ပဲပုပ်ကရတဲ့ ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများ
ပဲပုပ် ဆိုတာ

ပဲပုပ်ပင်သည် ပဲမျိုးနွယ်ဝင် အမျိုးအစားဖြစ်ပြီးတော့ ကမ္ဘာကြီးမှာ အဓီက သီးနှံအနေနဲ့ စိုက်ပျိုးလျှက်ရှိကြပါတယ်။ ပဲပုပ်ကို ဆီ၊ နို့၊ တိုဖူးနှင့် အသားဓာတ် အဓိကရသော စားသောက်ကုန်များအဖြစ် အဆင့်ဆင့် ထုတ်လုပ်လျှက်ရှိကြပါတယ်။ တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံမှာ ပဲပုပ်မှ ပြုလုပ်တဲ့ Edamae လို့ခေါ်တဲ့ ရိုးရာစားသောက် ကုန်ဟာ ထင်ရှားလူသိများပါတယ်။ ပဲပုပ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်၊ အသားဓာတ်တွေ၊ ကယ်လိုရီတွေ များစွားပါဝင် ပါတယ်။ ပဲပုပ်ကို ဆေးဝါးထုတ်လုပ်ရာ၌ လည်း အသုံဝင်သော ဆေးဖက်ဝင် သီးနှံလည်းဖြစ်ပါတယ်။ ပဲပုပ်ကို အသားအစားထိုး စားသောက်ကုန်အဖြစ် အသုံး ပြုကြပြီး သက်သက်လွတ်သမားများအတွက် စားသုံးရန် သင့်တော်တဲ့ သီးနှံတစ်ခုပဲ ဖြစ်ပါတယ်။

ပဲပုပ်ကို အသားအရည် အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိပါတယ်။ ခြေထောက်အမွှေးများဖယ်ရှားခြင်း၊ မျက်နှာအသားအရည် ထိန်းသိမ်းခြင်း၊ အသားအရည်ဖြူစေခြင်း၊ ချွေး ပေါက်များကို ထိန်းသိမ်းနိုင်ခြင်း၊ အကောင်းဆုံး အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ ပဲပုပ်ကို အသုံးပြုကြပါတယ်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ

ပဲပုပ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့ –

၁။ အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်သည်။ အဆီပြန်သော အသားအရေပေါ်တွင် လိမ်းပေးခြင်းအားဖြင့် အသားအရေပေါ်မှ မလိုအပ်သော အဆီများကို ဖယ်ရှားပေးနိုင်ပါတယ်။

၂။ အိုမင်းရောင့်ရဲခြင်းလက္ခဏာတွေဖြစ်တဲ့ အသားအရေပေါ်မှ အမဲစက်တွေ၊ အရေပြားတွန့်တာတွေ၊ အသားအရောင်မွဲ ခြင်းများကို လျှော့ချပေးနိုင်ပါတယ်။

၃။ ပဲပုပ်များ ဗီတာမင် အီး ပါဝင်တဲ့အတွက် ဆဲလ်အသစ်များကို အစားထိုးပေးနိုင်ပါတယ်။ ပဲပုပ်မှုန့်ကို ရေအနည်းငယ်နဲ့ မျက်နှာအပေါ်မှာ ၂၀ မိနစ်ကနေ ၂၅ မိနစ် ထားပြီးလျှင် ရေဖြင့် သန့်စင်ပေးပါ၊ တစ်ပတ်သုံးကြီမ်ခန့်ပြုလုပ်ပေးပါက ထူးခြားလာတာကို တွေ့မြင်လာရပါလိမ့်မယ်။

၄။ ခြေသည်းတွေကျွတ်ဆက်နေတဲ့သူများအတွက် ပဲပုက်ဟာ အကောင်းဆုံး အဖော်မွန်ဘဲဖြစ်ပါတယ်။ ခြေသည်းတွေ မာစေပြီး တောက်ပစေတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ခြေသည်းတွေမှာ ဖြစ်တက်တဲ့မှိုရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

၅။ ပဲပုပ်ဟာ ဆံသားတွေအတွက် ပျော့ပျောင်း ကောင်းမွန်စေပါတယ်။

၆။ ပဲပုပ်မှာ ရေညှိတို့ ငါးတို့မှာ ပါဝင်တဲ့ အိုမီဂါ ၃ အက်စစ်ဟာ နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ ပဲပုပ်မှာ ပါဝင်တဲ့ ဖိုက်တစ်အက်စစ်ဟာ ရောဂါပိုးတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါပါတယ်။ ဖိုက်တစ်အက်စစ်ဟာ ကင်ဆာ၊ ဆီးချို၊ အသားအရေ နီရဲခြင်း၊ အနားရင်းခြင်း တို့ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

၈။ ပဲပုပ်များ သံဓာတ်၊ ဇင့်ဓာတ် တို့ပေါကြွယ်ဝတဲ့အတွက် ဆံချည်မျှင်သွေးကြောများ ကျယ်ပြန့်စေခြင်း၊ သွေးနီဥ ဆဲလ်များ ထောက်ပံ့ပေးတဲ့အတွက် နားမကြားခြင်းရောဂါများကို လည်း ကာကွယ်ပေးပါတယ်။

၈။ သွေးကြောများကို သန်မာစေတယ်။

၉။ ဝိတ်ကျစေရန်အတွက်လည်း အထောက်အပံ့ ဖြစ်စေပါတယ်။

၁၀။ ပဲနို့ဟာ အခြားနို့တွေထက် သကြားပါဝင်မှု ပိုနည်းပါတယ်။

၁၁။ သုတ်ထွက်ရည်ဂလင်းကင်ဆာများကို ကာကွယ်ပေးပါတယ်။

၁၂။ မိန်းမသားများဖြစ်စေတဲ့ သွေးဆုံးခြင်းလက္ခဏာတွေကို ကာကွယ်ပေးပါတယ်။

၁၃။ အရိုးအဆစ်ရောင် ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

၁၄။ နို့စို့အရွယ်ကလေးများအတွက် နို့ထွက်ပစ္စည်းများကို အစားထိုးနိုင်တယ်။

၁၅ ။ ကိုလက်စထရောမြင့်မားခြင်းကို လျှော့ချပေးနိုင်တယ်။

၁၆။ အမျိုးသမီးများအတွက်ပဲပုပ် ကို ပုံမှန်စားခြင်းအားဖြင့် သားမြတ်ကင်ဆာများကို ကာကွယ်ပေးနိုင်ပါတယ်။

၁၇။ ကိုယ်ခံအားတိုးမြှင့်စေသော လုပ်ဆောင် ချက်များကိုလည်း တိုးမြှင့်ပေးတယ်။

၁၈။ လက်စီတင်( lecithin) ဟုခေါ်သောရွှေ့လျားနိုင်သော အာဟာရတစ်မျိုးသည် ဉာဏ်ရည်ကို မြင့်မားစေသည်။ အတိတ်မေ့ရောဂါဖြစ်သော အယ်လ်ဇိုင်းမာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်။

၁၉။ ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်သျှူးများကို သန်မာစေသည်။ စွမ်းအင်ကိုအသစ်ပြန်ရစေတယ်။

၂၀။ ပဲပုပ်မှာ ပိုတက်စီယမ် များစွာပါဝင်တဲ့အတွက် သွေးတိုးသမားများအတွက် ကောင်းမွန်စေတယ်။

၂၁။ ဆီးချိုရောဂါကို ကာကွယ်နိုင်တယ်။

၂၂။ သွားနှင့် အရိုးအဆစ်များကို သန်မာစေတယ်။

၂၃။ ပဲပုပ်မှာ ဗီတာမင် c နှင့် ဗီတာမင် e များပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးပါက သန္ဓသားဖွံ့ဖြိုးမှုကို ကောင်းစွားထောက်ပံ့ပေးပါတယ်။

၂၄။ စိတ်ကျရောဂါနှင့် စိတ်ခံစားမှုတို့ကိုလည်း လျှော့ချပေးပါတယ်။

၂၅။ ပဲပုပ်မှာ မဂ္ဂနီစီယမ်ဓာတ်က ခေါင်းကိုက်ရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။

၂၆။ အဆစ်ရောင် ရောဂါများကိုလည်း ကာကွယ်တိုက်ဖျက်ပေးပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် ကမ္ဘာ့အရေးကြီးဆုံး သီးနှံစာရင်းဝင် ပဲပုပ်ကို အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သက်သတ်လွတ်စားသုံးသူများပါ အာဟာရ ရှိရှိစားသုံးသင့်ပြီး ပဲပုပ်ဆီ (ခေါ်)Soy- bean Oil ကိုစားသုံးခြင်းဖြင့်လည်း ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

image
20 w - Translate

March လ 23 ရက်နေ့မှာ "My Dress-Up Darling" Season 2 နဲ့ပတ်သက်တဲ့ သတင်းအသစ်ကြေညာမယ်လို့သိရပါတယ်

image
20 w - Translate

The Croods: A New Age (202

ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတေ​ွကွယ်လွန်ခါနီးမှာခဲ့တဲ့
“မနက်ဖြန်”ဆိုတဲ့နေရာလေးကို ရှာဖွေရင်း
တစ်နေ့မှာ ဂူတေ​ွထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး
ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်
ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့
“မနက်ဖြန်”ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ်
ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည္ကြီးလိုလှပပြီး
အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ
အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့
ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ
ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း
ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ
မိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ
ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ
တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော
ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို
မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့
ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး

ဇာတ်ကားလင့်
https://t.me/c/2186686827/38

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

ကုလားကားသာပြောင်းရိုက်ပါတော့ကွာ ။

image

ကျောင်းတုန်းက C အခန်းကကောင်တွေလိုပဲ ။

image
20 w - Translate

Muoi : The Curse Returns (2023)

လင်းက မြို့ပေါ်က ပန်းချီပြခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်
တစ်နေ့မှာ သူမရဲ့သူငယ်ချင်းကောင်လေးဟာ ရုတ်တရက်ဆုံးသွားခဲ့လို့ စျာပနအခမ်းအနားကို တက်ရောက်တဲ့အချိန်မှာ
ငယ်ငယ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်း ဟမ် နဲ့ပြန်ဆုံခဲ့ပါတော့တယ်။

ဟမ် က အနီးနားမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အိမ်အိုကြီးမှာနေပြီး ပန်းချီဆွဲရင်း အချိန်ကုန်ဆုံးနေခဲ့တာပါ။
စျာပနအခမ်းအနားမှာ လင်း နဲ့ဆုံတွေ့ပြီးနောက် ဟမ်ဟာ သူမရဲ့နေရာကို အလည်လိုက်ဖို့ လင်းကို တောင်းဆိုခဲ့ပါတယ်။

ဒီလိုနဲ့ လင်းက နှစ်ပေါင်းများစွာ သရဲခြောက်နေတဲ့မူအွိုင်ရဲ့ပုံတူပန်းချီနဲ့ ကျိန်စာကို ရှာဖွေတွေ့ရှိပြီး
လင်းဟာ သူမရဲ့သူငယ်ချင်းကောင်လေးနဲ့ဖောက်ပြန်မိတာကို ဝန်ခံရင်း ထွက်ပြေးဖို့ကြိုးစားရာကနေ
သူမရဲ့သူငယ်ချင်းခန္ဓာကိုယ်ဟာ မူအွိုင်ဝင်ပူးတာခံရတာကို သိရှိခဲ့ပါတယ်။

လင်းက သူမရဲ့သူငယ်ချင်းကိ ကယ်ဖို့ထွက်ပြေးမှာလား ဒါမှမဟုတ် ကျိန်ဟာနဲ့ရင်ဆိုင်ဖို့အတွက် အသက်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒီသရဲခြောက်တဲ့ပုံတူပန်းချီရဲ့နောက်ကွယ်က အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်ကို ဖြည်းညှင်းစွာဖော်ထုတ်ရင်း
သူမ သိရသလောက် လင်းက ကြောက်မက်ဖွယ်အကောင်းဆုံးထောင်ချောက်ထဲကို နက်ရှိုင်းစွာ ကျရောက်သွားခဲ့တော့တယ်

လင်းက သူမရဲ့သူငယ်ချင်းကို ကယ်တင်နိုင်မှာလား ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး

ချန်နယ် join ရန်လင့်
https://t.me/+ujdGdgeiEww1MGI1

ဇာတ်ကားလင့်
https://t.me/c/2235916902/149

image

ကလော တောင်တန်း

image

ကလော တောင်တန်း

image

ကလော တောင်တန်း

image

ကလော တောင်တန်း

image
//