Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
DeepSeek AI ပထမဆုံးထည့်သုံးလာမယ့် Tecno Camon 40 Series
Tecno အနေနဲ့ MWC မှာ ဒီတစ်ခေါက်မိတ်ဆက်လာတဲ့ မော်ဒယ်တွေက တကယ်အမိုက်စားတွေပါပဲ။ အပါးဆုံးဖုန်း၊ ၃ ခေါက်ချိုးဖုန်းတွေပြီးတော့ DeepSeek AI Built-in ပါလာမယ့် Camon 40 Series ရောပါပဲ။
နောက်ပြီး Canon 40 Series က ကင်မရာပိုင်းကို ဦးစားပေးထားတယ်လို့လည်း ဆိုထားပါတယ်။ Camon 40 Series မှာတော့ Camon 40, 40 Pro နဲ့ 40 Premier ဆိုပြီး ၃ မျိုးပါပါမယ်။ မကြာခင် official launch လုပ်သွားဖို့ရှိတယ်ဆိုတော့ စောင့်ကြည့်ရမယ့် Seires တစ်ခုပါပဲ။
⏱️ 𝗙𝗨𝗟𝗟 𝗧𝗜𝗠𝗘:
🔵 Chelsea 1-0 Leicester 🦊
ရွှေကိုးလ်မနိုင်တော့ ကူကူကယ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်နေရာအတွက် Top 4 ကိုတော့ ချဲလ်ဆီးတို့ရရှိခဲ့ပါပြီ။ ဒီထက်ပိုပြီးဂိုးပြတ်ခဲ့သင့်ပေမယ့် စီးတီးရဲ့မနေ့ ညက ရှုံးပွဲကို မိချယ်တို့အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး နို့ဗူးတို့ကို ငါးခြောက်တန်းပို့နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
Realme ရဲ့ ပထမဆုံး Ultra ဖုန်း
ပြီးခဲ့တဲ့လက P3 Pro နဲ့ P3x ကို မိတ်ဆက်ခဲ့ပြီးနောက်မှာပဲ P3 Series ထဲကနေ နောက်ထပ်မော်ဒယ်အသစ်ကို ထပ်ပြီးမိတ်ဆက်လာတော့မှာပါ။ P3 Ultra လို့ အမည်ပေးထားပြီး Realme ရဲ့ ပထမဆုံး Ultra ဖုန်းဖြစ်လာမှာပါ။ Spec: တွေမဖော်ပြထားပေမဲ့ "Ultra Design; Ultra Performance; Ultra Camera" ဖြစ်မယ်ဆိုပြီး ဆိုပါတယ်။
Wifi နဲ့ပါ သုံးနိုင်မယ့် Xiaomi Buds 5 Pro
များသောအားဖြင့် Earbuds တွေက Bluetooth support တာဖြစ်ပေမဲ့ ဒီတစ်ခေါက် Xiaomi ကနေ အသစ်မိတ်ဆက်လာတဲ့ Buds 5 Pro ကကျ Wifi နဲ့ ချိတ်ဆက်သုံးလို့ရနိုင်မှာပါ။
Wifi ချိတ်လို့ရမယ့် ဖုန်းတော့ရွေးပါလိမ့်မယ်။ သူတို့ပြောပုံအရဆို Snapdragon 8 Gen 3 ဒါမှမဟုတ် 8 Elite ဖုန်းတွေနဲ့ Wi-Fi ကနေချိတ်ဆက်ပြီး 96kHz/24bit lossless audio ကို 4.2Mbps bandwidth အထိ ပေးစွမ်းနိုင်မှာပါ။
Buds 5 Pro က Wifi ရော Bluetooth ရော version ၂ မျိုးနဲ့လာတာပါ။ Wifi ver ဈေးနှုန်းက $206 ဖြစ်ပြီး Bluetooth ver ဆိုရင် $178 ပဲ ရှိပါမယ်။
Solar စနစ်နဲ့ အားသွင်းနိုင်တာက စမတ်ဖုန်းတင်မကတော့ဘူး Laptop တွေလည်း ပါလာပါပြီ။ ကမ္ဘာ့ပထမဆုံးပြောလို့ရမယ့် နေစွမ်းအင်သုံး Laptop အမျိုးအစားအသစ်ကို Lenovo ကနေ မိတ်ဆက်လာတာပါ။
Yoga Solar PC လို့ အမည်ပေးထားတဲ့ ဒီ Laptop က အဖုံးမှာ ဆိုလာပြားတပ်ဆင်ထားတာပါ။ အဲ့ဒီကနေတဆင့် နေစွမ်းအင်နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ မိနစ် ၂၀ အားသွင်းထားရင် 1080p video တစ်ပုဒ်ကို ၁ နာရီလောက် ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ဆိုလာပြားအပါကိုမှ အထူ 15.2 mm နဲ့ အလေးချိန်က 1.22kg သာရှိပါတယ်။ Intel Lunar Lake processor, Ram 32GB, Storage 1TB အထိပါနိုင်မယ်လို့လည်း ဆိုထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 3500 ဝန်းကျင်ဖြစ်ပါမယ်။
Apple ဟာ လာမယ့် 2026 နှစ်လည်ပိုင်းမှာ Foldable ဖုန်းတွေကို မိတ်ဆက်သွားနိုင်ဖို့ စီစဉ်နေတာကို မနှစ်ကတည်းက သတင်းတွေထွက်နေတာပါ။ အခုလည်း ထပ်ထွက်လာပြန်ပါပြီ။
ဒီတစ်ခေါက်မှာတော့ Apple နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming Chi Kuo ဆိုသူက Apple ဟာ 2026 နှစ်လည်ပိုင်းလောက်မှာ ခေါက်ဖုန်းကို မိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး ဖော်ပြလာတာပါ။
ပြောထားတဲ့ပုံစံအရတော့ အပြင်ဘက် Screen Size က 5.5” အကျယ်ရှိပြီး အတွင်းဘက်ကတော့ 7.8” ရှိနိုင်ပါမယ်။ ဖုန်းရဲ့ ဘော်ဒီနဲ့ ခေါက်နိုင်တဲ့ ပတ္တာတို့ကို stainless steel , titanium တို့နဲ့ဖန်တီးထားမှာပါ။ ခေါက်ထားရင် 9-9mm ရှိမှာဖြစ်ပြီး ဖြန့်ထားရင်တော့ 4.5-4.8mm အထိ ရှိမှာပါ။ ဒါ့အပြင် ဖုန်းရဲ့အထူကို ပါးစေဖို့အတွက် Face ID မပါပဲ Touch ID ကိုသာ သုံးသွားနိုင်တယ်လို့လည်း ဆိုပါတယ်။