31 w - Translate

The Exorcist: Believer (2023)


အညွှန်း* 🔽🔽🔽



သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကိုကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။
ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။

အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ
ဘုန်းတော်ကြီးကို အကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။

လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

image
31 w - Translate

Crazy Tsunami ( 2021 )
အရှေ့တောင်အာရှနိုင်ငံတစ်ခုမှာ ရုန်းကန်နေတဲ့တရုတ်လူမျိုးကျန်းဖုန်ဟာ ဇနီးဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက် အမှန်တရားအတွက် တော်လှန်နေတဲ့ကာလကသမီးဖြစ်သူ ကျန်းရှောင်ဟူနဲ့အတူ အဖော်ပြုနေထိုင်နေပါတယ်။
ကျန်းဖုန်ဟာချာဝေါ့ကုမ္ပဏီရဲ့ အရေးကြီးသောကုန်ပစ္စည်းဖြစ်တဲ့ ကြီးမားသောမိကျောင်းကြီးဂုစတာ့ဖ်ကို သယ်ယူပိုဆောင်နေစဉ်အတွင်း ချာဝေါ့ကုမ္ပဏီရဲ့မြေရှင်းမှုဒဏ်ကိုခံရမယ့် တရုတ်တန်းကပြည်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။
မမျှော်လင့်ဘဲရုတ်တရက်ရောက်ရှိလာတဲ့ဆူနာမီက သူတိုကိုတရုတ်တန်းမှာ ပိတ်မိသွားစေခဲ့တယ်။
ဂုစတာ့ဖ်မိကျောင်းကြီးလည်း လှောင်အိမ်ထဲကနေလွတ်မြောက်သွားပြီးနောက် အသက်တွေတစ်ချောင်းပြီး တစ်ချောင်းရ!က်ရ!က်စ!က်စ!က် ဆုံးရှုးခဲ့ရတယ်။
ခက်ခဲကြမ်းတမ်းတဲ့လမ်းမှာ မကောင်းမှုကိုကောင်းမှုက အနိုင်ယူသွားပြီးတဲ့အခါ နောက်ဆုံးမှာတော့ သာယာအေးချမ်းတဲ့ဘဝလေးကို ပြန်လည်ရ ရှိမလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူလိုက်ရအောင်ဗျာ.....

image
31 w - Translate

အလုပ်သမားသပိတ်ကြောင့် ဂျာမဏီတွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း
*********************
(နိုင်ငံတကာ) မတ်လ ၁၀

ဆန္ဒပြသပိတ်မှောက်မှုများကြောင့် ဂျာမဏီနိုင်ငံတလွှား လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ဂျာမဏီအလုပ်သမားသပိတ်သည် နိုင်ငံတစ်ဝှမ်း ဆန္ဒပြ သပိတ်မှောက်ရန် ရည်ရွယ်ထားပြီး လေဆိပ်ပေါင်း ၁၃ ခုတွင် ပိတ်ဆို့ သပိတ်မှောက်ရန် စီစဉ်ထားသည်။

ရုန်းရင်းဆန်ခတ်မှုများကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၂၈၀ အနက် ခရီးစဉ် ၁၀ ခုသာပြေးဆွဲနိုင်ခဲ့ပြီး ခရီးသည် သောင်းနှင့်ချီ ခရီးစဉ်နှောင့်နှေးခဲ့သည်။

လေဆိပ်တာဝန်ရှိသူတစ်ဦးက သပိတ်အဖွဲ့တွေရဲ့ လုပ်ရပ်က လွန်ပါတယ် ခရီးသွားရာသီအစမှာ ခရီးသည်သောင်းနဲ့ချီ လေဆိပ်မှာ သောင်တင်နေရပါတယ်။ အလုပ်သမားတွေရဲ့ ညှိနှိုင်းမှုတွေ အငြင်းပွားမှုတွေက ခရီးသွားတွေနဲ့ မသက်ဆိုင်ဘူးထင်ပါတယ် ဟု ၎င်းကဆိုသည်။

image
31 w - Translate

ech ကုမ္ပဏီအင်တာဗျူး ဖြေသူတွေကို AI သုံးပြီး ကူညီနေတဲ့ကျောင်းသား
ကျောင်းသားအချင်းချင်း ပရောဂျက်ရေးပေးတဲ့ အဆင့်မဟုတ်တော့ဘူး။ ထိပ်ထိပ်ကြဲ Tech ကုမ္ပဏီမှာ အလုပ်ရဖို့ Coding အင်တာဗျူးတွေပါ ဝင်ဖြေပေးတဲ့အဆင့်ပါ။
ကိုလံဘီယာတက္ကသိုလ်က ချွန်ဂင်ရွိုင်း လီဆိုတဲ့ ကျောင်းသားတစ်ယောက်က နည်းပညာကုမ္ပဏီတွေရဲ့ coding အင်တာဗျူး ဖြေသူတွေကို AI နည်းပညာနဲ့ support ပေးတဲ့ အလုပ်လုပ်နေပါတယ်။ သူအလုပ်က coiding အင်တာဗျူးတွေကို AI tool အကူအညီနဲ့ ဖြေပေးတဲ့အလုပ်ပါ။
သူထွင်ထားတဲ့ AI tool ကို Interview Coder လို့ ခေါ်ပါတယ်။ နာမည်အတိုင်း အင်တာဗျူးသမားတွေအတွက် code challenge တွေ ဖြေရှင်းပေးမယ့် tool ပါ။ သူကိုယ်တိုင် Amazon နဲ့ LeetCode အင်တာဗျူးကို ဒီ tool သုံးပြီး ဖြေပြတဲ့ YouTube ဗွီဒီယို ရှိပါတယ်။ လီလည်း Amazon ဆီက အလုပ်ခန့်စာ ရခဲ့ပါတယ်။
ဒါမျိုး အလုပ်ခန့်စာက Amazon တစ်ခုတည်းစီက မဟုတ်ပါဘူး။ Meta ၊ TikTok ၊ Captial One စတဲ့ တခြားကုမ္ပဏီကြီးတွေဆီကလည်း offer ရခဲ့တာပါ။ လီကတော့ ဘယ်ကုမ္ပဏီမှ အလုပ်ဖို့ စိတ်မဝင်စားပါဘူး။ Amazon နဲ့ အင်တာဗျူး ဗွီဒီယို နာမည်ကြီးသွားလို့ Amazon တောင် သူ့ကျောင်းကို စာပို့ပြီး အင်တာဗျူးမှာ AI သုံးပြီး cheat လုပ်တဲ့ကိစ္စ တိုင်တန်းခဲ့ဖူးပါတယ်။
နောက်တော့ Amazon လိုပဲ Meta နဲ့ Captial One တို့လည်း လီ့ကို အလုပ်ခန့်တဲ့ကိစ္စ ပြန်ရုပ်သိမ်းသွားပါတယ်။ လီကတော့ အေးဆေးပါပဲ။ သူ့ရည်ရွယ်ချက်ကိုက အလုပ်ရချင်လို့ အင်တာဗျူး ဖြေခဲ့တာ မဟုတ်ပါဘူး။ Big Tech လို့ ခေါ်တဲ့ နည်းပညာကုမ္ပဏီကြီးတွေ သုံးနေတဲ့ LeetCode ရဲ့ အားနည်းချက်ကို ရှာချင်လို့ လုပ်တာပါ။
အခုတော့ အသက် ၂၁ နှစ်အရွယ် လီဟာ သူ့အိုင်ဒီယာကို အသုံးချပြီး ထူးခြားတဲ့ စီးပွားရေးတစ်ခု လုပ်နေပါတယ်။ သူ့စီးပွားရေးက နည်းပညာကုမ္ပဏီတွေမှာ အလုပ်လျှောက်ထားပြီး အွန်လိုင်း coding အင်တာဗျူးဖြေမယ့်သူတွေကို မမြင်ကွယ်ရာကနေ AI နဲ့ real-time support အကူအညီပေးတဲ့ အလုပ်ပါ။
လစဉ်ကြေး တစ်လ ဒေါ်လာ ၆၀ ပေးရင် သုံးလို့ ရမယ့် Interview Coder လည်း အခုဆို တော်တော်အောင်မြင်လာပါတယ်။ လာမယ့် မေလလယ်ဆိုရင် သူ့ကုမ္ပဏီကနေ တစ်နှစ် ဒေါ်လာ ၁ သန်း ဝင်မယ်လို့ မှန်းထားပြီး သူ့ဆော့ဖ်ဝဲလ်ကို Video Marketing နဲ့ ရောင်းအားမြှင့်တင်ဖို့ အင်တာနက် influencers တွေပါ ငှားထားတယ်လို့ ဆိုပါတယ်။

image

ဝု ဘွကို စာနာပါဟူးမန်းတို့ ?

31 w - Translate

“မိသားစုနဲ့အတူ ကျနော်အိမ်ထဲကို ရောက်ပြီဆိုတာနဲ့ သာမန်ဖခင်၊ သာမန်ခင်ပွန်းသည်တဦးလိုမျိုးဖြစ်ဖို့ ကျနော်ကြိုးစားပါတယ်၊ တခြားသော ဖခင်တွေ၊ ခင်ပွန်းသည်တွေ လူတိုင်းတာဝန်ယူတဲ့အရာတွေကို လုပ်ပေးနိုင်ဖို့အတွက်လည်း ကျနော် ကြိုးစားပါတယ်၊ သာမန်လူတဦးလိုမျိုးဖြစ်လာဖို့အတွက်ပဲ ကျနော်အားထုတ်ပါတယ်၊ ဘောလုံးသမားဆိုတဲ့ အဖြစ်ကနေ အဝေးဆုံးဖြစ်အောင် ကျနော်ဂရုစိုက်ပါတယ်၊ အဲဒါက ကျနော့်ကို ပျော်ရွှင်စေပါတယ်”
- မက်ဆီ

image
31 w - Translate

အမည် - ဟွိုက်လန့်
နာမည်ပြောင် - ဒုတိယ ဟာလန်း
အားနည်းချက် - ဂိုးမသွင်းတတ်
လူမပေးတတ်
ခေါင်းမတိုက်တတ်
ဒီကောင် ဘောလုံးသမား ဖြစ်လာတာ အံ့ တယ်

image

Outfit Idea (White Pants)

ဒဲ့ပွ စတိုင်ဘောင်းဘီ မဝယ်ခင် ဘာတွေသိထားသင့်လဲ

31 w - Translate

2026 January လမှာထွက်ရှိလာမယ့် စီးရီးလေးခု ဘယ်တစ်ခုကို အမျှော်နေကြဆုံးလဲ? 🤔

▪️ Frieren Season 2

▪️ Hell's Paradise Season 2

▪️ You and I are Polar Opposites

▪️ Fire Force Season 3 Cour 2

image