နျူကလီးယားသင့်လျှင် အသက်ရှင်နိုင်မည့် ကုထုံး တရုတ်တီထွင်

ဘေကျင်း၊ ဖေဖော်ဝါရီ ၂၁

နျူကလီးယားစစ်ပွဲဖြစ်ပွားပါက အသက်ရှင်သန်နိုင်စွမ်းကို မြင့်တက်စေရန် မျှော်လင့်ချက်ဖြစ်စေသော ကုထုံး တစ်ခုကို တရုတ်သိပ္ပံပညာရှင်များက တီထွင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်သိပ္ပံပညာရှင်များက ဆိုးရွားသည့် ရေဒီယိုဓာတ်သတ္တိကြွမှုနှင့် ထိတွေ့ထားသော ကြွက်များ၏ အသက် ရှင်သန်နိုင်စွမ်းကို မြင့်တက်စေနိုင်သည့် ကုထုံးတစ်ခုကို တီထွင်ခဲ့သည်။

ထိုကုထုံးသည် ကင်ဆာရောဂါကို ဘေးကင်းစွာ ကုသနိုင်ရန် သို့မဟုတ် နျူကလီးယားစစ်ပွဲ ဖြစ်ပွားပါက အသက် ရှင်သန်နိုင်စွမ်းကို မြင့်တက်စေရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။

လေ့လာချက်အရ ကင်ဆာဆဲများ သို့မဟုတ် ဗိုင်းရပ်စ်များကို ခံနိုင်ရည်ရှိသည့် ကိုယ်ခံအား စနစ်အတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည့် ပရိုတိန်းများသည် ရေဒီယိုသတ္တိကြွမှုကြောင့် ဖြစ်ပွားသော ထိခိုက်မှုကို ကာကွယ်နိုင်သည်။

အလားတူ ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှုနှင့် လိုက်လျောညီထွေရှိစေရန် အထောက်အကူပြုကြောင်းလည်း လေ့လာတွေ့ရှိရသည်။

နျူကလီးယား ပေါက်ကွဲမှုများ သို့မဟုတ် နျူကလီးယား မတော်တဆဖြစ်မှုများကြောင့် ထွက်ပေါ်လာသည့် ရေဒီယိုဓာတ်သတ္တိကြွရောင်ခြည်များနှင့် ကင်ဆာရောဂါကို ကုသရန် ဓာတ်ရောင်ခြည် ကုထုံးများသည် လူ့ခန္ဓာကိုယ်၏ DNA ကို ပျက်စီးစေပြီး ဆဲလ်အများအပြားကို သေဆုံးစေနိုင်သည်။

နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွ ရောင်ခြည်သည် မျိုးဗီဇကို ထိခိုက်စေပြီး ကင်ဆာရောဂါသည်များ သည်လည်း ဓာတ်ရောင်ခြည် ကုထုံးကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများဖြင့် သေဆုံးလေ့ရှိသည်။

ဒုတိယကမ္ဘာစစ်က ဟီရိုရှီးမား (Hiroshima) နှင့် နာဂါဆာကီ (Nagasaki) မြို့များတွင် ကြဲချခံရသည့် နျူကလီးယားဗုံးများ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း (Chernobyl) နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် လူပေါင်း ၄၀၀၀ ခန့် သေဆုံးခဲ့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ထုတ်ပြန်ခဲ့သည်။

ထိုနျူကလီးယား ဖြစ်စဉ်များတွင် သေဆုံးသူ အများစုသည် ရေဒီယို ဓာတ်သတ္တိကြွသည့် ရောင်ခြည်များ သင့်မှု ကြောင့် ကင်ဆာရောဂါများဖြင့် နှစ်အနည်းငယ်အကြာတွင် သေဆုံးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကို ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ မရှိသေးပေ။

သို့သော် ကွမ်ကျိုး ဇီဝဆေးပညာနှင့် ကျန်းမာရေး အင်စတီကျု (Guangzhou Institutes of Biomedicine and Health) မှ တွဲဖက်သုတေသီ ဆွန်းယိရွန် (Sun Yirong) ဦးဆောင်သည့် သုတေသီအဖွဲ့သည် ကိုယ်တွင်းသို့ ရောဂါ ဗိုင်းရပ်ပိုးများ ဝင်ရောက်မှုကို ဟန့်တားကာကွယ်သည့် သွေးဖြူဥကဲ့သို့သော ခန္ဓာတွင်း ဆဲလ်အချို့က ထုတ်လုပ် ပေးသော ဒြပ်တစ်မျိုးကို လှုံ့ဆော်ပေးသည့် Sting ဟု လူသိများသည့် ပရိုတိန်းကို ကြွက်များတွင်ထည့်၍ စမ်းသပ်ကြည့်ခဲ့ကြသည်။

အဆိုပါ စမ်းသပ်မှုတွင် ထိုကြွက်များသည် ရေဒီယို ဓာတ်ရောင်ခြည် သင့်ခံရချိန်၌ အသက်ရှင်သန်နိုင်စွမ်းသည် ၁၁ ရာခိုင်နှုန်းမှ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ရေဒီယို ဓာတ်ရောင်ခြည် သင့်ခံရသည့် သာမန်ကြွက်များမှာမူ Sting ပရိုတိန်းရှိသည့် ကြွက်များနှင့်နှိုင်းယှဉ်ပါက ဝမ်းဗိုက်ဒဏ်ရာများ ပိုမိုဆိုးရွား ပြင်းထန်စွာ ခံရသည်ကို လေ့လာတွေ့ရှိခဲ့သည်။

ထို့ကြောင့် Sting ပရိုတိန်းကို တွေ့ရှိမှုသည် အနာဂတ်တွင် ကင်ဆာရောဂါကို ကုသမှု၊ ရေဒီယို ဓာတ်ရောင်ခြည် သင့်မှုတို့ကို ကုသမှုများအတွက် အထောက်အကူ ဖြစ်လာနိုင်သည်ဟု ဆွန်းက ပြောကြားခဲ့သည်။

Source: South China Morning Post

ပုံ - နျူကလီးယားပေါက်ကွဲမှုကို ပြသထားစဉ်

#centralnewznaypyitaw

image
Like
34 w - Translate

◾️Page Admin - Yangon
Company: Easy Online Shopping
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22905

◾️3D Designer - Yangon
Company: BCC Jewelry MFG
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22904

◾️Junior QA/QC Engineer - Yangon
Company: Crown Advanced Construction
Salary Range: MMK 500,000 - 600,000
https://www.joimyanmar.com/job/detail/22903

image
Like

တာချီလိတ်ကို ရန်ကုန်ကနေ စက်သုံးဆီ သယ်ယူရောင်းချဖို့ စီစဉ်နေ

ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေ တဆင့် စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချသွားမယ့် ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်က တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့မိမြို့ဖတွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတွေ၊ စက်သုံးဆီလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပြီး စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ စက်သုံးဆီရောက်ရှိလာစေရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“အဓိကကတော့ ဆီဝယ်ယူနေတဲ့ ကိစ္စတွေပေါ့။ အမြန်ဆုံးရောက်ရှိလာနိုင်ဖို့ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲ။ ရောက်လာခဲ့ရင် ဘယ်လိုဈေးနှုန်းတွေ သတ်မှတ်ရောင်းချကြမလဲဆိုတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီတစ်ပါတ်ထဲမှာတော့ တာချီလိတ်ကို ရောက်လာမယ်လို့ မှန်းထားပါတယ်”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံကနေ စက်သုံးဆီတင်ပို့မှုရပ်ဆိုင်းထားတာကြောင့် စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနဲ့ ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နဲ့ Golden Gate Energy Co,Ltd တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေတဆင့် တာချီလိတ်မြို့ကို သယ်ယူနိုင်ဖို့ တာချီလိတ်မြို့စက်သုံးဆီလုပ်ငန်းရှင်များအသင်းနဲ့ ပေါင်းစပ်ပြီး စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစက်သုံးဆီတွေရောက်ရှိလာပါက 92 အောက်တိန်း ဓာတ်ဆီ ၁ လီတာကို ဒေသသုံး ထိုင်းဘတ်ငွေ ၃၆ ဘတ်(၄၄၀၀ကျပ်ဝန်းကျင်)၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာကို ၃၇ ဘတ်(၄၈၀၀ကျပ်ဝန်းကျင်)၊ HSD ဒီဇယ် ၁ လီတာကို ၃၃.၅ ဘတ်(၄၃၅၀ကျပ်ဝန်းကျင်)၊ ပရီမီယမ် ဒီဇယ် ၁ လီတာကို ၃၇.၅ ဘတ် (၄၉၀၀ကျပ်ဝန်းကျင်)နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-gg

#သတင်းဟင်းလေးအိုးကြီး

image
Like

😞😞

image
Like

လက်ထောက်စာရင်းစစ်မှူး ၁၄၀ ကျော် ခန့်ထားမယ့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအလုပ်ခေါ်စာ

#govjob

image
image
image
Like
34 w - Translate

How to Train Your Dragon: The Hidden World (2019)

IMDb – 7.5/10_Rotten – 91%
How To Train Your Dragon ဟာ ၁ နဲ့ယခု
ဇတ်သိမ်းမယ့် ၃ ဟာ ၉ နှစ်ခြားခဲ့ပါတယ်…
How To Train Your Dragon ရဲ့ပရိတ်သတ်တွေ
အမြောက်အမြားဆိုတာယုံမှားဖွယ်မရှိပါဘူး

ဇာတ်လမ်းအကျဉ်း
ဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလို
နဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။
ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာ
ကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကို
ရှာဖွေဖို့ ကြိုးစားပါတော့တယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/94

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
Like
34 w - Translate

#နိုင်ငံတကာသတင်း
အစ္စရေးဘဏ္ဍာရေးဝန်ကြီးက ဂါဇာတွင် စစ်ပွဲများ ပြန်ဖြစ်ရန်တောင်းဆို
အစ္စရေး၏ လက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich သည် Tel Aviv အနီးရှိ ယာဉ်ရပ်နားစခန်းတစ်ခုတွင် ဘတ်စ်ကားအလွတ်သုံးစီး ပေါက်ကွဲခဲ့ပြီးနောက် ဂါဇာနှင့် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် တိုက်ပွဲများ ချက်ချင်းပြန်စရန် တောင်းဆိုခဲ့သည်။

Bezalel Smotrich က ပါလက်စတိုင်းအုပ်စု၏ ပြင်းထန်သောချိုးဖောက်မှုနှင့်ပတ်သက်၍ အစ္စရေးအနေဖြင့် နှုတ်ဆိတ်မနေသင့်ကြောင်း ပြောကြားခဲ့သည်။

ယမန်နေ့က ဟားမတ်စ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည့် ဓားစားခံ ရုပ်အလောင်းလေးခုအနက်မှ တစ်ဦးမှာ အမည်မသိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းအဖွဲ့မှ ကတိပြုထားသည့် အတိုင်း ဖမ်းဆီးခံထားရသူ၏ ရုပ်အလောင်းမဟုတ်ကြောင်း အစ္စရေးက ထုတ်ဖော်ပြောဆိုပြီးနောက် ယခုပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Smotrich က “တစ်ခုတည်းသောဖြေရှင်းချက်က ဟားမတ်စ်တွေကို ဖျက်ဆီးဖို့ဖြစ်ပြီး နှောင့်နှေးမနေသင့်ပါဘူး” လို့ ပြောပါတယ်။

image
Like
34 w - Translate

လွန်ခဲ့တဲ့ ၂၂ နှစ်အကြာက ပျောက်ဆုံးနေတဲ့ Nokia 3310 ဖုန်းဟာ အားမကုန်သေးဘဲ ဘက်ထရီ ၁ တုံး ကျန်နေ
==============================================================
မိုဘိုင်း ခေတ်ဦးအစမှာ နာမည်ကြီးခဲ့တဲ့ Nokia ရဲ့ ဖုန်းတွေဟာ ဒီနေ့ခေတ် စမတ်ဖုန်းတွေထက်တောင် အသုံးခံတယ်ဆိုတဲ့ အထောက်အထား ထွက်လာပါတယ်။
အဲဒါကတော့ လွန်ခဲ့တဲ့ ၂၂ နှစ်အကြာက ပျောက်ဆုံးနေတဲ့ Nokia 3310 ကို ပြန်တွေ့ချိန်မှာ အားမကုန်သေးဘဲ ဘက်ထရီ ၁ တုံးကျန်နေတာကို အံ့အားသင့်စွာ တွေ့ခဲ့ရပါတယ်။ ဖုန်းပိုင်ရှင်က ဝေလ နိုင်ငံ Pontypridd မှ အမျိုးသား တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒီဖြစ်ရပ်ကို မယုံကြည်နိုင်ဖြစ်နေပါတယ်။
အရင်ကလည်း အလားတူ ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ဒီဖုန်းကလည်း Nokia 3310 ပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဆယ်စုနှစ် ၂ ခုကြာ မသုံးဘဲထားခဲ့တဲ့ Nokia 3310 ဖုန်းဟာ ဘက်ထရီ ၇၀ ရာခိုင်နှုန်းကျန်နေသေးတာကို ပိုင်ရှင်က အံ့အားသင့်စွာ တွေ့ခဲ့ရပါတယ်။
အဲဒီအတွက် Nokia Keypad ဖုန်းတွေရဲ့ ဘက်ထရီ သက်တမ်းဟာ ဩချရလောက်အောင် ကြာရှည်တယ်ဆိုတာ သက်သေပြသနေပါတယ်။

image
Like
34 w - Translate

♥️❣️❣️
#easyenglish

image
Like
34 w - Translate

Break In (2023)
 
ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက်

ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်….။
အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့
နေရာမျိုးမှာရှိတာပါ….။
အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ…။
ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်း
တစ်ရက်မှာတော့….
လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကို
ဖောက်ထွင်းဖို့ကြံပါတော့တယ်….
ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား…ဒါမှမဟုတ် ဟယ်သာ့ကို
အန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား….
ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာ
ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။

ဇာတ်ကားလင့်
https://t.me/c/2222390798/133

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
Like