သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင်နဲ့ တွင်းငယ်ရွာအနီးက တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) တို့မှာ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နစကတပ်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“နစကဘက်က သူတို့ ပေးလိုက်ရတဲ့ စခန်းတွေ ပြန်ရဖို့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုကို ဖြစ်နေတာ။ ခုနောက်ပိုင်း တိုက်ပွဲဖြစ်တာ ပိုစိပ်လာတယ် ပြောရမယ်။ တတက ၁၃ တဝိုက်ဆီကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်။ တိုက်ပွဲကြောင့် နေအိမ် ပျက်စီးတာတွေလည်း ရှိတယ်။ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်ကလည်း သပိတ်ကျင်းနယ်ထဲက လက်ကျန်စစ်ခန်းတွေကို သိမ်းယူနိုင်ဖို့ တန်ပြန် ထိုးစစ်ဆင်နေတာ။ နစကဘက်ကတော့ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သပိတ်ကျင်းမြို့နဲ့ တွင်းငယ်ကျေးရွာ အပါအဝင် သပိတ်ကျင်းနယ်က မြို့၊ ရွာနဲ့ စစ်စခန်းတချို့ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းကတည်းက ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် တွင်းငယ်ရွာအနီးက တကက ၁၃၊ ၇ မိုင်ရွာအနီးက စခတ (၂) ခေါ် အမှတ် - ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီး (နည်းပညာတပ်) တပ်တွေကို သိမ်းယူဖို့ ကျန်နေသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ လက်ကျန်စစ်ခန်းတွေကို သိမ်းယူနိုင်ဖို့ လက်ရှိမှာ တအာင်းတပ်မတော် - TNLA အပါအဝင် ဒေသတွင်း လက်နက်တပ်တွေက သပိတ်ကျင်းမြို့ကို ဝိုင်းဝန်း ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်‌နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒေသတွင်း လက်နက်ကိုင်တပ်တွေက မြို့ကို ပတ်ပတ်လည် ပိတ်ဆို့ထားတာ။ ကုန်းလမ်းက အဆင်မပြေတော့ နစက က လေကြောင်းကနေ အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်။ တွင်းငယ် - မိုးမိတ်ကားလမ်းနဲ့ ၇ မိုင် - မိုးကုတ် ကားလမ်းတွေကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်” လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တွင်းငယ်ကျေးရွာမှ လူဦးရေ ၄၀၀၀ ကျော်နဲ့ သပိတ်ကျင်းဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရပြီး နေရပ်မပြန်နိုင်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။

တွင်းငယ်ကျေးရွာဟာ မန္တလေး - မြစ်ကြီးနား လမ်းပေါ်မှာတည်ရှိကာ အိမ်ခြေ တထောင်ကျော်ရှိတဲ့ တိုက်နယ်ရွာကြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေး ဖော်ပြချက်မှာတော့ ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေပိုင်းအချိန်က သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းနဲ့ TNLA အယောက် ၃၀ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး TNLA ဘက်က ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်အတွင်း နစကတပ်ဖွဲ့ဝင် တယောက် ဒဏ်ရာရရှိခဲ့ပြီး TNLA ဘက်မှ လေးယောက် သေဆုံးခဲ့ကာ Type - 81 သေနတ် လေးလက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း လေကြောင်း တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က ချောင်းကြီးကျေးရွာအနီးရှိ ရွှေလုပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ် အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူထိခိုက် သေဆုံးမှုတွေအပြင် နေအိမ် ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မတ္တရာနယ်မှာ စစ်ရှောင်အရေအတွက် သောင်းဂဏန်းဝန်းကျင်အထိ မြင့်တက်လာနေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ မတ္တရာမြို့နယ်အတွင်း ထိုးစစ် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ မတ္တရာမြို့နယ်က စစ်စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်းတို့ကို သိမ်းပိုက် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ သပိတ်ကျင်း၊ မတ္တရာ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
Like
33 w - Translate

အပျိုလေးဖြစ်လာတဲ့ ပြေသုဒြာ

image
Like
33 w - Translate

ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +

image
Like
33 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာ့အရေးကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းရလိမ့်မည်ဟု မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟမ်မက်ခါလက်နော်ဒန် ပြောကြား
မြန်မာနိုင်ငံ၌ ပေါ်ပေါက်နေသော လုံခြုံရေးပြဿနာများကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟမ်မက် ခါလက်နော်ဒန်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပသော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၌ပြောကြားလိုက်သည်။
မြန်မာအရေးဆိုင်ရာကို စစ်ရေးနည်းလမ်းအစား သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် မလေးရှားကာကွယ်ရေးဝန်ကြီးက သုံးသပ်ခဲ့သည်။
အလားတူ မြန်မာ့အရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အ အစိုးရအဖွဲ့များ အဓိကထားဖြေရှင်းမည့် ပြဿနာအဖြစ် မိမိယုံကြည်ထားကြောင်း မ​​လေးရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
လူမှောင်ခိုပြဿနာ ဖြေရှင်းရေး၊ ငြိမ်းချမ်း မှုပြန်လည်တည်ဆောက်ရေး၊ မြန်မာပြည်သူများ၏အနာဂတ် ဘေးကင်းလုံခြုံရေးတို့အပါအဝင် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းများကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ကတိကဝတ်ပြုထားသည့်အတိုင်း ကြိုးပမ်းဖြေရှင်းမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံက ပြောကြားထားသည်။
အာဆီယံအနေဖြင့် မြန်မာပြဿနာကို ဖြေရှင်းရာ၌ ပြည်တွင်းရေး ကြားဝင်မစွက်ဖက်ရေးမူကို ကျင့်သုံးနေချိန်တွင် လူမှောင်ခိုပြဿနာ၊ အွန်လိုင်းလိမ်လည်မှုပြဿနာ၊ ဆိုက်ဘာရာဇဝတ်မှု ပြဿနာများနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကြောင့် မြန်မာပြဿနာမှာ နယ်စည်းကျော်ပြဿနာ သဘာဝဆောင်လာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက်ဟာဆန်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သုံးသပ်ထားသည်။

image
Like

ကြာသပတေးနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage
Like

ဖေဖော်ဝါရီ ၂၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
Like

ဖေဖော်ဝါရီ ၂၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
Like
33 w - Translate

TikTok Liteで一緒にスターを集めて報酬をGETしましょう! https://lite.tiktok.com/t/ZSMy6MA2H/

Like

ဖေဖဝါရီလ ၂၆ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့လယ်မှာ အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့ပါတယ်။

ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
Like

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်တချို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်

ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ် တချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

လွန်ခဲ့သော (၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေကြောင်း ထုတ်ပြန်ထားသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
Like