Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မယ်ဆိုင်ချောင်းရေမြင့်တက်မှုကာကွယ်ရန် ရေထိန်းနံရံများ စတင်တည်ဆောက်
*******************
(နိုင်ငံတကာ) မတ် ၇
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် နှစ်စဉ် ကြုံတွေ့နေရသည့် မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကို ကာကွယ်ရန် ကျပ်သန်း ၁,၀၀၀ ကုန်ကျခံမည့် ကျောက်စီရေထိန်းနံရံများကို မတ်လ ၄ ရက်က စတင် တည်ဆောက် နေပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါတည်ဆောက်ခြင်းလုပ်ငန်းကို တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အခုလိုတည်ဆောက်ခြင်း လုပ်ငန်းများအတွက် ၂၀၂၄ – ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ ဖြင့် တည်ဆောက်ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် နှစ်အတွင်း တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ခြင်းကြောင့် ယခုနှစ် ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားဘေးနှင့် အောက်ဘက်တို့မှာ သံကူကွန်ကရစ် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းနှင့် အလူရာဟိုတယ်အနောက်ဘက် အခြမ်းမှာလည်း သံကူကွန်ကရစ် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
လျှပ်စစ်မီး မမှန်သဖြင့် EV ကားများ သိန်းရာချီ အရှုံးခံကာ ပြန်ရောင်းနေကြ
ရန်ကုန်မှာ လျှပ်စစ်မီး ပုံမှန်မရပဲ အားသွင်းဖို့ အခက်ခဲတွေရှိလာတာကြောင့် EV ကားပိုင်ရှင်တွေဟာ မူးရင်းဝယ်ဈေးထက် သိန်းရာချီ အရှုံးခံကာ ပြန်လည်ရောင်းချနေကြတယ်လို့ ကားပွဲစားတွေထံက သိရပါတယ်။
၂၀၂၄ ခုနှစ် နှစ်လည်ပိုင်းလောက်ကစပြီး ရန်ကုန်မှာ လျှပ်စစ်မီးရရှိချိန်ဟာ ပိုမိုနည်းပါးလာတဲ့အတွက် EV ကားပိုင်ရှင်တွေဟာ မီးမလာချိန်မှာအားသွင်းဖို့ မီးစက်ဝယ်ယူရတာ၊ ဓာတ်ဆီဝယ်ယူရတာတွေနဲ့ အပိုကုန်ကျစရိတ်တွေရှိလာသလို မီးလာချိန်မှာလည်း မီးအားနည်းတာတွေရှိနေတာကြောင့် အားသွင်းမရတာမျိုး တွေဖြစ်နေတဲ့အတွက် သိန်းရာချီအရှုံးခံပြီး ပြန်ရောင်းနေရတာလို့ သိရပါတယ်။
အခုတလော EV ကားတွေ ပြန်ရောင်းချင်လို့ လာအပ်သူတွေ မနည်းဘူး။ ကားလည်းဝယ်ရ၊ မီးစက်လည်းဝယ်ရ၊ ဓာတ်ဆီလည်း ဝယ်ရတော့ စိတ်ပျက်လာကြတာ။ လာရောင်းခိုင်းသူတိုင်းက အဲ့ဒီတိုင်းပဲပြောတယ်။ အခုကျနော့်လက်ထဲမှာတင် ရောင်းဖို့ဆိုင်နေတာ ၄ စီးလောက်ရှိတယ်။ ကျပ် သိန်း ၁၀၀၀ အထက် ကားတွေချည်းပဲ။ ပိုင်ရှင်တွေက သိန်း ၇၀၀ လောက်ပြန်ရရင် တော်ပြီဆိုပြီး လာအပ်နေကြတာလို့ ကားပွဲစားတဦးက ပြောပါတယ်။
ဒီလို EV ကားတွေ ပြန်လည်ရောင်းချပေးဖို့ ပွဲစားတွေနဲ့ ချိတ်ဆက်နေကြပေမဲ့ မီးမမှန်တဲ့ အခြေအနေတွေကြောင့် ဝယ်လက်နဲ့ ပြန်ချိတ်ပေးနိုင်ဖို့ မလွယ်ကူကြဘူးလို့ ပွဲစားတွေက ဆိုပါတယ်။
#evကား
#လျှပ်စစ်မီး
မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၄၅၆ ဦး လွှပြောင်းပေးအပ်ခဲ့ပြီး ၁၀၀ ဦး ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့
*****************
(ပြည်တွင်း) မတ် ၇
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား ၄၅၆ ဦးကို ယနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ၁၀၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများ သို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး ရေးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူး Ploen Klinpayom နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင် လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၄၃၄၂ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၂၁၃ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၁၂၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၄၃၄၂ ဦးသည် တရုတ်၊အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ဂျပန်၊ ရဝမ်ဒါ၊ကင်ညာ၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယား၊ ဂါနာ၊ဘင်္ဂလားဒေ့ရှ် နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြကြောင်း သတင်းရရှိသည်။