46 w - Translate

Xiaomi က စွမ်းရည်မြင့် ကင်မရာ တပ်ဆင်နိုင်တဲ့ အထူးထုတ် Xiaomi 15 ကို ကြေညာ
=================================================
Mobile World Congress (MWC) မှာ တစ်ကမ္ဘာလုံးမှ ကုမ္ပဏီက ထူးခြားဆန်းသစ်တဲ့ နည်းပညာမြင့် ကုန်ပစ္စည်းတွေကို ပြသလိုက်ပါတယ်။
Xiaomi ကလည်း စွမ်းရည်မြင့် ကင်မရာ တပ်ဆင်နိုင်တဲ့ အထူးထုတ် Xiaomi 15 ကို ကြေညာလိုက်ပါတယ်။ Modular ကင်မရာ ဒီဇိုင်းလို့ ပြောနိုင်ပြီး 35mm Lens ကို ဖုန်း အနောက်ဘက်မှာ လွယ်ကူစွာ ဖြုတ်တပ်နိုင်ပါတယ်။ DSLR စတိုင် ဖုန်းမှာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီ ကင်မရာဟာ အရည်အသွေးမြင့် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး ဖုန်းမှာ ချိတ်ဆက်ဖို့ သံလိုက်ကို အသုံးပြုထားပါတယ်။ ဒေတာ ပေးပို့တဲ့အခါ လျှင်မြန်ပြီး အရည်အသွေးမြင့် ဓါတ်ပုံတွေ ရိုက်ကူးတဲ့အခါ Lag နည်းပါးတဲ့ Xiaomi ရဲ့ LaserLink နည်းပညာ ပါလာပါတယ်။
ကင်မရာကို ဖုန်းမှာ တပ်ဆင်ပြီးတာနဲ့ Xiaomi Camera App ထဲမှာ Standard နဲ့ Modular ကင်မရာ Mode ကို ပြောင်းလဲနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတွေ နှစ်သက်တဲ့ RAW Image ကို ဖမ်းယူပေးနိုင်ပါတယ်။ မြင့်မားတဲ့ ဓါတ်ပုံ အရည်အသွေးနဲ့ ကောင်းမွန်တဲ့ Dynamic Range ကို ပံ့ပိုးပေးပါတယ်။ ကြီးမားတဲ့ Aperture ပါတဲ့ 35mm All-aspherical Glass Lens တပ်ဆင်ထားပြီး Low-light Performance ကောင်းမွန်ကာ Depth of Field Control တိကျပါတယ်။ သာမာန် စမတ်ဖုန်း ဆန်ဆာတွေထက် တော်တော်များများ ပိုကြီးတဲ့ 100MP Micro Four Thirds (M4/3) Sensor ကို သုံးထားပါတယ်။
Ref : Gizmochina

image

မေသန်းနုနဲ့ ပြန်လည်ပေါင်းဖက်ခြင်းနေတဲ့စင်ရော်မောင်မောင်
ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး မေသန်းနုကတော့ နှိုင်းယှဉ်လို့မရလောက်အောင် သဘာဝကျပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အောင်မြင်မှုသရဖူဆောင်းလာခဲ့တာဟာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အံ့အားသင့်လောက်အောင် အရွယ်တင်နုပျိုလှပတဲ့ မေသန်းနုက ယနေ့တိုင်အောင် ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုခံယူထားဆဲ ဖြစ်ပါတယ်။ မေသန်းနုကလဲ တစ်ချိန်တုန်းက မြန်မာရုပ်ရှင်လောကရဲ့ ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်သလို ယနေ့အချိန်ထိလဲ အောင်မြင်နေသူဖြစ်ပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်က "စင်ရော်မောင်မောင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်"ထဲမှာ ဇနီးဟောင်းဖြစ်သူ မင်းသမီးမေသန်းနုနဲ့ ချစ်ခရီးလမ်း စတင်ခဲ့ပုံ အမှတ်တရအကြောင်းအရာတွေကို "ကျွန်တော်နှင့် မေသန်းနု" ခေါင်းစဉ်ပေးကာ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။
"စင်ရော်မောင်မောင်ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်" မိတ်ဆက်ပွဲနဲ့ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိ Junction City မြေညီထပ်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါစာအုပ်ထုတ်ဝေဖြန့်ချိမှုသတင်းနဲ့ စင်ရော်မောင်မောင်ရဲ့အင်တာဗျူးဖြေဆိုမှုသတင်းတွေ အွန်လိုင်းမီဒီယာများနဲ့ စာပေလောကအတွင်း ပျံ့နှံ့လာခဲ့ပြီးနောက် မင်းသမီး မေသန်းနုဘက်က တုံ့ပြန်ဖြေကြားမှု တချို့ စတင်ခဲ့ပါတယ်။ "၎င်းတို့ရဲ့အတိတ်ဟောင်းက ပုံတွေ ထည့်သွင်းဖော်ပြမှုအပေါ် အသိပေးခြင်းမရှိခဲ့တဲ့ အတွက် သဘောမတွေ့ကြောင်း နဲ့ ခွင့်ပြုချက်တောင်းခံသင့်ကြောင်း၊ ဒါရိုက်တာစင်ရော်မောင်မောင် ရေးသားတဲ့ အတိတ်ဖြစ်စဉ်တွေမှာ ၎င်းတို့ရဲ့အတိတ်ကဖြစ်စဉ်အကြောင်းတွေ ပါဝင်လာမှာကို သိရှိထားတာကြောင့် စာအုပ်ကို ဖတ်ဖို့မလိုအပ်တဲ့အပြင် ကိုယ့်အကြောင်းကိုယ်သာအသိဆုံးဖြစ်ကြောင်း" ထပ်ဆင့်အကယ်ဒမီ မင်းသမီးမေသန်းနု က မီဒီယာတွေထံ အတိအလင်းပြောဆိုခဲ့တာပါ။
တခြားတစ်ဖက်မှာတော့ ဒါရိုက်တာစင်ရော်မောင်မောင်က ၎င်းရေးသားထားတဲ့ "ကျွန်တော်နှင့် မေသန်းနု" အကြောင်းပါဝင်တဲ့ အဆိုပါစာအုပ်ကို အထူးသဖြင့် မဆင့် "အကယ်ဒမီမေသန်းနု" ကို ဖတ်ကြည့်စေချင် ကြောင်း မီဒီယာတွေထံ ပွင့်လင်းစွာ ဖြေဆိုထားတာကိုလည်း မြင်တွေ့ထားရပါတယ်။ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ကတော့ ဖခင်နဲ့ မိခင်ရဲ့အတိတ်ဖြစ်စဉ်အမှန်တရားတွေကို စာအုပ်အတွင်း ပြန်လည်ဖတ်ရှုခွင့်ရတဲ့အတွက် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပြီး မိဘနှစ်ပါးစလုံးရဲ့မေတ္တာတရားကြီးမားပုံကို တန်ဖိုးထားလေးစားမိကြောင်း၊ မိဘနှစ်ပါးစလုံးကို (၁၀ဝ) ရာခိုင်နှုန်းအပြည့်အဝ ထပ်တူချစ်ကြောင်း ဆိုခဲ့ပါတယ်။
အဆိုပါစာအုပ်ထုတ်ဝေနိုင်ရေးအတွက် ဒါရိုက်တာစင်ရော်မောင်မောင်အနေနဲ့ (၆) နှစ်ကျော်ကြာ အချိန်ယူရေးသားခဲ့ခြင်းဖြစ်တယ်လို့သိရကာ တချို့သောအကြောင်းအရာတွေကိုတော့ အကြောင်းအမျိုးမျိုး ကြောင့် ချန်လှပ်ခဲ့ရကြောင်း အနုပညာမီဒီယာတွေထံ ဝန်ခံထားပါတယ်။
"စင်ရော်မောင်မောင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်" ထဲမှာ ဘဝဖြစ်စဉ်အကြောင်းအရာ တစ်ခုချင်းစီအလိုက် ရေးသားဖော်ပြခဲ့သလို "ကျွန်တော်နှင့်မေသန်းနုတို့ရဲ့ ဘဝခရီးအစ" ခေါင်းစဉ်အပါအဝင် "စင်ရော် မိသားစု" ခေါင်းစဉ်အောက်မှာဆိုရင်လည်း မိသားစုအမှတ်တရပုံရိပ်လေးတွေကိုထည့်သွင်းကာ သားဖြစ်သူအပေါ်ထားရှိတဲ့ မိဘနှစ်ပါးရဲ့ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်တွေကိုလည်း ထည့်သွင်း ရေးသားထားခြင်းဖြစ်ပါတယ်။

image
46 w - Translate

ရွေးကောက်ပွဲကို ဒီဇင်ဘာမဟုတ်ရင် ဇန်နဝါရီမှာကျင်းပမယ်
*****************
ရွေးကောက်ပွဲကို လာမယ့်နှစ်ကုန် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာကျင်းပမယ့်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဒီ​နေ့ ဘီလာရုစ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘီလာရုစ် သမ္မတတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ မှာ န-စ-က ဥက္ကဌ က အခုလိုပြောဆိုလိုက်တာပါ ။

“ကျွန်တော်တို့ဟာပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်”လို့ နစက ဥက္ကဌက ပြောပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ နစက ဥက္ကဋ္ဌပြောဆိုထားသလိုရွေးကောက်ပွဲဝင်မယ့်ပါတီတွေကလည်း ပြင်ဆင်မှုတွေလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

image
46 w - Translate

လိုသုံးပဲ သုံးသုံး
မလိုလို့ပဲ မုန်းမုန်း
အပြုံးမပျက်နဲ့
ကိုယ်ပြုံးနေသ၍ သူတို့ရှုံးတယ်

အဖြည့်ခံပဲဖြစ်ဖြစ်
အမေ့ခံပဲဖြစ်ဖြစ်
မေတ္တာမပျက်နဲ့
ကိုယ့်မေတ္တာမှန်နေသမျှ
သူတို့တစ်နေ့ ကံကြီးထိုက်ကြလိမ့်မယ်။
#စာပေ

image
46 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြဝတီဘက်ခြမ်းသောင်တင်နေသူ နိုင်ငံခြားသားများကို လွှဲပြောင်းရေး သက်ဆိုင်ရာနိုင်ငံများနှင့် ထိုင်းအစိုးရချိတ်ဆက်နေ
မြန်မာနိုင်ငံ မြဝတီမြို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်း-မြန်မာ နယ်စပ်တွင် သောင်တင်နေသော ပြည်ပနိုင်ငံသား ၇ဝဝဝ ခန့်ကို လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ၊ သံရုံးများနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၆ ရက်တွင်ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ကယ်ထုတ်ပေးထားရသော နိုင်ငံခြားသား ၇ဝဝဝ ခန့်တို့ကို ဘီဂျီအက်ဖ်တပ်ဖွဲ့က စီစဉ်ပေးထားသော စခန်းများ၌နေရာချထားရကြောင်း သိရသည်။
မိမိတို့အနေဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် သောင်တင်နေ သည့် နိုင်ငံခြားသားများကို လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်ဆွေးနွေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
မြဝတီဘက်ခြမ်း၌ သောင်တင်နေသူများထဲတွင် ထိုင်းနိုင်ငံ၌ သံရုံးဖွင့်ထားခြင်းမရှိသည့် အာဖရိကနိုင်ငံများမှ နိုင်ငံသားများလည်း ပါဝင်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရသိရသည်။
မြဝတီ၌သောင်တင်နေသူ ပြည်ပနိုင်ငံသားများကို ပြန်လည်လွှဲ ပြောင်းလက်ခံနေသော နိုင်ငံများထဲတွင် တရုတ်နှင့် အင်ဒိုနီးရှားကဲ့သို့နိုင်ငံများလည်း ပါဝင်သည်။
မြန်မာဘက်ခြမ်း၌ သောင်တင်နေသူ ပြည်ပနိုင်ငံသားများအနက် တရုတ်နိုင်ငံသား ၁၅ဝဝ နီးပါးကိုယခု သီတင်းပတ်အတွင်း လေကြောင်းခရီးစဉ် ၁၉ ခုဖြင့်ခေါ်ထုတ်ရန် တရုတ်နိုင်ငံက စီစဉ်ထားရာ ပထမဆုံးလေယာဉ်မှာ မတ် ၆ ရက်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့ရှိ သက်ဆိုင်ရာနိုင်ငံသားများအား လွှဲပြောင်းလက်ခံမည့်နိုင်ငံများအနေဖြင့် လွှဲပြောင်းအပ်နှံရေးလုပ်ငန်းစဉ်များအတွက် ထိုင်း-မြန်မာ နယ်စပ်သို့တာဝန်ရှိသူများ စေလွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုထားသည်။
တရုတ်၊ထိုင်းနှင့်မြန်မာတာဝန်ရှိသူများက မြန်မာဘက်ခြမ်း နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းရန် ကြိုးပမ်းနေချိန်တွင် ဘီဂျီအက်ဖ်အဖွဲ့ က မြဝတီအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ နိုင်ငံခြားသားများကိုခေါ်ထုတ်ထားခြင်းဖြစ်သည်။
ရိုက်တာ

image

?

46 w - Translate

ဘယ်ရီယာချောက်မှ လျှို့ဝှက်ဆန်းကြယ်‌သော
ပန်းချီများ
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
အမေရိကန်ပြည်ထောင်စု၊ (Utah) ယူတားပြည်နယ်ရဲ့ ကြမ်းတမ်းတဲ့ သဲကန္တာရထဲမှာ ဘယ်ရီယာချောက် (Barrier Canyon) ဆိုတဲ့ နေရာတစ်ခုရှိပါတယ်။
အဲ့ဒီချောက်နံရံတွေပေါ်မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရှေးခေတ် လူသားတွေ ရေးဆွဲခဲ့ကြတဲ့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပန်းချီကားတွေကို တွေ့မြင်ရမှာပါ။
ဒီပန်းချီလက်ရာတွေကို "Barrier Canyon Style" လို့ ခေါ်ကြပြီး ရှေးဟောင်းအမေရိကတိုက်ရဲ့ လျှို့ဝှက်ဆန်း ကြယ်မှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။
Barrier Canyon Style ပန်းချီတွေရဲ့ ထူးခြားချက်ကတော့ လူနဲ့ဆင်တူပေမယ့် မျက်လုံးတွေက ကြီးမားပြီး ခေါင်းမှာ (Antenna) အင်တနာလို အချောင်းတွေပါရှိသလို၊ ကိုယ်ခန္ဓာမှာလည်း အလှဆင်ထားတဲ့ ပုံတွေပါဝင်နေတာပါပဲ။
တချို့ပုံတွေမှာဆိုရင် လက်တွေ၊ ခြေတွေ မပါတာမျိုး၊ ဒါမှမဟုတ် သေးငယ်လွန်းတာမျိုးတောင် တွေ့ရတတ်ပါတယ်။ ဒီပုံတွေဟာ များသောအားဖြင့် အနီရောင်သံသတ္တုဓာတ်ပါဝင်တဲ့ ရွှံ့စေး (hematite) ကို အသုံးပြုပြီး ရေးဆွဲထားတာပါ။
ဒီပန်းချီကားတွေရဲ့ သက်တမ်းကို အတိအကျပြောဖို့ ခက်ပေမယ့် သမိုင်းပညာရှင်တွေနဲ့ ရှေးဟောင်း သုတေသန ပညာရှင်တွေကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂,၀၀၀ ကနေ ခရစ်နှစ် ၅၀၀ ဝန်းကျင်အတွင်း ရေးဆွဲခဲ့ကြတယ်လို့ ယေဘုယျအားဖြင့် လက်ခံထားပါတယ်။
ဒါပေမယ့် တချို့ပန်းချီတွေဟာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇,၀၀၀ လောက်အထိပင် သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
ဘယ်လူမျိုးစုတွေက ဒီပန်းချီတွေကို ရေးဆွဲခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ဒီဒေသမှာ နေထိုင်ခဲ့ကြတဲ့ ရှေးဟောင်း Archaic people တွေရဲ့ လက်ရာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ဒီလူမျိုးစုတွေဟာ အမဲလိုက်ခြင်း၊ အသီးအနှံရှာဖွေစုဆောင်းခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြပြီး ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပန်းချီတွေက ဘာကိုဆိုလိုသလဲဆိုတာကတော့ အခုချိန်ထိ ပဟေဠိတစ်ခုလိုဖြစ်နေတုန်းပါပဲ။
နတ်ဘုရားတွေ၊ ဒဏ္ဍာရီလာ သတ္တဝါတွေ၊ ဒါမှမဟုတ် ရှေးခေတ်လူတွေရဲ့ စိတ်ကူးပုံဖော်မှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆမျိုးစုံ ရှိပါတယ်။
ဖြစ်နိုင်ခြေရှိတာတွေကတော့ ဘာသာရေး ဒါမှမဟုတ် ရိုးရာဓလေ့ဆိုင်ရာ အခမ်းအနားတွေမှာ အသုံးပြုတဲ့ပုံတွေ၊ ရှေးခေတ်လူတွေ ကိုးကွယ်တဲ့ နတ်ဘုရားတွေ ဒါမှမဟုတ် ဝိညာဉ်တွေရဲ့ပုံတွေ၊ အမဲလိုက်ခြင်းဆိုင်ရာ မှတ်တမ်းတွေ၊ ဒါမှမဟုတ် မျိုးနွယ်စုအတွင်းက အရေး ကြီးတဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာတွေ ဖြစ်နိုင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ဒီဘယ်ရီယာချောက်က ပန်းချီတွေဟာ အတိတ်က ရှေးခေတ်လူသားတွေ ချန်ထားရစ်ခဲ့တဲ့ အံ့ဩဖွယ်ရာ အမွေအနှစ်တွေဖြစ်ပြီး သူတို့ရဲ့ အဓိပ္ပာယ်အမှန်ကို အပြည့်အဝနားလည်နိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် ဒီပန်းချီတွေဟာ လူသားတွေရဲ့ စိတ်ကူးဉာဏ်နဲ့ ဖန်တီးနိုင်စွမ်းကို ပြသနေတဲ့ အခိုင်အမာ သက်သေတွေဖြစ်တယ်ဆိုတာကတော့ ငြင်းလို့မရတဲ့ အချက်ပါပဲ။
#knowledge