1 y - Translate

A passenger at Boston Logan was stung by a scorpion while retrieving her luggage in the baggage claim area of customs, according to police.

https://abcnews.go.com/US/scor....pion-stings-woman-bo

image

ကျွန်တော် အစက အသက်ငယ်ငယ် Batman ဖြစ်ချင်ခဲ့တာ

အခုတော့ Sequel ကိုစောင့်ရင်းနဲ့ အသက်ကြီးတဲ့ Batman ဖြစ်တော့မယ်။

ကျွန်တော် အသက် ၃၈ နှစ်ရှိပြီ၊ အသက်ကြီးပြီ။ အသက်ကြီးပေမယ့် ကျန်းမာရေးတော့ ပိုကောင်းလာတယ်။ ကိုယ်တွင်းအသက်ကို နည်းနည်းလျှော့ချနိုင်ခဲ့တယ်လို့ ထင်တယ်” Robert Pattinson က အင်တာဗျုးတစ်ခုမှာပြောခဲ့ပါတယ်။

Batman 2 ကတော့ 2027 အထိ နောက်ဆုတ်သွားတဲ့အပေါ် Robert Pattinson တစ်ယောက် အသက်ကြီးကြီး Batman ဖြစ်လာရမှာကြောက်နေပုံရပါတယ်

image
1 y - Translate

❛ ငြိမ်းချမ်းမှုမရှိရင်
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး
ဘာမှမပြည့်စုံနိုင်တော့ဘူး . . . လို့သာ
ပြောချင်တော့တာပဲ။ ဒါကြောင့်
ငြိမ်းချမ်းတဲ့ အရပ်ဒေသသည်သာလျှင်
ပတိရူပဒေသ ဖြစ်နိုင်စကောင်းတယ် ❜

▫️အောင်သင်း▫️

image
1 y - Translate

မင်းကို
ငါ ဆင်ပေးနိုင်တဲ့ ရတနာက
အချစ်ပဲရှိတယ်
လှ အောင် ဝတ် ပါ ကွယ်…။
▪️ကြည်ဇော်အေး

image
1 y - Translate

မင်းကို
ငါ ဆင်ပေးနိုင်တဲ့ ရတနာက
အချစ်ပဲရှိတယ်
လှ အောင် ဝတ် ပါ ကွယ်…။
▪️ကြည်ဇော်အေး

image
1 y - Translate

"မုန်းသည်...သိပ်မုန်းသည်...
ဤလောကတွင်
ကျွန်တော်အမုန်းဆုံးလူမှာ ကျွန်တော်..."
မန္တလေးနဲ့တံတားဦးမြို့နှစ်မြို့မှာဇာတ်အိမ်တည်ထားတဲ့ဒီဇာတ်လမ်းလေး
စိုးနိုင်တဲ့မအေးဖြူတို့ချစ်သူနှစ်ယောက်၁၀တန်းစာမေးပွဲဖြေပြီးမြစ်ကမ်းဘေးကအအေးဆိုင်မှာအအေးသောက်ရင်းကနေတစ်ယောက်ကိုတစ်ယောက်မခွဲနိုင်ကြဘဲမိုက်ရူးရဲဆန်စွာခိုးပြေးခဲ့ကြပါတယ်🧐
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်မပြုသင့်တာသိပေမဲ့ဆရာကြီးရဲ့စာရေးသွက်ပုံကြောင့်ချစ်စခင်စကြင်နာစအချိန်လေးကိုရေးထားပုံလေးမှာကြည်နူးဖွယ်ကောင်းပါတယ်🥰
မအေးဖြူတစ်ယောက်မိမိ၏ချစ်လင်ကို
ဂရုစိုက်ပုံ,အနစ်နာခံပုံ,ကြင်နာယုယပုံ,
ချစ်လင်ရဲ့ဂုဏ်ရှိန်ကိုမြင့်လူရာဝင်အောင်ကျောင်းဆက်တက်စေပြီးကျောင်းဆရာဂုဏ်ရအောင်အထိပံ့ပိုးပေးခဲ့ပေမဲ့
သူမပြန်ရခဲ့သည်ကာဖောက်ပြန်မှုပင်🥺💔
မယားကြောင့်ကျောင်းဆရာဖြစ်ခဲ့သော်လည်းကျောင်းအတူတူတက်သည့်ယင်းမာပေါ်တွင်မောင်နှမသံယောဇဉ်ထက်ပိုကာမအေးဖြူအပေါ်သစ္စာဖောက်မိခဲ့ပါတော့တယ်💔
ယင်ဖိုတောင်တစ်ခါမှမသန်းဖူးတဲ့ယင်းမာတစ်ယောက်အိမ်ထောင်သည်ယောင်္ကျားတစ်ယောက်ကိုမှချစ်မိသွားသောအခါ😩

image
1 y - Translate

❛ ယောက်ျားလေး ကျောင်းတို့ဘာတို့ကို
နေဖူးစေချင်တယ်၊ အဲဒီ မှာ
အလကားကောင်တွေချည်းပဲ၊
ဟိုကောင့်ကို ကြည့်လိုက်
စာကုန်းကျက်လိုက်၊
ဒီကောင့်ကို ကြည့်လိုက်
စာကုန်းကျက်လိုက်နှင့်
အားလုံး တစ်နေ့ကျရင်
ကာဒီလက် ကားသစ်ကြီး တစ်စီး
ဝယ်စီးနိုင်တဲ့ အခြေအနေကို
ရောက်အောင် ကြိုးစားမယ်ဆိုပြီး
စာကို ကုန်းကျက်နေတဲ့ ကောင်ချည်းပဲ၊
သူတို့ကို ကြည့် လိုက်ရင်တော့
ကိုယ့်ကျောင်း ဘောအသင်း ဆုံးရှုံးလာရင်
တကယ့်ကို ဝမ်းနည်း တဲ့ပုံ၊ တကယ့်ကို
မခံမရပ်နိုင် ဖြစ်နေတဲ့ပုံ၊ အမှန်ကတော့
ဘာဘောလုံးမှ စိတ်ဝင်စားတာ မဟုတ်ဘူး၊
သူတို့ ဘာလုပ်မလဲ၊
ကောင်မလေးတွေ အကြောင်း ပြောမယ်
အရက် အကြောင်း ပြောမယ်၊ ပြီးရင် မဟုတ်တရုတ်တွေ လျှောက်ပြောမယ်၊
ဒါပဲ သူတို့ သိတယ် ...
× × × × × ÷ ×
▫️မသေခင်ဖတ်သွားသင့်သော
ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ပါပဲ▫️
စာအုပ်အကြောင်းပြောရမယ်ဆိုရင်
စာမေးပွဲကျရှုံးပြီး
ကျောင်းထုတ်ခံရလို့ လေလွင့်နေတဲ့
အိမ်ပြေးလေးတစ်ယောက်ဖြစ်တဲ့
ဇာတ်ကောင် ဟိုလ်ဒင်ကောဖီးမြင်ခဲ့တဲ့ကမ္ဘာ
သူ့ရဲ့စိတ်ခံစားချက်၊
ပတ်ဝန်းကျင်လောကကြီးကို
မကျေမနပ်ဖြစ်နေမှုတွေ၊
လူငယ်တစ်ယောက်ရဲ့ပေါက်ကွဲမှုနဲ့အတူ
လူတွေအပေါ်မြင်တဲ့ရှူထောင့်တွေနဲ့
အဆိုးအကောင်းရောယှက်နေတဲ့
အတွေးအခေါ် အယူအဆ တစ်ချို့ကို
ကွက်ကွက်ကွင်းကွင်းရေးသားထားပါတယ်။
မိတ်ဆွေတို့ နားလည်သလို ဖတ်ရှူပြီး
အဓိပ္ပါယ်ကောက်ယူနိုင်သလို
အဓိပ္ပါယ်လည်းလွဲချော်နိုင်မဲ့
စာအုပ်တစ်အုပ်ပါပဲ ။

image
1 y - Translate

❛ ရာသီဥတု နဲ့ အချစ်ဟာ
ယုံကြည်လို့ မရတဲ့ အရာပဲ ❜
▫️ကိုင်ဇာတင်မုံ▫️

image

Daredevil ကို ဒုက္ခ အပေးနိုင်ဆုံးကောင်တွေထဲမှာ Bullseye က ဒုတိယပဲ
Born Again အပိုင်း (1) မှာတင် မထင်ထားတာတွေဖြစ်သွားတာကြည့်ရင် Poindexter (ခေါ်) Bullseye က Netflix Season 3 မှာထဲက Daredevil ကိုရော၊ Wilson Fisk ကိုပါ တေးထားပုံရပါတယ်။
အပိုင်း (1) မှာ Street Level Hero တွေကို Mention သွားပုံထောက်ရင် နောက်အပိုင်းတွေမှာ Hero တွေအကုန်လုံးပါလာဖို့များပါတယ်။
အထူးသဖြင့် Spiderman နဲ့ Daredevil တွဲလုံးကို မြင်ချင်နေတာတော့ အမှန်ပါပဲ။
Daredevil (2015-2018) | Daredevil: Born Again (2025)

image
1 y - Translate

❛ မောင်ချောနွယ်အတွက်
မနေနိုင်လို့ ရေးတဲ့ ကဗျာ ❜
_ _ _ _ _ _ _ _ _ _
မိုးတွေ ရွာပေါ့
အဲ့သလို မိုးတွေ ရွာတုန်းတစ်နေ့မှာ
ဖော်ဝေးဟာ
ထွက်ခွာသွားပါတယ်။
အဲ့သလို မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လည်း
ထွက်ခွာသွားခဲ့ပါတယ်။
ခုတစ်ခါ မောင်ချောနွယ်
သူငယ်ချင်း မောင်ချောနွယ်
နှစ်ပေါင်း သုံးဆယ်ကျော်
ငါတို့ ချီတက်ခဲ့ကြရာမှ
မင်းထွက်ခွာသွားပေါ့။
သူဟာ သူ့ကိုယ်သူ ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့ တကယ်ထင်ခဲ့တယ်
အဲ့ဒါကြောင့်
ငါတို့ ရယ်ခဲ့ကြတယ်။
သူဟာ သူငယ်ချင်းတွေကို
အမြဲမနာလိုရှိခဲ့တယ်
အဲ့ဒါကြောင့်လည်း
ငါတို့ ရယ်ခဲ့ကြတယ်။
သူဟာ အများသိ ကဗျာဆရာပေါ့
ဒါပေမဲ့ အဲ့ဒီထက်မက
သူဖြစ်ချင်ခဲ့လို့
ကဗျာတွေ အများကြီး ရေးခဲ့တယ်။
ငါတို့ ကဗျာတွေ အများကြီး
ဖတ်ခဲ့ရတယ်။
အဲ့သလို ရယ်စေ
ကဗျာတွေ ဖတ်ရစေတဲ့...
... အဲဒီ့နေရာမှာ
ငါ့ကဗျာဟာ ရပ်သွားတယ်။
ဟိုရှေးရှေးက စာဆိုတော်ကြီးတွေလို
ငါ့ကလောင်ကို ခဏချ
ငေးတိငေးရာ ငေးရတယ်။
ဪ... မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောက်တည်ရာ မရခဲ့ပါဘူး။
ဖန်ခွက်တစ်ခွက်နဲ့
အရက်တစ်ခွက်တစ်ခွက်နဲ့
သွေးတစ်စက်တစ်စက်နဲ့
ဘဝ တဆတ်ဆတ် ကတုန်ကယင်နဲ့
ငြင်းပယ်ခံရမှုနဲ့
လှည့်လည်တောင်းခံရမှုနဲ့
တစ်ကိုယ်လုံး ထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့
ပါးလျားသေးသေးလေး
သေးသေးလေး အစက်လေးတစ်စက်
အစက်တစ်စက်
အဲ့ဒီအစက်လေးတစ်စက်အထိ
ကဗျာတွေ ရေးထွက်ခဲ့သေးတယ်
ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေ မည်းလို့
မိုးတွေ ရွာပေါ့။
“သူငယ်ချင်းသေရင် ကိုယ်ငိုမှာပါ” ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့ ငါငိုမထွက်ခဲ့ပါ
ငိုမယ်ဆို ငိုစရာတွေ မဆံ့မပြဲပဲ
ငါတို့ ဘဝတွေမှာ
ငါတို့ရဲ့ ပက်ပက်စက်စက် ဘဝတွေမှာ။
အိမ်မှာ ပန်းချီကားတစ်ချပ်
တိမ်ပြာထဲ ခေါင်းအုံးတစ်လုံး
မင်း အပူအပင်ကင်းစွာ
အိပ်စက်ရပါစေသား။
ရယ်စရာပါ သူငယ်ချင်း
ငိုစရာလည်း ပါပါလိမ့်မယ်
လူငယ်လေးတစ်ယောက်
မူးတိုင်း ရွတ်ပြတယ်
“မင်းတို့ပြောတော့
ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု…. ဘယ်မှာရှိတော့လို့တုံး” တဲ့
ပြက်လုံးပါ။
ဟုတ်ပါတယ်
မောင်ချောနွယ် မရှိတော့ပါ
ဪ... သူငယ်ချင်း
ခုလည်း
မိုးတွေ မည်းလို့
မိုးတွေ ရွာပေါ့။ ။
ရနံ့သစ်၊ စက်တင်ဘာ၊ ၂၀၀၃
- အောင်ချိမ့် -

image