1 နှစ် - ဘာသာပြန်ပါ။

WiFi ထက် အဆ ၁၀၀ လောက် speed ပိုမြန်တဲ့ Lifi

commercial ထွက်မလာသေးတဲ့ ဆက်သွယ်ရေးနည်းပညာတစ်ခုကို အခုနှစ် MWC ပွဲမှာ ပြသသွားပါတယ်။

Li-Fi လို့ ခေါ်တဲ့ ဒီနည်းပညာက WiFi နဲ့ အသံထွက်ချင်းဆင်ပေမယ့် နည်းပညာချင်း မတူပါဘူး။ WiFi နည်းပညာက ရေဒီယိုလှိုင်းတွေသုံးပြီး အင်တာနက်ချိတ်ဆက်ပေးတာပါ။ Li-Fi မှာတော့ Light signals တွေ သုံးပြီး ဒေတာတွေ ထုတ်လွှင့်ပါတယ္။

မြန်နှုန်းချင်း ယှဉ်ရင် Li-Fi က WiF ထက် မြန််ပြီး secure ဖြစ်သလို လိုင်းကြန့်ကြာမှု latency လည်း ပိုနည်းပါတယ်။ Li-Fi ရဲ့ download speed က တစ်စက္ကန့်ကို 5000Mbps အထိ ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အခန်းတွင်းပဲ ကန့်သတ်ထားတဲ့ အလင်းအချက်ပြလှိုင်းတွေကို သုံးတာဖြစ်လို့ လုံခြုံရေးလည်း ပိုမြင့်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ကွန်းဖရန့်လိဂ်မှာ ရီးရဲလ်ဘက်တစ်အတွက် ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့အတူ ခြေစွမ်းပြကစားခဲ့တဲ့ အန်တိုနီ 👏💚

image
1 နှစ် - ဘာသာပြန်ပါ။

MWC 2025 ပွဲက အဆန်းပြားဆုံး စမတ်ဖုန်းများ



နည်းပညာထုတ်ကုန်ပြပွဲတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Mobile World Congress (MWC) ပွဲက နှစ်တိုင်းဆိုသလို ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ ထုတ်ကုန်တွေ တပုံကြီး ချပြနေကျပါ။

MWC 2025 မှာလည်း စက်ရုပ်တွေကနေ စမတ်ဖုန်းတွေအထိ နည်းပညာထုတ်ကုန်သစ်တွေ ချပြခဲ့ပါတယ်။ ၄ ရက်လုံးလုံး တစ်ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ ထုတ်ကုန်အဆန်းတွေထဲမှာ အခုပြောမယ့်ဖုန်းတွေလည်း ပါပါတယ်။

(၁) သုံးခေါက်ချိုး Infinix flip ဖုန်း

Infinix က ဒီနှစ် MWC ပွဲမှာ Zero စီးရီး Mini Tri-Fold ဖုန်းတစ်မျိုး ပြသသွားပါတယ်။ ထူးခြားတာက ထောင်လိုက် သုံးဆစ်ချိုး ခေါက်နိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး hinge ပတ္တာနှစ်ခုနဲ့ လာတာပါ။ ရိုးရိုးဖုန်းတစ်လုံးအရွယ်အစားကနေ လက်တစ်ဝါးအရွယ်ရောက်အောင် ခေါက်ချလို့ ရပါတယ်။ ကျောဘက်မှာ အလျားလိုက် dual camera setup သုံးထားပြီး တခြား အချက်အလက်တွေတော့ မသိရသေးပါဘူး။

(၂) အပါးဆုံးဖုန်း Tecno Spark Slim

5.75mm ပဲ ထူတဲ့ ကမ္ဘာ့အပါးဆုံးဖုန်းကို Tecno က ချပြလိုက်ပါတယ်။ ဘက်ထရီပါဝါ 5200mAh သုံးထားပြီး ဒီလောက်ပါးအောင် ဖန်တီးနိုင်တာ ချီးကျူးစရာပါ။ Tecno Spark Slim မှာ ၆.၇၈ လက်မ 3D Curved AMOLED display နဲ့ လာပြီး 144Hz refresh rate ပါပါတယ်။
ကျောဘက် အလျားလိုက်ကင်မရာအိမ်ထဲမှာ 50MP ကင်မရာနှစ်လုံးကို အဖြူရောင် LED မီးနဲ့ အလှဆင်ထားတာပါ။ ဒီဖုန်းက ဈေးကွက်ထဲဝင်မဝင် မသေချာပေမယ့် ဈေးကွက်ထဲ ရောက်ရင်တော့ အပါးဆုံးရောင်းတန်းဝင် Slim ဖုန်း ဖြစ်လာနိုင်ပါတယ်။

(၃) ကင်မရာတစ်လုံးလို သုံးနိုင်မယ့် ဖုန်း

Nubia တံဆိပ် Focus 2 Ultra ဖုန်းက zoom level ကို လက်နဲ့ လှည့်ပြီး manual ချိန်နိုင်တဲ့ physical rotating lens တပ်ထားတဲ့ ဖုန်းပါ။ f/1.47 aperture ပါ 50MP sensor နဲ့ လာပြီး ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးလို ဖြုတ်တပ်နိုင်တဲ့ ကင်မရာ grip ပါ support ပေးထားပါတယ်။

တခြား spec တွေက သိပ်မမြင့်ပေမယ့် ပေါင် ၃၀၀ ဈေးနဲ့ ဝင်လာမယ့် ဒီဘတ်ဂျက်ဖုန်းက ကင်မရာကလိချင်သူတွေအကြိုက် တန်ဖိုးသင့်ထုတ်ကုန် ဖြစ်လာမှာပါ။

(၄) ဆိုလာစွမ်းအင်သုံး Infinix ဖုန်း

MWC 2025 မှာ နောက်ထပ် ဆန်းတဲ့ ဖုန်းက Infinix ရဲ့ ဆိုလာစွမ်းအင်သုံး concept ဖုန်းပါ။ perovskite solar cells သုံးထားလို့ ပုံမှန် ဆီလီကွန်ဆဲ်တွေထက် ပိုပါးပြီး စွမ်းအင်လည်း ပိုထိရောက်မှု ပိုပါတယ်။

ဖုန်းအပူမလွန်အောင် စွမ်းအင်ထိန်းညှိပေးမယ့် Maimum Power Point Tracking စနစ်လည်း ထည့်ပေးထားပါတယ်။ ဆိုလာအားသွင်းစနစ် 2W ပဲ ထွက်လို့ လက်ရှိသုံးနေတဲ့ charging တွေကို ယှဉ်မရပေမယ့် concept အနေနဲ့တော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့နည်းပညာပါပဲ။

image
1 နှစ် - ဘာသာပြန်ပါ။

ကိုနာတေတယောက် အနီကတ်ပါ ထိနိုင်တဲ့ အနေအထားကို ရှောင်လွှဲနိုင်ခဲ့တာပါ။ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာကိုလာကို အနောက်ကနေ သူ တွန်းခဲ့တာဖြစ်ပြီး နောက်ဆုံးခံစစ်မှူးအဖြစ် ရှိနေတာကြောင့် ကွင်းလယ်ဒိုင်ကသာ အပြစ်ရှိတယ်လို့ ယူဆရင် သူ့ကို အနီကတ်ပါ ပြသွားမှာ သေချာပါတယ်။ ဒိုင်က အရေးမယူခဲ့တာမို့ သူ ကံကောင်းခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်နေခဲ့ကာ ဒိုင်လူကြီးကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ နည်းပြအင်းနရစ်ကလည်း တိုက်ရိုက်မပြောခဲ့ပေမယ့်လည်း ဒီအဆုံးအဖြတ်ဟာ ပွဲရလဒ်ကိုပါ ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုပါတယ်။ အနှေးပြကွက်အရ ကိုနာတေဟာ လိုက်မမီနိုင်တော့တဲ့နောက်မှာ မသိမသာလေး တွန်းခဲ့တယ်လို့ ယူဆရပါတယ်

image
1 နှစ် - ဘာသာပြန်ပါ။

အလွန်ဆိုလက်ထက်မှာ လေဗာကူဆင်ကို လုံး၀မနိုင်ဖူးတဲ့ ဘိုင်ယန်တို့ ညကတော့ ဂိုးပြတ်နိုင်သွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ၃ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကိုပါ ခြေတဖက်လှမ်းထားပြီးပါပြီ။ တပွဲလုံးမှာ လေဗာကူဆင်ဟာ ဂိုးကန်သွင်းခွင့် ၃ကြိမ်တည်းသာရခဲ့ပြီး ဂိုးပေါက်တည့်တာ ၁ကြိမ်ပဲ ရှိခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

Angry Scalper (2021)

ဒီဇာတ်လမ်းလေးမှာတော့ ပါးထူဟာ ရိုးသားပြီး ကြိုးစားတဲ့လူတစ်ယောက်ပါ..သူ့မှာ ထာနာလိုခေါ်တဲ့ ချစ်ဇနီးတစ်ယောက်လည်းရှိပါတယ်

တစ်နေ့ ပါးထူတိုလင်မယားနှစ်ယောက် လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်ကြရင်း တစ်ဖက်ကားရှင်ဂန်းစတားတစ်ယောက်က ထာနာကို မျက်စိကျသွားကာ ညတွင်းချင်း ပါးထူမရှိခိုက်ထာနာကို ပြန်ပေးဆွဲသွားပါတယ်

ပါးထူပြန်ရောက်ချိန်မှာတော့ သူ့ရဲ့ ဇနီးကပျောက်ဆုံးနေပြီးနောက်နေ့မှာပဲ ပိုက်ဆံပေးပြီး သူ့မိန်းမကို ဝယ်လိုက်ပြီလို ဖုန်းကောလ်တစ်ခုလက်ခံရခဲ့ပါတယ်

အဲ့ဒီအချိန်မှာ ပါးထူတစ်ယောက် သူ့ရဲ့ သူငယ်ချင်းလောင်ကျောင်းအလွတ်တန်းစုံထောက် စုန့်ချိုက်တိုနဲ့အတူ သူ့မိန်းမကို ဘယ်လိုအခက်အခဲတွေကြားထဲမှာ ကယ်ကြမလဲဆိုတာကိုတော့

#crd
#storymode

image

နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=======================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image
1 နှစ် - ဘာသာပြန်ပါ။

မော်ရင်ဟိုကတော့ အသင်းရှုံးလို့ ဘူနေတဲ့အချိန် အထူအပါးမသိတဲ့ သတင်းထောက်ကြောင့် တိုင်ပတ်ခဲ့ရပါတယ်။ သတင်းစာာရှင်းလင်းပွဲမှာ အဲဒီသတင်းထောက်က မေးခွန်းမေးခဲ့ရာမှာ စက္ကန့် ၄၀ လောက်အထိ ကြာနေခဲ့တာပါ။ မေးခွန်းကို နားထောင်နေရင်း မော်ရင်ဟိုဟာ ငြီးငွေ့လာပြီး အိပ်ပျော်သွားပုံ၊ စိတ်ပျက်နေဟန်တွေကို လုပ်ပြနေခဲ့တာပါ။ ဒါကို အကင်းမပါတဲ့ သတင်းထောက်က သူ မေးချင်တာကိုပဲ စွတ်မေးသွားခဲ့ပါတယ်။

နောက်ဆုံးမှာ မော်ရင်ဟို စိတ်မရှည်တော့ဘဲ စကားစပြတ်သွားတဲ့အချိန်ကိုစောင့်ပြီး အဖြေကို လုပြောခဲ့ရတဲ့အထိပါပဲ။ သူသာ အဲလိုမလုပ်ဘူးဆိုရင် သတင်းထောက်က ပြီးမှာမဟုတ်တော့ပါဘူး။ သူသိချင်တာအကုန်လုံးကို စုပြုံမေးနေလို့ မော်ရင်ဟိုတောင် ဘယ်နားက စဖြေရမလဲမသိတောင် ဖြစ်သွားနိုင်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

သူဌေးတွေအတွက် ဒူဘိုင်းမှာ ဖွင့်လိုက်တဲ့ iPhone ဆိုင်

သူကြွယ်တွေနေတဲ့ မြို့မှာ သူဌေးတွေပဲ ဝယ်ကိုင်နိုင်မယ့် ဖုန်းအရောင်းဆိုင်တစ်ဆိုင် ပေါ်လာပါတယ်။

luxury brand တွေနဲ့ နာမည်ကြီးတဲ့ Caviar က ဒူဘိုင်း Tamani Arts Tower မှာ သူ့ရဲ့ ပထမဆုံး showroom ဖွင့်လိုက်တာပါ။ Caviar ဆိုတာက တန်ဖိုးကြီးဖုန်းတွေကို ကျောက်မြတ်ရတနာနဲ့ ရှားပါးသတ္ထုတွေ သုံးပြီး luxury ဖုန်းဖြစ်အောင် ဖန်တီးနေတဲ့ ကုမ္ပဏီပါ။

အရင်က Caviar ရဲ့ customize ထုတ်ကုန်တွေကို ပါတနာစတိုးတွေကနေပဲ ရောင်းခဲ့တာ ဖြစ်ပြီး အခုတော့ ကိုယ်ပိုင် showroom နဲ့ ဖုန်းစရောင်းလာတာ ဖြစ်ပါတယ်။ ဒီ showroom က ဈေးကွက်ထဲ ရောင်းနေတဲ့ iPhone တွေထက် အဆပေါင်းများစွာ ပိုဈေးမြောက်တဲ့ custom အထူးထုတ် iPhone တွေ ရောင်းချသွားမှာပါ။

Caviar ရဲ့ showroom မှာ နောက်ဆုံးထွက် ဒေါ်လာ ၁၄၆၃၀ တန် iPhone 16 Pro Max Tourbillon Carbon Gold သစ်လည်း မိတ်ဆက်ခဲ့ပါတယ်။ tourbillion နာရီစက်တစ်လုံးရဲ့ ဒီဇိုင်းနဲ့ ပေါင်းထားတဲ ဒီဖုန်းအပြင် ရွှေသားနဲ့ပဲ ထုတ်ထားတဲ့ Ultra Gold iPhone 15 Pro Max လည်း ပြသခဲ့ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

သတင်းထောက် - " ယူနိုက်တက် ဆီ ပေါ်တူဂီ လူမျိုး အမော်ရင် ရောက်လာတဲ့အပေါ် ဘလို မှတ်ချက်ပေးလိုလဲ ဗျာ..."
ဘာနာဒို - " နိုင်ငံတူဆိုပေမယ့် မြို့ခံပြိုင်ဘက် ကို ပြောင်းလာလို့ ကျွန်တော့် ဘက်က ပြောချင်တာကတော့ သူ အဆင်မပြေပါစေနဲ့ ပေါ့ဗျာ..."
ဒါက အမော်ရင် တစ်ယောက် ယူနိုက်တက် ကို ရောက်လာအပြီး ဘာနာဒိုကို မေးခဲ့တဲ့ အမေးပါ
ဘာနာဒို ရဲ့ ဆုတောင်း ပြည့်နေပြီလား ..😆

image