47 w - Translate

❛ လွမ်းစေတီကို ဘာလို့ မဖူးရဲရမှာလဲ မောင်၊
လွမ်းရမှာကိုလည်း မကြောက်ပါဘူး၊
လွမ်းစရာဆိုတာ ရင်ထဲမှာနေတာ၊
ဘယ်ကို သွားသည် ဖြစ်စေ၊
မသွားသည်ဖြစ်စေ
လွမ်းစရာရှိတဲ့လူက ရှိနေမှာပဲ "

▪️သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်...ခိုင်

× × × × × × × × × × ×

❛ ကိန္နရီမောင်နှံဟာ မုန်တိုင်းမိပြီး
တစ်ည ကွဲသွားကြ သတဲ့၊ ပြန်တွေ့တဲ့အခါမှာ
နှစ်ပေါင်း ခုနစ်ရာ ငိုလို့ မပြီးကြဘူးတဲ့;”

“ အဲဒါက အကြာကြီး ငိုတာပဲဟာ၊
အကြာကြီး ချစ်တာမှ မဟုတ်ဘဲ”

“ ဩော်... ထားရယ်၊
အကြာကြီး ငိုတာဟာ
အကြာကြီး ချစ်ခဲ့ရလို့ ဖြစ်မှာပေါ့ . . .”

▪️တပြည်သူမရွှေထား

× × × × × × × ×

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏
စာအုပ်ကောင်း (၂) အုပ်

image
47 w - Translate

ရင့်ကျက်လာတာနဲ့အမျှ
မကောင်းပြောတတ်တဲ့လူတွေရဲ့စကားတွေကို လျစ်လျူရှုတတ်လာတယ် ။

ရင်ကျင့်လာတာနဲ့အမျှ
စကားပြောရင် ထိန်းထိန်းသိမ်းသိမ်း ပြောတတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
အလုပ်တစ်ခုခုဆို အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
ကလေးဆန်တဲ့ အတွေးအခေါ် ယူဆချက်တွေကို ရှက်တတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
ပြဿနာ ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်တတ်လာတယ် ။

ရင့်ကျက်လာတဲ့အမျှ
လောကဓံက ပေးတဲ့ အခက်ခဲတွေကို အတွေ့အကြုံပေါ်လိုက်ပြီး မတုန်လှုပ်တော့ဘူး ။

ရင့်ကျက်လာတာနဲ့အမျှ
အလိုမကျတဲ့ အရာတွေအပေါ် သည်းခံတတ်လာပြီး
တော်ရုံလောက်နဲ့ ဝမ်းမနည်းတတ်တော့ဘူး ။

ရင့်ကျက်လာတာနဲ့အမျှ
နှလုံးသားနဲ့ စဉ်းစားတာထက် ဦးနှောက်နဲ့ ပိုစဉ်းစားတတ်လာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
ထားတတ်ရမယ့်စိတ် ၊ နေတတ်ရမယ့် အပြုအမူတွေပါ
ရင့်ကျက်စွာ ပြောင်းလဲလာတယ် ။

ရင့်ကျက်လာတာနဲ့အမျှ
စိတ်ညစ်စရာတွေ့ရင်တောင် တုန်လှုပ်တာမျိုး သိပ်မဖြစ်တတ်တော့ဘူး ။

ရင့်ကျက်လာတာတဲ့နဲ့အမျှ
ကိုယ့်ကိုယ်ကိုယ်သာ ပိုတန်ဖိုးထားတက် ဂရုစိုက်တတ်ပြီး ချစ်တတ်လာတယ် ။

ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး ။
သင့်ရဲ့လောကဓံ ၊ ဘဝသင်ခန်းစာတွေကပေးတဲ့ အတွေ့အကြုံတွေ ၊
ဒဏ်ရာတွေ ၊ အခက်ခဲတွေကြောင့်သာ ရင့်ကျက်လာခဲ့တာပါ ။
တချို့လူတွေ အသက်ငယ်ပေမယ့် ရင့်ကျက်စွာ တွေးခေါ်နိုင်ပြီး
ဆုံးဖြတ်နိုင်စွမ်း ရှိကြပါတယ် ။ တချို့ကြ အသက်ကြီးနေပေမယ့်လည်း
ရင့်ကျက်စွာ မတွေးခေါ်နိုင် ၊ မဆုံးဖြတ်နိုင်သေးတဲ့လူတွေလည်း ရှိပါသေးတယ် ။
ဒါကြောင့် ရင့်ကျက်မှုက အသက်အရွယ်နဲ့မဆိုင်ပါဘူး ။

#ဘယ်တော့မှအရှုံးမပေးပါနဲ့ #nevergiveup #tiffa #တီဖာ

image
47 w - Translate

ဒီစာအုပ်လေးထဲမှာ ကိုယ်ကျိုးကို လုံးဝမငဲ့တဲ့ စေတနာ ဆရာဝန်တစ်ဦးဖြစ်တဲ့ ကိုမြင့်မောင် ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ဟာ ရွှေလင်းယုန် (ဂျာနယ်ကျော်ဦးချစ်မောင်)ရဲ့ ကလောင်သွားအောက်မှာ မြန်မာစာဖတ်သူတို့ မေ့မရနိုင်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

မိမိချစ်ရတဲ့ အကြော့ထံက ချစ်ခွင့်ရဖို့ ရာထူးချင်းတူတဲ့ ဆရာဝန် ကိုသက်ထွန်းနှင့် ချစ်ခြင်းပြိုင်နေစဉ်မှာပင် ပလိပ်ရောဂါကြောင့် ခံစားနေရတဲ့ လူနာတွေဘက်ကို အလေးပေးခဲ့တဲ့ ကိုမြင့်မောင်ဟာ စိတ်ထားကောင်းသော်လည်း ဘဝအကျိုးပေးက မကောင်းခဲ့ပေ။

သူ့ဘဝလက်ကျန်အားလုံးကို ဆေးကုရင်းမြှုပ်နှံခဲ့သည့် ဆရာဝန် ကိုမြင့်မောင်၏ စွန့်လွှတ်အနစ်နာခံမှု၊ ဆရာဝန်မှာလည်း အသည်းနဲ့ပဲမို့ သူ့ရဲ့ ချစ်ခြင်းတရား၊ မေတ္တာတရားနဲ့ ခေတ်သရုပ်တို့အားလုံးကိုလည်း သိမြင်ခွင့်ရမယ့် စာအုပ် တစ်အုပ်ပါဗျာ။

image
47 w - Translate

ကျွန်တော်ချစ်သလို
သူလဲတစ်ခြားတစ်ယောက်ကိုချစ်ရှာတယ်။
သံသရာလည်ပုံလေးကလှတယ်
မျက်ရည်တွေနဲ့...။
-လင်းညီ

image

Arlott with this template

47 w - Translate

နောင်ဘဝကြမှပဲ
တစ်ယောက်ကိုတစ်ယောက်
ပွေ့ဖက်ရင်း
ဘယ်လောက်စောင့်ခဲ့ရကြောင်း
ပြောကြတာပေါ့ ။
#ဂန္ဓမာ

image
47 w - Translate

"မင်း သူ့ကိုရှာရင်
မင်း သူ့ကို ဘယ်တော့မှတွေ့မှာမဟုတ်ဘူး
ဒါပေမယ့် မင်း သူ့ကို မရှာရင်လည်း
သူ မင်းကို ဘယ်တော့မှ မြင်အောင်ပြမှာမဟုတ်ဘူး"
သူမင်းကိုဘယ်တော့မှ
ဂျူး

image

Suyou နဲ့ 1 Hit Challenge ဖြစ်နိုင်မလား စမ်းကြည့်ကြမယ်

47 w - Translate

ဒုက္ခအန္တရာယ်တွေ၊
အခက်အခဲတွေဆိုတာ
ပူပြင်းတဲ့ရာသီဥတုနဲ့တူတယ်၊
ပူပြင်းတဲ့ရာသီဥတုဟာ န္နားနို့ ကိုတော့
ချဉ်သိုးသွားစေတယ်၊ ဒါပေမယ့်
တချို့သော သစ်သီးတွေကိုတော့
ချိုမြိန်စေတဲ့ သစ်သီးတွေအဖြစ်
ရောက်အောင် ရင့်မှည့်စေနိုင်တယ်”တဲ့။

ဒီနည်းတူပါပဲ၊
အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေ
စတဲ့ ဒုက္ခတရားနဲ့ကြုံကြိုက်တဲ့အခါ
စိတ်ဓာတ်ခိုင်ကြည်မှု မရှိသူတွေကတော့
ပျက်ယွင်းဆုံးပါး ကျဆင်းခြင်းတွေ
ဖြစ်ရတယ်။ စိတ်ဓာတ် ကြံ့ခိုင်သူတွေကတော့ အခက်အခဲတွေကို ကြံ့ကြံ့ခိုင်ခိုင်
ကျော်လွှားရင်း အောင်မြင်သူတွေ၊
အရည်အသွေးမြင့်သူတွေ ဖြစ်လာတာပဲ။
ဒီတော့ ကြုံလာသမျှ ဒုက္ခနဲ့
ဒုက္ခရဲ့ အပေါင်းပါတွေ ဖြစ်တဲ့
အခက်အခဲတွေ၊ ဘေးရန်အန္တရာယ်တွေကို
ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကျော်လွှားဖို့
အားမာန်ကို တင်းထားရမှာပဲ။
တင်းကို တင်းထား ရမှာပါပဲ။

_ _ _ _ _ _ _ _ _ _

▪️နန္ဒာသိန်းဇံ▪️

image
47 w - Translate

❛ ရာသီဥတုနဲ့အချစ်ဟာ
ယုံကြည်လို့မရတဲ့အရာပဲ ... ❜ ဆိုတဲ့
Lyric ကို သီချင်းထဲမှာ ပေါက်ကွဲထည့်သွင်း
သီဆို​ခဲ့သူ " ကိုင်ဇာတင်မုံ " မသေဆုံးခင်
ရေးဖွဲ့ခဲ့သော " ကြိုးလှေကား " အမည်ရ
လုံးချင်းဝတ္ထုတစ်ပုဒ်ပါ ။
ရေးခဲ့/ဆိုခဲ့တဲ့ သီချင်းတွေမှာ
လူ့ဘောင်အများကြိုက်ကနေ
တမျိုးတဘာသာ ကွဲထွက်နေသူက
စာအုပ်ရေးတော့လည်း ရှူထောင့်အသစ်တွေ၊
ဇာတ်လမ်းအကြောင်းအရာအသစ်တွေနဲ့
တမျိုးတဘာသာထပ်မံကွဲထွက်နေတော့တာပါပဲ
ဝိဉာဥ်ဂေဟာရဲ့ အလယ်တည့်တည့်မှာရှိတဲ့
ရေကန်ကြီးတစ်ခုကနေ ကောင်းကင်ကို
ထိုးဖောက်နေတဲ့ ကြိုးလှေကားကြီး " တစ်ခု
အကြောင်းနဲ့ ပတ်သတ်ဆက်နွယ် ဖြစ်တည်
ရေးဖွဲ့ထားပြီး/ စာဖတ်သူကို ဖတ်ရင်းနဲ့
ဦးနှောက်စားနိိုင်/ တွေးစရာတွေပေးနိုင်မဲ့
စာအုပ်တစ်အုပ်ပါပဲ ။ ။

image