1 နှစ် - ဘာသာပြန်ပါ။

AMOLED display နဲ့ မြန်မာငွေ ၁ သိန်းတောင် မရှိတဲ့ စမတ်နာရီ
brand မကြည့်ဘဲ ဘတ်ဂျက်နာရီပတ်ချင်ရင် ဒီကောင်လေး မဆိုးဘူး။
Bluetooth နဲ့ ဖုန်းခေါ်လို့ ရမယ် ၊ အခြေခံကျန်းမာရေး fitness tracking လည်း လုပ်ရမယ်။ ဘက်ထရီလည်း အားခံမယ်။ ကျန်းမာရေးလိုက်စားတဲ့ လူကြီးတွေနဲ့ ပိုအဆင်ပြေမယ့် စမတ်နာရီမျိုးပေါ့။
ဒီနာရီတွေက အိန္ဒိယထုတ်တွေပါ။ boAT ဆိုတဲ့ ကုမ္ပဏီက ထုတ်ပါတယ်။ Ultima Prime နဲ့ Ultima Ember ဆိုပြီး အဝိုင်းနဲ့ လေးထောင့်ဖက်ရှင်နှစ်မျိုးနဲ့ ထွက်ပြီး မော်ဒယ်နှစ်မျိုးလုံးက ၁၈၉၉ ရူပီး (မြန်မာငွေ ၉ သောင်းခွဲလောက်) ပဲ ရှိပါတယ်။
နာရီအိုးအဝိုင်းနဲ့ လာတဲ့ Ultima Prime က ၁.၄၃ လက်မ AMOLED AOD display နဲ့လာပြီး brightness nit 700 ထွက်ပါတယ်။ နာရီအိမ်ဘေးမှာ navigation အတွက် နာရီသော့သီး crown ထည့်ပေးထားပြီး လက်မြောက်လာတာနဲ့ notis တွေ ပြပေးမယ့် Wake Gesture လည်း ပါပါမယ်။
Ultima Ember က လေးထောင့်အိုးနဲ့လာပြီး screen ပိုကြီးသလို brightness လည်း နည်းနည်းပိုများပါတယ်။ Always-On AMOLED Display ကိုပဲ သုံးထားပြီး ၁.၉၆ လက်မ ၊ 800 nits brightness နဲ့ လာတာမို့ပါ။ ဘက်ထရီမှာလည်း Prime က ၅ ရက်အထိ ခံပေမယ့် Ember က ၁၅ ရက်အထိ battery life ရတယ်လို့ ဆိုပါတယ်။
သူလည်း contact ၂၀ စာအတွက် Bluetooth ဖုန်းခေါ်စနစ် ပါပြီး နှလုံးခုန်တိုင်းတာ ၊ သွေးတွင်းအောက်ဆီဂျင် SpO2 စစ်တာ ၊ အိပ်စက်မှု နဲ့ စိတ်ဖိစီးမှုအခြေအနေ စောင့်ကြည့်တာလိုမျိုး ကျန်းမာရေးစနစ်တွေ ပါပါတယ်။ နောက်ပြီး အားကစားလုပ်သူတွေအတွက် sports modes နဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်း tracking တွေ ထည့်ပေးထားမှာပါ။
ဒီနာရီတွေက IP68 rating ပါတာဖြစ်လို့ ရေတို့ ဖုန်တို့ ကြောက်စရာမလိုပါဘူး။ နောက်ပြီး နာရီအိမ် watch face ကိုလည်း စိတ်ကြိုက်ပြောင်းလို့ရပြီး warranty လည်း တစ်နှစ် ပေးထားတယ်လို့ ဆိုပါတယ်။
အရောင် ၆ မျိုးနဲ့ လာပြီး လောလောဆယ်တော့ အိန္ဒိယဈေးကွက်မှာပဲ ရောင်းနေတာ တွေ့ရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ကညွတ်စိုက်ပျိုးနည်း

မြန်မာနိုင်ငံတွင် ထင်ရှားကျယ်ပြန့်စွာ စိုက်ပျိုးလာသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်သည်။

အများအားဖြင့် ကြော်ချက်၍ စားသုံးကြသည်။ တချို့က ဆေးဝါးအဖြစ် စားသုံးကြသည်။ သမပိုင်းရာသီဥတုကို နှစ်သက်သည်။

မြေအမျိုးအစား
==== 🌱 ====
မြေသြဇာထက်သန်ပြီး အစိုဓာတ်ရှိသော သဲနုန်းမြေသည် ကညွတ်စိုက်ရန် အသင့်တော်ဆုံးဖြစ်သည်။ ရေမဝပ်သော ခဲမြေတွင် စိုက်ပါက စည်သွပ်ကညွတ်အတွက် အကောင်းဆုံးဖြစ်သည်။ ကညွတ်စိုက်မည့် မြေတွင် ပဲမျိုးရင်းဝင်အပင်များ စိုက်ပြီး ပန်းမပွင့်မီ ထယ်ထိုးခြင်းဖြင့် သစ်စိမ်းမြေသြဇာအဖြစ် မြေတွင်းအာဟာရ ဓာတ်ရစေသဖြင့် ကညွတ်ပင်ကြီးထွား ဖွံ့ဖြိုးရေးတွင် များစွာအထောက်အကူဖြစ်စေသည်။

စိုက်ပျိုးခြင်း
==== 🌱 ====
(က) မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်း မျိုးစေ့စိုက်လျှင် တစ်ပင်နှင့်တစ်ပင် တစ်လက်မမှ ၁ ဒသမ ၅ လက်မခြား၍ တစ်တန်းနှင့် တစ်တန်း တစ်ပေခန့်အထိထား၍ ပျိုးထောင်ရမည်။ တစ်ဧကအတွက် မျိုးစေ့လေးပေါင်(နှစ်ကီလိုဂရမ်ခန့်) လိုပါသည်။ မျိုးစေ့ချပြီး နှစ်ပတ်မှ ခြောက်ပတ်အကြာတွင် အပင်ပေါက်သည်။ မျိုးစေ့ကို သုံးရက်မှ လေးရက်ကြာအောင် ရေစိမ်စိုက်ပါ။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ အပင်ပေါက်ပြီး တစ်လသားအရွယ် အပင်များကို(၅x၆) လက်မ ပလတ်စတစ်အိတ်တွင် ရွှေ့ပြောင်းစိုက်ပါ။ လေးလသားအရွယ် အပင် များ ခြောက်လက်မမှ ရှစ်လက်မရှိလျှင် ရွှေ့ပြောင်းစိုက်ပါ။

(ခ) ဥကိုဖဲ့၍ စိုက်ပျိုးခြင်း မေ၊ ဇွန်တွင် စတင်စိုက်ပျိုးနိုင်ပါသည်။ တစ်တန်းနှင့် တစ်တန်း သုံးပေမှ ခြောက်ပေ၊ တစ်ပင်နှင့်တစ်ပင် တစ်ပေမှ ၁ ဒသမ ၅ ပေအထိ အကွာအဝေးထား၍ စိုက်နိုင်သည်။ ကျင်းကို ရှစ်လက်မအထိတူး၍ စိုက်နိုင်သည်။

အပင်ပြုစုနည်း
==== 🌱 ====
ပေါင်းမြက်ကို အခါအားလျော်စွာ ရှင်းပေးပြီး မိုးမကျမီ တစ်ပတ်အလိုတွင် မြေပေါ်အပင်များကိုခုတ်၍ မီးရှို့ပါ။ နွားချေးဆွေး၊ မြေဆွေးများ ထည့်ပြီး မိုးဦးကျလာသည်နှင့် အစို့များ ထွက်လာမည်။ ကညွတ် တစ်နှစ်မှ နှစ်နှစ်သားတွင် အပင်များအကြား၌ ပဲမျိုးရင်းဝင် အပင်များ စိုက်နိုင်သည်။

ရိတ်သိမ်းခြင်း
==== 🌱 ====
ကညွတ်အစို့များကိုစိုက်ပြီး နှစ်နှစ်သားတွင် စတင်ရိတ်သိမ်းနိုင်သည်။ အပင်သက်ခုနစ်နှစ်အထိ အထွက် တိုးသည်။ လေးနှစ်မှ ၁၀ နှစ်သားတွင် အရည်အသွေးကောင်းသော ကညွတ်များ ရနိုင်သည်။ တစ်ဧကလျှင် ပိဿာ (၃၀၀-၅၀၀) ထွက်နိုင်ပါသည်။ ဘောင်များ ကို မြေတောင်မြှောက်ပေးခြင်းဖြင့် နူးညံ့ပြီး ကြီးထွားသော အစို့များကို ရနိုင်ပါသည်။

#greengarden

image
1 နှစ် - ဘာသာပြန်ပါ။

ကြွက်သားတွေနဲ့ လူသားစက်ရုပ်ကြီး

Clone Robotic ကနေ ဖန်တီးထားတဲ့ Protoclone ဆိုတဲ့ လူသားစက်ရုပ်ပါ။ ကုမ္ပဏီဘက်ကတော့ ဒီစက်ရုပ်ဟာ အိမ်တွင်းလုပ်ဆောင်ချက်တွေကို ကူညီပေးဖို့အတွက် အဓိကရည်ရွယ်ပြီး ထုတ်ထားတာလို့ ဆိုပါတယ်။ ဒီတစ်ခေါက်စက်ရုပ်ကတော့ အွန်လိုင်းမှာ လူပြောတော်တော်များနေတာပါ။ (comment မှာ video ပြထားပါတယ် တွေ့ပြီးကြပြီလားတော့မသိ)

Clone ကနေ သူတို့ရဲ့ Platform အသီးသီးမှာတင်ခဲ့ရာကနေ X မှာ ကြည့်ရှုသူပေါင်း သန်း ၃၀ ကျော်ရှိခဲ့ပြီးတော့ လူပြောများသွားလာတာပဲဖြစ်ပါတယ််။ အွန်လိုင်းမှာက မှတ်ချက်ပေးနေကြတာကတော့ စက်ရုပ်ကို ကြောက်ဖို့ကောင်းတယ်လို့ ပြောထားတာတွေများပါတယ်။ (video ထဲမှာကြည့်ရင် Stranger Things ထဲက Vecna နဲ့တောင် တူတယ်လို့ ထင်မိ)

ဘာလို့အာ့လိုတွေပြောနေတာလဲဆိုတော့ စက်ရုပ်ရဲ့ ကိုယ်ထည်ကို ပလတ်စတစ်အရိုးတွေ (အရိုးပေါင်း 206 ခုလို့ဆို) ၊ ကြွက်သားအတုတွေ၊ သွေးကြောအတုတွေနဲ့ ဖန်တီးထားတာကြောင့်ပါ။ နောက်ပြီး အာရုံခံစနစ်တွေကိုပါ ထည့်ထားတာမို့ လူတစ်ယောက်လမ်းလျှောက်တဲ့ပုံစံ လှုပ်ရှားတဲ့ပုံစံလိုမျိုး တွေ့မြင်ရမှာပါ။

image
1 နှစ် - ဘာသာပြန်ပါ။

တစ်မိနစ်ကို ဒေါ်လာ ၃၀ တောင်းမယ့် Google AI
Google ကလည်း AI အလန်းတွေ ထုတ်ပြီး စီးပွားရေးသောင်းကြမ်းနေပါပြီ။
အရင်နှစ်ကုန်ပိုင်းလောက်က Google ကနေ Veo 2 ဆိုပြီး စာရိုက်တဲ့အတိုင်း ဗွီဒီယိုဖန်တီးနိုင်တဲ့ AI Model သစ် ချပြခဲ့ပါတယ်။ အခု ကုမ္ပဏီရဲ့ page မှာ Veo 2 သုံးရင် ဗွီဒီယိုတစ်စက္ကန့်ကို ဆင့် ၅၀ နှုန်းနဲ့ ကောက်မယ်လို့ ပြောထားပါတယ်။
တစ်မိနစ်စာဗွီဒီယိုတစ်ပုဒ် ဖန်တီးရင် ဒေါ်လာ ၃၀ ပေးရမယ့်သဘောပါ။ တစ်နာရီဆိုရင်တော့ ဒေါ်လာ ၁၈၀၀ ပေါက်ပါလိမ့်မယ်။ ဈေးတော့ မသေးပါဘူး။ Google DeepMind researcher ဂျွန်ဘာရွန်ကတော့ သောက်သောက်လဲ ဝင်ငွေကြမ်းခဲ့တဲ့ Avengers: Endgame ရုပ်ရှင်ထုတ်လုပ်ရေးစရိတ်နဲ့ Veo 2 ရဲ့ pricing ကို သွားယှဉ်ပါတယ်။
Endgame က ဒေါ်လာ ၃၅၆ သန်းကုန်ထားတာပါ။ ရုပ်ရှင်တစ်စက္ကန့်စာအတွက် ဒေါ်လာ ၃၂၀၀၀ လောက် ကုန်တဲ့ သဘောပါ။ ဒီလို ယှဉ်ပြောပေမယ့် Veo 2 တွေက ၂ မိနစ်သာသာဗွီဒီယိုကလစ်လေးတွေပဲ ဖန်တီးနိုင်တာပါ။ လောလောဆယ် Veo 2 က 4K ရုပ်ထွက် ၂ မိနစ်စာဗွီဒီယိုတွေအထိပဲ ဖန်တီးလို့ ရမှာပါ။
Veo 2 က ChatGPT ရဲ့ Sora မော်ဒယ်ထက်တော့ တော်တော်သာပါတယ်။ Sora က ၂၀ စက္ကန့်စာ 1080p ဗွီဒီယိုတွေပဲ ထုတ်နိုင်တာမလို့ပါ။ နောက်ပြီး Sora နဲ့ Veo 2 က စီးပွားရေးမော်ဒယ်ချင်း မတူပါဘူး။ ChatGPT ရဲ့ Sora က တစ်လ ဒေါ်လာ ၂၀၀ ပေးသုံးတဲ့ Pro plan သမားတွေဆို တစ်လကို ဗွီဒီယို ၅၀၀ အထိ ၊ Plus plan သမားတွေဆို 720p/ ၅စက္ကန့်ဗွီဒီယို ၅၀ အထိ ခွင့်ပြုပေးထားတာပါ။
ရိုးရိုး users တွေအဖို့ Veo 2 က ဈေးကြီးပေမယ့် creative သမားတွေနဲ့ လုပ်ငန်းသုံးတွေတော့ ဒီမော်ဒယ်က ကိုက်မှာပါ။ Veo 2 ရော Sora ပါ တကယ့်ရုပ်ရှင်ကြီးတွေ မဖန်တီးနိုင်သေးပေမယ့် ဒီ AI တွေကို လျှော့တွက်လို့ မရပါဘူး။ နောက်ဆို ဒီထက်ဆန်းတဲ့ AI model တွေလည်း မြင်ရဖို့ရှိပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

* ငါးဆုပ်မျှစ်သောက်စမ်းချဉ်စပ်
~~~~~~~~~~~~~~~~~~~~~
* ရာသီဥတုပူလို့ခံတွင်းပျက်နေတာနဲ့ မီးလာတုန်းလေး ရှိတာလေးနဲ့ငါးဆုပ်မျှစ်သောက်စမ်းချဉ်စပ်ဟင်းကလေးချက်စားလိုက်တယ် ( စားလို့ကောင်းပေမဲ့အချိန်မတိုင်ခင်ပျက်တဲ့မီးက..ည၁၁နာရီလောက်မှပြန်လာတာဆိုတော့ ထမင်းစားချိန်နောက်ကျသွားတယ် )

(ငါးဆုပ်ကို ဆား နနွင်း ဟင်းချိုမှုန့် ငံပြာရည် နဲ့ ဂျင်းကြက်သွန်ဖြူ ထောင်းထားတာထည့် စီးနေအောင်ရောနယ်ပြီး အနေတော်အဝိုင်းလေးတွေလုပ်ပြီး ရေနွေးပူထဲထည့်ပြုတ်ပြီး ကျက်ရင်ခဏဆည်ထား

မျှင်ငါးပိအနည်းငယ်ထည့် ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီ ထောင်းထားတာကိုထည့်ပြီးရေဆူအောင်တည် မျှစ် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းထည့်ပြီး နူးတဲ့အထိတည် အရသာမြည်း ငါးဆုပ်ထည့် ပင်စိမ်းအုပ် အချဉ်အတွက် သံပုရာရည်ညှစ်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ )

Credit Yu Wai

image
1 နှစ် - ဘာသာပြန်ပါ။

တရုတ်ပညာရေးနယ်ပယ်မှာပါ အရေးပါလာတဲ့ DeepSeek AI
တစ်ပတ်မှာ ၃ ရက်လောက်က DeepSeek သတင်းက မပါမဖြစ် ဖြစ်လာပါပြီ။ DeepSeek AI ကတော့ ဖုန်းတွေ၊ လျှပ်စစ်ကားတွေမှာ ထည့်သွင်းပြီးနောက်မှာ ပညာရေးပိုင်းမှာပါ နယ်ချဲ့လာပါပြီ။
AI နဲ့ပတ်သက်ပြီး တက္ကသိုလ်တွေမှာ သင်ကြားလာတာ အနည်းအများရှိလာကြတဲ့အထဲ တရုတ်က နည်းပညာတက္ကသိုလ်တွေလည်း အပါအဝင်ဖြစ်လာပါပြီ။ ဒါမဲ့ တစ်ခုကွာခြားသွားတာကတော့ DeepSeek AI ကို အခြေခံထားတဲ့ AI သင်ခန်းစာတွေကို အဓိကသင်ကြားပေးသွားမှာပါ။
Guangdong ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ Shenzhen တက္ကသိုလ်နဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang တက္ကသိုလ်တို့မှာ တက္ကသိုလ်အတွင်း သင်ကြားပို့ချသွားမယ့် AI သင်ကြားရေးအတန်းများကို ဒီလထဲမှာပဲ စတင်ဖွင့်လှစ်ခဲ့ကြောင်း ကြေညာလာတာပါ။
သင်ခန်းစာတွေဟာ DeepSeek AI ကို အခြေခံထားတာဖြစ်ကြောင်း ဖော်ပြခဲ့ပြီး AI နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေ၊ AI ကို ကျွမ်းကျင်အဆင့်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုနိုင်သည်အထိ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ Zhejiang တက္ကသိုလ်ကတော့ ကျောင်းသားများအပြင် လေ့လာလိုတဲ့ လူငယ်များကိုလည်း အွန်လိုင်းကနေတဆင့် အခမဲ့သင်ကြားပေးသွားမှာဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
နောက်ပြီး ရှန်ဟိုင်းရှိ Jiao Tong တက္ကသိုလ်မှာလည်း ကျောင်းရဲ့ AI နဲ့ပတ်သက်ပြီး သင်ကြားရေးအပိုင်းတွေမှာ အဆင့်မြင့်တင်ဖို့အတွက် DeepSeek ကို သုံးခဲ့ကြောင်း ကျောင်းရဲ့ တရားဝင် Wechat ကနေ ဖော်ပြခဲ့ပြီး Renmin University of China ကလည်း ကျောင်းရဲ့ သင်ကြားရေးအပိုင်းမှာသာမက သုတေသနအပိုင်းတွေမှာလည်း DeepSeek က မပါမဖြစ်အနေနဲ့ အသုံးပြုနေရကြောင်း ထပ်မံပြောဆိုလာခဲ့ပါတယ်။
DeepSeek ကို အိမ်နီးချင်းနိုင်ငံအချို့နဲ့ အနောက်နိုင်ငံတွေက ပိတ်ပင်နေပေမဲ့လည်း မိခင်တရုတ်နိုင်ငံတွင်းမှာတော့ နယ်ပယ်တိုင်းမှာ အသုံးချပြနေတာကို တစ်နေ့တစ်ခြား ပိုပိုများလာတာကို တွေ့မြင်ရမှာပါ။ ဒီတိုင်းဆို ထပ်ပြီး ဘယ်လိုမျိုး ချဲ့ထွင်မှုတွေ လုပ်လာမလဲဆိုတာတောင် စောင့်ကြည့်ရမယ့်ပုံပါပဲ...

image
1 နှစ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသူ သက်ဆိုင်ရာ နိုင်ငံသားများအားခေါ်ယူရန် ပြည်ပအစိုးရများကို ထိုင်း တိုက်တွန်းမည်
မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသော သက်ဆိုင်ရာ နိုင်ငံသားများအား ပြန်လည်ခေါ်ယူရေးအတွက် အခြားနိုင်ငံများမှ အစိုးရများနှင့် အားချင်း အဆက်အသွယ်လုပ် တိုက်တွန်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဖူသမ်ဝီချာယာချိုင်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ လူပေါင်း ၇ဝဝဝ ခန့်ကို ကရင်ပြည်နယ် ဘီဂျီအက်ဖ်တပ်ဖွဲ့က ကယ်ထုတ် ထားပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘီဂျီအက်ဖ်အနေဖြင့်၎င်းတို့ခေါ်ထုတ်ထားသူများကို ဆက်လက်လက်ခံထိန်းသိမ်းပေးထားရန် အခက်အခဲရှိလာနိုင်သည်ဖြစ်ရာ ၎င်းတို့ထိန်းသိမ်းထားသူအားလုံးကို တစ်ကြိမ်တည်းဖြင့်ပြန်လွှတ်ခဲ့ပါက ထိုင်းနိုင်ငံဘက်သို့ အစုအပြုံလိုက်ပြေးလွှားဝင်ရောက်လာနိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။
သို့ဖြစ်ရာ မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသူ ၇ဝဝဝ ခန့်ကိုပြန်လည်ခေါ်ယူရေးအတွက် သက်ဆိုင်ရာနိုင်ငံများ မှ အစိုးရများကို တိုက်တွန်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနအား ညွှန်ကြားထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်အနေဖြင့် မြန်မာဘက်ခြမ်းရှိ သက်ဆိုင်ရာ နိုင်ငံသားများကို ပြန်လည်ခေါ်ယူရေးအတွက် သက်ဆိုင်ရာပြည်ပအစိုးရများကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အသိပေးတိုက်တွန်းမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးအဆိုအရ သိရသည်။
လက်ရှိအချိန်တွင် မြန်မာဘက်ခြမ်းအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ထားသူများအနက် တရုတ်နိုင်ငံသား ၆ဝဝ ကျော်ကို တရုတ်အစိုးရကပြန်လည်ခေါ်ယူထားပြီးဖြစ်သည်။
ကျန်ရှိဆဲ တရုတ်နိုင်ငံသားများကို ဆက်လက်လွှဲပြောင်းအပ်နှံရေးအတွက် မကြာမီကာလအတွင်း ထိုင်း၊ တရုတ်နှင့် မြန်မာတို့အကြား သုံးနိုင်ငံဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။

image
1 နှစ် - ဘာသာပြန်ပါ။

လာလီဂါဥက္ကဌတီဘက်စ်ကတော့ နေရာတကာမှာ၀င်ပါနေတဲ့ တာယာပွကြီးဖြစ်လာနေပါပြီ။
ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း အမြဲတမ်းငိုပြီးဒရမ်မာခင်းနေတဲ့ကောင်တွေလို ပေါ်တင်ကြီးထုတ်ပြောခဲ့သလို၊ ခုတခါမှာလည်း ဒန်နီအိုမိုလ်ကို စာရင်းမသွင်းနိုင်အောင် ရသမျှနည်းလမ်းတွေအသုံးပြုကာ တားဆီးဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။
လာလီဂါရဲ့ ဂုဏ်သိက္ခာအစဉ်အလာကြီးမားတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလိုအသင်းကြီးမျိူးတွေနဲ့ ပြဿနာတွေတက်ကာ ထိပ်တိုက်တွေ့ဆုံနေတာက တီဘက်စ်အတွက် ရေရှည်မှာတော့ မကောင်းလှပါဘူး။
ခုဆိုစပိန်မှာ တီဘက်ဟာ လူချဉ်ဖတ်ဖြစ်လာနေပြီး၊ သွားရှုပ်လို့မရတဲ့ စပိန်ကဘိုးအေအသင်းကြီးတွေကို ကန့်လန်တိုက်နေမယ်ဆိုရင် သူရဲ့လာလီဂါဥက္ကဌထိုင်ခုံရာထူးကပါ ခပ်လှုပ်လှုပ်ဖြစ်လာဖို့ ရှိပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Huawei ရဲ့ သုံးခေါက်ချိုးဖုန်းကို ထိုင်းမှာ နောက်လ ၂၁ ရက်နေ့က ‌စရောင်းပါမယ်တဲ့။

အခုလောလောဆယ်တော့ lazada နဲ့ shoppe တို့ရဲ့ Huawei mobile official မှာတော့ ဘတ် ၅သိန်း (မြန်မာငွေ သိန်း၆၆၀ ခန့်) နဲ့ တင်ထားတာကို တွေ့ရပါတယ်။

Huawei Thailand ဘက်ကလည်း register period စတင်နေပြီဖြစ်ပြီး ကြိုတင်မှာယူမယ့်သူများအတွက်လည်း အထူးလက်ဆောင်တွေ ပေးသွားမယ်လို့ သိရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

black knight
Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။

ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။

အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ.အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။

အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

image