47 ပတ် - ဘာသာပြန်ပါ။

🌟 NEUNeu ဆံပင်ထည့်သွင်းခြင်းခေါင်းစွပ် 🌟
💰စျေးနုန်း ၃၀၀၀ကျပ်။
✨ အနက်ရောင် Weaving Cap - ဆံပင်တု (သို့) ဆံပင်ပုံစံအသစ်ဖန်တီးရန် အကောင်းဆုံးရွေးချယ်မှု! ✨

🔹 ဆံပင်တုတည်ဆောက်ရန်နှင့် ဆံပင်ပုံစံမျိုးစုံအတွက် အထူးသင့်တော်ပါတယ်။
မမြင်ရတဲ့ ဆံပင်ကွန်ကဲ့သို့ ရာဘာပါသော ဒီဇိုင်း။
ဆံပင်ပုံစံအများစုနဲ့ လိုက်ဖက်မှုရှိပါတယ်။
ပစ္စည်း: 90% နိုင်လွန် + 10% စပန်းဒက်စ်။
🔹 ထူးခြားချက်များ
1️⃣ အရွယ်အစားအားလုံးနီးပါးနဲ့ လိုက်ဖက်မှု - ဆန့်နိုင်သော နိုင်လွန်ပစ္စည်းကြောင့် ဦးခေါင်းအရွယ်အစားမျိုးစုံ (အမျိုးသမီး၊ အမျိုးသား၊ ကလေးများ) နဲ့ အံဝင်ပါတယ်။ ပုံပျက်မသွားဘဲ ကြာရှည်ခံပါတယ်။
2️⃣ ဆန့်နိုင်ပြီး သက်တောင့်သက်သာ - ဦးခေါင်းကို ဖိအားမပေးဘဲ အံဝင်စေပါတယ်။
3️⃣ လေဝင်လေထွက်ကောင်းပြီး အစိုဓာတ်စုပ်ယူနိုင်မှု - ပျော့ပျောင်းပြီး လေးလံမှုမရှိတဲ့ ဒီဇိုင်းက သက်တောင့်သက်သာဖြစ်စေပါတယ်။
🔹 အသုံးပြုနည်း
ဆံပင်ကို စုပြီး ချောမွေ့အောင်ထားပါ။
လက်နှစ်ဖက်နဲ့ Weaving Cap ကို ဖြည်းဖြည်းချင်း ဖွင့်ပါ။
ဆံပင်အားလုံးကို Cap ထဲထည့်ပြီး တစ်ဖက်လက်နဲ့ ဆံပင်ကို ထိန်းကာ အခြားလက်နဲ့ Cap ကို ချောမွေ့အောင် ပြင်ပါ။
ဆံပင်တုကို Cap ပေါ်မှ တပ်ဆင်ပြီး လိုအပ်သလို ဆံပင်ကို ပြင်ဆင်ပါ။
🔹 အသေးစိတ်အချက်အလက်
အရောင်: အနက်ရောင်
ပစ္စည်း: နိုင်လွန်
အရေအတွက်: ၁ ခု
ပါဝင်ပစ္စည်း: အနက်ရောင် Mesh Wig Cap ၁ ခု
🔹 အသုံးပြုရာတွင် အကြံပြုချက်များ
ဆံပင်ရှည်ပြီး ထူထဲသူများအတွက် ဆံပင်ကို မောက်စ်ထုံးထုံးပြီး ဆံညှပ်များနဲ့ ပြားအောင်ထားပါ။ လိုအပ်ပါက Cap ၂ ခုကို တပြိုင်နက် ဝတ်ဆင်နိုင်ပါတယ်။
လက်သည်းရှည်ပြီး ချွန်သူများအနေနဲ့ ဂရုစိုက်အသုံးပြုပါ။ ဆန့်နိုင်သော နိုင်လွန်အထည်သည် နူးညံ့သောကြောင့် ချွန်ထက်သောအရာများနှင့် ဝေးဝေးထားပါ။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#neuneu #weavingcap #ဆံပင်တု #ဆံပင်ပုံစံ #အလှအပ

imageimage
+7
47 ပတ် - ဘာသာပြန်ပါ။

ဆရာကြီးရွှေဥဒေါင်းရဲ့ စစ်ရှုံးသူဟာ အင်းဝခေတ်ကို နောက်ခံပြု ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ် ။

နောင်တော်ကို ဖြုတ်ချပြီး နန်းရလာတဲ့ ညီတော်ဘုရင်ကို ပြန်လည်ဖြုတ်ချကာ နောင်တော်နန်းပြန်ရရေး ကြိုးပမ်းကြတဲ့ တော်လှန်ရေးဇာတ်လမ်းပါ ။

ထွက်ပြေးတိမ်းရှောင်သွားရတဲ့ နောင်တော်ဘက်ကို ပူးပေါင်းကူညီတော်လှန်ကြဖို့ ကြိုးစားကြသူတွေထဲက မြို့စားမောင်နှမ၊ အစဥ်အလာရှိသူတွေကြား ရောက်ရှိသွားတဲ့ လက်ရှိဘုရင်ရဲ့တပ်မှာ တာဝန်ထမ်းဆောင်နေသူ တပ်မှူးလေးဟာ တော်လှန်ရေးဘက်တော်သား ဖြစ်သွားခဲ့တယ်။

ဝတ္ထုကို မောင်မောင်တင့်၊ မနန်းယူ၊ စောမြစိန် စတဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ ချိတ်ဆက်ထားတယ်။ မနန်းယူက မောင်မောင်တင့်ရဲ့ ဦးကြီးနဲ့ ဘုန်းကြီးကျောင်း ကျောင်းနေဖက် ဦးစံဖဲရဲ့သမီး၊ စောမြစိန်က နောင်တော်ဘုရင်ကြီး ထီးနန်းပြန်ရရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းတော်လှန်နေတဲ့ မြို့စားစောခုံမှိုင်းရဲ့အစ်မတော်၊ နောင်တော်ဘုရင်ဟောင်းဘက်တော်သား။

တော်လှန်ရေးဟာ လုံလောက်ပြည့်စုံတဲ့ အနေအထားမရောက်သေးခင်မှာ စိတ်အလိုကို ဦးစားပေးမိတာတွေနဲ့အတူ ကစင့်ကလျားဖြစ်သွားတဲ့ အယူအဆ၊အတွေးအခေါ်တွေကြောင့် ကျရှုံးသွားကြရတယ်။

ဆရာကြီးဟာ ဒီဝတ္ထုကိုမှီးရေးထားတာဖြစ်ပေမယ့်
မြန်မာ့စရိုက်၊ မြန်မာ့အတွေးအခေါ်တွေကို သရုပ်ပေါ်အောင်ထည့်သွင်း ရေးသားထားတာတွေ့ရတယ်။

တစ်ခါတလေမှာတော့ တစ်ချို့ဇာတ်ကွက်လေးတွေဟာ အနောက်တိုင်းဟန်လေးတွေ ပါလာတာကိုတွေ့ရတယ်။

စွန့်စားသူတွေ၊ ရဲဝံ့သူတွေ၊ သစ္စာတရားလက်ကိုင်မြဲသူတွေကို တန်ဖိုးအဖြစ်မြင်ယောင်လာအောင် ပုံဖော်ရေးဖွဲ့ထားတယ်။

#ရွှေဥဒေါင်း #စစ်ရှုံးသူ

image
47 ပတ် - ဘာသာပြန်ပါ။

iPhone မှာ Racist လို့ စာရေးရင် Trump လို့ ပေါ်လာတဲ့ ပြဿနာ တက်နေ
==========================================
Apple iPhone မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်တဲ့ Software ပြဿနာ တက်နေပါတယ်။ iPhone ရဲ့ Speech-to-text စနစ်မှာ Racist (လူမျိုးရေးခွဲခြားသူ) လို့ ပြောလိုက်ရင် Trump လို့ ပြောင်းသွားတာ ဖြစ်ပါတယ်။ Apple က အဲဒီ ပြဿနာကို Software Update နဲ့ ဖြေရှင်းပေးနေရပါတယ်။
အဲဒီ ပြဿနာကို ပြသထားတဲ့ ဗီဒီယိုဟာ TikTok မှာ နာမည်ကြီးသွားပြီး လူသိများလာတာ ဖြစ်ပါတယ်။ Apple က Speech Recognition Bug ကြောင့် အခုလို ဖြစ်တာလို့ ပြောပါတယ်။ တချို့က ဒါဟာ နည်းပညာ အမှားကြောင့် ဖြစ်ပြီး တချို့က တမင်သက်သက် ပြုလုပ်ထားတာလို့ ပြောကြပါတယ်။ ကျွမ်းကျင်သူတချို့က AI ကို လေ့ကျင့်သင်ကြားပေးထားတဲ့ လူသားတွေရဲ့ စကားတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
ထရမ့်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။ ထရမ့် နဲ့ Apple အကြားမှာ ပြဿနာ အဖုအထစ် အနည်းငယ်တော့ ရှိပါတယ်။ Apple ရဲ့ ထုတ်လုပ်ရေးလုပ်ငန်း အများစု တရုတ်နိုင်ငံမှာရှိတဲ့အတွက် ထရမ့်က တရုတ်ကို အခွန်တိုးကောက်တာဟာ Apple ကို ထိခိုက်စေပါတယ်။ ထရမ့်ရဲ့ အခွန်မူဝါဒတွေကြောင့် Apple ဟာ အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။

image
47 ပတ် - ဘာသာပြန်ပါ။

မြင်းခွာဂဏန်း ၏ သွေး နှင့် ဆေးပညာလောက
အတွက် အရေးပါပုံ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား ကျန်ရှိနေသေးသော ရှေးအကျဆုံး သတ္တဝါများထဲမှ တစ်ခုဖြစ်သည့် မြင်းခွာဂဏန်းသည် သမိုင်းအစဉ်အဆက် သက်ရှိများ၏ ရှင် သန်ရပ်တည်မှု နှင့် ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုကို သက်သေပြလျက်ရှိပါတယ်။
သို့သော် မြင်းခွာဂဏန်း၏ တန်ဖိုးသည် ၎င်း၏ ရှေးကျမှုထက် များစွာ ကျော်လွန်နေပြီး ယနေ့ခေတ် ဆေးပညာလောကတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
အထူးသဖြင့် ၎င်းတို့၏ အပြာရောင်သွေးသည် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ နှင့် လူသားတို့၏ အသက်ကို ကယ်တင်ရာတွင် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ပါတယ်။
မြင်းခွာဂဏန်း၏ သွေးတွင် ကြေးနီအခြေခံ ဟီမိုဆီရင် (hemocyanin) ပါဝင်သောကြောင့် အပြာရောင်ဖြစ်ပါတယ်။
သို့သော် ၎င်းတို့၏ သွေးကို အဖိုးတန်ဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ Limulus Amebocyte Lysate (LAL) ဟုခေါ်သော ဓာတ်ပစ္စည်းတစ်မျိုး ပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။
LAL သည် ဘက်တီးရီးယားများမှ ထွက်ရှိသော အဆိပ်အတောက်များကို အလွန်အမင်း ထိခိုက်လွယ်သောကြောင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များတွင် ဘက်တီးရီးယား အညစ်အကြေးများ ပါဝင်မှုကို စစ်ဆေးရန်အတွက် အသုံးပြုကြပြီး
၎င်းကို ဆေးဝါးနှင့် ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် ဘက်တီးရီးယား အညစ်အကြေးများ ကင်းစင်ကြောင်း သေချာစေရန်အတွက် အသုံးပြုကြပါတယ်။
ထိုအပြင် ခွဲစိတ်ကိရိယာများ၊ ဆေးထိုးအပ်များနှင့် အခြား ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် ဘက်တီးရီးယားများ ကပ်ငြိနေခြင်း ရှိမရှိ စစ်ဆေးရန်အတွက်လည်း အသုံးပြုကြပါတယ်။
ထိုအချက်များကြောင့် မြင်းခွာဂဏန်းများ၏ အရေးပါမှုသည် လူသားတို့၏ ကျန်းမာရေးအတွက် မည်မျှအထိ အဓိကအရေးပါကြောင်း ပြသနေပါတယ်။
သို့သော် ၎င်းတို့၏ သွေးကိုရယူခြင်းသည် မြင်းခွာဂဏန်းများအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ထို့ကြောင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းတို့၏ သွေးကို တတ်နိုင်သမျှ သတိထား အသုံးပြုရန် အရေး ကြီးပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် မြင်းခွာဂဏန်းများ၏ သွေးသည် ဆေးပညာလောကအတွက် အဖိုးတန်သော လက် ဆောင်တစ်ခုဖြစ်ပါတယ်။
၎င်းသည် လူသားတို့၏ အသက်ကို ကယ်တင်နိုင်ပြီး ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုကို သေချာစေပါတယ်။ ထို့ကြောင့် ဤရှေးကျသော သတ္တဝါများကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာအလွန်အရေးကြီးလှပါတယ်။
#horseshoecrab
#knowledge

image
47 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေဆီကို အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ထိုင်းဘတ်သန်း ၁၅၀ ထုတ်ရောင်း

(စီးပွားရေး) ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှာ အမေရိကန်ဒေါ်လာ ၂၃ သန်းနှင့် ထိုင်းဘတ်သန်း ၁၅၀ ကို စက်သုံးဆီလုပ်ငန်းရှင်များထံသို့ မတ်လ ၃ ရက်က ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ထားမှုအရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ အမေရိကန်ဒေါ်လာ ၁၇၈ သန်းကျော်နှင့် ထိုင်းဘတ်သန်း ၁၅၀ ကိုလည်း ထုတ်ရောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

image
47 ပတ် - ဘာသာပြန်ပါ။

◾️Technical Services Engineer - Yangon
Company: Precious Amber Company
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23067

◾️Senior Accountant - Yangon
Company: Food Mania Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23066

◾️Junior Graphic Designer - Yangon
Company: KBTC Group of Companies
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23065

◾️Content Writer - Yangon
Company: KBTC Group of Companies
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23064

image
47 ပတ် - ဘာသာပြန်ပါ။

အာလူးဆနွင်းမကင်းလုပ်နည်းလေးရေးပေးမယ်နော်
အာလူး ၅၀သား
သကြား ၂၅ကျပ်သား
gheeထောပတ် တစ်ဆယ်သား
နို့ဆီ ဗူးတစ်ဝက်
ကြက်ဥ ခုနှစ်လုံး
ဆီ ဆယ့်ငါးကျပ်သား
ဂျုံမှုန့် တစ်ဆယ်သား
ဘိန်းစေ့ အနည်းငယ်
ကွေကာအုပ် နှစ်ထုပ်
ဆား အနည်းငယ်
အာလူးကိုပြုတ်ပါ
အားလူးနူးရင်ချေပါ ထို့နောက် ဆီ ဘိန်းစေ့ နှင့် ကွေကာမှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို ရော၍ မွှေပါ ဂျုံများ မလုံးနေပါစေနှင့်
ပြီးလျှင် ဖုတ်မည့်အိုးထဲမှာ ဆီကိုအပူပေးပါ ထိုဆီထဲသို့ အာလူးအရောကိုလောင်းထည့်ပါ
မျက်နှာပြင်ညီအောင်ညှိပါ
အပေါ်က ဘိန်းစေ့နှင့်ကွောကာ ဖြူးပါ
အပေါ်အောက် 160 အပူချိန်လောက်ဖြင့်25မိနစ်ခန့်ဖုတ်ပါ
စပျစ်ခြောက်နှင့် ကျောက်ဖရုံယိုတို့ကို ကြိုက်လျှင်ထည့်နိုင်ပါသည်

image
47 ပတ် - ဘာသာပြန်ပါ။

ပုဂံအလှ

image
47 ပတ် - ဘာသာပြန်ပါ။

ပုဂံအလှ

image
47 ပတ် - ဘာသာပြန်ပါ။

ပုဂံအလှ

image