1 y - Translate

အရေးကြီးပါတယ်။ရေးသင့် မရေးသင့် အတော်ကြီးစဥ်းစားပြီးမှ ရေးလိုက်တာပါ။မိဘတွေနဲ့ကလေးတွေ သတိထားရမယ့်အချက်မို့ ရေးလိုက်ပါတယ်။
ပြဿနာက ကျွန်တော်တို့နေတဲ့ ဖဆပလကွက်သစ်ဖျက်လိုက်လို့ ယာယီပြောင်းရွှေ့ပြီး လာနေတဲ့ ကိုလှနဲ့မနီ(ဆိုပါတော့)တို့ဟာ ကျွန်တော်ကြီးတော် အမေဘူဒီနဲ့ ရင်းနှီးတာကြောင့် ကျွန်တော်တို့အိမ်(အမေဘူဒီ့တဲ)မှာ မိသားစုလာနေကြပါတယ်။သူတို့ရဲ့ လူမမည်ကလေးနှစ်ယောက်နဲ့အတူ မနီရဲ့မောင်​ မောင်သန်း(ဆိုပါတော့)ပါလာပါတယ်။သူတို့က ခြင်ထောင်ကြီးတစ်လုံးချုပ်ပြီး အမေဘူဒီ၊မနီ၊ကလေးနှစ်ယောက်၊ကျွန်တော်နဲ့ မောင်သန်းတို့ အတူတူအိပ်ဖို့ စီစဥ်ပါတယ်။မောင်သန်းကကျွန်တော့်ထက် ရှစ်နှစ်လောက် အသက်ကြီးပါတယ်။နယ်ကတက်လာကြတာပါ။တောနယ်မှာ ဘုန်းကြီးကျောင်းနေဖူးပါလိမ့်မယ်။အဲဒီမှာ ဘုန်းကြီးကျောင်းသားဆိုး(ကြီးနိုင်ငယ်ညှင်း)စရိုက် ပါလာပါလိမ့်မယ်။ယုတ်ကန်းတဲ့စရိုက်က သူ့ဆီမှာ ရှိနေပါတယ်။ပထမတော့ မသိဘူး။ကစားဖော်ရတယ်ဆိုပြီး ကျွန်တော်ပျော်နေခဲ့ပါတယ်။
အဲ…တစ်ညတော့...
ဒီကောင်လုပ်ပုံက ကျွန်တော်အိပ်မောကျနေတုန်း သူ့ခါးနဲ့ ကျွန်တော့်ခါးကို သူ့ပုဆိုးနဲ့ဆွဲပြီး တင်းတင်းချည်နှောင်လိုက်ပါတယ်။ပြီးတော့ ကျွန်တော့်ကို မဖွယ်မရာလုပ်ဖို့ အားထုတ်တော့တာပါပဲ။ကျွန်တော် လန့်နိုးပါတယ်။အတင်းရုန်းပေမယ့် ခါးမှာ ကျပ်နေအောင် ပုဆိုးနဲ့ စည်းထားတော့ မလွတ်ပါဘူး။ဒါနဲ့ “မလုပ်နဲ့။ကျွန်တော်မကြိုက်ဘူး။အမေဘူဒီ၊မမနီ” စသည်ဖြင့် ငိုသံတဝက်၊ကြောက်သံတဝက်နဲ့ အော်မိပါတယ်။
အမေဘူဒီတို့က “ဟဲ့ ကလေးတွေ ညကြီးမိုးချုပ် ဘာတွေဆော့နေကြတာလဲ။ကောင်းကောင်းအိပ်ကြ” လို့ ပြောပြီး ပြန်အိပ်သွားကြပါတယ်။လျှပ်စစ်မီးမရှိသေးပါဘူး။ရေနံဆီမီးကိုလည်း မီးဘေးကြောက်လို့ ငြှိမ်းထားပါတယ်။မှောင်နဲ့မည်းမည်းမှာ ကျွန်တော်ချွေးတွေပြန်၊ကြောက်လန့်၊တုန်လှုပ်၊စက်ဆုပ်ရွံရှာစွာနဲ့ ရုန်းကန်တွန်းထိုးလုပ်ရပါတယ်။ကျွန်တော်အသံမထွက်အောင် အဲဒီကောင်က လည်ပင်းညှစ်ထားပါတယ်။တအိအိ တအင့်အင့် အသံလောက်ပဲ ထွက်နိုင်ပါတယ်။
“ဟဲ့…ကောင်းကောင်းအိပ်ကြဆိုတာ မကြားဘူးလား”
မနီရဲ့ အသံပါ။
ဒီတော့မှ မောင်သန်းလည်း လက်လျှော့လိုက်ဟန်တူပါတယ်။ကျွန်တော်လည်း ခါးမှာ သူဆွဲစည်းထားတဲ့ ပုဆိုးကို မရမကဖြေပြီး ခြင်ထောင်အပြင် ထွက်အိပ်ရပါတော့တယ်။ဒီကောင့်မှာ ကလေးချင်းအနိုင်ကျင့်တဲ့ အကျင့်ဆိုး​ ရှိတယ်။စရိုက်ဆိုးပေါ့ဗျာ။
နောက်တစ်နေ့မနက်ကျတော့ ခြင်ထောင်အပြင်ဘက်မှာ အိပ်နေတဲ့ ကျွန်တော့်ကို ခြင်တွေလည်း ဝိုင်းကိုက်ထားလို့ အဖုအပိမ့်တွေ ဖြစ်နေပါပြီ။
ကျွန်တော့်ကြီးတော် အမေဘူဒီက “ခြင်ထောင်အပြင် ဘာဖြစ်လို့ အိပ်ရသလဲ။ဟိုကောင် ကန်ထုတ်လို့လား” လို့ မေးပါတယ်။ကျွန်တော် လူကြီးတွေကို တိုင်ရမလား၊မတိုင်ရဘူးလား။ကျွန်တော့်ကို အဲဒီအယုတ်တမာကောင်က မင်းပြန်ပြောရင် လည်ပင်းညှစ်သတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။တိုင်လိုက်ရင် အလစ်မှာ လည်ပင်းညှစ်အသတ်ခံရမှာ ကြောက်နေပါတယ်။ဒါပေမဲ့ ဒီကိစ္စကို သိပ်ရွံမုန်းနေမိပါပြီ။ဒါကြောင့် နေ့ခင်းထမင်းစားပြီးချိန် အမေဘူဒီနဲ့မမနီတို့ စကားပြောနေကြတဲ့အချိန်မှာ အနားကပ်သွားပြီး “မေဘူဒီ။ကျွန်တော် မောင်သန်းနဲ့ အတူတူမအိပ်ချင်ဘူး” လို့ ပြောပါတယ်။
“ဘာဖြစ်လို့လဲ။ဒီကောင်က ခြင်ထောင်အပြင် ကန်ထုတ်လို့လား”
“မဟုတ်ဘူး”
အမေဘူဒီ တွေခနဲ တချက်စဥ်းစားတယ်။ပြီးတော့ ဒီကောင် ငါ့သားကို - - - လို့လားလို့ တဲ့တိုးမေးပါတယ်။ကျွန်တော်ငိုပါတယ်။အမေဘူဒီ တုတ်တစ်ချောင်းထဆွဲပြီး...
“ဘယ်မလဲ ဒီကောင်”
“မမဘူဒီ။ကျွန်မ ဆုံးမပါ့မယ်။” မမနီက ပြောပါတယ်။
“မရဘူး။ငါ့လက်နဲ့လုပ်ရမှ ကျေနပ်မယ်။”
ကျွန်တော် ရှက်လည်းရှက်။ဝမ်းလည်းနည်း။ဒေါသလည်းဖြစ်။အမျိုးစုံ ခံစားရပြီး ငိုကြီးချက်မနဲ့ ထွက်ပြေးခဲ့ပါတယ်။နောက်ဖေးလမ်းကြား စကြာပင်လေးအောက်မှာ ရှိုက်ကြီးတငင် ငိုနေခဲ့မိတာကို ခုချိန်ထိ မှတ်မိနေတုန်းပါ။နောက်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အဲဒီ့မိသားစု ကျွန်တော်တို့တဲကနေ ပြောင်းသွားကြပါတယ်။
ဒီအကြောင်းကို ပြန်တွေးမိတိုင်း ရင်တလှပ်လှပ်နဲ့ စိတ်ညစ်တဲ့ဒဏ်ကို ခံခဲ့ရပါတယ်။တချို့ညတွေဆိုရင် အဲဒီအဖြစ်အပျက်က ခြောက်လှန့်လို့ တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး။
ဒီကိစ္စ ဘာကြောင့်ရေးရသလဲ။အုပ်ထိန်းသူ လူကြီးမိဘများ သတိထားနိုင်အောင်ပါ။အဲဒီလို အကျင့်ယုတ်တဲ့ကောင်မျိုးနဲ့ အတူတူမသိပ်မိအောင် အထူးစောင့်ရှောက်ဖို့ လိုပါတယ်။ဒီလိုကလေးမျိုးဟာ ချိုပေါက်နေတာမဟုတ်တဲ့အတွက် မှန်းဆသိဖို့ ခက်ပါတယ်။ဒါကြောင့် နည်းနည်းအသက်ကြီးတဲ့ကလေးနဲ့ငယ်တဲ့ကလေး၊ယောင်္ကျားလေးချင်း ဖြစ်ပါစေ၊ညီအစ်ကိုရင်း မဟုတ်ရင် ဝမ်းကွဲနဲ့တောင် မသိပ်သင့်ပါဘူး။
အဲဒီအတိတ်တစ္ဆေဟာ ခုချိန်ထိ ကျွန်တော့်ကို ခြောက်လန့်နေတုန်းပါပဲ။ကျွန်တော် စိတ်ဝေဒနာ ခံစားနေရတဲ့ အချိန်မှာ အဲဒီကိစ္စက စိတ်ထဲမှာ မကြာမကြာ ပြန်ပေါ်လာခဲ့တယ်။ငယ်ငယ်က စိတ်ညစ်စရာတွေ ပြန်ပြန်တွေးမိပြီး ခေါင်းတွေ အုံနောက်လာတတ်တယ်လို့ တင်ပြတော့ ဆရာဝန်ကြီး ဦးအုန်းမောင်က “စိတ်ကျနေတဲ့အချိန်မှာ အဲဒီလို ငယ်ငယ်က စိတ်ညစ်စရာတွေ ပြန်ပေါ်တတ်တယ်။ဒါပေမဲ့ အဲဒါကို ပြန်ပြင်လို့ မရတဲ့အတွက် မစဥ်းစားဖြစ်အောင် ကြိုးစားပါ။စဥ်းစားနေရင် ကိုယ်ပဲ စိတ်ညစ်နေရမှာပါ။ဖြစ်နိုင်ရင် ဂုဏ်တော်ပုတီးစိပ်ပါ။မေတ္တာပို့ပါ” လို့ အကြံပေးပါတယ်။
▪️မောင်ဝဏ္ဏ
(သူလိုကိုယ်လို မောင်ဝဏ္ဏ စာအုပ်မှ)

image

‘A QUIET PLACE 3’ ကိုစတင်လုပ်ဆောင်နေပြီဟု သိရ !

image

" Locked " ရုပ်ရှင် character poster ဖြစ်ပါတယ်။ ဇာတ်ကားကတော့ Mar (21) ရုံတင်ပါမယ်။

image

" Locked " ရုပ်ရှင် character poster ဖြစ်ပါတယ်။ ဇာတ်ကားကတော့ Mar (21) ရုံတင်ပါမယ်။

image

" Locked " ရုပ်ရှင် character poster ဖြစ်ပါတယ်။ ဇာတ်ကားကတော့ Mar (21) ရုံတင်ပါမယ်။

imageimage
1 y - Translate

ကိုယ်မြတ်နိုးတဲ့အရာ၊ကိုယ်မြတ်နိုးတဲ့လူကို
ပျော်ရွှင်စေချင်မယ်၊စိတ်ချမ်းသာစေချင်တယ်၊ကျန်းမာစေချင်တယ်။
အဲဒီအတွက်ကို ကိုယ်က ဘေးကနေ လိုအပ်တာလေးတွေကို ဖြည့်ပေးတာ။
အဲလိုဖြည့်ပေးလို့ ဟိုဘက်ကလူက
ဝမ်းမြောက်ဝမ်းသာ ရှိရတယ်၊
သူ့ရဲ့ဘဝလေး ပြည့်စုံနေတယ်ဆို
ကိုယ်က ဒီဘက်ကနေ ကျေနပ်နေရတာလေ
အဲ့တော့ အဲ့ဒါက အချစ်စစ်ပဲလို့ ကျွန်မထင်တယ်။
▪️ဂျူး

image
1 y - Translate

ငါတတ်လှပြီ၊ငါသာဆရာဆိုတဲ့ မာနတက်လာရင်တော့ ရှေ့လျှောက် တိုးတက်ဖို့ မရှိတော့ဘူး၊ပညာလမ်း ပိတ်သွားပြီ။
ငယ်ရွယ်ရာမှ ကြီးပြင်းလာတုန်း အိုးမပြည့်ခင် ရေဘောင်ဘင်ခတ်တတ်တယ်။ဆရာတင်ထိုက်သူများကို စော်ကားတတ်တယ်။မသိတာ မတတ်တာရှိရင် ၀န်ခံရမှာ ကြောက်တတ်တယ်၊ဖုံးကွယ်ထားတတ်တယ်။
ဘယ်သူမဆို ဟန်ဆောင်လိမ်လည်ထားသမျှ တစ်နေ့ပေါ်ထင်လာတာပါပဲ။အဲဒါက ပိုပြီးရှက်ကြောက်စရာ ဖြစ်တယ်။အကျင့်စာရိတ္တ သိမ်ဖျင်းနုနယ်ခြင်း ဖြစ်တယ်။မရင့်ကျက်နိုင်တာ ဖြစ်တယ်။မသိတာ ဝန်ခံရတာ ဘာမှ ရှက်စရာမရှိ။သိအောင် အခွင့်အရေး စတင်တာသာ ဖြစ်တယ်။
▪️ကြည်အေး
ကလျာမဂ္ဂဇင်း၊နိုဝင်ဘာ၊၂၀၁၅
❗️ဆရာမကြီး၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။

image
1 y - Translate

"ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ"ဂျူး(Rating-🌟🌟🌟🌟🌟🌟)
လွန်ခဲ့တဲ့3လလောက်က လိုင်းပေါ်အရမ်းHotနေလို့ဝယ်လိုက်မိတဲ့စာအုပ်
အဲ့တုန်းကဝယ်ပြီးမဖတ်ဖြစ်ဘူး🤧
ဘာလို့လည်းဆိုတော့ဆရာမဂျူးရေးတဲ့ဇာတ်ကောင်မင်းသမီးတွေရဲ့စရိုက်ကအရမ်းအတ္တဆန်တာများလို့လေ🥲
အခုဒီစာအုပ်လေးမှာတော့ဇာတ်လိုက်ဖြစ်တဲ့ရတနာကအတ္တဆန်ပေမဲ့လည်း
နေသန်ကပိုပြီအတ္တဆန်တယ်ပြောရမယ်ဗျ
ရတနာဟာနေသန်အတွက်သူ့မာန သူ့အတ္တတွေကိုအကုန်ချိုးနှိမ်ခဲ့ပေမဲ့နေသန်ကတော့အချိန်အလွန်တိကျပြီးသူ့အချစ်ဟာအရမ်းအတ္တဆန်လွန်းခဲ့တယ်
နောက်ဆုံးအခန်းမှာနေသန် ရတနာကိုပြောခဲ့တဲ့စကားလုံးတွေဟာ ရတနာတင်မဟုတ်ဘဲ ဖတ်နေတဲ့ကိုယ်ပါ ပြိုလဲသွားချင်တဲ့အထိရင်ထဲဆူးတွေနဲ့ထိုးနေသလိုခံစားသွားရတယ်🥺❤️‍🩹
အခုချိန်ထိနေသန်ကိုစိတ်အရမ်းတိုမိနေတုန်းဘဲ😮‍💨
နောက်ဆုံးအချိန်ထိတောင်
တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ပြောဖို့ကိုမာနတွေရှေ့တန်းတင်ပြီးမပြောဖြစ်ခဲ့ကြဘူး💔
နောက်ထပ်ဆရာမဟာ
ပန်းချီအနုပညာကိုအမြည်းကျွေးထားပြီး
ပန်းချီတွေကိုချစ်တတ်လာအောင်လည်းဆွဲဆောင်ထားပါသေးတယ်ဗျ💜
ပန်းချီပုံလေးတွေလည်းပါပြီးတစ်ခန်းချင်းစီကိုလည်းခေါင်းစဉ်တစ်ခုစီပေးထားပါသေးတယ်ဗျ💜

image

‘THE MANDALORIAN & GROGU’ ရုပ်ရှင်ထဲက BDX Droids လေးတွေ first look ဖြစ်ပါတယ်။ May 22, 2026 ကြမှသာ ရုံတင်မှာပါ။

image

‘THE MANDALORIAN & GROGU’ ရုပ်ရှင်ထဲက BDX Droids လေးတွေ first look ဖြစ်ပါတယ်။ May 22, 2026 ကြမှသာ ရုံတင်မှာပါ။

image