1 y - Translate

120. Bangkok Haunted (2001) 👈

ဟာသမနှောတဲ့ Thai horror စစ်စစ်ကိုမှ ခံစားလိုသူတွေအတွက် ၂၀၀၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့old but gold ထိုင်းသရဲကားလေးတစ်ကားကို CMမှ ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ…ဒီကားလေးကတော့ anthology horror movies အမျိုးအစားဖြစ်ပြီးတော့မတူညီတဲ့သရဲဇာတ်လမ်း ၃ ခု၊ မတူညီတဲ့ရသ ၃ ခုကို ခံစားရမှာဖြစ်ပါတယ်ဗျ…

ဇာတ်လမ်းလေးကိုတော့ သူငယ်ချင်း ၃ ယောက် ကော်ဖီဆိုင်ထိုင်ရင်း ဆက်မိစပ်ရာနဲ့သရဲအကြောင်းပြောရာကနေ အစပျိုးထားပါတယ်…ဒီမှာတော့ ရှေးဟောင်းဗုံ၊ပီယဆေးနဲ့ ကြိုးတန်းလန်းနဲ့အလောင်းဆိုပြီး ဇာတ်လမ်း ၃ ခု ကို တင်ဆက်ပေးထားပါတယ်… ပထမတစ်ခုမှာတော့ ဘယ်သူပိုမှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေရှိနေပါသတဲ့…ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ…ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို ဖြစ်သွားတဲ့အခါ…ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်…တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလိုလူတိုင်းက ယူဆကြပေမဲ့ဒါကိုမယုံနိုင်တဲ့ ရဲအုပ်’နော့’တစ်ယောက် အမှုကိုစုံစမ်းရာကနေ သူသိလာရတဲ့အမှန်တရားက ဘာတွေဖြစ်မလဲ…Jumpscare တွေလည်းပါတယ်ဆိုပေမဲ့ creepy sense ကို အပြည့်အဝရစေမဲ့ ဇာတ်လမ်းလေးတွေဆိုတော့ညဘက်တစ်ယောက်တည်းဖြစ်နေသူတွေ တစ်ယောက်ယောက်ရှိနေတဲ့ခံစားချက်လေး လိုချင်ရင်တော့ညဘက်မှာ နားကြပ်လေးနဲ့ ကြည့်ရှုခံစားဖို recommend ပေးလိုက်ပါတယ်…

image
1 y - Translate

သရုပ်ဆောင်ထူးခြား ယနေ့ ဖွင့်လိုက်တဲ့ ရခိုင်ရိုးရာစားသောက်ဆိုင်ကို သွားရောက်အားပေးခဲ့တဲ့ အနုပညာရှင်များ 🥰
သရုပ်ဆောင် ထက်အောင်ရှိုင်းနဲ့အတူ စည်သူမောင်တို့က သွားရောက်အားပေးခဲ့တာပါ။ သရုပ်ဆောင် ထူးခြားဟာ ဘဲကြီးဆိုတဲ့နာမည်နဲ့ သာကေတမှာ ဝက်နံရိုးမီးတောက်နဲ့ ရခိုင်ရိုးရာအစားအစာတွေကို ဖွင့်လှစ်ရောင်းချနေတာပါ။

image

ထားဝယ်မြို့၊ သဲကွင်းပန်းခြံရှိ မြက်ခင်းပြင်တွင် ဦးခေါင်းဒဏ်ရာဖြင့် အမျိုးသမီးအလောင်းတွေ့ရှိ

ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း၊ကမ်းနားစျေးအနီးရှိ သဲကွင်းပန်းခြံတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်က ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ်ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၀ ၀န်းကျင်ခန့်ရှိပြီး ဦးခေါင်းဒဏ်ရာရရှိကာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အင်္ကျီမရှိဘဲ သေဆုံးလျက်ရှိကြောင်း သိရသည်။

လတ်တလောတွင် သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသော်လည်း အနီးပတ်ဝန်းကျင်၏ ပြောကြားချက်အရ စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ်မှ အဖွဲ့ဝင်များက ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image
1 y - Translate

#tattooideas

image