုဂန်ရဲ့ ခြေကန်ချက်ကို မရှောင်နိုင်ဘဲ လဲကျသွားခဲ့တာပါ။ ပွဲစစချင်းမှာ အောင်လက လက်သီးထိုးကွက်တွေ အမြန်သုံးခဲ့ပေမဲ့ သူ့ရဲ့ထိုးချက်တွေကို အာဒိုဂန်က ရှောင်နိုင်ခဲ့ပါတယ်။

အောင်လဟာ ပထမကြိမ် မှာလည်း အာဒိုဂန်ကို ရှုံးခဲ့သလို အခု ဒုတိယမြောက် မကျေပွဲမှာလည်း အလဲထိုးနဲ့ထပ်ရှုံးခဲ့တာဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+7
1 နှစ် - ဘာသာပြန်ပါ။

"ကြွေ့တစ်သက်မှာ ကြွေ တတ်စွမ်းနိုင်သမျှ
အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီးပါပြီ။
ဒီထက် ဘာများ ပိုပြီး ကြွေ လုပ်နိုင်ဦးမှာလဲလို့တော့
ဆက်လက် အသက်ရှင်နေကြည့်ချင်ပါသေးတယ်။
ဖြစ်ချင်ပါလျက် မဖြစ်နိုင်သေးတာတွေ၊
ကြိုးစားပါလျက် မအောင်မြင်သေးတာတွေ၊
ဖြစ်မြောက် အောင်မြင်လာတဲ့အထိ
စောင့်ကြည့်ချင်ပါသေးတယ်။
ဒါပေမဲ့ အချိန်မရတော့ဘူး ဆိုတော့လည်း
ဝမ်းနည်းရုံပေါ့ ကိုဉာဏ်လင်းရယ်“
-----
နွေနေအောက်မှာ... ကြွေ
မိုးငြိမ်းဧ

image
1 နှစ် - ဘာသာပြန်ပါ။

Lady Gaga ရဲ့ အဆိုတော်ဘဝအစက ထင်ထားတာထက်ပိုခက်ခဲခဲ့ပါတယ် ....
ဒီဇိုင်နာ မငှားနိုင်ခဲ့လို့ ဝတ်စုံဈေးပေါပေါတွေ ရှာဝယ် ... တင့်တင့်တယ်တယ်ဖြစ်အောင် ကိုယ်တိုင်လက်ဖြစ် ကျောက်တွေကပ် ၊ စီးကွင့်တွေထိုး ၊ အလှတွေပြန်ဆင်တာမျိုး လုပ်ခဲ့ရသလို....
မိတ်ကပ် ၊ ဆံပင်တွေလဲ ကိုယ့်ဘာသာ တတ်သလိုပြင်ဆင်ဖန်တီးရင်း အချိန်တစ်ခုဖြတ်သန်းခဲ့ရပါတယ်...
ဝါသနာကို မစွန့်နိုင်လို့ ဘားတချို့ ၊ shopping mall ပိစိ တချို့ရဲ့ promotion ပွဲလေးတွေမှာ အင်မတန်မှနည်းတဲ့ အနုပညာကြေးနဲ့ သီချင်းဆို ဖျော်ဖြေခွင့်ရခဲ့ပေမယ့် တကယ့်တကယ် စားဝတ်နေရေးအတွက်ကျ Cornelia လမ်းက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ရင်းပိုက်ဆံရှာရပါတယ် ....
ဒါမျိုး ခက်ခက်ခဲခဲ ရှင်သန်ရပ်တည်ရတဲ့ အဆိုတော်ဘဝအစမှာ ကိုယ်ပိုင်မန်နေဂျာထားဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထားပါ....
ဒါပေမယ့် ဉာဏ်ကောင်းတဲ့ Gaga က ပွဲစီစဉ်သူတွေ ၊ shopping mall မန်နေဂျာတွေ ဆီကို သူမကိုယ်တိုင်
သူမရဲ့ မန်နေဂျာအဖြစ်ဟန်ဆောင်ဖုန်းဆက်ကာ
"ဟေး နင်တို့ Lady Gaga ဆိုတဲ့ အဆိုတော်သစ်လေး သိကြလား?
သူက ခု အရမ်းပေါက်နေတာနော်။
ပွဲတွေမှာဆို သူ့ကို ပရိသတ်အရမ်းသဘောကျတာ ။
ဖက်ရှင်လဲမိုက် ၊ ပါဖောင်းမန့်လဲကောင်းပြီး သီချင်းတွေလဲ အရမ်းကောင်းတာ ။
နင်တို့ သူ့ကို ခေါ်ဆိုခိုင်းမယ်ဆို ငါက မန်နေဂျာမို့ ဈေးညှိပေးလို့ရတယ် " စသဖြင့် အသံတုမျိုးစုံလုပ်ကာ ပွဲတွေဆိုရဖို့အတွက် ဉာဏ်နီ ဉာဏ်နက်မျိုးစုံထုတ်ကာ ကြိုးစားခဲ့ရကြောင်း ယခုတစ်ပတ်အတွင်း ထုတ်လွှင့်ခဲ့ Hot ones program မှာ ဖွင့်ဟ လာပါတယ် ။
Gaga ရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကြောင့် ယခုလက်ရှိရုပ်ရှင် ဂီတ ဖက်ရှင် နယ်ပယ်မှာအောင်မြင်မှု များစွာရရှိနေပြီး ကမ္ဘာကျော် ပွဲတိုင်း ၊ အစီအစဉ်တိုင်းအတွက် ဦးစားပေးဖော်ပြခံရတဲ့ အနုပညာရှင်တစ်ဦးအဖြစ် အထင်ရှားဆုံးတောက်ပနေပြီဖြစ်ပါတယ် ....
တကယ်တော့ သင်မအောင်မြင်သေးတာမဟုတ်ပါဘူး
အောင်မြင်လောက်တဲ့အထိ ဉာဏ် /ဝီရိယ စိုက်ထုတ်ပြီး မကြိုးစားရသေးတာပါ... ❣️

#crd
#topicnews

image
1 နှစ် - ဘာသာပြန်ပါ။

Transformers ပရိသတ်တွေ သဘောကျမယ့် Tecno က Spark 30 Pro

Optimus Prime ရဲ့ ကာလာအတွဲအစပ်တွေနဲ့ ထုတ်ပေးထားတဲ့ ဒီဖုန်းကို မြန်မာငွေ ၇သိန်းကျော်နဲ့ ရောင်းချနေတာကိုတွေ့ရပါတယ်။

ဒီ Spark 30 Pro မှာတော့ 120hz amoled, 108MP ကင်မရာနဲ့ Tecno ဘက်က ၅နှစ်တိတိ ထစ်ငေါ့ခြင်းမရှိဘဲ အသုံးပြုနိုင်မယ်လို့ ကြေငြာထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Him : စိတ်ဆို: မနေနဲ့ ဟော့ပေါ့စာ:မယ် ထွ” က်ခဲ့
Me :

#funny

image