နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=======================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image
47 w - Translate

မော်ရင်ဟိုကတော့ အသင်းရှုံးလို့ ဘူနေတဲ့အချိန် အထူအပါးမသိတဲ့ သတင်းထောက်ကြောင့် တိုင်ပတ်ခဲ့ရပါတယ်။ သတင်းစာာရှင်းလင်းပွဲမှာ အဲဒီသတင်းထောက်က မေးခွန်းမေးခဲ့ရာမှာ စက္ကန့် ၄၀ လောက်အထိ ကြာနေခဲ့တာပါ။ မေးခွန်းကို နားထောင်နေရင်း မော်ရင်ဟိုဟာ ငြီးငွေ့လာပြီး အိပ်ပျော်သွားပုံ၊ စိတ်ပျက်နေဟန်တွေကို လုပ်ပြနေခဲ့တာပါ။ ဒါကို အကင်းမပါတဲ့ သတင်းထောက်က သူ မေးချင်တာကိုပဲ စွတ်မေးသွားခဲ့ပါတယ်။

နောက်ဆုံးမှာ မော်ရင်ဟို စိတ်မရှည်တော့ဘဲ စကားစပြတ်သွားတဲ့အချိန်ကိုစောင့်ပြီး အဖြေကို လုပြောခဲ့ရတဲ့အထိပါပဲ။ သူသာ အဲလိုမလုပ်ဘူးဆိုရင် သတင်းထောက်က ပြီးမှာမဟုတ်တော့ပါဘူး။ သူသိချင်တာအကုန်လုံးကို စုပြုံမေးနေလို့ မော်ရင်ဟိုတောင် ဘယ်နားက စဖြေရမလဲမသိတောင် ဖြစ်သွားနိုင်ပါတယ်။

image
47 w - Translate

သူဌေးတွေအတွက် ဒူဘိုင်းမှာ ဖွင့်လိုက်တဲ့ iPhone ဆိုင်

သူကြွယ်တွေနေတဲ့ မြို့မှာ သူဌေးတွေပဲ ဝယ်ကိုင်နိုင်မယ့် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ပေါ်လာပါတယ်။

luxury brand တွေနဲ့ နာမည်ကြီးတဲ့ Caviar က ဒူဘိုင်း Tamani Arts Tower မှာ သူ့ရဲ့ ပထမဆုံး showroom ဖွင့်လိုက်တာပါ။ Caviar ဆိုတာက တန်ဖိုးကြီးဖုန်းတွေကို ကျောက်မြတ်ရတနာနဲ့ ရှားပါးသတ္ထုတွေ သုံးပြီး luxury ဖုန်းဖြစ်အောင် ဖန်တီးနေတဲ့ ကုမ္ပဏီပါ။

အရင်က Caviar ရဲ့ customize ထုတ်ကုန်တွေကို ပါတနာစတိုးတွေကနေပဲ ရောင်းခဲ့တာ ဖြစ်ပြီး အခုတော့ ကိုယ်ပိုင် showroom နဲ့ ဖုန်းစရောင်းလာတာ ဖြစ်ပါတယ်။ ဒီ showroom က ဈေးကွက်ထဲ ရောင်းနေတဲ့ iPhone တွေထက် အဆပေါင်းများစွာ ပိုဈေးမြောက်တဲ့ custom အထူးထုတ် iPhone တွေ ရောင်းချသွားမှာပါ။

Caviar ရဲ့ showroom မှာ နောက်ဆုံးထွက် ဒေါ်လာ ၁၄၆၃၀ တန် iPhone 16 Pro Max Tourbillon Carbon Gold သစ်လည်း မိတ်ဆက်ခဲ့ပါတယ်။ tourbillion နာရီစက်တစ်လုံးရဲ့ ဒီဇိုင်းနဲ့ ပေါင်းထားတဲ ဒီဖုန်းအပြင် ရွှေသားနဲ့ပဲ ထုတ်ထားတဲ့ Ultra Gold iPhone 15 Pro Max လည်း ပြသခဲ့ပါတယ်။

image
47 w - Translate

သတင်းထောက် - " ယူနိုက်တက် ဆီ ပေါ်တူဂီ လူမျိုး အမော်ရင် ရောက်လာတဲ့အပေါ် ဘလို မှတ်ချက်ပေးလိုလဲ ဗျာ..."
ဘာနာဒို - " နိုင်ငံတူဆိုပေမယ့် မြို့ခံပြိုင်ဘက် ကို ပြောင်းလာလို့ ကျွန်တော့် ဘက်က ပြောချင်တာကတော့ သူ အဆင်မပြေပါစေနဲ့ ပေါ့ဗျာ..."
ဒါက အမော်ရင် တစ်ယောက် ယူနိုက်တက် ကို ရောက်လာအပြီး ဘာနာဒိုကို မေးခဲ့တဲ့ အမေးပါ
ဘာနာဒို ရဲ့ ဆုတောင်း ပြည့်နေပြီလား ..😆

image
47 w - Translate

မြန်မာငွေ သိန်း၁၀၀ ကျော်မယ့် Apple ရဲ့ ခေါက်ဖုန်း
စာအုပ်တစ်အုပ်လို ခေါက်ထားလို့ရမယ့် Foldable iPhone က နောက်နှစ်ကုန်လောက် ဈေးကွက်ဝင်ဖို့ များပါတယ်။
Apple ကနေ Foldable iPhone ထုတ်မယ်ဆိုတဲ့ သတင်းတွေ ကြားရတာတော့ ကြာပါပြီ။ ၂၀၂၆ မှာ ဒီဖုန်း ဈေးကွက်ထဲ ရောက်ဖို့ တော်တော်လေး နီးစပ်လာပါတယ်။ ဈေးကလည်း နည်းမှာ မဟုတ်ပါဘူး။
နာမည်ကြီး Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအို ပြောပုံအရဆို Foldable iPhone က တန်ဖိုးမြင့် AI စမတ်ဖုန်းတစ်လုံးအဖြစ် မြင်ရမှာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၂၀၀၀ နဲ့ ၂၅၀၀ အကြား ရှိနိုင်တယ်လို့ ဆိုပါတယ်။ သူခန့်မှန်းထားတာထက်လည်း ဈေးပိုမြောက်နိုင်တာပါပဲ။
ဖုန်းဒီဇိုင်းက စာအုပ်တစ်အုပ်လို ခေါက်ထားလို့ ရမယ့် Foldable ဒီဇိုင်း ဖြစ်ပြီး အတွင်းဘက် ၇.၈ လက်မ နဲ့ အပြင်ကာဗာ ၅.၅ လက်မ display သုံးလာနိုင်ပါတယ်။ ပတ္တာကို စတိန်းလတ်စတီး-တိုက်တေနီယမ် hinge သုံးပြီး တိုက်တေနီယမ် အလွိုင်းဘော်ဒီနဲ့ တည်ဆောက်ဖို့ ရှိပါတယ်။
မင်ချိကုအိုကတော့ ဖုန်းဘေးဘောင်မှာ Touch ID ခလုတ် ထည့်လာနိုင်တယ်လို့ ပြောပါတယ်။ FaceID တော့ သုံးမှာမဟုတ်ဘူးလို့ ကြားပါတယ်။ product တစ်ခုကို အကောင်းဆုံး Quality ဖြစ်အောင် သေချာအချိန်ယူဖန်တီးတဲ့ Apple ရဲ့ မူအတိုင်း ဒီ Foldable iPhone ကလည်း အတွင်း display တွန့်ခေါက်ရာမဖြစ်အောင် နဲ့ multimodal လုပ်ဆောင်ချက်တွေပါတဲ့ ထိပ်တန်း AI device တစ်ခုဖြစ်အောင် ဒီဇိုင်းထုတ်လာနိုင်ပါတယ်။

image
47 w - Translate

စပါးအသင်းဟာ အေဇက်အယ်လ်ခါမာကို ရှုံးခဲ့တဲ့ ပွဲစဉ်အတွင်း ဂိုးပေါက်တည့်မှု 1 ကြိမ်ပဲ ရရှိခဲ့ပါတယ်။

image
47 w - Translate

အဆ(၁၀၀၀)ပိုမိုကောင်းမွန်သော JAPAN SOLARနည်းပညာသစ်

Japanနိုင်ငံကနေရောင်ခြည်စွမ်းအင်မြှင့်တင်ရန် titanium dioxide နှင့် selenium တို့ကိုအသုံးပြု၍ပုံမှန်ထက်အဆ ၁,၀၀၀ ပိုမိုအားကောင်းသည့် titanium
အခြေခံ solarများကိုထုတ်ဖော်ပြသခဲ့သည်။

တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် yttrium
ဟုခေါ်သောသတ္တုကို အသုံးပြု၍ ကုန်ကျစရိတ်
သက်သာသော titanium ထုတ်ယူနိုင်သည့် လုပ်ငန်းစဉ်ကို တီထွင်ပြီး titanium ကိုနေရောင်ခြည်နှင့် စက်မှုလုပ်ငန်းသုံးအတွက် ပိုမိုစျေးသက်သာစွာဖြင့်ရောင်းချပေးနိုင်ရန်ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

image
47 w - Translate

လက်ရှိ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ကျန်နေတဲ့ 72 သင်းထဲမှာ မန်ချက်စတာယူနိုက်တက်ဟာ ရှုံးပွဲလုံးဝမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ဆက်လက်ရပ်တည်နေပါတယ် 🔴👀

image
47 w - Translate

Realme ရဲ့ ကင်မရာဖုန်း

ဖုန်းမှာ ကင်မရာတပ်လာတာ Xiaomi တင်မကတော့ဘူး realme လည်းပါလာပါပြီ။ Interchangeable lens concept ဆိုပြီး MWC Event မှာ မိတ်ဆက်လာတာပါ။ ဖုန်းကိုတော့ Realme Ultra လို့ အမည်ပေးထားတယ်။

ရုတ်တရက်ဆိုရင်တော့ တော်တော်များများ Xiaomi 15 Ultra လို့ပဲ ပြေးမြင်ကြမှာပါပဲ။ ကျောဘက်ဒီဇိုင်းကတော့ တော်တော်လေးဆင်ပါတယ်။ ဖုန်းမှာ သုံးသွားမယ့် Camera Set Up ကိုတော့ ဒီလိုဖော်ပြထားတယ်။
50MP IMX989 10X interchangeable lens, up to 60X
50M0 IMX989 periscope telephoto
50MP IMX890 ultra-wide angle

ကြေညာသွားပုံအရဆိုရင်တော့ ဖုန်းကင်မရာက Camera Lens သပ်သပ်တပ်ရိုက်ရမယ့်ပုံစံပါ။ ဒီတိုင်းရိုက်လို့မရဘူးလို့ ပြောနေကြတာမို့ နည်းနည်းတော့စားတယ်။ Camera Lens တွေတပ်ရမှာမို့ adapter တွေလိုပါမယ်။ ပြီးရင် Adapter ကနေ leica M Mount Lens သုံးပြီးရိုက်ရမှာဖြစ်ပါတယ်။ (ကင်မရာအသုံးအနှုန်းများမှားယွင်းဖော်ပြမိပါက ထောက်ပြနိုင်ပါသည်။)

image
47 w - Translate

မနေ့က ယူနိုက်တက် ထရိန်နင်မှာ ဂါနာချိုအနေနဲ့ Nike Mercurial Vapor I Regens ဖိနပ်ကို ဝတ်ဆင်ခဲ့ပါတယ်။ ဒီဖိနပ်ဟာ စီရော်နယ်ဒို စပို့တင်းမှာ ပွဲဦးထွက် ဝတ်ဆင်ခဲ့တဲ့ “Black Cinder Maize” ရဲ့ Colorway အတိုင်းပြန်ပြီး Revamp လုပ်ထားတာဖြစ်ပါတယ် 🔴
CR7 Fanboy 100% 🇦🇷

image