46 w - Translate

#ပြည်တွင်းသတင်း
◼ဟုမ္မလင်းမြို့၌အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိမြေငလျင်တစ်ခု ယနေ့(မတ် ၉ ရက်) မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။
အဆိုပါငလျင်မှာ တမူးမြေငလျင်စခန်း အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ ဟုမ္မလင်းမြို့၏အရှေ့မြောက်ဘက် ၃၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅ ဒသမ ၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၃၃ ဒီဂရီ၊ အနက် ၇၉ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုလမတ် ၅ ရက်တွင်လည်း ဟုမ္မလင်းမြို့အားဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး ယခုလဆန်းပိုင်းအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မကွေးတိုင်းတို့တွင် ငလျင်လှုပ်ခတ်ခြင်းများရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
သတင်း - ပိုင်လေး

image
46 w - Translate

Lucky Severn ဖြစ်လာမယ့်
ဒီနှစ်ရဲ့ Samsung foldable တွေမှာ
Galaxy Z Flip 7 က ရှေ့မျက်နှာပြင်အပြည့် ဖြစ်လာပြီး Galaxy Z Fold 7 ကတော့ ပိုပါး၊ ပိုပေါ့မယ်လို့ သတင်းတွေထွက်နေတယ်ဗျို့။
နောက်ပြီး Ultra model ပါမယ်လို့လည်း ကြားတယ်။
S.Pen support ဘာညာနဲ့များ လာမလား။
Foldable မှ ကြိုက်တာဆိုတဲ့ Galaxy fan တွေအတွက်ကတော့ စောင့်ကြည့်ရမယ့် နှစ်တစ်နှစ်ပဲ။

image
46 w - Translate

အေဒန်ဟေဗန် ရဲ့ 45 မိနစ်အတွင်းစွမ်းဆောင်ရည် 🔴
1 tackle
2 interceptions
3 clearances
1/2 aerial duels won
2/3 ground duels won
[FTS]

image
46 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦး လွှဲပြောင်းပေးအပ်
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦး မတ် ၉ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။
မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြားသုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပ နိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကို၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၁၄ ဦးကို သက်ဆိုင်ရာနိုင်ငံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄၀ ကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ ရာ၌ တရုတ်နိုင်ငံသား ၂၁၄ ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည် ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်း ပေးရာ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ သို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး မင်းသူကျော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စားလှယ် များထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံ ရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက် မှ မတ် ၉ ရက်အထိမြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၄၈၄၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၂၁၈၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲ ပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၂၆၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
ဓာတ်ပုံ -MOI

image
46 w - Translate

⏱️ 𝗙𝗨𝗟𝗟 𝗧𝗜𝗠𝗘:

👹 Man Utd 1-1 Arsenal ⭕

ဘောလုံးဆိုတာအလုံးကြီးလို့ အမြဲပြောရတဲ့အတိုင်း အစဉ်အလာတို့ ဖလားယူမယူတို့ ယှဉ်လာရင် အသင်းငယ်လေးတွေကလည်း တကယ်ကိုကြောက်စရာကောင်းလှပါတယ်။

ပထမပိုင်းမှာ ဘရူနိုရဲ့ ဖရီးကစ်က လွဲရင် အာဆင်နယ်ဘက်က လူပေးနေတာသာ ထိုင်ကြည့်နေခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ချေပဂိုးထက် ပိုတဲ့ဂိုးတွေရဖို့အခွင့်အရေးရှိခဲ့ပေမယ့် ခံစစ်နဲ့ဂိုးသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် ဂိုးမရှိသရေနဲ့ပဲပြီးဆုံးခဲ့ရပါတယ်။

ရာစုနှစ်တစ်ခုလုံးရဲ့ အဆိုးဆုံးမန်ယူကိုတောင် မနိုင်တဲ့ ဆင်ပျံကြီးတို့ကတော့ ဇယားထိပ်က လီဗာပူးလ်ရဲ့ ၁၅ မှတ်ဖြတ်ခြင်းခံခဲ့ရပြီဖြစ်ပြီး နောက်ရာသီတော့ သေချာပေါက်ဖလားယူမယ်လို့ ကြွေးကြော်ဖို့သာကျန်ပါတော့တယ်။

image
46 w - Translate

၃ လအတွင်း အလုံးရေ ၃ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Redmi K80 Series
မနှစ်က နိုဝင်ဘာလောက်က မိတ်ဆက်ခဲ့တဲ့ Redmi K80 Series က စတင်ရောင်းချပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာတင် အလုံးရေ ၃ သန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။ (တရုတ်နိုင်ငံတွင်းမှာပါ)

Redmi K series မှာက K80, K80 Pro, နဲ့ K80 Pro Automobili Lamborghini Squadra Corse Special Edition တို့ကို ထုတ်လုပ်ရောင်းချခဲ့တာပါ။ အခုတော့ ရောင်းအားစံချိန်ကိုကြည့်ပြီး Redmi K80 Ultra နဲ့ Redmi K80 Gaming ဆိုတဲ့ နောက်ထပ်မော်ဒယ် ၂ မျိုး ထပ်ထုတ်သွားဖို့ရှိတယ်ဆိုပြီး leak တွေ ထွက်လာပါတယ်။

image

သူမ၏ ဇ

လုပ်သင့်တာတွေလုပ်ပြီ
မလုပ်သင့်တာတွေမလုပ်ဖို့

ဉာဏ်ကောင်းဖို့မလိုဘူး
Self control ကောင်းဖို့ပဲလိုတယ်

ကိုယ် ၊ စိတ် ၊ နှလုံး ၃ ပါးလုံးက
ကိုယ့်ရဲ့ control အောက်မှာရှိနေရင်

အမှားလုပ်မိဖို့ chance နဲတယ်

Self control ကောင်းချင်ရင်
- သတိရှိဖို့လိုတယ်
- stress နဲဖို့လိုတယ်
- မဟုတ်တာတွေလုပ်မိစေတဲ့
နေရာ၊ လူ ၊ apps တွေရှောင်ဖို့လိုတယ်
- ဘာကြောင့်လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ
ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်
- အခုလုပ်လိုက်တာရဲ့ ဖြစ်လာမယ့်
အကျိုးဆက်ကို တွေးတက်ဖို့လိုတယ်

စပြီး လေ့ကျင့်ချင်ရင်
Diet နဲ့ sleep schedule ကိုအရင်ဆုံး
Strict လုပ်ကြည့်ကြည့်ပါ

Control အောက်မှာနေရတာ
အကျင့်ရသွားရင် ကျန်တာတွေ
လွယ်ကူသွားပါလိမ့်မယ်

#crd
#moti

46 w - Translate

Full Time
စပါး 2-2 ဘုန်းမောက်
ဘုန်းမောက်လိုအသင်းရဲ့ အဆိပ်ရှိကစားပုံကြောင့် 0-2 ဖြစ်ခဲ့ရပေမယ့် အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး အရေးပါတဲ့သရေရလဒ်ကို စပါးတို့စွမ်းဆောင်နိုင်ခဲ့ပါတယ်။

image
46 w - Translate

ဒေါ်လာ 100 လျော့ရောင်းပေးမယ့် M4 MacBook Air အသစ်
M4 iPad Air နဲ့ iPad 11th Gen မိတ်ဆက်ပြီး နောက်တစ်ရက်မှာပဲ M4 MacBook Air အသစ်ကို ထပ်ပြီး မိတ်ဆက်လိုက်တာပါ။ M4 Chip နဲ့ဆိုတော့ အရင်မော်ဒယ်တွေထက် ၂ ဆပိုမြန်သွားပါမယ်။ နောက်ပြီး Sky Blue ဆိုတဲ့ အရောင်အသစ်တစ်မျိုးပါလာတယ်။ ရှေ့ကင်မရာကို upgrade လုပ်ထားပါတယ်။ (12MP Center Stage camera)

ဈေးနှုန်းကတော့ ဒေါ်လာ 999 (M3 MacBook Air က ဒေါ်လာ 1,099 ပါ) ။ Preorder တွေ လက်ခံနေပါပြီ။ လာမယ့် မတ်လ ၁၂ ရက်မှာ ဝယ်နိုင်ပါမယ်။

image