1 y - Translate

Solar စနစ်နဲ့ အားသွင်းနိုင်တာက စမတ်ဖုန်းတင်မကတော့ဘူး Laptop တွေလည်း ပါလာပါပြီ။ ကမ္ဘာ့ပထမဆုံးပြောလို့ရမယ့် နေစွမ်းအင်သုံး Laptop အမျိုးအစားအသစ်ကို Lenovo ကနေ မိတ်ဆက်လာတာပါ။
Yoga Solar PC လို့ အမည်ပေးထားတဲ့ ဒီ Laptop က အဖုံးမှာ ဆိုလာပြားတပ်ဆင်ထားတာပါ။ အဲ့ဒီကနေတဆင့် နေစွမ်းအင်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မိနစ် ၂၀ အားသွင်းထားရင် 1080p video တစ်ပုဒ်ကို ၁ နာရီလောက် ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ဆိုလာပြားအပါကိုမှ အထူ 15.2 mm နဲ့ အလေးချိန်က 1.22kg သာရှိပါတယ်။ Intel Lunar Lake processor, Ram 32GB, Storage 1TB အထိပါနိုင်မယ်လို့လည်း ဆိုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 3500 ဝန်းကျင်ဖြစ်ပါမယ်။

image
1 y - Translate

Apple ဟာ လာမယ့် 2026 နှစ်လည်ပိုင်းမှာ Foldable ဖုန်းတွေကို မိတ်ဆက်သွားနိုင်ဖို့ စီစဉ်နေတာကို မနှစ်ကတည်းက သတင်းတွေထွက်နေတာပါ။ အခုလည်း ထပ်ထွက်လာပြန်ပါပြီ။
ဒီတစ်ခေါက်မှာတော့ Apple နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming Chi Kuo ဆိုသူက Apple ဟာ 2026 နှစ်လည်ပိုင်းလောက်မှာ ခေါက်ဖုန်းကို မိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး ဖော်ပြလာတာပါ။

ပြောထားတဲ့ပုံစံအရတော့ အပြင်ဘက် Screen Size က 5.5” အကျယ်ရှိပြီး အတွင်းဘက်ကတော့ 7.8” ရှိနိုင်ပါမယ်။ ဖုန်းရဲ့ ဘော်ဒီနဲ့ ခေါက်နိုင်တဲ့ ပတ္တာတို့ကို stainless steel , titanium တို့နဲ့ဖန်တီးထားမှာပါ။ ခေါက်ထားရင် 9-9mm ရှိမှာဖြစ်ပြီး ဖြန့်ထားရင်တော့ 4.5-4.8mm အထိ ရှိမှာပါ။ ဒါ့အပြင် ဖုန်းရဲ့အထူကို ပါးစေဖို့အတွက် Face ID မပါပဲ Touch ID ကိုသာ သုံးသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

image
1 y - Translate

🔴 Liverpool 3-1 Southampton 😇
ချန်ပီယံဆုတကယ်ယူမယ့်အသင်းတွေဟာ ရာသီမကုန်သေးဘဲ "ချန်ပီယံလောင်း အခါတစ်ရာခေါ်လိုက်စမ်း" ဆိုပြီး ဖ-င်ခေါင်းကျယ်နေတာမျိုးမဟုတ်ဘဲ လုပ်စရာရှိတာကို တဆင့်ချင်းအကောင်းဆုံးလုပ်သွားတာမျိုးကိုပြောတာပါ။
လီဗာပူးလ်ဟာ ဒီနေ့မှာလည်း ဒီလိုချန်ပီယံစိတ်ဓာတ်ကိုအကောင်းဆုံးပြနိုင်ခဲ့ပြီး ပထမဆုံး ကစားပုံညံ့ဖျင်း ၁ ဂိုးအရင်စပေးခဲ့ရသည့်တိုင် အကောင်းဆုံးပုံစံနဲ့ ကမ်းဘတ်သွားခဲ့ပါတယ်။ မိုဟာမက်ဆာလာအတွက်လည်း ပယ်နယ်တီက သွင်းဂိုးနှစ်ဂိုးကြောင့် ရွှေဖိနပ်ဆုကို အနီးဆုံးရှိနေပြီး ဇယားထိပ်မှာ ၁၆ မှတ်အထိ ဖြတ်ထားခဲ့ပါပြီ

image

funny clip

1 y - Translate

WWDC မှာ Apple ကနေ iOS 18 မှာ Apple Intelligence နဲ့ ချိတ်ဆက်သွားမယ့် Siri အသစ်အကြောင်း ရှယ်ပြောခဲ့သမျှ အခုတော့ iOS 18 မပြောနဲ့ iOS 19 မှာတောင် ရောက်လာဖို့ ခပ်ရေးရေးဖြစ်နေပါပြီ။ Apple Intelligence ကို iOS 18 နဲ့အတူ မိတ်ဆက်ခဲ့ပေမဲ့ တကယ်တမ်းကျ iOS 18.1 ကျမှ ထည့်ပေးလာတာပါ။ ဒါတောင် Feature ၁ ခုချင်း ၂ ခုချင်းလိုမျိုးလေးတွေသာ ပါလာခဲ့တာ။ အခုဆို iOS 18.3 အထိပေါ့။ အရင်လတုန်းကတော့ Siri အသစ်ကို ဧပြီမှာ ထွက်လာမယ့် iOS 18.4 မှာ ထည့်လာဖို့ ဘာညာသတင်းထွက်ခဲ့သေးတယ်။ Tipster နဲ့ Leaker အချို့ကလည်း အလွန်ဆုံး iOS 18.5 မှာ ရောက်လာနိုင်ပါတယ်လို့လည်း ဆိုခဲ့သေးတာပါ။ အခုတော့ Apple ဘက်ကနေ Siri အသစ်ကို “In the Coming year” လို့ ပြောချလာပါတော့တယ်။ Apple ဘက်ကနေ “ Siri အသစ်နဲ့ပတ်သက်ပြီး feature တွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ ကျွန်ုပ်တို့ မျှော်မှန်းထားတာထက် ပိုကြာမယ့်အပြင် လာမယ့်နှစ်အတွင်းမှာ ဒီ feature တွေကို ဖြန့်ချီဖို့ မျှော်လင့်ထားပါတယ်" လို့ ဆိုလာတာပါ။

ဆိုတော့ Siri အသစ်မျှော်နေသူများ (မျှော်နေကြတဲ့သူတွေတောင်ရှိပါ့မလားပဲ) စိတ်မကောင်းစွာပဲ နောက်နှစ်အထိ ထပ်မျှော်ကြရအောင်ပါခင်ဗျာ....

image
1 y - Translate

•မန်ချက်စတာယူနိုက်တက်အသင်းဟာ ပဲလေ့စ်တိုက်စစ်မှူးမာတီတာကို ခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီး ကစားသမားရဲ့တန်ကြေးက ပေါင် သန်း ၄၀ ရှိပါတယ် 🇫🇷
[lequipe]🌖

image

နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာ နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း ၆၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image

.
ဆားနည်းနည်းခတ်ထားတဲ့ ရေသန့်သန့်မှာ
ဂွေးတောက်ရွက်လက်တစ်ဆုပ်စာခူးပြီး
ငါး မိ နစ် လော က် စိမ် ထား။
အရွက်တွေဆည်ယူပြီး
လက်ဝါးနှစ်ဖက်နဲ့ နာနာပွတ်ချေလိုက်
အဲ့အနံ့ကို အားရပါးရ တစ်ဝကြီးရှုပြီးတာနဲ့
အ သ က် ခ ဏ အော င့် ထား ။
၁၀-စက္ကန့်လောက်ကြာပြီးမှ
ပါးစပ်ကတစ်ဆင့် ဖြည်းဖြည်းချင်းပြန်ထုတ်။
ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့
၁၀-ကြိမ်တိတိလုပ်ပြီးရင် ရပြီ။
အဲ့လိုလုပ်ပေးပြီးတာနဲ့ --
✓ ချက်ချင်းအဆုတ်သန့်သွားမယ်။
✓ ချက်ချင်းလန်းဆန်းလာမယ်။
✓ သွေးလှည့်ပတ်မှု အားကောင်းလာမယ်။
✓ မောတာပန်းတာ ပျောက်သွားမယ်။
✓ အသက်ရှူလမ်းကြောင်းအားကောင်းပြီး
.. အနံ့အသက်တွေ ပြန်ရလာပါလိမ့်မယ်။
အခုရေးပြထားတာတွေမယုံလိုက်နဲ့ဦး။
*************************************
✓ ခုချက်ချင်း လက်တွေ့လုပ်ကြည့်။
✓ ဟုတ်ပြီဆိုမှ "ယုံ"
✓ သူများသိအောင်လည်း ကူးပြီးပြန်မျှဝေ။
✓ ခရက်ဒစ် ပေးစရာမလိုဘူး။
မှတ်ချက်
***********
အနံ့ပျောက်သူ၊ အဆုတ်အားနည်းသူ နဲ့
နှလုံးရောဂါအခံရှိသူများ ၄-နာရီခြားရှူရမည်။
(တစ်နေ့ ၆-ကြိမ်)

image
1 y - Translate

• မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဂိုးသမား လူနင် ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်ဘက်က လူနင်အတွက် ပေါင် ၃၃ သန်းလောက်အလိုရှိပါတယ်။ 🔴🚨

image
1 y - Translate

ချန်ပီယံလိဂ် ရဖူးတဲ့ ဖောရက်စ် တို့ ချန်ပီယံလိဂ်ကိုပြန်လာဖို့ တကယ်နီးစပ်နေပါပြီ

image