* ငါးဆုပ်မျှစ်သောက်စမ်းချဉ်စပ်
~~~~~~~~~~~~~~~~~~~~~
* ရာသီဥတုပူလို့ခံတွင်းပျက်နေတာနဲ့ မီးလာတုန်းလေး ရှိတာလေးနဲ့ငါးဆုပ်မျှစ်သောက်စမ်းချဉ်စပ်ဟင်းကလေးချက်စားလိုက်တယ် ( စားလို့ကောင်းပေမဲ့အချိန်မတိုင်ခင်ပျက်တဲ့မီးက..ည၁၁နာရီလောက်မှပြန်လာတာဆိုတော့ ထမင်းစားချိန်နောက်ကျသွားတယ် )

(ငါးဆုပ်ကို ဆား နနွင်း ဟင်းချိုမှုန့် ငံပြာရည် နဲ့ ဂျင်းကြက်သွန်ဖြူ ထောင်းထားတာထည့် စီးနေအောင်ရောနယ်ပြီး အနေတော်အဝိုင်းလေးတွေလုပ်ပြီး ရေနွေးပူထဲထည့်ပြုတ်ပြီး ကျက်ရင်ခဏဆည်ထား

မျှင်ငါးပိအနည်းငယ်ထည့် ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီ ထောင်းထားတာကိုထည့်ပြီးရေဆူအောင်တည် မျှစ် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းထည့်ပြီး နူးတဲ့အထိတည် အရသာမြည်း ငါးဆုပ်ထည့် ပင်စိမ်းအုပ် အချဉ်အတွက် သံပုရာရည်ညှစ်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ )

Credit Yu Wai

image
31 w - Translate

ပျှော်အောင်နေကြည့်လိုက်တဲ့အခါ
မြင်သမျှ အရာအားလုံးက
လှပလာမယ်။
အကောင်းမြင်ကြည့်လိုက်တဲ့အခါ
ကြားသမျှစကားလုံးတိုင်းက
ချိုမြိန်လာမယ်။
မျှတွေး ကြည့်လိုက်တဲ့အခါ
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
စိတ်ကလေးနဲ့ ကိုယ်ချင်း
စာတတ်လာမယ်။
မျှဝေ ခံစားကြည့်လိုက်တဲ့အခါ
လူတယောက်ရဲ့စိတ်ကို
နက်နက်ရှိုင်းရှိုင်း မြင်တတ်လာမယ်။
မေတ္တာတွေ ထားလိုက်တဲ့အခါ
အရင်လို သောကမဖြစ်ပဲ
စိတ်အေးချမ်းမှူကိုပိုင်ဆိုင်လာမယ်။
ကြင်နာခြင်းတွေ ဝေမျှတဲ့အခါ
နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ
တန်ပြန်ရလာမယ်။
စေတနာတွေ ထားလိုက်တဲ့အခါ
သူတပါးဆီကရခဲ့တဲ့
စေတနာရဲ့
တန်ဖိုးကိုနားလည်လာမယ်။
ယုံကြည့်မှုတွေ ထားလိုက်တဲ့အခါ
တပါးသူရဲ့ ကိုယ်အပေါ် ထားခဲ့တဲ့
ယုံ့ကြည်မှုရဲ့
တန်ဖိုးကို သိမြင်လာမယ်။
ဥပေက္ခာပြုထားလိုက်တဲ့ အခါ
အမုန်းတွေ ရော့လာမယ်။
ဘယ်သူပြုပြု မိမိအမှုပဲဆိုတာ
သိလာတဲ့အခါ
ဘယ်သူ့အပေါ်မှာပဲဖြစ်ဖြစ်
ကိုယ့်မုန်းစိတ်ကလေး
ယိမ်းယိုင် သွားခဲ့တယ်ဆိုရင်တောင်မှ
သတိနဲ့ ပြန်ထိန်းတတ်လာမယ်။
🍏 လောကမှာ
လူတိုင်းက
သူတပါးဆီကသာ လိုချင်တာ
ကိုယ်ဘက်ကပြန်ပေးဖို့ ၀န်လေးနေတက်ကြပါတယ်။
🍏 ဒါ့ကြောင့်လည်း
လောဘရဲ့အရှိန်ကြောင့် ရသင့်တာတွေနဲ့
ဝေးနေခဲ့ကြတာပါ။
🍏 ကိုယ်ပေးသလောက်ပြန်မရတာ
လောကကြီးထဲမှာ "ငွေ"
တခုပဲရှိတယ်။
စေတနာ
မတ်ေတာ
အကြင်နာ
မုဒိတာ
စတဲ့ အရာအားလုံးက
ပေးရင် ပေးနိုင်သလောက်
တန်ပြန် အကျိုးပေးပါတယ်............။
#ခွန်အားရှိသောစာတ်ိုများ
#စာပေ

image
31 w - Translate

ငယ်ငယ်တည်းက အတူတူသရုပ်ဆောင်ခဲ့ကြတဲ့ သူငယ်ချင်း ထူး အတွက် စိတ်မကောင်းဖြစ်နေတဲ့ အိစိကွေး 🥹
သရုပ်ဆောင် အိစိကွေးက သူ့ရဲ့ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်နေတာပါ။ ဒီနေ့မနက်မှာ ဆုံးပါးသွားတဲ့ သရုပ်ဆောင် ထူး ရဲ့ သတင်းကြောင့် ဝမ်းနည်းနေခဲ့တာပါ။ ထူးဟာ အိစိကွေးနဲ့ ငယ်စဉ်တည်းက သရုပ်ဆောင်ခဲ့ကြတဲ့ ကလေးသရုပ်ဆောင်တွေဖြစ်ကြပြီး MRTV-4 ကထုတ်လွှင့်တဲ့ ပန်းနုသွေးဇာတ်လမ်းတွဲထဲမှာလည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူပါ။ အနုပညာကိုလည်းချစ် ဝါသနာလည်းပါတဲ့သူဖြစ်တာကြောင့် ဆုံးရှုံးမှုကြီးက နစ်နာတယ်လို့ သူက ပြောပါတယ်။

#celenews

image

မန္တလေးတောင်

image

မန္တလေးတောင်

image

မန္တလေးတောင်

image

မန္တလေးတောင်

image

မန္တလေးတောင်

image

မန္တလေးတောင်

image

မန္တလေးတောင်

image